စကြဝဠာ (ဒဿနိကဗေဒ)

(စကြာဝဠာ မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် ရှေးကျမ်းဂန်လာနှင့် ဒဿနိကဗေဒဆိုင်ရာ စကြဝဠာ အကြောင်း ဖြစ်သည်။ သိပ္ပံနည်းကျ စကြဝဠာ အတွက် စကြဝဠာ ကို ကြည့်ပါ။

စကြဝဠာ(ပါဠိ: စက္ကဝါဠ)သည် ဗုဒ္ဓဘာသာ အယူအဆအရ မြင်းမိုရ်တောင်နေတစ်စင်း၊ တစ်စင်း၊ ကျွန်းကြီးလေးကျွန်းနှင့် သမုဒ္ဒရာကြီး လေးစင်း ပါဝင်သည်ဟုဆိုသော အချင်းအကျယ် ယူဇနာပေါင်း ၁ ၂၀၃ ၄၅၀ ရှိသည့် ရပ်ဝန်းပမာဏကို ဆိုလိုသည်။[၁][၂] တစ်ယူဇနာလျှင် အများဆုံးအားဖြင့် ၁၅ km ရှိသည်[၃][၄] ဟု အကိုးအကားယူလျှင် စကြဝဠာ၏ အကျယ်အလျားမှာ ကီလိုမီတာပေါင်း ၁၈ သန်းခန့် ဖြစ်သည်။

ဗုဒ္ဓဝါဒနွယ် အယူအဆအရ အလယ်ဗဟိုအဖြစ် မြင့်မိုရ်တောင် တစ်ခု ရှိထသော စကြဝဠာတစ်ခု၊ ဘူတန်နိုင်ငံထုံးဓလေ့ဖြင့် ၁၉ရာစုအတွင်းက သရုပ်ဖော်ရေးဆွဲထားပုံတခု။
မြင့်မိုရ်တောင်နှင့် စကြဝဠာကို ဂျိန်းဝါဒနွယ် အယူအဆအရ ရေးဆွဲကြည့်ပုံတမျိုး။

စကြဝဠာနှင့်စပ်လျဉ်း၍ မြန်မာတို့၏ ရှေးအယူအဆများ

ပြင်ဆင်ရန်

ဤအယူအဆများမှာ ရှေးဟိန္ဒူကျမ်းများမှ အဆင့်ဆင့် ဆင်းသက်လာသော အယူအဆများ ဖြစ်သည်။ သို့သော် ထိုအယူအဆများသည် ဗုဒ္ဓအယူဝါဒ ဆိုင်ရာ ကျမ်းဂန်များနှင့်ဆက်စပ်အကျုံးဝင်လျက်ရှိသည်ဟု အချို့က ယူဆကြ၏။ မြန်မာစာပေ အစဉ်အလာ တစ်လျှောက်တွင်လည်း အောက်၌ဖော်ပြအံ့သော အယူအဆများကို လက်ခံ ကိုးကားမှီငြမ်းပြု၍ ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု စသည်တို့ကို ရေးသားခဲ့ကြ၏။ မြန်မာတို့ရေးခဲ့သည့် ရာဇဝင်တော်ကြီးများ၌လည်း ကမ္ဘာတည်ဟန်နှင့် ကမ္ဘာဦးလူတို့အကြောင်းမှ ချီ၍ ရေးသားဖော်ပြလေ့ရှိရာ စကြဝဠာတည်ပုံ၊ ပျက်ပုံ စသည်ကို ထည့်သွင်းဖော်ပြကြ၏။ စကြဝဠာနှင့်စပ်လျဉ်း၍ စစ်ကဲတော်ကြီးဦးရွှေနော် ပြုစုခဲ့သော အာဒိကပ္ပကမ္ဘာဦးကျမ်းသည် အကိုးကားခံရဆုံး၊ အပြည့်စုံဆုံးကျမ်း ဖြစ်ပေသည်။


စကြဝဠာ ဟူသော ဩကာသ လောကတွင် အပါအဝင်ဖြစ်သော ရေမြေတောတောင် အနေအထားအဖွဲ့အစည်းကို ပိုင်းခြား၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်သော ဝေါဟာရဖြစ်၏။ မြင်းမိုရ်တောင်ကို ဗဟိုပြု၍ ဝန်းရံလျက်ရှိသော ကျွန်းကြီးလေးကျွန်းနှင့် အရန်ကျွန်းငယ်နှစ်ထောင်ကို နေတစ်စင်း၊ လတစ်စင်းက အလှည့်ကျ အလင်းရောင် ပေးလျက်ရှိ၏။ ထိုသို့ နေတစ်စင်း၊ လတစ်စင်းနှင့် အတူတကွ၊ လေးကျွန်းတစ်မြင်းမိုရ်အစုအဝေးကို စကြဝဠာဟု ခေါ်သည်။ စကြဝဠာ များသည် မရေတွက်နိုင်လောက်အောင် မြောက်မြားစွာ တည်ရှိ၏။ တစ်ထောင်သော စကြဝဠာအစုကို စူဠလောကဓာတ်ဟု ခေါ်၏။ ထိုအစုဆယ်စု (ဝါ) စကြဝဠာတစ်သောင်းကို၊ မဇ္ဈိမလောကဓာတ်ဟု ခေါ်၏။ စကြဝဠာများသည် အမြဲတည်နေသည် မဟုတ်ပေ။ ဖြစ်ပေါ်လိုက် ပျက်စီးလိုက်ရှိ၏။ အတူတကွ ဖြစ်ပေါ်ဖြစ်ဖက်၊ ပျက်ဖော် ပျက်ဖက်ဖြစ်ကုန်သော စကြဝဠာ ကုဋေတစ်သိန်းစုကို မဟာလောကဓာတ်ဟု ခေါ်၏။ ထိုထက်များပြား၍ ရေတွက်ခြင်းငှာ မဆုံးနိုင်သော စကြဝဠာအစုကိုမူကား အနန္တ လောကဓာတ်ဟု ခေါ်၏။ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်သော စကြဝဠာကား မဇ္ဈိမ လောကဓာတ်ဟု ခေါ်သော စကြဝဠာ တစ်သောင်းစု၏ အလယ်ဗဟို၌ တည်ရှိ၏။ စကြဝဠာ တစ်ခုလုံးကို အစိုးရသော မင်းကို စကြဝတေးမင်းဟု ခေါ်၏။


ကမ္ဘာတည်ပြီးနောက် ဗြဟ္မာတို့သည် ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်၌ ဥပပတ်ကိုယ်ထင် ဖြစ်လာ၏။ ထို့နောက် သူတို့၏ ဘုန်းကံဓမ္မတာကြောင့် နေ၊ လ ပေါ်လာ၏။ ဤသို့ပေါ်သောနေ့၌ပင်လျှင် မြင်းမိုရ်၊ သတ္တရဘန်၊သီတာ၊ သမုဒ္ဒရာ လေးဆင်း၊ ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ ဟိမဝန္တာတာ၊ မြစ်ကြီး၊ အိုင်ကြီးနှင့် စကြဝဠာတောင်သည် ပေါ်လာ၏။ ထိုစကြဝဠာတောင်သည် မြင်းမိုရ်၊ သတ္တရဘန်၊ သမုဒ္ဒရာ လေးစင်း၊ ကျွန်းကြီး လေးကျွန်းစည်ကို ပတ်ပတ်လည် တံတိုင်းကြီးသဖွယ် ဝန်းရံထား၏။ ရေမှပေါ်ထွက်လာသော ဤ စကြဝဠာတောင်ကြီးကို အစွဲပြု၍ လေးကျွန်း တစ်မြင်းမိုရ် အစုအဝေးကို စကြဝဠာဟု ခေါ်ဝေါ်၏။ စကြဝဠာတောင်၏ အမြင့်ကား၊ ရေပေါ်၌ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ရေအောက်သို့လည်း ဇောတပထဝီအထိ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ဇောတပထဝီကို လွန်လျက် သီလာပထဝီအထိ ယူဇနာ ခုနှစ်သောင်းရှစ်ထောင် ထပ်မံ၍ အောက်သို့ နက်လျက်တည်ရှိ၏။ စကြဝဠာတောင်သည် သီလာပထဝီပေါ်တွင် အခြေစိုက်လျက် ရှိ၏။ သိလာ ပထဝီ၏ နိမိတ်အဝန်းသည် စကြဝဠာတောင်ပင်ဖြစ်၏။ သီလာပထဝီမျက်နှာပြင်မှ စကြဝဠာတောင်ထွတ်အထိ ယူဇနာပေါင်း နှစ်သိန်းလေးသောင်း နှစ်ထောင်ရှိ၏။ စကြဝဠာတောင်အထွတ်များတို့သည် ကျေးနှုတ်သီးကဲ့သို့အတွင်း၌ ကွေးညွှတ်ယောင်ယောင်ရှိ၏။

စကြဝဠာတောင်နှင့် စကြဝဠာအပါအဝင် ကမ္ဘာကြီး ပျက်ပုံ၊ တည်ပုံကို မည်သို့သိရှိရသနည်းဟူမူ လောကဘိနဝိဒ္ဓရသေ့သည်၊ စကြဝဠာတံတိုင်းမှ ဆင်မြင်းအရွယ်ပမာဏရှိသော အက္ခရာများကို ဖန်ပုရပိုက်ပုလဲ ကညစ်တို့ဖြင့် ရေးကူးခဲ့၍ ရသေ့ အဆင့်ဆင့်တို့ ရေးသားဟောခဲ့သည်မှ သိရသည်။ ထိုလောကဘိနဝိဒ္ဓရသေ့သည် ပထမ မဟာသမ္မတမင်း၏တူ ဖြစ်၏။ မဟာသမ္မတမင်းသည် စကြဝဠာတောင်ခြေ၌ရှိသော ဓမ္မသတ် ကျမ်းဂန်များကို ရေးကူးစေ၍ ထိုကျမ်းဂန်များနှင့် အညီ တရားဆုံးဖြတ်စီရင်တော်မူ၏ဟုဆိုလေသည်။ [၅]

လူ၏သမိုင်းစဉ်

ပြင်ဆင်ရန်

သမိုင်းတစ်လျှောက်တွင် လောကနှင့် စပ်လျဉ်းသော ယူဆချက်တို့သည် အစဉ်ပြောင်းလဲလျက်ရှိသည်။ ရှေးလူများသိသော လောကသည် သူတို့နေထိုင် သွားလာနေသော ကမ္ဘာ့အစိတ်အပိုင်း၊ သူတို့ကြားဖူးသည့် ကမ္ဘာ့အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ယင်းအစိတ်အပိုင်း တို့ကို ကြည့်၍ ဆင်ခြင် သုံးသပ်ရာ၌ ရှေးသူဟောင်း အချို့တို့သည် ကောင်းကင်၌ မြင်ရသော ကြယ်များကား ကမ္ဘာမြေကြီးမှ ကောင်းကင်သို့ ဘုန်းသမ္ဘာရှင်တို့က ယူဆောင်သွားသော လူနှင့် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်များ ဖြစ်သည်ဟု အယူရှိကြသည်။ နေနှင့် လတို့ကိုမူ နတ်များ ဖြစ်သည်ဟု ယူဆကြလေသည်။


ရှေးလူများသည် လောက အကြောင်းကို သူတို့သိသမျှ အမျိုးမျိုး ရှင်းလင်းဖော်ပြခဲ့ကြသည်။ ဤသို့ဖော်ပြကြရာမှ ပုံဝတ္ထု အမြောက်အမြား ထွက်ပေါ်လာခဲ့လေသည်။ ရှေးသိုးဆောင်းနိုင်ငံများတွင် အချို့က လောကသည် ကုန်းလိပ်ကြီး၏ ကျောပေါ်၌ ဟန်လျက် တည်ရှိနေသည်ဟု ယုံကြည်ကြသည်။ ဂရိလူမျိုးတို့က ကမ္ဘာကို အက်တလတ်ဆိုသည့် နတ်က ပခုံးပေါ်၌ တင်ထားသည်ဟု ယုံကြည်ကြသည်။ ရှေးလူတို့သည်များသောအားဖြင့် လောက ဗဟို၌ ကမ္ဘာမြေ တည်ရှိသည်ဟု ထင်မှတ်ကြသည်။ နေ၊ လ၊ ကြယ်တို့သည် ကမ္ဘာကို လှည့်ပတ်၍ သွားကြသည်ဟု ယုံကြည်ကြသည်။ အချို့က ကမ္ဘာမြေကြီး ပြားသည်ဟု ယုံကြည်ကြ၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်သို့ ခရီးဝေးဝေးသွားလျှင် ကမ္ဘာအစွန်းမှ လိမ့်ကျလိမ့်မည်ဟု ယုံကြည်ကြလေသည်။

လူများသည် တဖြည်းဖြည်း လောက အကြောင်းကို ပို၍ နားလည်လာကြ၏။ ခရစ် ၁၄ဝဝ နှင့် ၁၅ဝဝ ပြည့်နှစ်များ အတွင်း၌ အနောက်နိုင်ငံသားတို့သည် နယ်သစ်များကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းကြောင့် လူတို့သည် ကမ္ဘာမြေကြီး၏ သာမန် ပုံသဏ္ဌာန်ကို သိရှိလာကြသည်။ နက္ခတ္တဗေဒပါရဂူများ ဖြစ်ကြသော ကော်ပါးနိကပ်စ်ပိုက်သာဂိုးရပ်ဂယ်လီလီယိုကပ်ပလာနယူတန်တို့၏ သိမှုတွေ့မှုများကြောင့် ကမ္ဘာမြေကြီးသည် လောက၏ ဗဟို၌ မရှိကြောင်းကို နားလည်လာကြသည်။


ကမ္ဘာမြေကြီးသည် မြောက်မြားစွာသောဂြိုဟ်များအနက် တစ်ခုမျှသာ ဖြစ်၍ ထိုဂြိုဟ်များအားလုံးက နေကိုလှည့်ပတ်လျက် သွားလာနေကြောင်းကိုပါ သိလာကြသည်။ ထို့ပြင် နေသည် နဂါးငွေ့ တန်းအတွင်းရှိ အသိန်းအသန်းပေါင်း များစွာသော ကြယ်တို့အနက် အလယ်အလတ်တန်းစား ကြယ်တစ်လုံးမျှသာ ဖြစ်ကြောင်းကိုလည်း သိလာကြသည်။


မျက်မှောက်ခေတ် နက္ခတ္တဗေဒပညာရှင်များသည် လောကကို ပို၍ နက်နဲစွာ ကြံဆကြသည်။ လောကတွင် ကြယ်တို့သည် အခရာဖြစ်ကြောင်း သူတို့သိရှိကြသည်။ ကြယ်များ စုပြုံလျက်ရှိရာဖြစ်သော နဂါးငွေ့တန်း ဂယ်လက်ဆီအတွင်း၌ ကျွန်ုပ်တို့ ကမ္ဘာမြေ ရှိသည်။ နဂါးငွေ့အတွင်း၌ ကြယ်အများအပြားရှိသကဲ့သို့ လောက အတွင်း၌လည်း နဂါးငွေ့အများအပြားရှိသည်ကို နက္ခတ္တဗေဒပညာရှင်များ ယခုအခါ သိလာကြပေပြီ။ ထိုနဂါးငွေ့များ အားလုံး စုပေါင်း၍ ဖြစ်သော လောကကြီး၏ အရွယ်ပမာဏကို တိုင်းတာသောအခါ အလင်းနှစ် အသန်းအထောင်နှင့် တိုင်းတာရပေသည်။ အလင်းနှစ်ဆိုသည်မှာ တစ်နှစ်အတွင်း အလင်းသွားသည့်ခရီးကို ဆိုလိုသည်။ အလင်းသည် တစ်စက္ကန့်၌ မိုင်ပေါင်း ၁၈၆,ဝဝဝ သွားသည်။ အလင်းနှစ် တစ်နှစ်သည် မိုင်ပေါင်း ခြောက်ထရီလီယံနှင့် ညီမျှသည်။ တစ်တြီလယန်သည် အင်္ဂလိပ် စံနစ်အရ တစ်နောက် သုညဆယ့်ရှစ်လုံး ပါသည်။ အမေရိကန်နိုင်ငံ၊ မောင့်ဝီလဆင် နက္ခတ်မျှော်စင်၌ အချင်း လက်မ ၁ဝဝ ရှိသော အဝေးကြည့်မှန်ပြောင်းကြီး တစ်ခု ရှိသည်။ ထိုမှန်ပြောင်းကြီးဖြင့် အလင်းနှစ်ပေါင်း ၅ဝဝ,ဝဝဝ,ဝဝဝ ၌ရှိသော ကြယ်များကို ဓာတ်ပုံရိုက်ကူးယူနိုင်ပေပြီ။ ထိုထက်ပို၍အားကောင်းသည့် အချင်းလက်မ ၂ဝဝ ရှိ မှန်ပြောင်းကြီးကို မောင့်ပလိုမာ၌ တပ်ဆင်ပြီးသောအခါတွင် ထိုအကွာအဝေးထက် နှစ်ဆမျှတိုး၍ မြင်နိုင်ပေလိမ့်မည်။ သို့သော် ထိုမှန်ပြောင်းကြီးနှင့်ပင် ကြည့်စေကာမူ နဂါးငွေ့ အားလုံးသည် သေးငယ်ပြီး မှေးမှိန်လျက်ပင် ရှိပေဦးမည်ဟု ဆိုလေသည်။


ကျွန်ုပ်တို့ လောက မည်မျှ ကြီးမားသည်ကို မည်သူမျှ အမှန်အကန် မသိချေ။ အိုင်းစတိုင်း၏ ရယ်လတစ်ဗတီသီအိုရီ အရမှာ လောကကြီး၌ တိကျသည့်အရွယ် ရှိသည်ဟုဆိုသည်။ သို့သော် ကျွန်ုပ်တို့သည် လောက၏ နယ်နိမိတ် အကန့်အသတ်ကို မမြင်နိုင်ကြချေ။


အဘယ်ကြောင့်ဆိုသော် အာကာသသည် ခုံးလျက်ရှိပြီး ကမ္ဘာမြေကြီး၏ မျက်နှာပြင်မှာကဲ့သို့ တိကျသော နယ်နိမိတ်များ မရှိခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကြယ်တစ်လုံးမှ အလင်းရောင်ခြည်သည် အာကာသအတွင်းသို့ ရောက်သွားပြီး ပျောက်သည်ဟူ၍ မရှိပေ။ ပမာအားဖြင့်၊ ကမ္ဘာ မြေကြီးပေါ်တွင် တစ်နေရာမှစ၍ ခရီးထွက်လျှင် နောက်ဆုံး၌ ကမ္ဘာကိုပတ်ကာ ထိုနေရာသို့ ပြန်၍ ရောက်လာသကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့၏ လောကသည် အချိန်ရှိသရွေ့ ကျယ်ပြန့်ကြီးထွားလျက်ရှိသည်ဟုလည်း အိုင်းစတိုင်းက ဆိုသေးသည်။ ဝေးကွာသည့် နဂါးငွေ့များသည် နေမှ လျင်မြန်စွာ ခွာလျက် ရှိပုံရသည်။ အဝေးဆုံးရှိ နဂါးငွေ့တန်းများသည် အမြန်ဆုံး ခွာလျက် ရှိပုံရသည်။ ထို့ကြောင့် ဤ လောကကြီးသည် လေစည်ဖောင်း ပြန့်ကားသကဲ့သို့ ပြန့်ကားလျက်ရှိပုံရသည်။ အချို့နက္ခတ္တဗေဒဆရာများကမူ လောကကျယ်ပြန့်သည်ထက် ပြန့်လျက်ရှိသည်ဆိုသော ယူဆချက်များကို မယုံကြည်ကြချေ။ သူတို့သည် နဂါးငွေ့များ နေမှခွာ၍ ရွေ့ရှားပုံရကြောင်းကို ရှင်းလင်းနိုင်သော နိယာမကို ကြံဆလျက် ရှိကြသည်။

 
မဟာပေါက်ကွဲမှုမှသည် လောက၏ သမိုင်းအကျဉ်း

လောကနှင့်စပ်လျဉ်း၍ မြန်မာတို့၏ ရှေးအယူအဆများကိုလည်း ဖော်ပြရပေမည်။ ထိုအယူအဆများမှာ ရှေးဟိန္ဒူကျမ်းများမှ အဆင့်ဆင့် ဆင်းသက်လာသော အယူအဆများ ဖြစ်သည်။ သို့သော် ထိုအယူအဆများသည် ဗုဒ္ဓအယူဝါဒ ဆိုင်ရာ ကျမ်းဂန်များနှင့်ဆက်စပ်အကျုံးဝင်လျက်ရှိသည်ဟု အချို့က ယူဆကြ၏။ မြန်မာစာပေ အစဉ်အလာ တစ်လျှောက်တွင်လည်း အောက်၌ဖော်ပြအံ့သော အယူအဆများကို လက်ခံ ကိုးကားမှီငြမ်းပြု၍ ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု စသည်တို့ကို ရေးသားခဲ့ကြ၏။ မြန်မာတို့ရေးခဲ့သည့် ရာဇဝင်တော်ကြီးများ၌လည်း ကမ္ဘာတည်ဟန်နှင့် ကမ္ဘာဦးလူတို့အကြောင်းမှ ချီ၍ ရေးသားဖော်ပြလေ့ရှိရာ လောကတည်ပုံ၊ ပျက်ပုံ စသည်ကို ထည့်သွင်းဖော်ပြကြ၏။ လောကနှင့်စပ်လျဉ်း၍ စစ်ကဲတော်ကြီးဦးရွှေနော် ပြုစုခဲ့သော အာဒိကပ္ပကမ္ဘာဦးကျမ်းသည် အကိုးကားခံရဆုံး၊ အပြည့်စုံဆုံးကျမ်း ဖြစ်ပေသည်။


လောက ဟူသော ဩကာသ လောကတွင် အပါအဝင်ဖြစ်သော ရေမြေတောတောင် အနေအထားအဖွဲ့အစည်းကို ပိုင်းခြား၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်သော ဝေါဟာရဖြစ်၏။ မြင်းမိုရ်တောင်ကို ဗဟိုပြု၍ ဝန်းရံလျက်ရှိသော ကျွန်းကြီးလေးကျွန်းနှင့် အရန်ကျွန်းငယ်နှစ်ထောင်ကို နေတစ်စင်း၊ လတစ်စင်းက အလှည့်ကျ အလင်းရောင် ပေးလျက်ရှိ၏။ ထိုသို့ နေတစ်စင်း၊ လတစ်စင်းနှင့် အတူတကွ၊ လေးကျွန်းတစ်မြင်းမိုရ်အစုအဝေးကို လောကဟု ခေါ်သည်။ လောက များသည် မရေတွက်နိုင်လောက်အောင် မြောက်မြားစွာ တည်ရှိ၏။ တစ်ထောင်သော လောကအစုကို စူဠလောကဓာတ်ဟု ခေါ်၏။ ထိုအစုဆယ်စု (ဝါ) လောကတစ်သောင်းကို၊ မဇ္ဈိမလောကဓာတ်ဟု ခေါ်၏။ လောကများသည် အမြဲတည်နေသည် မဟုတ်ပေ။ ဖြစ်ပေါ်လိုက် ပျက်စီးလိုက်ရှိ၏။ အတူတကွ ဖြစ်ပေါ်ဖြစ်ဖက်၊ ပျက်ဖော် ပျက်ဖက်ဖြစ်ကုန်သော လောက ကုဋေတစ်သိန်းစုကို မဟောလောကဓာတ်ဟု ခေါ်၏။ ထိုထက်များပြား၍ ရေတွက်ခြင်းငှာ မဆုံးနိုင်သော လောကအစုကိုမူကား အနန္တ လောကဓာတ်ဟု ခေါ်၏။ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်သော လောကကား မဇ္ဈိမ လောကဓာတ်ဟု ခေါ်သော လောက တစ်သောင်းစု၏ အလယ်ဗဟို၌ တည်ရှိ၏။ လောက တစ်ခုလုံးကို အစိုးရသော မင်းကို စကြဝတေးမင်းဟု ခေါ်၏။


ကမ္ဘာတည်ပြီးနောက် ဗြဟ္မာတို့သည် ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်၌ ဥပပတ်ကိုယ်ထင် ဖြစ်လာ၏။ ထို့နောက် သူတို့၏ ဘုန်းကံဓမ္မတာကြောင့် နေ၊ လ ပေါ်လာ၏။ ဤသို့ပေါ်သောနေ့၌ပင်လျှင် မြင်းမိုရ်၊ သတ္တရဘန်၊သီတာ၊ သမုဒ္ဒရာ လေးဆင်း၊ ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ ဟိမဝန္တာတာ၊ မြစ်ကြီး၊ အိုင်ကြီးနှင့် လောကတောင်သည် ပေါ်လာ၏။ ထိုလောကတောင်သည် မြင်းမိုရ်၊ သတ္တရဘန်၊ သမုဒ္ဒရာ လေးစင်း၊ ကျွန်းကြီး လေးကျွန်းစည်ကို ပတ်ပတ်လည် တံတိုင်းကြီးသဖွယ် ဝန်းရံထား၏။ ရေမှပေါ်ထွက်လာသော ဤ လောကတောင်ကြီးကို အစွဲပြု၍ လေးကျွန်း တစ်မြင်းမိုရ် အစုအဝေးကို လောကဟု ခေါ်ဝေါ်၏။ လောကတောင်၏ အမြင့်ကား၊ ရေပေါ်၌ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ရေအောက်သို့လည်း ဇောတပထဝီအထိ ယူဇနာ ရှစ်သောင်းနှစ်ထောင်ရှိ၏။ ဇောတပထဝီကို လွန်လျက် သီလာပထဝီအထိ ယူဇနာ ခုနှစ်သောင်းရှစ်ထောင် ထပ်မံ၍ အောက်သို့ နက်လျက်တည်ရှိ၏။ လောကတောင်သည် သီလာပထဝီပေါ်တွင် အခြေစိုက်လျက် ရှိ၏။ သိလာ ပထဝီ၏ နိမိတ်အဝန်းသည် လောကတောင်ပင်ဖြစ်၏။ သီလာပထဝီမျက်နှာပြင်မှ လောကတောင်ထွတ်အထိ ယူဇနာပေါင်း နှစ်သိန်းလေးသောင်း နှစ်ထောင်ရှိ၏။ လောကတောင်အထွတ်များတို့သည် ကျေးနှုတ်သီးကဲ့သို့အတွင်း၌ ကွေးညွှတ်ယောင်ယောင်ရှိ၏။

လောကတောင်နှင့် လောကအပါအဝင် ကမ္ဘာကြီး ပျက်ပုံ၊ တည်ပုံကို မည်သို့သိရှိရသနည်းဟူမူ လောကဘိနဝိဒ္ဓရသေ့သည်၊ လောကတံတိုင်းမှ ဆင်မြင်းအရွယ်ပမာဏရှိသော အက္ခရာများကို ဖန်ပုရပိုက်ပုလဲ ကညစ်တို့ဖြင့် ရေးကူးခဲ့၍ ရသေ့ အဆင့်ဆင့်တို့ ရေးသားဟောခဲ့သည်မှ သိရသည်။ ထိုလောကဘိနဝိဒ္ဓရသေ့သည် ပထမ မဟာသမ္မတမင်း၏တူ ဖြစ်၏။ မဟာသမ္မတမင်းသည် လောကတောင်ခြေ၌ရှိသော ဓမ္မသတ် ကျမ်းဂန်များကို ရေးကူးစေ၍ ထိုကျမ်းဂန်များနှင့် အညီ တရားဆုံးဖြတ်စီရင်တော်မူ၏ဟုဆိုလေသည်။ [၆]

အခြားကြည့်ရန်

ပြင်ဆင်ရန်
  1. http://tibetanbuddhistencyclopedia.com/en/index.php/Cakkavala
  2. ပဏ္ဍိတဝေဒနီယဒီပနီကျမ်း
  3. Thapar၊ Romila (1997)။ Aśkoa and the decline of the Mauryas (PDF) (Revised ed.)။ Oxford University Press။ pp. 250–266။
  4. Gupta, C. C. Das (1951). "A NOTE ON AN EXPRESSION IN ROCK EDICT XIII OF AŚOKA". Proceedings of the Indian History Congress 14: 68–71. ISSN 2249-1937. 
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)