ကွမ်းဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
ကွမ်းဆိပ်ရွာ (အင်္ဂလိပ်: Kunseik)သည်ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ရွေကျင်မြို့နယ်တွင် တည်ရှိသောရွာကြီးတစ်ရွာဖြစ်သည်။ စစ်တောင်းမြစ်၏ ကမ်းပါးပေါ်တွင်တည်ရှိသော လှေဆိပ်ရွာကြီးလဲဖြစ်သည်။ ရာဇဝင်များရှိခဲ့သော သားပြချောင်းသည် ရွာ၏အလည်မှဖြတ်သန်း၍ စစ်တောင်းမြစ်အတွင်းသို့စီးဝင်ပါသည်။ ရွာ၏ပတ်လည်တွင် ပေါင်းလောင်းတောင်တန်းက ကာဆီးထားသည်။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ရပ်ကွက်၆ခု ကျား (၂၄၉၈)ဦး မ(၂၅၃၇)ဦး ပေါင်း(၅၀၃၅)ဦးဖြစ်သည်။
ကွမ်းဆိပ် | |
---|---|
ရွာ | |
ကွမ်းဆိပ်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 17°41′03″N 96°54′21″E / 17.6841793060303°N 96.9058837890625°Eကိုဩဒိနိတ်: 17°41′03″N 96°54′21″E / 17.6841793060303°N 96.9058837890625°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူး |
ခရိုင် | ပဲခူးခရိုင် |
မြို့နယ် | ရွှေကျင်မြို့နယ် |
ကျေးရွာအုပ်စု | ကွမ်းဆိပ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျေးရွာအုပ်စုလဲဖြစ်ပြီး ရွာတည်နေရာကုဒ်မှာ ၁၇၉၄၆၆ ဖြစ်သည်။ မြို့နယ်အတွင်း အကြီးဆုံးရွာဖြစ်ပြီး မွန်ပြည်နယ်နှင့်ပဲခူးတိုင်းကိုဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင်တည်ရှိသည်။ ရွာရှိလူဦးရေအများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး ဟိန္ဒူဘာသာ နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူအနည်းငယ်ရှိသည်။ ဗမာလူမျိုးအများဆုံးနေထိုင်ပြီး ကရင်လူမျိုး မွန်လူမျိုး ရှမ်းလူမျိုး အနည်းငယ်နေထိုင်ပါသည်။ အဓိကစီးပွားရေးလုပ်ငန်းမှာ ရာဘာလုပ်ငန်း ဆန်စပါးစိုက်ပျိုးခြင်း လယ်ယာစိုက်ပျိုးခြင်း ကုန်စုံဆိုင်များ ဝါးလုပ်ငန်း သစ်လုပ်ငန်း များလုပ်ကိုင်ပါသည် ။၁၆ကုတင်ဆန့်တိုက်နယ်ဆေးရုံ ၊နယ်မြေရဲစခန်း ၊စာသင်ကျောင်း ၃ကျောင်း ၊ ရွာ၏စည်ပင်ဈေး၊ မီးသတ်ရုံး ၊ မဂ်လာခန်းမ ၊ ကားဂိတ်၊ လှေဆိပ် ၊ ရွာဘောလုံးကွင်း ၊ ကမ္ဘာ့ရတနာဘဏ်ခွဲ ၊ ကျေးလက်ကျန်းမာရေးဋ္ဌာန၊ ကုန်စုံဆိုင်ကြီးများရှိသောရွာကြီးဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်
ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |