ဦးမင်းသိမ်း သည် မြန်မာလူမျိုး သံအမတ်ကြီးဖြစ်သည်။ [၁] လက်ရှိတွင် ဩစတြီးယားနိုင်ငံ ဗီယင်နာ မြို့အခြေစိုက် ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ယင်းအပြင် ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းတာဝန်ထမ်းဆောင်နေသည်။[၂] ၎င်းသည် ထိုရာထူးမတိုင်မှီ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် တာဝန်ကိုထမ်းဆောင်ခဲ့သည်။[၃] [၄]

ဦးမင်းသိမ်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဗီယင်နာ)
ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ အောက်တိုဘာ ၂၀၂၀
ယခင်လူဦးစံလွင်
သံတမန်ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
၂၀၁၉ – ၁၅ ​အောက်တိုဘာ ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
နိုင်ငံသားမြန်မာ
ကြင်ဖော်(များ)မျိုးပပထွန်း
သားသမီးသား၂ဦး
မိခင်ဒေါ်ခင်ခင်ဆွေ
ဖခင်ဦးကြည်အေး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကျွမ်းကျင်မှုသံတမန်

ပညာရေး ပြင်ဆင်ရန်

ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒသိပ္ပံဘွဲ့ ရရှိထားသူဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ “Chung-Ang” တက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး မဟာဘွဲ့နှင့် ဝါရှင်တန်ဒီစီရှိ “Johns Hopkins” တက္ကသိုလ်မှ နိုင်ငံတကာ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တို့ကို ရရှိထားသူဖြစ်သည်။

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

  • ၁၉၉၃-၁၉၉၈ ကာလ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဌာနခွဲမှူး။
  • ၁၉၉၈ -၂၀၀၂ ကာလ ပထမအတွင်းဝန်၊ဒုတိယအတွင်းဝန် တိုကျိုရှိ မြန်မာသံရုံး။
  • ၂၀၀၂-၂၀၀၅ ကာလ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး။
  • ၂၀၀၅-၂၀၀၈ ကာလ လာအိုနိုင်ငံ ပထမ အတွင်းဝန်၊ အတိုင်ပင်ခံ၊ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး တွင် ပထမအတွင်းဝန်နှင့်ကောင်စစ်ဝန်။
  • ၂၀၀၈-၂၀၁၃ တွင် မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး။
  • ၂၀၁၃-၂၀၁၆ တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကောင်စစ်ဝန်၊သံမှူးကြီး[၅] နှင့် ဒုတိယသံရုံးအကြီးအကဲ။[၆]
  • ၂၀၁၆-၂၀၁၇ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်။
  • ၂၀၁၇-၂၀၁၉ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်။
  • ၂၀၁၉-၂၀၂၀ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်။

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဦးမင်းသိန်းသည် အိမ်ထောင်ရှိပြီး သား၂ဦးရှိသည်။ဇနီးဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပင် တာဝန်ထမ်းဆောင်နေကာ ဂျီနီဗာမြို့ရှိ မြန်မာရုံးအဖွဲ့တွင် သံမှူးကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Permanent Representative of Myanmar presents credentialsUnited Nations Information Service Vienna (18 December 2020)။ 9 March 2023 တွင် ပြန်စစ်ပြီး။
  2. ဗီယင်နာမြို့တွင် ကျင်းပသည့် (၅၅) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်Eleven Media Group (၄ စက်တင်ဘာ ၂၀၂၂)။ ၉ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဦးမင်းသိမ်း အား ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်Myanmar Digital News (၁၅ အောက်တိုဘာ ၂၀၂၀)။ ၉ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်တို့အား လမ်းညွှန်မှာကြားMWD (၁၉ နိုဝင်ဘာ ၂၀၂၀)။ ၉ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. သံမှူးကြီး ဦးမင်းသိမ်းအမေးအဖြေVOA Burmese (၂၂ အောက်တိုဘာ ၂၀၁၅)။ ၉ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံခြားရေးဝန်ကြီးဌာန အမှတ် ၁၅၅/ ၂၀၁၆ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း အမှတ်၂၅ အတွဲ ၇၀ (၂၁ မတ် ၂၀၁၆)။ ၉ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။