ချင်းဒေသကာကွယ်ရေးတပ်မတော်
ချင်းဒေသကာကွယ်ရေးတပ်မတော် (အတိုကောက်: CDF) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှု အား တုံ့ပြန်သည့်အနေဖြင့် ချင်းပြည်နယ် အား စစ်အာဏာရှင် လက်မှ ကာကွယ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CDF က ၎င်းတို့သည် စစ်တပ်အား အကြောင်းမဲ့တိုက်ခိုက်ခြင်း မပြုကြောင်းနှင့် အကျဉ်းသားများကို လွှတ်ပေးရန်နှင့် အရပ်သားများကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန်ကဲ့သို့သော သတိပေးချက်များကို အမြဲတစေထုတ်ပြန်ထားကြောင်း ဆိုသည်။ အကယ်၍ စစ်တပ်က မတုံ့ပြန်ပါက ပြောက်ကျား သို့မဟုတ် အခြားလုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ဟု ဆိုသည်။ တော်လှန်ရေး အောင်မြင်ပါက လက်နက်များ ပြန်အပ်က အဖွဲ့အစည်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း CDF က ကတိပေးထားသည်။[၁]
ချင်းဒေသကာကွယ်ရေးတပ်မတော် Chinland Defense Force | |
---|---|
တည်ထောင်ခြင်း | ၄ ဧပြီ ၂၀၂၁ |
စတင်လှုပ်ရှားခြင်း | ၄ ဧပြီ ၂၀၂၁ | – လက်ရှိ
နိုင်ငံ | မြန်မာနိုင်ငံ |
သစ္စာခံ | မြန်မာ |
အုပ်စု(များ) |
|
Ideology | ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီ၊ လူနည်းစု အခွင့်အရေး |
မဟာမိတ် | |
ပြိုင်ဘက်များ | မြန်မာ (SAC) |
စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
သမိုင်းကြောင်း
ပြင်ဆင်ရန်မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပုန်ကန်မှုများ အများအပြား ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းဆန့်ကျင်သူများသည် ညဘက်တွင် အိုးများနှင့် ဒယ်အိုးများကို တီးခြင်းအပါအဝင် အခြားအွန်လိုင်းနှင့် အော့ဖ်လိုင်း သပိတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။[၂] စစ်ကောင်စီသည် ဆန္ဒပြပွဲများကို ချေမှုန်းရန်အတွက် နိုင်ငံသားများကို ဖမ်းဆီးခြင်း၊ မိသားစုများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသော အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည်။[၃] နိုင်ငံအဝှမ်းရှိ ပြည်သူများသည် မိမိတို့နယ်မြေလုံခြုံရေးအတွက် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ချင်းပြည်နယ်တွင် လှုပ်ရှားဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုရှိပြီး ချင်းအမျိုးသားတပ်ဦး ၏ ချင်းအမျိုးသား တပ်မတော် နှင့် ဇိုမီးတော်လှန်ရေး တပ်မတော် တို့ ဖြစ်သည်။ သို့သော်လည်း အဆိုပါအဖွဲ့များသည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ထိရောက်စွာ အကာအကွယ်မပေးနိုင်သဖြင့် ချင်းဒေသကာကွယ်ရေးတပ်မတော်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[၁]
ပန်းတိုင်
ပြင်ဆင်ရန်ချင်းဒေသကာကွယ်ရေးတပ်မတော်၏ ရည်မှန်းချက်များမှာ အရပ်သားများအား စစ်ကောင်စီလက်မှ ကာကွယ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန်တို့ ဖြစ်သည်။[၁]
လက်နက်များ
ပြင်ဆင်ရန်ချင်းဒေသကာကွယ်ရေးတပ်မတော်သည် M-16၊ AK (Kalashnikov) နှင့် တူမီးကဲ့သို့သော အပေါ့စားလက်နက်များကို ဝယ်ယူပြီး အဖွဲ့ထဲဝင်ရန် စိတ်ပါဝင်စားသူတိုင်းကို လေ့ကျင့်သင်ကြားပေးသည်။ နိုင်ငံတကာမှ လက်နက်တင်သွင်းသူများသည် M-16 နှင့် AK-47 ရိုင်ဖယ်များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ Who are the Chinland Defense Force (CDF), Chin Myanmar။ 12 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2022 တွင် ပြန်စစ်ပြီး။
- ↑ Offline and Online, Protests Are Sweeping Across Asia။
- ↑ Myanmar Junta Holds Women and Children Hostage in Sagaing။