စဉ့်ကိုင်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စဉ့်ကိုင်မြို့ ဖြစ်သည်။

စဉ့်ကိုင်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of စဉ့်ကိုင်မြို့နယ်
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
ကျောက်ဆည်ခရိုင်အတွင်းတည်နေရာ
စဉ့်ကိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စဉ့်ကိုင်မြို့နယ်
စဉ့်ကိုင်မြို့နယ်
မြန်မာနိုင်ငံတွင်းရှိ တည်နေရာ
ကိုဩဒိနိတ်: 21°43′0″N 96°6′0″E / 21.71667°N 96.10000°E / 21.71667; 96.10000ကိုဩဒိနိတ်: 21°43′0″N 96°6′0″E / 21.71667°N 96.10000°E / 21.71667; 96.10000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ကျောက်ဆည်
မြို့နယ်ရုံးစိုက်ရာမြို့စဉ့်ကိုင်မြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဧရိယာကုဒ်၀၆၆[]

သမိုင်းကြောင်း

ပြင်ဆင်ရန်

စဉ့်ကိုင်မြို့နယ်တွင် ရှေးဟောင်းသုတေသန၏တွေ့ရှိချက်များအရ ကျောက်ခေတ်ယဉ်ကျေးမှုကိုတွေ့ရှိရပြီး နောက်ပိုင်းတွင် ပဒေသရာဇ်တို့၏ လက်အောက်တွင်ရှိခဲ့သည်။ အနော်ရထာမင်းမတိုင်မီတွင် မွန်၊ပလောင်၊ဝ၊ဗမာတိုင်းရင်းသားများ နေထိုင်ခဲ့ကြသည်။ အင်းဝခေတ် ဇော်ဂျီ၅ခရိုင်တွင် ပါဝင်ခဲ့သည်။ လက်ရှိ စဉ့်ကိုင်မြို့နယ်သည် ယခင် ဆဌဂံကုန်းဟုခေါ်ခဲ့သည်။ စဉ့်ကိုင်မြို့နယ်၏ တောင်ဘက် (၁)မိုင်ခန့်အကွာတွင် စဉ့်ကိုင်ကြီးရွာ ရှိပြီး ရာဇဝင်များအရ ငစဉ့်ကိုင်ဟုခေါ်ခဲ့ရာမှ အင်္ဂလိပ်တို့လက်ထက်တွင် 'င'ကိုဖြုတ်ကာ စဉ့်ကိုင်ဘူတာကို တည်ဆောက်ဖွင့်လှစ်ပြီး ဘူတာအနီးတွင် စဉ့်ကိုင်မြို့ကို တည်ခဲ့သည်။[]

ပထဝီဝင်အနေအထား

ပြင်ဆင်ရန်

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၉မိနစ်နှင့် ၂၁ဒီဂရီ ၅၁မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၇မိနစ်နှင့် ၉၆ဒီဂရီ ၁၆မိနစ် အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၃မိုင်၊ တောင်မှမြောက်သို့ ၁၅မိုင်ရှိပြီး ၁၇၃.၁၈စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

ပြင်ဆင်ရန်

စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကျောက်ဆည်မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးမြို့နယ်၊မြောက်ဘက်တွင် ဒုဌဝတီမြစ်ခြားကာ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပြင်ဆင်ရန်

ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၀ပေတွင် တည်ရှိပြီး မြို့နယ်အတွင်းအမြင့်ဆုံးတောင်မှာ ကိန္နရာတောင်ဖြစ်ပြီး ပေ၂၀၀၀မြင့်သည်။ စဉ့်ကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ရှမ်းရိုးမတောင်တန်း၏ တောင်စွယ်များ တည်ပြီး အခြားဒေသများမှာ ညီညာပြန့်ပြူးသော လွင်ပြင်ဒေသများဖြစ်သည်။ မြို့နယ်အတွင်းတွင် ဒုဌဝတီမြစ်သည် အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဆင်းနေသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်တို့သည် တောင်မှမြောက်သို့ စီးဆင်းကာ ဒုဌဝတီမြစ်အတွင်း စီးဝင်သည်။ စွန်ရဲအင်း၊မင်းလှကန်တို့မှာလည်း ထင်ရှားလှသည်။

စဉ့်ကိုင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊မွန်၊ကချင် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[]

စီးပွားရေး

ပြင်ဆင်ရန်

စဉ့်ကိုင်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအသင့်အတင့်ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ အဓိကအားဖြင့် စပါးမြေပဲ၊နှမ်း၊နေကြာ၊မြေပဲ၊ပဲတီစိမ်း၊ပဲစင်းငုံ၊ဝါ၊ကြံ၊အစေ့ထုတ်ပြောင်းတို့ စိုက်ပျိုးသည်။ မြို့နယ်၏ အဓိကထုတ်ကုန်မှာ ဆန်၊ စပါးဖြစ်ကာ မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။ ပုဂ္ဂလိကစက်ရုံ ၂ရုံ၊ အလုပ်ရုံ၁၂ရုံ၊အိမ်တွင်းစက်မှုလုပ်ငန်း ၂၆၆ခုကျော်ရှိသည်။ []

 
စိုက်ပျိုး​ရေးလုပ်ငန်းများ
  • မြို့မဈေး
  • ပလိပ်ဈေး

ပို့ဆောင်ဆက်သွယ်ရေး

ပြင်ဆင်ရန်

မြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေးလမ်းမှာလည်း ၃.၆မိုင်ခန့် ဖြတ်သန်းသွားသည်။

အဆင့်မြင့်ပညာ

ပြင်ဆင်ရန်

အခြေခံပညာ

ပြင်ဆင်ရန်

အထက်တန်းကျောင်း ၄ကျောင်းရှိသည်။

  • အထက စဉ့်ကိုင်
  • အထက ပလိပ်ကျင်း
  • အထက ဘယ်လင်း
  • အထက ဟင်းငူ
  • အထက ဆည်ရွာ

အထက(ခွဲ)/အလက

ပြင်ဆင်ရန်
  • အလက (ထ(ခွဲ)) စွန်ရဲ
  • အလက (ထ(ခွဲ)) ဧည့်ပြ
  • အလက (ထ(ခွဲ)) ကြက်မျှား
  • အလက (ထ(ခွဲ)) ထန်းတော
  • အလက (ထ(ခွဲ)) ရွာဘို
  • အလက (ထ(ခွဲ)) မုံပင်
  • အလက ပလိပ်စက်ရုံမြေ

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၀ကျောင်းရှိသည်။

ကျန်းမာရေး

ပြင်ဆင်ရန်

ဆေးရုံများ

ပြင်ဆင်ရန်
  • မြို့နယ်ဆေးရုံ
  • တိုက်နယ်ဆေးရုံ

ထင်ရှားသောနေရာများ

ပြင်ဆင်ရန်
  • ရွှေကျီးနား
  • ဖားလင်ပိုး
  • ပေါ်တော်မူ
  • ကံကြီးမ
  • မြွေဘုရား
  • ပလိပ်ယဉ်ကျေးမှုဇုန်
  • မက္ခရာယဉ်ကျေးမှုဇုန်
  1. Myanmar Telephone Area Codes။ 16 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2019 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ စဉ့်ကိုင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]