စိုင်ပြင်ရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် တည်ရှိသည်။ လယ်တီဆရာတော်ဘုရားကြီး မွေးဖွားခဲ့သည့် ဒေသ ဖြစ်သည်။ စိုင်ပြင်ရွာကို ၂၀၁၈ ခုနှစ်မှစ၍ စိုင်ပြင်မြို့အဖြစ်သို့တိုးမြှင့်သတ်မှတ်ခဲ့သည်။[၁] ယခုအခါ စိုင်ပြင်မြို့ကို ရပ်ကွက်ကြီး ၅ ခုခွဲထားပြီး အိမ်ထောင်စု ၂၅၀၀ ခန့်မှီတင်းနေထိုင်ကြသည်။ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံရှိပြီး ဆရာဝန်တစ်ယောက်၊ သူနာပြုနှင့် သူနာပြုအကူတို့ဖြင့် အနီးအနားကျေးရွာမှ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်။ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်းရှိသည်။ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ အဓိကစီးပွားရေးမှာ ကူးသန်းရောင်းဝယ်ရေးဖြစ်သည်။ အနီးအနားရွာများမှ ထွက်ရှိသော စပါး၊ပဲ၊နှမ်းများမှာ စိုင်ပြင်၏ ရောင်းကုန် ဝယ်ကုန်များဖြစ်သည်။