စံလွင် (သံအမတ်ကြီး)
ဦးစံလွင် (၁၉၅၅ ဖွား) သည် အငြိမ်းစားဝါရင့်မြန်မာသံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် စစ်ကောင်စီ ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းခဲ့သည်။[၂]
ဝဏ္ဏကျော်ထင် H.E စံလွင် | |
---|---|
ဒုတိယအတွင်းရေးမှူးချုပ် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ နိုဝင်ဘာ ၂၀၂၄ | |
ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ဇူလိုင် ၂၀၁၅ – အောက်တိုဘာ ၂၀၂၀ | |
ဆက်ခံသူ | မင်းသိမ်း |
ဗာတီကန် ဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၂၁ ဇူလိုင် ၂၀၁၇ – အောက်တိုဘာ ၂၀၂၀ | |
ယခင်လူ | ကိုယ်တိုင် |
ဆက်ခံသူ | လစ်လပ် |
လစ်သူယေးနီးယားဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၂၀၁၇ – အောက်တိုဘာ ၂၀၂၀ | |
ညွန်ကြားရေးမှူးချုပ် နိုင်ငံရေးရာဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၂၀၁၃ – ၂၀၁၅ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဒီဇင်ဘာ ၂၀၊ ၁၉၅၅ |
နိုင်ငံသား | မြန်မာ |
သားသမီး | သမီး၂ဦး |
မိခင်ကျောင်း | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
ကျွမ်းကျင်မှု | သံတမန် |
ပညာရေး
ပြင်ဆင်ရန်သူသည် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် မှနေ၍ ၁၉၇၇ ခုနှစ် တွင် စက်မှုဓါတုဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိသည်။[၃]
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်သူသည် ၁၉၈၄ ခုနှစ် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန ၌ အငယ်တန်းဝန်ထမ်းရာထူးဖြင့် တာဝန်ထမ်းရင်း သံတမန်လောကထဲ ခြေချခဲ့သည်။ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန နှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန တို့တွင် ဒုတိယလက်ထောက်ညွန်ကြားရေးမှူးရာထူးတိုးဖြင့် ၁၉၈၇ခုနှစ်အထိ တာဝန်များအသီးသီးထမ်းဆောင်ခဲ့သည်။သူ့ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် ဩစတြီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်တာဝန်ပေး၍ သံအမတ်ကြီး ဖြစ်လာခဲ့သည်။ထိုတာဝန်အပြင် ဩစတြီးယားနိုင်ငံ ဗီယင်နာ မြို့အခြေ စိုက် ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ပါ ပူးတွဲတာဝန်ယူသည်။ယင်းနောက် သမ္မတ ဦးထင်ကျော်က သူ့အား လစ်သူယေးနီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်း ကောင်း၊မြန်မာနှင့်သံအဆက်အသွယ်စပြုသည့် ဗာတီကန်ဆိုင်ရာ ပထမဦးဆုံးသောမြန်မာသံအမတ်ကြီး အဖြစ် လည်းကောင်း အသီးသီးထပ်မံခန့်အပ်ခဲ့သည်။[၄]သံအမတ်ကြီးတာဝန်များကို ၂၀၂၀ ခုနှစ် အောက်တို ဘာလ အထိ ထမ်းဆောင်ပြီး ဝန်ထမ်းဘဝမှ အငြိမ်းစားယူသည်။
ထမ်းဆောင်ခဲ့သည့်တာဝန်များ
ပြင်ဆင်ရန်- တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံး တတိယအတွင်းဝန် (၁၉၈၇-၁၉၉၁)၊
- နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ဌာနခွဲအရာရှိ (၁၉၉၁-၁၉၉၃)၊
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ ကောင်စစ်ဝန် (၁၉၉၃-၁၉၉၇)၊
- နိုင်ငံခြားရေးဝန်ကြီးဌာန၊နိုင်ငံရေးရာဦးစီးဌာန နှင့် မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့တွင် လက်ထောက်ညွန်ကြားရေးမှူးရာထူးတာဝန် (၁၉၉၇-၂၀၀၀)၊
- စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် နှင့် သံမှူး (၂၀၀၀-၂၀၀၅)၊
- နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး နှင့် ညွန်ကြားရေးမှူး (၂၀၀၅-၂၀၀၈)၊
- အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး ၏ သံမှူးကြီး နှင့် လက်ထောက်အမြဲတမ်းကိုယ်စားလှယ် (၂၀၀၈-၂၀၁၁)၊
- နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာအဖွဲ့အစည်းများဌာနခွဲ ညွှန်ကြားရေးမှူး (၂၀၁၁)၊
- နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (၂၀၁၁-၂၀၁၃)၊
- နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၂၀၁၃-၂၀၁၅)။[၅]
အာဆီယံဆိုင်ရာတာဝန်ရရှိခဲ့ပုံ
ပြင်ဆင်ရန်သူ့ကို စစ်ကောင်စီက အာဆီယံဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်လိုကြောင်း အဆိုပြုလွှာတင်ခဲ့ရာ လာအိုနိုင်ငံ တွင် ကျင်းပသည့် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးက လက်ခံ အတည်ပြုပေးခဲ့သည်။ထိုတာဝန်သက်တမ်းသည် ၂၀၂၇ခုနှစ် အထိ ဖြစ်သည်။ [၆]
ရရှိခဲ့သောဆုများ
ပြင်ဆင်ရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ ASEAN welcomes new Deputy Secretary-General for ASEAN Socio-Cultural Community။ ASEAN (1 Nov 2024)။ 11 Nov 2024 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (၁၀ ဇန်နဝါရီ ၂၀၂၄)။ ၁၁ နိုဝင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Deputy Secretary-General of ASEAN for ASEAN Socio-Cultural Community။ ASEAN။ 11 Nov 2024 တွင် ပြန်စစ်ပြီး။
- ↑ H.E. U San Lwin appointed as Non-Resident Ambassador of Myanmar to the Holy See။ Ministry of Foreign Affairs, Government of Myanmar။ 24 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Mr. San Lwin Myanmar’s first ambassador to the Holy See presents his Credentials။ VATICAN News (9 Nov 2017)။ 11 Nov 2024 တွင် ပြန်စစ်ပြီး။
- ↑ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး(ငြိမ်း) ဦးစံလွင် စတင်တာဝန်ထမ်းဆောင်။ MOI Myanmar (၅ နိုဝင်ဘာ ၂၀၂၄)။ ၁၁ နိုဝင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ၀ဏ္ဏကျော်ထင်ဘွဲ့။ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၁ နိုဝင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။