ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများတွင် အမှုထမ်း၊ အရာထမ်းရာထူးခန့်အပ်ရေးဆိုင်ရာနှင့်ပတ်သက်၍ အမြင့်ဆုံးအာဏာရအဖွဲ့အစည်းမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တွင်မူ ရာထူးခန့်အပ်ရေးဆိုင်ရာ အာဏာပိုင်များသီးခြားထားရှိသည်။ မြန်မာ့တပ်မတော်၏ စစ်ဘက်ရာထူးခန့်အပ်မှုတွင်လည်း စစ်ရာထူးခန့်ချုပ်ဟူ၍ အကြီးအကဲတစ်ဦး ထားရှိသည်။ စစ်ရာထူးခန့်ချုပ်သည် တပ်မတော်(ကြည်း/ရေ/လေ)အတွင်း ရာထူးခန့်အပ်ရေးဆိုင်ရာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကာကွယ်ရေးဌာနကောင်စီတို့နှင့် ညှိနှိုင်းဆောင်ရွက်ရသည်။ လက်ရှိစစ်ရာထူးခန့်ချုပ်မှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၇) ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင် ဖြစ်သည်။ တိကျမှန်ကန်မှုနှင့် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းသူတစ်ဦး ဟု လူသိများသူတစ်ဦးလည်း ဖြစ်သည်။

စစ်ရာထူးခန့်ချုပ်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တံဆိပ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်
 တပ်မတော်
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အစီရင်ခံရသူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ရုံးတည်နေရာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး
ခန့်အပ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
အဆင့် / တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်ကြီး


ကိုးကား ပြင်ဆင်ရန်