ကျောက်တံတားမြို့နယ်
ကျောက်တံတားမြို့နယ် သည် ရန်ကုန်မြို့၏ မြို့လည်ခေါင်တွင်တည်ရှိသည်။ ရပ်ကွက် စုစုပေါင်း ၉ ခုရှိသည်။ ကျောက်တံတား၏ အရှေ့ဘက်တွင် ဗိုလ်တထောင်မြို့နယ်၊ တောင်ဘက်တွင် ရန်ကုန်မြစ် နှင့် ဆိပ်ကမ်းမြို့နယ်၊ အနောက်ဘက်တွင် ပန်းဘဲတန်းမြို့နယ် နှင့် မြောက်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း ၅ ကျောင်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်း တစ်ကျောင်းစီ ရှိသည်။
ကျောက်တံတား | |
---|---|
ကျောက်တံတားခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
ကျောက်တံတား တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°46′27″N 96°09′42″E / 16.774263°N 96.161642°Eကိုဩဒိနိတ်: 16°46′27″N 96°09′42″E / 16.774263°N 96.161642°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ကျောက်တံတား |
သမိုင်း
ပြင်ဆင်ရန်ကုန်းဘောင်ခေတ်ဦးကာလက ဆူးလေဘုရားဝန်းကျင်တွင် ရေပတ်လည်ဝိုင်းလျက် ရှိရာ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ချိန် ၁၈၅၂ ခုနှစ်အထိ မဟာဗန္ဓုလပန်းခြံ တောင်ဘက်ခြမ်းမှာ ရေလယ်ကျွန်းကြီး ဖြစ်နေဆဲ ဖြစ်သည်။ ယင်းကျွန်းထက်တွင် ရေလယ်ကြီးကျောင်းနှင့် ရေလယ်ကလေးကျောင်း(ခ)ဘုန်းတော်ကြီး ကျောင်းများ တည်ရှိသည်။ ရေလယ်ကျွန်းဘက်မှ ဆူးလေစေတီတော်ကို ဖူးမြော်လိုပါက ကျောက်တံတား (ခ) အုတ်ကျောက်ဖြင့် တည်ဆောက်ထားသည့် တံတားကို ဖြတ်ကျော်သွားရသည်။ ယင်းကျောက်တံတားကို အစွဲပြု၍ နောင်၌ ဆူးလေစေတီတော် အရှေ့ဘက်ရပ်ကို ကျောက်တံတားရပ်ဟု ခေါ်ဆိုကြသည်။[၁]
ထင်ရှားသောပုဂ္ဂိုလ်
ပြင်ဆင်ရန်ကျောက်တံတားဇာတိ ထင်ရှားသူ တဦးမှာ စာရေးဆရာ မြို့မအုန်း (ဘားလမ်း၊ ယခု မဟာဗန္ဓုလပန်းခြံလမ်း) ဖြစ်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်