ဂျပ်ဒ် ထရမ့် (အင်္ဂလိပ်: Judd Trump) (၁၉၈၉ ဩဂုတ် ၂၀ မွေးဖွား)[၆] အင်္ဂလိပ်လူမျိုး အဆင့်မြင့် စနူကာကစားသမားဖြစ်၍ ကမ္ဘာ့အဆင့် (၁) ကစားသမားတစ်ဦးဖြစ်သည်။ ဆုအများဆုံးရရှိသူများစာရင်းတွင် မာ့ခ် ဆဲလ်ဘီနှင့်အတူ ဆုဖလား (၁၇)ခု ရရှိထားပြီး စာရင်း၏ သတ္တမနေရာတွင်ရှိသည်။[၇]

ဂျပ်ဒ် ထရမ့်
၂၀၁၅ ကမ္ဘာ့ချန်ပီယံပွဲ၌ တွေ့ရစဉ်
မွေးဖွား (1989-08-20) ၂၀ ဩဂုတ်၊ ၁၉၈၉ (အသက် ၃၄)
Whitchurch, Bristol, England
ကိုယ်စားပြု နိုင်ငံ အင်္ဂလန်
အမည်ပြောင်(The) Ace (in the Pack)[၁][၂][၃]
Juddernaut[၄]
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
2005–
အမြင့်ဆုံး အဆင့်အဆင့်(၁) (၂၀၁၂ နိုဝင်ဘာ–ဒီဇင်ဘာ၊ ၂၀၁၃ ဖေဖော်ဝါရီ–မတ်၊ ၂၀၁၉ ဩဂုတ်–လက်ရှိ)
ကစားသမားဘဝ
အောင်မြင်မှုများ
£ 5,493,554
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၇ (၅ ကြိမ်)[၅]
အမှတ် (၁၀၀) (သို့) အထက်၈၀၉
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၂၂
Minor-ranking
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
ကမ္ဘာ့ချန်ပီယံ၂၀၁၉

ထရမ့်သည် ၂၀၀၅၌ အဆင့်မြင့်စနူကာကစားသမားအဖြစ် အသက် (၁၆)၊ ၂၀၀၅ တွင် ကူးပြောင်းခဲ့သည်။ ၂၀၁၁ တွင် အောင်မြင်ခဲ့ပြီး ၂၀၁၁-တရုတ်အလွတ်ပြိုင်ပွဲတွင် အနိုင်ရရှိပြီး ၂၀၁၁-ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်။ ၎င်း၏ ပထမဆုံး သုံးထပ်ကွမ်းသရဖူမှ ယူကေချန်ပီယံကို ၂၀၁၁ ၌ မာ့ခ် အလန်ကို အနိုင်ယူပြီး ရရှိခဲ့သည်။

လုပ်နိုင်သည့်စွမ်းရည်ထက် လျော့ပါးလုပ်ဆောင်ခဲ့သည်ဟု အများက ထင်မြင်သော်လည်း ၂၀၁၇-၁၈ စနူကာရာသီအဆုံးတွင် ဆုတံဆိပ်ပေါင်း ရှစ်ခုကို ရရှိခဲ့သည်။[၈] ၂၀၁၈-၁၉ရာသီအတွင်း ၎င်း၏ အဆင့်အတန်း၊ အာရုံစိုက်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုရာသီ၌ မြောက်အိုင်ယာလန်အလွတ်တန်းပြိုင်ပွဲ၊ ကမ္ဘာ့ဂရန်းပရစ်ခ်စ်ပွဲများအနိုင်ရသည့်အပြင် မာစတာပြိုင်ပွဲတွင် ရော်နီ အို ဆူလစ်ဗန်ကို နောက်ဆုံးပွဲ၌ အနိုင်ရရှိခဲ့သည်။ ၂၀၁၉-ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အနိုင်ရရှိခဲ့သဖြင့် သုံးထပ်ကွမ်းသရဖူအပြည့်အစုံကို ရယူနိုင်ခဲ့သည်။ ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲ၌ ဂျွန် ဟစ်ဂင်စ်ကို အနိုင်ရခဲ့ကာ ထိုပွဲစဉ်သည် ကစားဖူးသမျှသော ဗိုလ်လုပွဲများတွင် အမြင့်ဆုံး အရည်အသွေးရှိသည်ဟု ဖော်ပြကြသည်။[၉][၁၀] တစ်ရာသီအတွင် ဆုကြေးငွေ £ ၁ သန်းကျော် ရရှိသော ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။[၁၁]

၂၀၁၉-၂၀ ရာသီတွင် ယခုထိ ထရမ့်သည် အဆင့်သတ်မှတ်ပြိုင်ပွဲ ခြောက်ပွဲအနိုင်ရရှိထားပြီးဖြစ်သည်။ ရာသီတစ်ခုအတွင်း အဆင့်တန်းသတ်မှတ်ပြိုင်ပွဲဆု အများဆုံး စံချိန်ဖြစ်၏။[၁၂] တစ်ချီတည်း အမှတ်များစွာထိုးနိုင်သော ကစားသမားအဖြစ် 'ရာချီအမှတ်' (၇၀၀)ကျော်ရရှိထားသဖြင့် ထို(၇၀၀)အကြိမ်အရေအတွက်သို့ ရောက်ရှိသော သူများ၌ သတ္တမမြောက် ကစားသမားဖြစ်ပြီး အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်သည်။ [၁၃]

ကိုးကား ပြင်ဆင်ရန်

  1. Judd TrumpWorld Professional Billiards and Snooker Association။ 1 May 2018 တွင် ပြန်စစ်ပြီး။
  2. Chowdhury၊ Saj။ "The man behind the nicknames"၊ BBC Sport၊ 1 May 2007။ 2 May 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 2 May 2014။ 
  3. "Snooker: Players Championship Live"။ World Snooker။ 28 February 2020။ 16 minutes in။ ITV။ ITV4 HD။
  4. "World Championship 2011: Judd 'The Juddernaut' Trump is building the momentum to reach his first final"၊ 28 April 2011။ 8 May 2019 တွင် ပြန်စစ်ပြီး 
  5. Official 147s – World Snooker။ 8 May 2018 တွင် ပြန်စစ်ပြီး။
  6. Grove Leisure Judd Trumpgrovesnooker.co.uk။ 17 June 2013 တွင် ပြန်စစ်ပြီး။
  7. Six Of The Best - Trump Sets New Record (in en-US) (2020-03-15)။ 2020-03-16 တွင် ပြန်စစ်ပြီး။
  8. "UK Championship: Judd Trump - nine ranking titles, but has he underachieved?" (in en-GB)၊ BBC Sport၊ 2018-11-26။ 
  9. World Championship final – reaction as Trump beats Higgins 18–9BBC Sport (2019-05-06)။ 2019-12-28 တွင် ပြန်စစ်ပြီး။
  10. Wilson၊ Jeremy။ "Judd Trump wins World Championship with victory over John Higgins in highest-quality final ever seen"၊ 6 May 2019။ 
  11. Judd Trump's record breaking prize money after Snooker World Championship win (in en) (2019-05-06)။ 2020-03-16 တွင် ပြန်စစ်ပြီး။
  12. "Gibraltar Open: Judd Trump wins sixth ranking title of season" (in en-GB)၊ BBC Sport၊ 2020-03-15။ 
  13. Kane၊ Desmond (2020-03-05)။ Trump hits record-breaking 700th century break at Championship LeagueEurosport။ 2020-03-05 တွင် ပြန်စစ်ပြီး။