Cattle egret
Breeding-plumaged adult of nominate subspecies
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Pelecaniformes
မျိုးရင်း: Ardeidae
မျိုးစု: Bubulcus
Bonaparte, 1855
မျိုးစိတ်:
B. ibis
ဒွိနာမ
Bubulcus ibis
Subspecies

B. i. ibis (Linnaeus, 1758)
B. i. coromandus (Boddaert, 1783)
B. i. seychellarum (Salomonsen, 1934)

Range of B. ibis      breeding     non-breeding     year-round
Synonyms

Ardea ibis Linnaeus, 1758
Ardeola ibis (Linnaeus, 1758)
Bubulcus bubulcus
Buphus coromandus (Boddaert, 1783)
Cancroma coromanda (Boddaert, 1783)
Egretta ibis (Linnaeus, 1758)
Lepterodatis ibis (Linnaeus, 1758)

Bubulcus ibis

မြန်မာနိုင်ငံတွင် ကျွဲကျောင်းဗျိုင်းကို ကွင်းပြင်လယ်ပြင်နှင့် ကမ်းခြေများ၌ အများအပြားတွေ့နိုင်သည်။ ကျွဲနွားများအနီးတွင် အမြဲတွေ့ရသောကြောင့် ကျွဲကျောင်းဗျိုင်းဟု ခေါ်ခြင်းဖြစ်သည်။

ကြင်အင်လက္ခဏာများ

ပြင်ဆင်ရန်

အလျားလက်မ ၂၀ ရှိသည်။ ဝါသော နှုတ်သီးနှင့် ညိုမည်းသော ခြေထောက်များရှိသော ကြောင့် အခြားဗျိုင်းနှင့် ခွဲခြား၍ ရသည်။

ကျွဲကျောင်းဗျိုင်းသည် ကျွဲနွားများကိုယ်ပေါ်တွင် နားလျက်ကျွဲနွားများ၌ ကပ်တွယ်နေသော ပိုးမွှားများကိုလည်းကောင်း၊ ကျွဲနွားများလှုပ်ရှားသွားလာရခြင်းကြောင့် မြက်သီးထပျံသော ပိုးမွားများကိုလည်းကောင်း စားသည်။ ငါးကလေးများ၊ ဖားလောင်းခေါ်ဖားတပိုင်းငါးတပိုင်းနှင့် ရေပိုးမွှားများကိုလည်း စားတတ်လေသည်။ အသိုက်ကို ကုက္ကိုပင်များ၌ ဧပြီလကုန် သို့မဟုတ် မေလ အစလောက်တွင် ပြုလုပ်သည်။

အသိုက်ပြုလုပ်ခြင်း

ပြင်ဆင်ရန်

သရက်ပင်ဝါးပင်တို့၌လည်း အသိုက်လုပ်တတ်သေးသည်။ များသည် ဖြူ၍ အပြာပြောက်၊ အစိမ်းပြောက်များရှိသည်။[]