ဆင်ပချပ်ရွာ၊ မင်းလှမြို့နယ်

ဆင်ပချပ်ရွာ (အင်္ဂလိပ်: Sinpachat)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)သာယာဝတီခရိုင်မင်းလှမြို့နယ်သရက်တပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၂၈၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သရက်တပင်ကျေးရွာအုပ်စုတွင် ကျား ၁၃၅၂ ဦး၊ မ ၁၃၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၇၅ ဦးနေထိုင်သည်။ ဆင်ပချပ်ရွာသည် ရန်ကုန်<>ပြည်ကားလမ်းနဲ့ဆိုလျှင် ၁မိုင်ခန့်သာဝေးပြီး ပဲခူးရိုးမတောင်ခြေနဲ့ သိပ်မဝေးလှတဲ့နေရာမှာ တည်ရှိပါသည်။ အိမ်ခြေ၁၅၀ကျော်ရှိပြီး အများစုမှာလယ်ယာလုပ်ငန်းကိုလုပ်ကိုင်ပြီး အခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပါတယ်။ မိုးရာသီတွင်စပါးကိုစိုက်ပျိုးပြီး နွေရာသီတွင် မတ်ပဲကိုအများဆုံးစိုက်ပျိုးကြပါတယ်။ လျှပ်စစ်မီးလဲရရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ကောင်းပါတယ်။ ဆက်သွယ်ရေးအနေဖြင့် MPT။ အော်ရီဒူး။ တယ်လီနောလိုင်းများလည်းကောင်းမွန်စွာမိပါတယ်။ ရွာ၏တည်နေပုံကတော့ အရှေ့အနောက်ရှည်မျှောမျှာပုံစံတည်ရှိပြီး မြို့ချောင်း<>စိန်ကန့်လန့်-မင်းလှကားလမ်းနဲ့ မလှမ်းမကမ်းမှာတည်ရှိပြီး ကားလမ်းမှ ရွာထဲသို့ဝင်နိုင်သည့် ဂဝံကျောက်ခင်းထားသောလမ်းမှ လာရောက်နိုင်သည်။ ဘာသာတရားအလွန်ကိုင်းရှိုင်ပြီး ရွာဦးရွာထိပ်တွင် ဘုန်းကြီးကျောင်းတည်ရှိပြီး ကားလမ်းမှလှမ်းကြည့်လျှင် ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပါယ်စွာတည်ရှိသောစေတီတော်ကိုဖူးမြော်နိုင်သည်။

ဆင်ပချပ်
ရွာ
ဆင်ပချပ်ရွာ
ဆင်ပချပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆင်ပချပ်
ဆင်ပချပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°59′18″N 95°45′14″E / 17.9884204864502°N 95.7537612915039°E / 17.9884204864502; 95.7537612915039ကိုဩဒိနိတ်: 17°59′18″N 95°45′14″E / 17.9884204864502°N 95.7537612915039°E / 17.9884204864502; 95.7537612915039
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်သာယာဝတီခရိုင်
မြို့နယ်မင်းလှမြို့နယ်
ကျေးရွာအုပ်စုသရက်တပင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
[၁]


ကိုးကား ပြင်ဆင်ရန်

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။