ကျောရိုးရှိသတ္တဝါ
ကျောရိုးရှိသတ္တဝါ | |
---|---|
ကျောရိုးရှိသတ္တဝါ ဥပမာအချို့: စတားဂျင်ငါး (Actinopterygii)၊ ဆင် (ခြေလေးချောင်း သတ္တဝါ)၊ ကျားငါးမန်း (Chondrichthyes) နှင့် လမ္ပရီငါး (Agnatha). | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
Superphylum: | Deuterostomia |
မျိုးပေါင်းစု: | Chordata |
Clade: | Olfactores |
မျိုးပေါင်းစုသေး: | Vertebrata J-B. Lamarck, 1801[၂] |
မျိုးပေါင်းစုငယ် | |
Synonyms | |
Ossea Batsch, 1788[၂] |
ကျောရိုးရှိသတ္တဝါ ဆိုသည်မှာ အရိုးနု သို့မဟုတ် အရိုးတို့ ဖြင့် ဝန်းရံထားသည့် ကျောရိုး အာရုံကြော ပါရှိသော တိရစ္ဆာန် ဖြစ်သည်။ အဆိုပါစကားလုံးသည် ကျောရိုးတစ်ခုအဖြစ် တွဲဆက်ပေးထားသော အရိုးများဖြစ်သည့် ကျောရိုးဆစ် ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောရိုးမပါရှိသော သတ္တဝါများကိုလည်း ကျောရိုးမဲ့သတ္တဝါများ ဟုပင်ခေါ်ဆိုသည်။ ကျောရိုးရှိသတ္တဝါများတွင် ငှက်များ ၊ ငါးများ ၊ ကုန်းနေရေနေသတ္တဝါများ ၊ တွားသွားသတ္တဝါများ နှင့် နို့တိုက်သတ္တဝါများ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါ၏ အရိုးစု အစိတ်အပိုင်းများမှာ -
- ဦးနှောက်ခွံ။ ဦးနှောက်ခွံ (သို့) ဦးခေါင်းခွံအရိုးသည် ဦး နှောက်ကို ကာကွယ်ပေးထားသည်။
- ကျောရိုးဆစ်။ တွဲဆက်ထားသော အရိုးတိုလေးများဖြစ်သည့် တောင့်တင်းသော ကျောရိုးဆစ်များကို အဆက်များဖြင့် ခွဲခြားထားသည်။ ၎င်းကျောရိုးသည် အထဲ၌ရှိသော ကျောရိုး အာရုံကြောမကြီးအား ကာကွယ်ပေးသည်။ ကျောရိုးဆစ်များ အကြားရှိ အရိုးဆက်များကြောင့် ကျောရိုးအား ကွေးနိုင်ခြင်းဖြစ်သည်။
- အရိုးများ။ ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တစ်သျှူးများကို ထောက်ပံ့ကာကွယ်ပေးပြီး ကြွက်သားတွယ်ဆက်မှုအတွက် အမှတ်နေရာများ ပေးသည်။
- ပါးဟပ် (သို့) အရိုးကွေး။ ငါးများ၏ pharynx ၌ ပါးဟပ် အရိုးကွေး နှင့် အချို့ ကုန်းနေရေနေ သတ္တဝါများတွင် ပါးဟပ် ကို ထောက်ပံ့သည်။ ကျောရိုးရှိသတ္တဝါအများစုတွင် ပါးဟပ်အရိုးကွေးသည် မေးရိုး ကဲ့သို့ အခြားကိုယ်အင်္ဂါများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောရိုးရှိသတ္တဝါ နမူနာများမှာ နို့တိုက်သတ္တဝါများ ၊ ငှက်များ နှင့် ငါးများ ဖြစ်သည်။ မျိုးစိတ်ပေါင်း သောင်းဂဏန်း အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောရိုးရှိသတ္တဝါမျိုးစိတ် အနည်းဆုံးလေးမျိုးကို ဖော်ပြရန် "ငါး" ဟူသော စကားလုံးကို အသုံးပြုရသည်။
ထူးခြားချက်များ
ပြင်ဆင်ရန်ကျောရိုးရှိသတ္တဝါများသည် ပတ်ဝန်းကျင် အားလုံးနီးပါး၌ လွှမ်းမိုးသည်။ ၎င်းတို့သည် အဓိက ဂေဟစနစ် တစ်ခုစီတွင် အကြီးဆုံးသော တိရစ္ဆာန်များအနေဖြင့် ပါဝင်ကြသော်လည်း၊ အကြီးဆုံး သက်ရှိများ မဟုတ်ပေ(သက်ရှိအဖြစ် စဉ်းစားရာတွင် သစ်ပင်များကိုပါ ထည့်သွင်း သုံးသပ်သောကြောင့်ဖြစ်သည်)။ ၎င်းတို့သည် လိုက်လျောညီထွေနိုင်သည့် ခုခံအားစနစ် ရှိသည့် တစ်ခုတည်းသော တိရစ္ဆာန်များဖြစ်သည်။ [၃] ဤအချက်နှစ်ချက်သည် ဆက်စပ်နိုင်သည်။
ဇီဝမျိုးခွဲခြင်းနှင့် အမျိုးအစား
ပြင်ဆင်ရန်- Subphylum Vertebrata
- Agnatha (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါ)
- Myxini
- Hyperoartia (မီးအိမ်ငါး)
- Conodonta
- † Pteraspidomorphi
- Thelodonti
- Anaspida
- Galeaspida
- Pituriaspida
- Osteostraci
- Gnathostomata (မေးရိုးပါ ကျောရိုးရှိသတ္တဝါများ)
- Placodermi (Paleozoic ကာလမှ အကြေးခွံအထပ်ပါ သတ္တဝါများ)
- Chondrichthyes (အရိုးနုငါးများ)
- Acanthodii (Paleozoic ကာလမှ ကျောရိုးရှိ ငါးမန်းများ)
- Osteichthyes (အရိုးကြီးငါး)
- Actinopterygii (ငါးလိပ်ကျောက် မြှီးရှည်)
- Sarcopterygii (အမြှေးပါးငါး)
- Coelacanthimorpha (coelacanths)
- Dipnoi (အဆုတ်ငါး)
- Tetrapoda (ခြေလေးချောင်း သတ္တဝါများ)
- Amphibia (ကုန်းနေရေနေသတ္တဝါများ)
- Amniota (ရေမြွှာဥများ)
- Sauropsida (တွားသွားသတ္တဝါများနှင့် ငှက်များ)
- Lepidosauria (အိမ်မြှောင်များ၊ မြွေများနှင့် tuatara)
- Testudines (လိပ်များ)
- Archosauria (Archosaurs)
- Crocodilia (မိကျောင်းမျိုးနွယ်များ)
- Pterosauria (pterosaurs)၊
- Dinosauria (ဒိုင်နိုဆောများ)
- Aves (ငှက်များ)
- Synapsida (နို့တိုက်သတ္တဝါကဲ့သို့ ခြေလေးချောင်းသတ္တဝါများ)
- Mammalia (နို့တိုက်သတ္တဝါများ)
- Sauropsida (တွားသွားသတ္တဝါများနှင့် ငှက်များ)
- Agnatha (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါ)
ဆက်စပ်စာမျက်နှာများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ "Geochronological constraint on the Cambrian Chengjiang biota, South China" (in en) (2018). Journal of the Geological Society 175 (4): 659–666. doi: . ISSN 0016-7649. Bibcode: 2018JGSoc.175..659Y.
- ↑ ၂.၀ ၂.၁ Nielsen, C. (July 2012). "The authorship of higher chordate taxa". Zoologica Scripta 41 (4): 435–436. doi: .
- ↑ Janeway C.A. 2001.
အခြားဝက်ဘ်ဆိုက်များ
ပြင်ဆင်ရန်- သစ်ပင်၏ အသက်ဝိဉာဉ် Archived 22 April 2021 at the Wayback Machine.
- Tunicates များနှင့် cephalochordates မဟုတ်သူများသည် ကျောရိုးရှိသတ္တဝါများ၏ အနီးကပ်ဆုံးဆွေမျိုးများဖြစ်သည်