ငါးလုံးတင်ရွာ၊ ချောင်းဦးမြို့နယ်

ငါးလုံးတင်ရွာ (အင်္ဂလိပ်: Ngarlonetin)သည် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ချောင်းဦးမြို့နယ်ငါးလုံးတင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၄၉၂ ဖြစ်သည်။ ငါးလုံးတင်ကျေးရွာအုပ်စုတွင် ၁. ငါးလုံးတင်ရွာ ၂. ဆင်မြေရွာ၊ ၃. မထိသာရွာ ၄. တောင်ဖီလာရွာ၊ ၅. မကျီးတန်းရွာတို့ပါဝင်သည်။ တောင်ဘက်တွင် မထိသာရွာ၊ မြောက်ဘက်တွင် ဆင်မြေရွာတို့သည် တစ်ဆက်တစ်တန်းတည်းတည်ရှိသောကြောင့် ငါးလုံးတင်တိုက်သုံးရွာဟူ၍ ဒေသတွင်း၌ ခေါ်တွင်သည်။ ချောင်းဦးမြို့တောင်ဘက် ၆ မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော ရွာကြီးတစ်ရွာဖြစ်ပါသည်။ ငါးလုံးတင်ရွာ၏အကျယ်အဝန်းမှာ ၁.၅ စတုရန်းကီလိုမီတာကျော်ခန့် ကျယ်ဝန်းသည်။

ငါးလုံးတင်
ရွာ
ငါးလုံးတင်ရွာ
ငါးလုံးတင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ငါးလုံးတင်
ငါးလုံးတင်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°52′46″N 95°15′43″E / 21.8795509338379°N 95.2618179321289°E / 21.8795509338379; 95.2618179321289ကိုဩဒိနိတ်: 21°52′46″N 95°15′43″E / 21.8795509338379°N 95.2618179321289°E / 21.8795509338379; 95.2618179321289
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်မုံရွာခရိုင်
မြို့နယ်ချောင်းဦးမြို့နယ်
ကျေးရွာအုပ်စုငါးလုံးတင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း

ပုဂံခေတ် နရပတေ့စည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ် ယနေ့ခေတ် ငါးလုံးတင် ခေါ်တွင်မည့်ရွာနေရာအရောက်တွင် စခန်းချရပ်နားခဲ့ပြီး ငလုံးဆင့် မည်သောအမတ်အား ရွာသူကြီးခန့်၍ ရွာတည်စေခဲ့သည်။ ရွာသူကြီး ငလုံးဆင့် အမည်အားအစွဲပြု၍ ငလုံးဆင့်ရွာ ဟူ၍ခေါ်တွင်ခဲ့သည်။ နှောင်းလူတို့လက်ထက် ကာလရွေ့လျားပြီး ငလုံးဆင့်ရွာ မှ ငါးလုံးတင်ရွာ ဟူ၍ အဆင့်ဆင့်ပြောင်းလဲခေါ်တွင်ခဲ့ကြသည်။ သမိုင်းအထောက်အထား ခိုင်ခိုင်မာမာ မရှိသော ရှေးလူကြီးသူမများတဆင့်စကားဖြင့် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သော သမိုင်းဖြစ်ပါသည်။

ဘာသာရေး

ငါးလုံးတင်ရွာတွင် သီရိဓမ္မာသောကမင်းကြီး၏ ကုသိုလ်တော် စေတီပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀၊ ရေတွင်းပေါင်း ၈၄၀၀၀ အပါအဝင်ဖြစ်သော ရှင်ပင်လှမြတ်စွာဘုရား တည်ရှိသည်။ နှစ်စဉ် ဝါဆိုလပြည့်နေ့တွင် ဝါဝင်ဘုရားပွဲ၊ ဝါတွင်းကာလ ဥပုသ်ထွက်နေ့ရက်တိုင်းတွင် ဥပုသ်ဆွမ်းချ ဘုရားပွဲ၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့တွင် ဝါကျွတ်ဘုရားပွဲတော်ကြီးဟူ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်‌လေ့ရှိကြသည်။ အခြားစေတီပုထိုးများမှာ ရွာဦးစေတီ၊ သာထွန်းဘုရား၊ ရွှေသိမ်တော်ဘုရား၊ ငါးဆူရှင်ဘုရား၊ မြင်သာဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ ဘုန်းရွှေလှော်ဘုရား၊ ကန်တော်ဦးဘုရားတို့ဖြစ်ကြသည်။ ဘုန်းတော်ကြီးကျောင်း ‌‌၄ ကျောင်းရှိပြီး အမည်များမှာ ရတနာရွှေကျောင်းတိုက်၊ ရွှေမင်းဝံကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်၊ ပန်းထူးကျောင်းတိုက်တို့ဖြစ်သည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင် အနည်းငယ်ရှိသည်။

စီးပွားရေး

ငါးလုံးတင်ရွာ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပြီး စပါး၊ ဂျုံ၊ ကုလားပဲ၊ ပဲစင်းငုံ၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ငရုတ်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြည်ပပို့ကုန်သစ်သီးဝလံများဖြစ်သော သခွားမွှေးနှင့် ဖရဲများကို စီးပွားဖြစ် စိုက်ပျိုးလာကြသည်။

လူမှုရေး

ငါးလုံးရွာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ကျော်ရှိပါသည်။ အိမ်ခြေပေါင်း ၈၀၀ ကျော်ရှိသည်။

ပညာရေး

ငါးလုံးတင်ရွာတွင် အစိုးရအ‌‌ခြေခံပညာအထက်ကျောင်းခွဲတည်ရှိပြီး ဆရာ၊ ဆရာမ ၆၀ ကျော်နှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀၀ ကျော် ပညာသင်ကြားလျက်ရှိသည်။

ကျန်းမာရေး

ငါးလုံးတင်ရွာတွင် ကျေးလက်ကျန်းမာရေးဌာနတည်ရှိသည်။ ငါးလုံးတင်ကျေးလက်ကျန်းမာရေးဌာနလက်အောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိပြီး ကျေးရွာပြည်လူထုအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။