မဟာပါသဏလိုဏ်ဂူတော်ကြီး

သမိုင်းကြောင်း

ပြင်ဆင်ရန်

မဟာပါသဏလိုဏ်ဂူတော် တည်ဆောက်ရေးအတွက် ပထမအကြိမ် အစည်းအဝေးကို ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကမ္ဘာအေးစေတီ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ဆန္ဒအရ မီးသတ်ညွှန်ကြားရေးဝန် ဦးလှကျော်သည် ကျောက်လိုဏ်ဂူတော် ဖြစ်မြောက်ရေးအတွက် ရွှံ့ပုံစံတစ်ခု ပြုလုပ်တင်ပြစေခဲ့သည်။ ထို့နောက် ၁၉၅၃ ခု၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဦးလှကျော်တင်ပြသော လိုဏ်ဂူနမူနာပုံစံကို ကြည့်ရှုသဘောတူကြပြီးနောက် လိုဏ်ဂူတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ချက်ချင်း စတင်ဆောင်ရွက်နိုင်ရန် ဦးလှကျော်အား တာဝန်ပေးအပ်ခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်း

ပြင်ဆင်ရန်

လိုဏ်ဂူတော်ကြီး တည်ဆောက်ရာတွင် အဖွဲ့ခွဲနှစ်ဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့ခွဲနှစ်ဖွဲ့မှာ

  • ဘဏ္ဍာရေးအဖွဲ့ နှင့်
  • ပစ္စည်းရှာဖွေရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ တို့ ဖြစ်သည်။

ထိုအဖွဲ့ခွဲနှစ်ခု၏ တာဝန်ဝတ္တရားများမှာ လိုဏ်ဂူတော်ကြီး အတွက် လိုအပ်သော ပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိန်းသိမ်းရေးကို ပစ္စည်းရှာဖွေနှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ခွဲက တာဝန်ယူ၍ ဆောင်ရွက်သည်။ လိုဏ်ဂူတော်ကြီး၏ ဘဏ္ဍာရေးထိန်းသိမ်းမှုတို့ကိုမူ အထက်ပါ ဘဏ္ဍာရေးအဖွဲ့ခွဲက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ လိုဏ်ဂူတော်ကြီးတည်ဆောက်မည့်နေရာသည် မူလက ရော်ဘာခြံကြီးဖြစ်သည့် အတွက် ရှေးဦးစွာကုန်းမြေကို သုတ်သင်ရှင်းလင်းခဲ့သည်။ ထိုကုန်းမြေကြီးကို ရှင်းလင်းသုတ်သင်ပြီး ပန္နက်တင် မင်္ဂလာ မကျင်းပမီ ရန်ကုန်မြို့ ဘုရားကြီးတိုက်ဆရာတော် အရှင်ကောဏ္ဍညအမှူးပြု၍ သံဃာတော်အပါး ၅၀ဝ တို့သည် ၃ ရက်တိုင်တိုင် ညနေတိုင်း ၅ နာရီ အချိန်မှ အစပြု၍ ပရိတ်တော်မြတ်များ ရွတ်ဖတ်ခြင်း၊ သိမ်နုတ်ခြင်း စသည့် ကိစ္စများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် သီရိမင်္ဂလာပရိတ်တော်အဖွဲ့မှ မဟာသီရိသုဓမ္မဦးမြနှင့် သာသနာညွှန်ကြားရေးဝန် ဦးကြီးဖေတို့ကလည်း ပရိတ်တော် ၃၁ သုတ်ကို ရွတ်ဖတ်သရဇ္ဈယ်ကြသည်။ လိုဏ်ဂူတော်ကြီးကို ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ နိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့ဝင်တို့က အရပ်ရှစ်မျက်နှာ၌ တစ်ပြိုင်နက် ပန္နက်ရိုက်ခဲ့သည်။ လိုဏ်ဂူတော်ကြီးကို ဦးဆောင်တည်ဆောက်သူမှာ ဦးလှကျော်ဖြစ်သည်။ စတင်တည်ဆောက်သည့် ၁၉၅၄ ခု၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စ၍ ၁၉၅၄ ခု၊ မေလ ၁၀ ရက်နေ့အထိ နေ့စဉ်ပျမ်းမျှ အရာရှိ အရာခံ အမှုထမ်း အလုပ်သမားပေါင်း ၈၄၈၆ ယောက် ပါဝင် လုပ်ဆောင်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပြီးစီးခဲ့သည်။ လိုဏ်ဂူတော်ကြီးတည်ဆောက်ရာ ကုန်ကျစရိတ်မှာ စုစုပေါင်း ၉၁ သိန်းကျော် ဖြစ်သည်။

ပုံသဏ္ဌာန်

ပြင်ဆင်ရန်

လိုဏ်ဂူတော်ကြီး တည်ဆောက်ရာတွင် သံပေါင်ကွန်ကရစ်များဖြင့်သာ အမာခံ တည်ဆောက်ထားသည်။ လိုဏ်ဂူတော်ကြီး ကို ပထမ သင်္ဂါယနာတင်၍ ရာဇဂြိုဟ်ပြည် စရည်းပင် ရောက်ရာ လိုဏ်ဂူတော်ကြီးကို ပုံစံထား၍ ဆောက်လုပ်ခဲ့သည့် အတိုင်း အပြင်ဘက်မှ ကြည့်လျင် ကျောက်တောင်ကြီးကဲ့သို့ မှတ်ထင်ရသည်။ အတွင်းသို့ ဝင်ကြည့်ပါက ကျောက်တောင်ကြီးမှာ သီးသန့် ပန္နက်ပေါ်တွင် တည်နေသည်ကို တွေ့မြင်နိုင်သည်။ လိုဏ်ဂူတော်ကြီး၏ အပြင်ဘက် ဝန်းကျင်မှာ အလျား ၄၅၅ ပေ၊ အနံပေ ၃၇၀ ပေ ရှိသည်။ အတွင်းဘက်မှာမူ အလျားပေ ၂၂၀ ပေ၊ အနံပေ ၁၄၀ ပေ မျှရှိသည်။ ခြောက်ကြိမ်မြောက် သင်္ဂါယနာတင်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် ဝင်ပေါက်ကြီး (တံခါးပေါက်) ခြောက်ပေါက်နှင့် တိုင်ကြီး ခြောက်တိုင်ရှိသည်။ တိုင်တစ်တိုင်စီလျင် ၅၅ ပေ အမြင့်ရှိသည်။ ရတနာသုံးပါးကို ရည်စူးလျက် အတွင်း နံရံအား ဖောက်ထွင်း၍ ဖောက်ထွင်းထားသည့် အပေါက် သုံးဆင့်မျှ ရှိသည်။ တစ်ဖန် အပေါက်ရှိရာ နံရံ တစ်ထစ် တစ်ထပ် လျှင် ပဌာန်း ၂၄ ပစ္စည်းတို့ကို ရည်စူးလျက် အခန်းပေါင်း ၂၄ ခန်းရှိသည်။ ကမ္မဌာန်း ကျောက်ဂူ ၂၅ ခန်း၊ သံပြတင်းပေါက် ၆၂ ပေါက် တို့ဖြင့် တည်ဆောက်ထားသည်။ ထို့အပြင် မျက်နှာကျက်နှင့် အပေါ်ဆုံး လေစုပ်ပေါက်များနှင့် ဓမ္မစကြာ တံဆိပ်တော်ဖြင့် ဝန်းရံအုပ်ခြုံထားသည်။

လိုဏ်ဂူတော်ကြီးကို ပတ်၍ သွားရန် ၈ ပေ အကျယ်ရှိသော အတွင်းလိုဏ်ဂူလမ်း ၂ ထပ်ရှိ၍ လိုဏ်ဂူတော်ပတ်သည့် လမ်းနှစ်ထပ် ရှိသည်။ လိုဏ်ဂူတော်ကြီး၏ မြောက်ဘက်အတွင်းတွင် အထပ်လေးထပ် ရှိ၍ ထိုအထပ်လေးထပ် အပေါ်ဆုံး ဘုရားရင်ပြင်တော်နှင့် အများပူဇော်နိုင်ရန် ဆင်းတုတော် (ရုပ်ပွားတော်) တစ်ဆူရှိသည်။ လိုဏ်ဂူတော်ပေါ်သို့တက်နိုင်ရန် အပြင်ကျောက်လမ်း၊ အရှေ့၊ အနောက်မှ ကျောက်လမ်းနှစ်ခု ဖန်တီးထားသည်။ ထို့အပြင် အတွင်း လမ်းပေါ် တောင်ဘက်မှ လှေကားနှစ်ဆင့် ၊ မြောက်ဘက်မှ လှေကားတစ်ဆင့် အပြင် ဓာတ်လှေကားတစ်ခုလည်း တပ်ဆင်ထားသည်။ လိုဏ်ဂူတော်ကြီး၏ မျက်နှာကျက်နှင့် နံရံများတွင်လည်း အသံထိန်းသည့် အရာဝတ္ထုပစ္စည်းများဖြင့် တည်ဆောက်ထားသည်။

အတွင်းဖက်

ပြင်ဆင်ရန်

ထိုလိုဏ်ဂူတော်ကြီး အတွင်းနံရံ ပတ်လည်တွင် အံ့ဖွယ်ရှစ်ဖြာ ဗုဒ္ဓသာသာနာ စာတမ်း ပိုစတာ ၈ ချပ် ကပ်ထားသည်။ ယင်းတို့မှာ -

  • ဝေလာတိက္ကမသာသနာ
  • အနုပုဗ္ဗသိက္ခာသာသနာ
  • မဟန္တဝါသသာသနာ
  • ဧကနာမသာသနာ
  • အနုပုရသာသနာ
  • ဧကရသသာသနာ
  • ရတနာကရသာသနာ
  • ဒုသီလသက္ခိပနသာသနာ တို့ဖြစ်သည်။

၎င်းတို့အပြင် သာမဏေပဋိရူပ ၆ ပါး၊ ပိုစတာ ခြောက်ချပ်တို့ကို ချိတ်ဆွဲထားသည်။ ယင်းတို့မှာ -

  • ပထမ သာမဏ ပဋိရူပ
  • ဒုတိယသာမဏ ပဋိရူပ
  • တတိယ သာမဏ ပဋိရူပ
  • စတုတ္ထသာမဏ ပဋိရူပ
  • ပဉ္စမ သာမဏ ပဋိရူပ
  • ဆဋ္ဌသာမဏ ပဋိရူပ
  • အလဇ္ဇီပုဂ္ဂိုလ်လက္ခဏာ တို့ဖြစ်သည်။

ရဟန်းပြုရခြင်း ရည်ရွယ်ချက် ဘယ်အခါမဆို ရဟန္တာဖြစ်နိုင်သည်။ သာသနာတော်၏ အသက်၊ အနာဂတေလဇ္ဇီရက်ခတ်မြဲ ဆရာ ရှိသည်။ ပစ္ဆိမဗုဒ္ဓသဓန စသော စာတမ်းများကိုလည်း ချိတ်ဆွဲထားသည်။ လိုဏ်ဂူတော်အတွင်းတွင် အသီတိရှစ်ကျိပ် ရဟန္တာပုံတော် (ယခု ရုပ်တုတော်) များကိုလည်း တွေ့နိုင်သည်။

 
၂၀၂၀ပြည့်နှစ်ကတွေ့ရသော လိုဏ်ဂူတော်အတွင်းပိုင်း

အပြင်ဖက်

ပြင်ဆင်ရန်

လိုဏ်ဂူတော် အပြင်ပတ်လည်၌ ဗောဓိပင် ၂၈ ပင်တို့ကိုလည်း စိုက်ပျိုးထားသည်။ လိုဏ်ဂူတော် ၏ အပြင်ပတ်လည်တွင် ထိုးစည် ၁၀၈ လုံးနှင့် အမြင့် ၇ ပေ ရှိသော ခေါင်းလောင်းတော်ကြီး ၆ လုံးရှိသည်။ လိုဏ်ဂူတော်ကြီးကို ၁၉၅၄ ခု၊ မေလ ၁၀ ရက်နေ့တွင် ပြီးစီး၍ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သော ဆရာဦးသွင်ထံသို့ အပ်နှံခဲ့သည်။ လိုဏ်ဂူတော်ကြီးကို ‘ဆဋ္ဌသင်္ဂါတိမဟာပါသာဏ ဂုဟာ’ဟု အမည်ပေးခဲ့သည်။ ထို့နောက် ၁၉၅၄ ၊ မေ ၁၇ တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မ သဘင် ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ၁၉၅၄ ၊ မေ ၂၁ တွင် ကမ္ဘာအေးကုန်းမြေ မဟာသာသနလိုဏ်ဂူတော်ကြီးအတွင်း၌ ထေရဝါဒ ငါးနိုင်ငံမှ ဆရာတော် သံဃာတော် ၂၅၀ဝ တို့က စုဝေးတော်မူကြကာ ဆဋ္ဌသင်္ဂါယနာတင်တော်မူခဲ့လေသည်။ မြတ်စွာဘုရား၏ ဓမ္မဝိနယဒေသနာတော်များကို နှစ်နှစ်ကြာ သင်္ဂါယနာတင်ခဲ့ရာ ၁၉၅၆ ၊ မေ ၁၉ တွင် အောင်မြင်စွာ ပြီးစီးခဲ့လေသည်။

တရုတ်နိုင်ငံမှဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်ပူဇော်မှုမှတ်တမ်း

ပြင်ဆင်ရန်
စဉ် ပင့်ဆောင်ပူဇော်မှူအကြိမ် အချိန်ကာလ ပူဇော်သည့်နေရာ အပူဇော်ခံမှုကြာမြင့်ချိန်
ပထမအကြိမ် ၁၉၅၅ ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူတော်ကြီး (၈)လ
ဒုတိယအကြိမ် ၁၉၉၄ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး၊ ညောင်လေးပင်မြို့တောင်ငူမြို့ပျဉ်းမနားမြို့မိတ္ထီလာမြို့မန္တလေးမြို့များ (၄၅)ရက်
တတိယအကြိမ် ၁၉၉၆ -၁၉၉၇ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး ရက် (၉၀)
စတုတ္ထအကြိမ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နေပြည်တော်ဥပ္ပါတသန္တိစေတီ၊ လိုဏ်ဂူတော်တွင် (၁၅) ရက်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်တွင် (၁၅) ရက်၊ မန္တလေးမြို့ မဟာအတုလဝေယန်ကျောင်းတော်ကြီး(အတုမရှိကျောင်း)တွင် (၁၅) ရက် (၄၅) ရက်

ပထမအကြိမ်

ပြင်ဆင်ရန်

ဒုတိယအကြိမ်

ပြင်ဆင်ရန်

တတိယအကြိမ်

ပြင်ဆင်ရန်

စတုတ္ထအကြိမ်

ပြင်ဆင်ရန်

မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော် ဥပ္ပါတသန္တိစေတီလိုဏ်ဂူတော်တွင် ၁၅ ရက်၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်တွင် ၁၅ ရက်၊ မန္တလေးမြို့ မဟာအတုလေဝယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ရက်၊ စုစုပေါင်း(၄၅)ရက် အပူဇော်ခံမည်ဖြစ်ပြီး အပူဇော်ခံကာလ ပြည့်မြောက်သည့်အခါတွင် မန္တလေးမှ ဗုဒ္ဓမြတ်စွယ်တော်၏ မူလကိန်းဝပ်စံပယ်တော်မူရာဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ကွမ်ကျီးဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံအတွက် အလွန်တန်ဖိုးထား အလေးအနက် ထားသည့် အတွက် မြန်မာနိုင်ငံသို့ ပင့်ဆောင်နိုင်ရန်အတွက် လုံခြုံရေးအာမခံချက်ပေးပြီး စာချုပ်ချုပ်ဆို ပင့်ဆောင်ရခြင်းဖြစ်ကြောင်း Eleven Media Media Group တွင်ဖော်ပြထားသည်။ []

ဆက်စပ်ဖတ်ရှုရန်

ပြင်ဆင်ရန်