ငွေတောင်ရွာ၊ ဒီးမော့ဆိုမြို့နယ်
ငွေတောင်ရွာ(အင်္ဂလိပ်: Ngwetaung)သည် ကယားပြည်နယ်၊ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၅၀၆ ဖြစ်သည်။ [၁] ငွေတောင်ရွာသည် ဒီးမော့ဆို-လွိုင်ကော်ကားလမ်းဘေးတွင်ရှိပြီး ခရီးသည်များ တထောက်နားတတ်သဖြင့် စည်ကားသောရွာ ဖြစ်သည်။
ငွေတောင် | |
---|---|
ရွာ | |
ငွေတောင်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 19°33′37″N 97°10′50″E / 19.5602684020996°N 97.1806030273438°Eကိုဩဒိနိတ်: 19°33′37″N 97°10′50″E / 19.5602684020996°N 97.1806030273438°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကယား |
ခရိုင် | ဒီးမော့ဆိုခရိုင် |
မြို့နယ် | ဒီးမော့ဆိုမြို့နယ် |
ကျေးရွာအုပ်စု | ငွေတောင် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
၂၀၂၁ ဖြစ်စဉ်
ပြင်ဆင်ရန်၂၀၂၁ ခု၊ မေလ ၂၁ ရက်မှ ဇွန်လ ၁၂ ရက်အကြား ငွေတောင်အခြေစိုက် ခလရ(၁၀၂) နှင့် လှုပ်ရှားစစ်ကူ ခမရ(၄၂၇) တို့က တဘက်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်(ဒီးမော့ဆို) တို့က တဘက် တိုက်ပွဲများဖြစ်ရာ ရွာခံလူတို့ စစ်ရှောင်ရသည်။ [၂] ဇွန်လ လလယ်ပိုင်းတွင် အခြေအနေငြိမ်သက်စပြု၍ ရွာသားအချို့ ပြန်လာသည်တွင် အိမ်များ၊ ဆိုင်များ ပျက်စီးနေသည်ကို တွေ့ရ၏။ [၃] ရွာရှိ အထက်တန်းကျောင်းဝင်း၌လည်း အသတ်ခံရသော ရွာမှမဟုတ်သည့် အရပ်သား ၄ လောင်းကို တွေ့သည်။ [၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "ဒီးမော့ဆိုတိုက်ပွဲ စစ်ဘေးရှောင် ကလေးငယ်တစ်ဦး သေဆုံး". FRA Burmese. 2021-09-08. "... ခြောက်မိုင် ဒေါပိုးစီတဝိုက်ရယ်၊ ပြီးတော့ ငွေတောင် ဒီးမော့ဆိုနားတဝိုက်ရယ်၊ မနေ့ညကဆိုလို့ရှိရင် ငွေတောင်ဆည်မှာ၊ ဒီးမော့ဆိုမြို့မရဲစခန်းမှာဖြစ်တော့ အဲဒီအနီးအနားက ခန့်မှန်းခြေ ရွာ ၁၀ ရွာဝန်းကျင်လောက်တော့ ရှိလိမ့်မယ်။ အခု ဒီရက်မှာဆိုရင်လည်း တခြားရွာတွေလည်း ဆက်ရှောင်နေတုန်းပဲ ..."
- ↑ "ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ". Irrawaddy. 2021-06-15. "... တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း စစ်ကောင်စီတပ်များက ငွေတောင်ကျေးရွာတွင် တပ်စွဲခဲ့ ..."
- ↑ ချစ်သဲညှာ. "ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်း ကြိုးတုတ်ကာ မီးရှို့သတ်ခံထားရသည့် အလောင်း ၄ လောင်း ထပ်တွေ့ Archived 13 September 2021 at the Wayback Machine.". Civil Disobedience Movement Myanmar. 2021-06-17.
ဤ ကယားပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |