ကြောင်ကြီးမျိုး

နို့တိုက်သတ္တဝါမျိုးစု (ကြောင်မျိုးရင်းဝင်)
ကြောင်ကြီးမျိုး (Panthera[])
Temporal range: Miocene ခေတ်နှောင်း – လက်ရှိခေတ်
5.95–0 Ma
အထက်မှ အောက်သို့။ ။ ကျားခြင်္သေ့ဂျိုက်ဂွါးကျားသစ်နှင်းကျားသစ်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Pantherinae
မျိုးစု: Panthera
Oken, 1816
အမျိုးအစား မျိုးစိတ်
Panthera pardus[] (ကျားသစ်)
ရှင်သန်နေဆဲ မျိုးစိတ်များ

ကြောင်ကြီးမျိုး (အင်္ဂလိပ်: Panthera[]) ဆိုသည်မှာ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များထဲမှ ဆင်းသက်လာသည့် မျိုးရိုးဇာစ်မြစ်တူညီသူများအား စုဖွဲ့ထားသော မျိုးစုတစ်ခု၏အမည်ဖြစ်သည်။ ၁၈၁၆ ခုနှစ်တွင် Lorenz Oken ဆိုသူမှ စတင်ဖော်ပြခဲ့သည်။[][] ၁၉၁၆ ခုနှစ်တွင် Reginald Innes Pocock ဆိုသူမှနေ၍ ဤမျိုးစုဝင် မျိုးစိတ်များဖြစ်သော ကျား (P. tigris)၊ ခြင်္သေ့ (P. Leo)၊ ဂျိုက်ဂွါး (P. onca)နှင့် ကျားသစ် (P. pardus) တို့ရဲ့ ယေဘူယျတူညီသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာအင်္ဂါရပ်မျာပေါ်မူတည်၍ မျိုးစုခွဲခြားမှုဆိုင်ရာ အချက်အလက်များကို ပြင်ဆင်သတ်မှတ်ပေးခဲ့၏။[] ၂၀၀၈ ခုနှစ်တွင် ပညာရှင်များ၏ မျိုးရိုးဗီဇဆိုင်ရာ လေ့လာတွေ့ရှိမှုရလဒ်များအရ နှင်းကျားသစ်ကိုလည်း ယခင် (Uncia uncia ) အစား (P. uncia) အဖြစ်သို့ ပြောင်းလဲသတ်မှတ်၍ ကြောင်ကြီးမျိုးစုဝင်စာရင်းထဲသို့ထည့်သွင်းရန် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) မှ ပညာရှင်များက အတည်ပြုလက်ခံခဲ့ကြသည်။

ကြောင်ကြီးမျိုးစုတွင် ပါဝင်သော မျိုးစိတ်များမှာ အောက်ပါအတိုင်း ဖြစ်သည် -[][]

  1. ကျား (P. tigris)
  2. ခြင်္သေ့ (P. Leo)
  3. ဂျိုက်ဂွါး (P. onca)
  4. ကျားသစ် (P. pardus)
  5. နှင်းကျားသစ် (P. uncia)

ခန္ဓာကိုယ်တည်ဆောက်ထားပုံအရ မျိုးစုဝင် ကျား၊ ခြင်္သေ့၊ ကျားသစ်နှင့် ဂျိုက်ဂွါးတို့သည် ဟိန်း(အသံ)နိုင်သော မျိုးစိတ်များဖြစ်သည်။ Hyoid လည်ချောင်းရိုး၏ တည်ဆောက်ပုံပြည့်စုံမှု ရှိခြင်း/မရှိခြင်းသည် ဟိန်းသော အသံထွက်နိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ယခင်ကယူဆခဲ့ကြသည်။ သို့သော် အသစ်သစ်သော လေ့လာတွေ့ရှိမှုများတွင်မူ ဟိန်းသောအသံ ထွက်နိုင်ခြင်းမှာ အခြားသော ဇီဝကမ္မဆိုင်ရာ ဂုဏ်သတ္တိ၊ အထူးသဖြင့် အသံအိုးများကြောင့်သာဖြစ်ကြောင်း ဖော်ပြနေလေသည်။

နှင်းကျားသစ်သည် ဟိန်း(အသံ)နိုင်ခြင်းမရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ Hyoid အရိုး တည်ဆောက်ပုံမှာ ပြည့်စုံမှုရှိသော်လည်း ဇီဝကမ္မဆိုင်ရာအထူးဂုဏ်သတ္တိဖြစ်သော အသံအိုး မပါရှိသောကြောင့်ဖြစ်သည်။ ထ ို့ကြောင့် ဤမျိုးစုဝင်များအနက် နှင်းကျားသစ်သည် ဟိန်း(အသံ)နိုင်စွမ်းမရှိသည့် တစ်ခုတည်းသော မျိုးစိတ်ဖြစ်သည်။[]

ဝေါဟာရ ဇာစ်မြစ် (ဗျူပ္ပတ်)

ပြင်ဆင်ရန်

ပန်သာ (Panther) ဟူသော စကားလုံးသည် ဂန္ထဝင်လက်တင်ဘာသာစကား (လက်တင်: panthēra) မှ ဆင်းသက်လာသော စကားလုံးဖြစ်ပြီး ၎င်းလက်တင်စကားလုံးသည်လည်း ရှေးဟောင်းဂရိဘာသာစကား (ရှေးဟောင်းဂရိ: πάνθηρ, ရောမအက္ခရာ: pánthēr ) မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။[] ထိုစကားလုံးနှင့် အသံထွက်ဆင်တူသော သင်္သကရိုက်ဘာသာစကား (သင်္သကရိုက်: पाण्डर, ရောမအက္ခရာ: pând-ara) ၏ အဓိပ္ပာယ်သည်လည်း 'အဝါဖျော့ရောင်၊ အဖြူရောင်သန်းသော၊ အဖြူရောင်' ဖြစ်လေသည်။[]

သွင်ပြင်လက္ခဏာများ

ပြင်ဆင်ရန်

ကြောင်ကြီးမျိုးစုဝင် မျိုးစိတ်များ၏ ဦးခေါင်းခွံ အနောက်ဘက်သည် အတန်ငယ်ပြားသယောင်ရှိသော (သို့) အနည်းငယ်ခုံးသော ပုံသဏ္ဌာန် ရှိသည်။ အရှေ့ဘက်တွင်မူ အတွင်းပိုင်း ပတ်လည်ဧရိယာသည် သိသိသာသာမြင့်တက်နေခြင်းမရှိဘဲ ဆင်ခြေလျှော၏ အနောက်ဘက်ပိုင်းမှာ အနည်းငယ် စောက်နက်သည်။ Basicranial သည် ဝင်ရိုးနီးပါးအလျားလိုက် ဖြစ်သည်။ Bullae ၏အတွင်းပိုင်းသည် ကြီးမားသော်လည်း အပြင်ဘက်သည် သေးငယ်သည်။ ကြောင်ကြီးမျိုးစု၏ မျိုးစိတ်အားလုံးတွင် အလုံးစုံ မလောင်ကျွမ်းနိုင်သော Hyoid အရိုးများ ရှိသည်။ အထူး ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သော အသံအိုးသည် ခန္ဓာကိုယ်အချိုးကျ ဖွံဖြိုးလာနိုင်ပြီး အသံအိုးတစ်ခုလုံးအား Fibro-Elastic Pad ဖြင့် ဖုံးအုပ်ထားသည်။ ဤသွင်ပြင်လက္ခဏာကြောင့် နှင်းကျားသစ်မှအပ ကြောင်ကြီးမျိုးစု၏ မျိုးစိတ်အားလုံးသည် ဟိန်း(အသံ)နိုင်ခြင်းဖြစ်သည်။

အမျိုးအစားခွဲခြားသတ်မှတ်ခြင်း

ပြင်ဆင်ရန်

၁၉ နှင့် ၂၀ ရာစုများအတွင်းမှ စူးစမ်းရှာဖွေသူများနှင့် သဘာဝသမိုင်းပြတိုက် ဝန်ထမ်းများက များပြားလှသော မျိုးစုခွဲများ (သို့) ထိုစဉ်အချိန်က သုံးနှုန်းသော မျိုးနွယ်စုများ အားလုံးကို ကြောင်ကြီးမျိုးစု၏ မျိုးစိတ်များအဖြစ် အကြံပြုခဲ့ကြလေသည်။ ဇီဝမျိုးခွဲခြားမှုပညာရှင် "ပိုကော့ခ်" သည် လန်ဒန် သဘာဝသမိုင်းပြတိုက်မှ သတ္တဗေဒဆိုင်ရာ စုဆောင်းထားမှုမှရရှိသော‌ မျိုးစိတ်နမူနာပုံစံများဖြင့် မျိုးစိတ် အုပ်စုဖွဲ့ထားမှုများအား ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ရာ စာရင်းဇယားမှာ သိသိသာသာ တိုတောင်းသွားစေခဲ့သည်။[၁၀][၁၁][၁၂] ၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလများမှစ၍ ကြောင်ကြီးမျိုး မျိုးစိတ်များစွာသည် မျိုးရိုးဗီဇဆိုင်ရာ သုတေသန၏ စိတ်အဝင်စားဆုံး အကြောင်းအရာဖြစ်လာခဲ့ပြီး အများစုမှာ သီးခြားပိတ်‌လှောင်မွေးမြူထားမှုများမှ ရရှိသော မျိုးစိတ်နမူနာပုံစံများကို အသုံးပြုခဲ့ကြလေသည်။ လေ့လာမှုရလဒ်များအရ ခြင်္သေ့နှင့် ကျားသစ် မျိုးစိတ်များသည် ဗီဇမျိုးရိုး ကွဲပြားမှုမှာ ပြည့်စုံခြင်းမရှိသောကြောင့် ၎င်းတို့အကြား မေးခွန်းထုတ်စရာဖြစ်နေခဲ့လေသည်။[၁၃][၁၄] နောက်ပိုင်းတွင် အာဖရိက ကျားသစ်ကောင်ရေအားလုံးကို (P. p. pardus) အနေဖြင့် အုပ်စုဖွဲ့ရန်နှင့် အာရှကျားသစ် ကောင်ရေအားလုံးအတွက် မျိုးစိတ်ခွဲအဖြစ် အမည်ပေးမည့် (၈)ခုကိုသာလျှင် သီးခြားအခွဲများအနေဖြင့် ဆက်လက်ထားရှိရန် အဆိုပြုခံခဲ့ရသည်။[၁၅]

မျိုးရိုးဗီဇဆိုင်ရာ သုတေသန အပေါ် အခြေခံ၍ သက်ရှိထင်ရှားရှိနေသမျှသော ဆဟာရမျိုးခွဲ ခြင်္သေ့ ကောင်ရေအားလုံးကို (Panthera leo leo) အနေဖြင့် အုပ်စုဖွဲ့ရန် အကြံပြုခဲ့ကြသည်။[၁၆] ဓာတ်မှန်ရိုက်ကူးထားသော ရလဒ်များ ၏လေ့လာမှုအရ ညွှန်ပြနေသည်မှာ အနောက်နှင့် ဗဟိုအာဖရိကဒေသများမှ ခြင်္သေ့များသည် အိန္ဒိယခြ‌င်္သေ့များနှင့် ပို၍အမျိုးနီးစပ်သည်ကို တွေ့ရှိခဲ့ကြသည်။[၁၇] [၁၈]

သစ်နက်များသည် ကွဲပြားသောမျိုးစိတ်အဖြစ် ဖြစ်တည်နေခြင်းမဟုတ်ဘဲ အသားအရေ၏ အရောင်အသွေးကွဲပြားခြင်းကြောင့်သာလျှင် ဖြစ်ပြီး ကျားသစ်နှင့် ဂျိုက်ဂွါးများ၏ မျိုးစိတ်နမူနာများ၌ မကြာခဏကြုံတွေ့ရသည်ဟု သိရသည်။[၁၉][၂၀]

ခေတ်ပြိုင် မျိုးစိတ်များ

ပြင်ဆင်ရန်

ကြောင်ကြီးမျိုးများအတွက် ဇီဝမျိုးရိုးအကဲဖြတ်ခြင်းအပေါ် အခြေခံ၍ "ကမ္ဘာ့ပေါ်ရှိ နို့တိုက်သတ္တဝါမျိုးစိတ်များ" စာအုပ်ပါအချက်များကို ထင်ဟပ်သော ဇီဝမျိုးခွဲခြားရေး တာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ်၌ ဇီဝမျိုးခွဲပညာရှင်များအဖွဲ့ မှ ပြင်ဆင်ရေးဆွဲထားသော ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်[၂၁] -

မျိုးရိုးဆင်းသက်ပုံ ဇယားကားချပ်
 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 

 (အခြားမျိုးရင်းဝင် မျိုးစိတ်များ)

 (Felinae) 
 ကြောင်ကြီးမျိုးရင်းခွဲ 
 "ကြောင်ကြီးမျိုးစု" 

 ခြင်္သေ့ (P. leo)

 ကျားသစ် (P. pardus)

 ဂျိုက်ဂွါး (P. onca)

 ကျား (P. tigris)

 နှင်းကျားသစ် (P. uncia)

 (Panthera) 
 အင်းကျားမျိုးစု 

 (မျိုးစိတ် နှစ်ခု)

 (Neofelis) 
 (Pantherinae) 
 (Felidae) 
  1. ၁.၀ ၁.၁ Wozencraft၊ W.C. (2005)။ "Genus Panthera"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ pp. 546–548။ ISBN 978-0-8018-8221-0OCLC 62265494
  2. ၂.၀ ၂.၁ "Mammal names proposed by Oken in his 'Lehrbuch der Zoologie'" (1902). 
  3. Oken၊ L. (1816)။ "1. Art, Panthera"Lehrbuch der Zoologie. 2. Abtheilung။ Jena: August Schmid & Comp.။ p. 1052။
  4. "The Classification and Generic Nomenclature of F. uncia and its Allies" (1916). 
  5. "The Late Miocene radiation of modern Felidae: A genetic assessment" (2006). Science 311 (5757): 73–77. doi:10.1126/science.1122277. PMID 16400146. Bibcode2006Sci...311...73J. 
  6. "Panthera uncia" (2017). IUCN Red List of Threatened Species 2017. IUCN. doi:10.2305/IUCN.UK.2017-2.RLTS.T22732A50664030.en. 
  7. "Hyoid structure, laryngeal anatomy, and vocalization in felids (Mammalia: Carnivora: Felidae)" (1994). Zeitschrift für Säugetierkunde 59 (2): 87−104. 
  8. Liddell, H. G.; Scott, R. (1940)။ "πάνθηρ"A Greek-English Lexicon (Revised and augmented ed.)။ Oxford: Clarendon Press။
  9. Macdonell, A. A. (1929)။ "पाण्डर pând-ara"A practical Sanskrit dictionary with transliteration, accentuation, and etymological analysis throughout။ London: Oxford University Press။ p. 95။ 8 March 2021 တွင် မူရင်း အား မော်ကွန်းတင်ပြီး14 August 2021 တွင် ပြန်စစ်ပြီး
  10. "The panthers and ounces of Asia" (1930). Journal of the Bombay Natural History Society 34 (1): 65–82. 
  11. "The leopards of Africa" (1932). Proceedings of the Zoological Society of London 102 (2): 543–591. 
  12. "The races of jaguar (Panthera onca)" (1939). Novitates Zoologicae 41: 406–422. 
  13. "Biochemical genetic variation in geographic isolates of African and Asiatic lions" (1987). National Geographic Research 3 (1): 114–124. 
  14. "Phylogeographic subspecies recognition in leopards (Panthera pardus): Molecular genetic variation" (1996). Conservation Biology 10 (4): 1115–1132. 
  15. "Phylogenetics, genome diversity and origin of modern leopard, Panthera pardus" (2001). Molecular Ecology 10 (11): 2617–2633. 
  16. "Molecular genetic variation across the southern and eastern geographic ranges of the African lion, Panthera leo" (2005). Conservation Genetics 6 (1): 15–24. doi:10.1007/s10592-004-7729-6. 
  17. "Genetic diversity, evolutionary history and implications for conservation of the lion (Panthera leo) in West and Central Africa" (2011). Journal of Biogeography 38 (7): 1356–1367. doi:10.1111/j.1365-2699.2011.02500.x.  Archived 8 June 2019 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 8 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2021 တွင် ပြန်စစ်ပြီး။
  18. "Phylogeographic patterns in Africa and High Resolution Delineation of genetic clades in the Lion (Panthera leo)" (2016). Scientific Reports 6. doi:10.1038/srep30807. 
  19. Robinson, R. (1970). "Inheritance of black form of the leopard Panthera pardus". Genetica 41 (1): 190–197. doi:10.1007/bf00958904. PMID 5480762. 
  20. Eizirik, E. (2003). "Molecular Genetics and Evolution of Melanism in the Cat Family". Current Biology 13 (5): 448–453. doi:10.1016/S0960-9822(03)00128-3. PMID 12620197. 
  21. "A revised taxonomy of the Felidae: The final report of the Cat Classification Task Force of the IUCN Cat Specialist Group" (2017).