ကူကီးအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kuki National Army; အတိုကောက် KNA) သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားနေသော ကူကီးသောင်းကျန်းသူ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကူကီးအမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။[၁][၂][၃]

ကူကီးအမျိုးသားတပ်မတော်
[ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင်
ကူကီးအမျိုးသားတပ်မတော်၏ အလံ
လှုပ်ရှား၂၄ ဖေဖော်ဝါရီ ၁၉၈၈ (၁၉၈၈-၀၂-၂၄)–လက်ရှိ
ခံယူချက်ကူကီး အမျိုးသားရေး
ခွဲထွက်ရေး
ဦးဆောင်သူများPu Letlam
Pu Chuchung
Pi Ngangai
ဌာနချုပ်ရွေ့လျားဌာနချုပ်
လှုပ်ရှားသည့် ဧရိယာအိန္ဒိယအရှေ့မြောက်ပိုင်း

မြန်မာနိုင်ငံ

အင်အား၂၀၀+[၁]
တစ်စိတ်တစ်ပိုင်းကူကီးအမျိုးသားအစည်းအရုံး
မဟာမိတ် ကချင်လွတ်မြောက်ရေးတပ်မတော်[၂]
ပြိုင်ဘက် အိန္ဒိယ

 မြန်မာ

ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ (၁၉၈၈ အထိ)
တိုက်ပွဲနှင့် စစ်ပွဲများ

သမိုင်းကြောင်း ပြင်ဆင်ရန်

ကူကီးအမျိုးသားပြည်နယ် ထူထောင်ရန်အတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ကူကီးလူမျိုးများက ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် စတင် တည်ထောင်ခဲ့သည်။ ယင်းအချိန်မှ ၂၀၁၃ ခုနှစ်အထိ တပ်မတော်နှင့် တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့သည်။[၁]

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် အခြားသော ကူကီးအဖွဲ့အစည်းများက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ အဖွဲ့အစည်းအား သီးခြားစီထားရှိရန် ဆွေးနွေးခဲ့ကြပြီးနောက် ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် (မြန်မာနိုင်ငံ) KNO/KNA (Burma) ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။[၁]

ခေါင်းဆောင်များ ပြင်ဆင်ရန်

  • ဥက္ကဋ္ဌ - Pu Letlam
  • ဒုဥက္ကဋ္ဌ - Pu Chuchung
  • အထွေထွေ အတွင်းရေးမှူး - Pi Ngangai
  • တွဲဖက်အတွင်းရေးမှူး - Pu Khupmang
  • စစ်ဦးစီးချုပ် - Pu Paulneo
  • သတင်းနှင့် ပြန်ကြားရေးဌာန - Pu Seigin
  • ပြည်ထဲရေးဌာန - Pu Michael Sasat
  • ထောက်လှမ်းရေးဌာန - Pu Letkholun
  • မဟာမိတ်နှင့် နိုင်ငံခြားဆက်ဆံရေးဌာန - Pu Boipu
  • လူ့အခွင့်အရေး လေ့လာသုံးသပ်မှုဆိုင်ရာ ဌာန - Pi Lalam

လှုပ်ရှားသည့် ဧရိယာ ပြင်ဆင်ရန်

ကူကီးအမျိုးသားတပ်မတော်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် နှစ်ဖွဲ့ခွဲကာ လှုပ်ရှားသည်။[၁]

အိန္ဒိယနိုင်ငံ

မြန်မာနိုင်ငံ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Kuki National Organization | Myanmar Peace Monitor (in en-gb)။ 15 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Kuki National Army, Manipur။ 23 February 2017 တွင် ပြန်စစ်ပြီး။
  3. Kuki National Army (KNA) | Terrorist Groups | TRAC (in en)။ 23 February 2017 တွင် ပြန်စစ်ပြီး။