ကော့စတာရီကာ (Costa Rica) နိုင်ငံ၏ တရားဝင်အမည်မှာ ကော့စတာရီကာသမ္မတနိုင်ငံ ဖြစ်သည်။ ဗဟိုအမေရိကတွင် တည်ရှိသည်။ မြောက်ဘက်တွင် နီကာရာဂွါနိုင်ငံ၊ တောင်ဘက်နှင့်အရှေ့ဘက်တွင် ပနားမားနိုင်ငံ၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် ကာရစ်ဘီယံ ပင်လယ် တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ကော့စတာရီကာ သမ္မတနိုင်ငံ
ကော့စတာရီကာနိုင်ငံ၏ အလံတော်
ကော့စတာရီကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Long live work and peace"
နိုင်ငံတော် သီချင်း: Noble homeland, your beautiful flag
ကော့စတာရီကာနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဆန်ဂျို့စ်မြို့
ရုံးသုံး ဘာသာစကားများစပိန်ဘာသာLimonese CreoleBribriJamaican Patois
အမျိုးအစားစည်းမျဉ်းခံ ဒီမိုကရေစီ အစိုးရ
အစိုးရ
• သမ္မတ
လော်ရာ ချင်ချေလာ
တည်ထောင်
• လွတ်လပ်ရေး
မေ ၁၀၊ ၁၈၅၀
ဧရိယာ
• စုစုပေါင်း
၁၉,၆၅၃ စတုရန်းမိုင် (၅၁, ၁၀၀km²) (အဆင့်: ၁၂၈)
• ရေထု (%)
၀.၇
လူဦးရေ
• ခန့်မှန်း
၄,၆၀၈,၄၂၆[၁] (အဆင့် - ၁၂၃)
• သိပ်သည်းမှု
၂၂၀/sq mi (၈၉/ km2 (အဆင့် - ၁၀၇)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
US $၅၁.၁၆၆ ဘီလီယံ
• Per capita
US $ ၁၁,၂၁၅
HDIDecrease ၀.၇၂၅
မြင့် · ၆၂
ငွေကြေးကိုလန်
အချိန်ဇုန်-၆
တယ်လီဖုန်းကုဒ်+၅၀၆
Internet TLD.cr

ချမ်းသာသောကမ်းရိုးတန်း ဟုအမည်ရသော ကောစတာရီကာသည် ၎င်း၏ စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၉ မှစ၍ တရားဝင် ဖျက်သိမ်းခဲ့သည်။ [၂][၃][၄] ရှေးဦးဒီမိုကရေစီနိုင်ငံ(၂၂)နိုင်ငံစာရင်း တွင်ပါဝင်သော တစ်ခုတည်းသော လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည်။ [၅] လက်တင်အမေရိကနိုင်ငံများထဲတွင် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ပုံမှန်မြင့်မားသောတိုင်းပြည်ဖြစ်သည်။ ယူအင်န်ဒီပီ ၏ ၂၀၁၀ခုနှစ် စစ်တမ်းအရ ကမ္ဘာ့အဆင့် (၆၂)ဖြစ်သည်။ [၆] ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုညွှန်းကိန်းအဆင့် အနေဖြင့် ၂၀၁၀ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဆင့်(၃)၊ အမေရိကနိုင်ငံများထဲတွင် အဆင့်(၁) ဖြစ်သည်။ [၇]

၂၀၀၇ခုနှစ်တွင် ကော့စတာရီကာအစိုးရက ၂၀၂၁ခုနှစ်အရောက်တွင် ကမ္ဘာ့ပထမဆုံး ကာဗွန်မဲ့တိုင်းပြည် အဖြစ် ဖြစ်လာရန် အစီအစဉ်ချမှတ် ဆောင်ရွက်လျှက် ရှိသည်။ [၈][၉][၁၀] နယူးအီကော်နောမစ် ဖောင်ဒေးရှင်း ၏ အဆိုအရ ကော့စတာရီကာသည် ပျော်ရွင်မှုညွှန်းကိန်း အရ အဆင့်(၁) ဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အကောင်းဆုံး တိုင်းပြည် ဖြစ်သည်။ [၁၁]

သမိုင်းကြောင်းပြင်ဆင်

ကိုးကားပြင်ဆင်

  1. Estimación para el día de hoy 21 de Junio de 2011 Centro Centroamericano de Población, Universidad de Costa Rica. 2011-06-21.
  2. El Espíritu del 48။ Abolición del Ejército (in Spanish)။ 2008-03-09 တွင် ပြန်စစ်ပြီး။
  3. Costa Rica။ World Desk Reference။ 2009-06-09 တွင် ပြန်စစ်ပြီး။
  4. Costa Rica။ Uppsala University။ 2009-06-09 တွင် ပြန်စစ်ပြီး။
  5. "Costa Rica's new president: Thriller for Chinchilla"၊ The Economist၊ 2010-02-11။ 2010-02-16 တွင် ပြန်စစ်ပြီး 
  6. UNDP Human Development Report 2010။ Table 1: Human development index 2010 and its components (PDF)။ UNDP။ 2010-11-06 တွင် ပြန်စစ်ပြီး။ pp. 5, 49 and 144
  7. Yale Center for Environmental Law & Policy / Center for International Earth Science Information Network at Columbia University။ 2010 Environmental Performance Index။ 2010-01-27 တွင် ပြန်စစ်ပြီး။
  8. John Burnett။ "Costa Rica Aims to Be a Carbon-Neutral Nation"၊ National Public Radio (NPR.org)၊ 2008-02-18။ 2009-04-27 တွင် ပြန်စစ်ပြီး 
  9. Alana Herro။ "Costa Rica Aims to Become First "Carbon Neutral" Country"၊ Worldwatch Institute၊ 2007-03-12။ 2009-04-27 တွင် ပြန်စစ်ပြီး 
  10. Alejandro Vargas။ "País quiere ser primera nación con balance neutro de carbono" (in Spanish)၊ La Nación၊ 2007-02-21။ 2009-04-27 တွင် ပြန်စစ်ပြီး 
  11. Ashley Seager။ "Costa Rica is the world's happiest and greenest country in the world."၊ London: Guardian.co.uk၊ 2008-07-04။ 2009-07-04 တွင် ပြန်စစ်ပြီး