စိုးလွင်လွင်

မြန်မာ အဆိုတော်

စိုးလွင်လွင် (၁၉၆၂–၂၅ ဇူလိုင် ၁၉၉၉) သည် ၁၉၈၀ ခုနှစ်များတွင် ထင်ပေါ်ကျော်ကြားသည့်အဆိုတော်တစ်ယောက်ဖြစ်သည်။

ဘဝဖြစ်စဉ်ပြင်ဆင်

၁၉၆၂ (မူကွဲ ၁၉၆၃) ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ က ရန်ကုန်မြို့တွင် မွေးဖွားသည်။ ရန်ကင်းမြို့နယ် ဆယ့်နှလုံးတန်း တွင် မိဘများနှင့်အတူ နေထိုင်ခဲ့သည်။ အိမ်နာမည် 'ဖိုးကျား' ငယ်မည် 'ပိုပို' ဖြစ်သည်။[၁] ၁၉၈၁ ခုနှစ်တွင် အိမ်နီးချင်း ငယ်သူငယ်ချင်းဖြစ်သူ မဖြူဖြူဝင်း (ဖြူဖြူ) နှင့် အိမ်ထောင်ကျသည်။ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့် ခေမာသီရိလမ်း ၄၉၇-၄၉၈ ၆ ဘလောက်တွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။ ၁၉၉၉ ဇူလိုင် ၂၅ တွင် ရန်ကုန်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဖြူဖြူဝင်း သား (အဆိုတော် မောင်ဒေဝ ၂၀၂၁ ဒီဇင်ဘာ ၂၈ ကွယ်လွန်) သမီး (အဆိုတော်) ရွှေအိမ်စည် တို့ ကျန်ရစ်သည်။ [၂]

ဂီတဘဝပြင်ဆင်

ငယ်စယဉ်ကပင် ဂီတာတီး စန္ဒယားတီး သီချင်းရေး ခြင်းများကို စိတ်အားထက်သန်စွာ လုပ်နေခဲ့သူဖြစ်သည်။ ပထမဆုံး တေးစု 'မင်းထက်သာတဲ့သူ' မှာ အောင်မြင်မှုမရခဲ့သော်လည်း ဒုတိယ 'ချစ်လူမိုက်' တေးစု တွင် ပါဝင်သော ခေါင်းငုံ့ချစ်နေမယ် တချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ် ငယ်သူမို့ ရင်ဆိုင်စရာစွမ်းအားမရှိတော့လို့ပါ ချစ်လူမိုက် သီချင်းများမှာ တနိုင်ငံလုံးတွင် ကျော်ကြားအောင်မြင်ခဲ့သဖြင့် ဂီတလောကတွင် နေရာတခု ရခဲ့သည်။ အဆိုတော် ကိုင်ဇာလွှမ်းမိုးမောင်ဂဠုန်တို့အတွက် အောင်မြင်သော သီချင်းများကို ရေးစပ်ပေးခဲ့သည်။ လူချစ်လူခင်များပြီး အပေါင်းအသင်းများအပေါ် အနွံတာခံသဖြင့် စိုးလွင်လွင်တို့အိမ်ဂေဟာလေး မှာ ဂီတသမားတို့ တပျော်တပါး စုဝေးရာ နေရာ ဖြစ်ခဲ့သည်။[၃] 'ချစ်လူမိုက်ငယ်သူမို့အမေမောင့်မျက်ရည်ဝိုင်းကိုယ်ချင်းစာနာခဲ့ရပြီလေစိတ်ဖြေသီချင်း စသော သီချင်းများသည် သူ၏ အောင်မြင်သည့် သီချင်းအချို့ဖြစ်သည်။[၄]

တေးစုများပြင်ဆင်

  1. မင်းထက်သာတဲ့သူ (၁၉၈၂)
  2. ချစ်လူမိုက် (၁၉၈၄) မူပိုင် အနုရာဓတေးထုတ်လုပ်ရေး
  3. သူရဲကောင်းဒို့နှလုံသား (၁၉၈၆)
  4. မောင့်မျက်ရည်ဝိုင်း (၁၉၈၈)
  5. ကျွန်တော်မသိတဲ့ကျွန်တော် (၁၉၈၉) စပယ်ဦးတေးသံသွင်း
  6. မာနမျက်နှာ (၁၉၈၉)
  7. မြင်းရိုင်းတစ်ကောင် (၁၉၉၀)
  8. သံစဉ်သစ် (၁၉၉၀)
  9. ကာရန်သစ် (၁၉၉၀) အနုရာဓတေးထုတ်လုပ်ရေး
  10. ကျွန်တော်တစ်ယောက်တည်းလမ်းပေါ်မှာ (၁၉၉၁)
  11. မမေ့တတ်သူ (၁၉၉၁)
  12. ချစ်တဲ့ငြိမ်း (၁၉၉၁)
  13. ရင်ခုန်သံ (၁၉၉၁) (ဂျေမောင်မောင် ဂျက်မြသောင်း တို့နှင့်တွဲဖက်)
  14. သံယောဇဉ်မြစ်တစ်စင်း (၁၉၉၂)
  15. ထားရစ်ခက်နေခဲ့တော့မယ် (၁၉၉?) မူပိုင် အနုရာဓတေး ဖြန့်ချီရေး သရဖီ (ခိုင်ထူး နှင့် တွဲဖက်)
  16. လက်ဆောင်သစ် (၁၉၉၃) အနုရာဓ မန္တလေးလှိုင်း
  17. ဒီရေထဲကပန်းပွင့်များ (၁၉၉၃)
  18. ဝတ်မှုန်နဲ့ ဘဝဆက်တိုင်းအတူ (၁၉၉၃)
  19. စိမ်း (၁၉၉၄)
  20. ဆယ်လ်မွန်ငါးတို့အပြန် (၁၉၉၄)
  21. အိပ်မက်ခါးတွေစားတဲ့ည (၁၉၉၄)
  22. မက်ခွင့် (၁၉၉၄)
  23. ချစ်ဖူးသူပန်းဘုရင်မလေး (၁၉၉၅)
  24. မန္တလာမှာဝေတဲ့နှင်း (၁၉၉၅)
  25. နန်းလေး (၁၉၉၅)
  26. လင်းနို့လူသား (၁၉၉၅)
  27. ရေခင်းသဘင် (၁၉၉၅)
  28. တူနှစ်ကိုယ်တိုင်းပြည်သို့ (၁၉၉၅) တေးရေးနိုင်မြန်မာ သရဖီတေးသံသွင်း
  29. ဂန္ထဝင်မြောက်လေးညှိ့သံ (၁၉၉၅)
  30. လူဆိုးတွေနဲ့မောင်တိုင်ပင် (၁၉၉၅) (မြန်မာသံစဉ်) လသာတေးသံသွင်း
  31. ပထမဦးဆုံးသီချင်း (၁၉၉၈)
  32. ဒါလီအပါအဝင်အကောင်းဆုံးတေးများ (၁၉၉၈)
  33. ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ ဖိုးချိုအမှတ်တရတေး (၁၉၉?) မူပိုင် ပါဝါ
  34. ပဉ္စဂံ တေးစု အမှတ် (၁) (စိုင်းထီးဆိုင် ထူးအိမ်သင် အောင်ရင် ခိုင်ထူး တို့နှင့်တွဲဖက်၍) (၁၉၉?)
  35. ပဉ္စဂံ တေးစု အမှတ် (၂) (စိုင်းထီးဆိုင် ထူးအိမ်သင် အောင်ရင် ခိုင်ထူး တို့နှင့်တွဲဖက်၍) (၁၉၉?)
  36. စိုးလွင်လွင် ရွှေရောင်အတ္ထုပ္ပတ္တိသီချင်းများ ချိုကြည်သာတေးသံသွင်း

ကိုးကားပြင်ဆင်

  1. https://web.facebook.com/952953951511437/posts/1750358621770962/?_rdc=1&_rdr စိုးလွင်လွင်ကွယ်လွန်ခြင်း(၂၁) နှစ်ပြည့်အမှတ်တရ ❝ ကျွန်တော်သိခဲ့တဲ့ စိုးလွင်လွင် ❞ (ဂီတနယ်ပယ်)
  2. https://web.facebook.com/popularjournal/videos/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%9E%E1%80%AC%E1%80%B8-%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%92%E1%80%B1%E1%80%9D%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%9B%E1%80%80%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%86%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%BD%E1%80%B1%E1%80%B8/3115632025339337/?_rdc=1&_rdr စိုးလွင်လွင်သား မောင်​ဒေဝအတွက် ရက်လည်ဆွမ်း​ကျွေး (ပေါ်ပျူလာဂျာနယ်)
  3. https://www.youtube.com/watch?v=nGRKGTkxih8 စိုးလွင်လွင် ဖြစ်ဖို့ ပါရမီဖြည့် ပေးခဲ့တဲ့ ဇနီးသည် (Myanmar Celebrity)
  4. Andrew Sway – Remembering Soe Lwin Lwin | MoeMaKa Burmese News & Media။ 6 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2017 တွင် ပြန်စစ်ပြီး။