ကိုဩဒိနိတ်: 35°N 38°E / 35°N 38°E / 35; 38


အာရှတိုက်ရှိ အလွန်ရှေးကျသော တိုင်းနိုင်ငံများတွင် ဆီးရီးယားနိုင်ငံသည် အပါအဝင်ဖြစ်သည်။ ဆီးရီးယားနိုင်ငံဟောင်းမှာ မြေထဲပင်လယ်၏ အရှေ့ကမ်းရိုးတန်းမှသည် ယခုခေတ် နိုင်ငံသစ်များဖြစ်ကြသော ဆီးရီးယားနိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ဂျော်ဒန်နိုင်ငံနှင့် တစိတ်တစ်ဒေသအားဖြင့် မြောက်ပိုင်းအာရေဗျနိုင်ငံတို့အထိ ကျယ်ပြန့်သည်၊ သို့ရာတွင် ယခုလက်ရှိ ဆီးရီးယား သမ္မတနိုင်ငံမှာ မြောက်ဘက်တွင် တူရကီနိုင်ငံ၊ အရှေ့ဘက်တွင် အီရတ်နိုင်ငံ၊ တောင်ဘက်တွင် အဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် မြေထဲပင်လယ်နှင့် လက်ဘနွန်နိုင်ငံဟူ၍ နယ်နိမိတ်သတ်မှတ်ထားသော နိုင်ငံဖြစ်သည်။

ဆီးရီးယား အာရပ်သမ္မတနိုင်ငံ
ٱلْجُمْهُورِيَّةُ ٱلْعَرَبِيَّةُ ٱلسُّورِيَّةُ (အာရပ်)
al-Jumhūrīyah al-ʻArabīyah as-Sūrīyah
ဆီးရီးယားနိုင်ငံ၏ အလံတော်
အလံတော်
ဆီးရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: وَحْدَةٌ ، حُرِّيَّةٌ ، اِشْتِرَاكِيَّةٌ
Waḥdah, Ḥurrīyah, Ishtirākīyah
("Unity, Freedom, Socialism")
နိုင်ငံတော် သီချင်း: حُمَاةَ الدِّيَارِ
Ḥumāt ad-Diyār
("Guardians of the Homeland")

 ဆီးရီးယားနိုင်ငံ၏ တည်နေရာ  (green)
မြို့တော်
နှင့် အကြီးဆုံးမြို့
ဒမားစကပ်မြို့
33°30′N 36°18′E / 33.500°N 36.300°E / 33.500; 36.300
ရုံးသုံး ဘာသာစကားများအာရပ်[၁]
လူမျိုးစု (၂၀၁၄[၂])၉၀% အာရပ်
၁၀% အခြား
ကိုးကွယ်မှု၈၇% အစ္စလာမ်ဘာသာ
၁၀% ခရစ်ယာန်ဘာသာ[၃]
၃% ဒရူဇယ်[၄]
DemonymSyrian
အစိုးရအာဏာရှင်
စစ်အာဏာရှင်စနစ်အောက်ရှိ
ပြည်ထောင်စု ကြီးစိုးပါတီ

တစိတ်တပိုင်းသမ္မတစနစ်
Ba’athist သမ္မတနိုင်ငံစနစ်[၅]
ဘာရှာ အယ်-အာဆတ်
ဟူစိန် အာနော့စ်
  • ဖာရော့ အာ-ရှာရာ
  • နာဂျက် အာ-အက်တာ
ဟာမူဒါ ဆာဘက်
ဥပဒေပြုလွှတ်တော်ပြည်သူ့ကောင်စီ
တည်ထောင်
၁၉၂၀ ခုနှစ် မတ်လ ၈ ရက်
၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်
၁၉၃၀ ခုနှစ် မေလ ၁၄ ရက်
• လွတ်လပ်ရေးရ De jure
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်
၁၉၄၆ ခုနှစ် ဧပြီ ၁၇ ရက်
၁၉၆၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်
၁၉၆၃ ခုနှစ် မတ်လ ၈ ရက်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇
ဧရိယာ
• စုစုပေါင်း
၁၈၅,၁၈၀[၆] km2 (၇၁,၅၀၀ sq mi) (အဆင့်: ၈၇)
• ရေထု (%)
၁.၁
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
၁၇,၅၀၀,၆၅၇ (အဆင့် - ၆၆)
• ၂၀၁၀ သန်းခေါင်စာရင်း
၂၁,၀၁၈,၈၃၄
• သိပ်သည်းမှု
၁၁၈.၃/km2 (၃၀၆.၄/sq mi) (အဆင့် - ၇၀)
GDP (PPP)၂၀၁၅ ခန့်မှန်း
• စုစုပေါင်း
$၅၀.၂၈ ဘီလီယံ[၃]
• Per capita
$၂,၉၀၀[၃]
GDP (nominal)၂၀၁၄ ခန့်မှန်း
• စုစုပေါင်း
$၂၄.၆ ဘီလီယံ[၃] (အဆင့် - ၁၆၇)
• Per capita
$၈၃၁[၃]
Gini (၂၀၁၄)၅၅.၈[၇]
မြင့်
HDI (၂၀၁၉)Increase ၀.၅၆၇[၈]
အလယ် · ၁၅၁
ငွေကြေးSyrian pound (SYP)
အချိန်ဇုန်EET (UTC+2)
• နွေရာသီ (DST)
EEST (UTC+3)
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+၉၆၃
ISO 3166 ကုဒ်SY
Internet TLD.sy
سوريا.

နိုင်ငံသမိုင်းအရဆိုလျှင် ရှေးဟောင်း ဆီးရီးယားနိုင်ငံသည် ဘီစီ ၁၄၇၁ ခုနှစ်တွင် အီဂျစ်နိုင်ငံ၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ ဘေဘီလုံအင်ပါယာ၊ အဆီးရီးယားအင်ပါယာ၊ ပါရှားအင်ပါယာတို့၏ လက်အောက်ခံဖြစ်ခဲ့ဘူးသည်။ ဘီစီ ၆၄ ခုနှစ်၌ ရောမဘုရင် ပွန်ပီလက်ထက်တွင် ရောမနိုင်ငံပိုင်ပြည်နယ် ဖြစ်ခဲ့ရပြန်သည်။ ထို့နောက် ပါးရှင်းလူမျိုးတို့က မကြာခဏ ဆီးရီးယားပြည်ကိုဝင်ရောက် တိုက်ခိုက်ကြသည်။ အေဒီ ၆၃၅ ခုနှစ်၌မူ၊ အာရပ်လူမျိုးများက ဆီးရီးယားကို သိမ်းပိုက်လိုက်သည်။ ၁၅၁၆ ခုနှစ်တွင် အော့တိုမန် တစ်ရက် လူမျိုးများ၏ လက်အောက်သို့ရောက်ခဲ့သည်၊ ဤအတွင်းတွင် ၁၇၈၉-၉၉ ခုနှစ်၌ ပြင်သစ်တို့ဝင်ရောက်အုပ်စိုး၍၊ ၁၈၃၁-၃၃ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၃၉-၄ဝ ပြည့်နှစ်တွင်တစ်ကြိမ်၊ အီဂျစ်ဘုရင်ခံက ဝင်ရောက်သိမ်းပိုက်ခဲ့သေးသည်။ ၁၈၆ဝ-၆၁ ခုနှစ်တွင် သူပုန်ထကြွပြီးလျှင်၊ ၁၉၁၇ ခုနှစ်၌ တူရကီတို့ အုပ်စိုးခြင်းသည် အဆုံးသို့ရောက်လေသည်။ သို့သော် ၁၉၂ဝ ပြည့်နှစ်၌ ပြင်သစ်ဩဇာ လွှမ်းမိုးသောနယ် ဖြစ်လာလေသည်။ ၁၉၂၅ ခုနှစ်တွင်မူကား ဒမက်စကပ်နှင့် အလက်ဟူသော နယ်ကြီး နှစ်နယ်ပေါင်းစပ်၍ ဆီးရီးယားပြည်နယ်ဟု ခေါ်တွင်ပြီးလျှင် ၁၉၃ဝ ပြည့်နှစ်၌ ဆီးရီးယား သမ္မတနိုင်ငံဟု တည်ထောင်လိုက်လေသည်။ လက်ဘနွန်သမ္မတနိုင်ငံကိုကား ၁၉၂၆ ခုနှစ် တွင် တည်ထောင်သည်။ အချို့သောနယ်ငယ် များကိုမူ ၁၉၃၉ ခုနှစ်တွင် တူရကီနိုင်ငံသို့ လွှဲပြောင်းပေးအပ် လိုက်ရသည်။ သမ္မတနိုင်ငံဟုဆိုသော်လည်း ပြင်သစ်ဩဇာခံ နိုင်ငံ ဖြစ်သောကြောင့် ပြင်သစ်အစိုးရ၏ အာဏာစက်မှ မလွတ်ကင်းချေ။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄ဝ-၄၁ ခုနှစ်တွင် ပြင်သစ်ဗီရှီအစိုးရ၏ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျရောက်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လတွင် ဗြိတိသျှနှင့် လွတ်လပ်သော ပြင်သစ်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်သည်၊ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဆီးရီးယားနိုင်ငံသည် လွတ်လပ်ရေးကို ကြေညာခဲ့သည်။ သို့သော် ၁၉၄၄ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ကျမှသာ ပြင်သစ်အစိုးရက ဆီးရီးယားအစိုးရအား အာဏာလွဲပြောင်းပေးသည်။ ၁၉၄၆ ခုနှစ် ဧပြီလတွင် နိုင်ငံခြားစစ်တပ်များအားလုံး ဆုတ်ခွာပေးရသည်တွင်မှ လုံးဝလွတ်လပ်သောဘဝသို့ ရောက်ရသည်။ ဆီးရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၇၂၂၃၄ မိုင်ရှိသည်။ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေမှာ ၃၆၅၅၉ဝ၄ ယောက်ရှိသည်။ အာရပ်စကားမှာ အများသုံး ဘာသာစကား ဖြစ်သည်။ သို့ရာတွင် တူရကီ၊ အာမီးနီးယန်း၊ ပါးရှင်းနှင့် ဥရောပဘာသာစကားအမျိုးမျိုးကို လည်း ပြောကြသည်။ ကိုးကွယ်သောအယူဝါဒမှာ အများအား ဖြင့် အစ္စလာမ်ဘာသာ ဖြစ်သည်။

ဆီးရီးယားသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည်၊ ဂျုံ၊ မုယော၊ ပြောင်း၊ ဆန်၊ ပဲ၊ စပျစ်သီး၊ သံလွင်ပင်၊ ဝါဂွမ်း စသည်တို့ကို စိုက်ပျိုးသည်။ သိုး၊ ဆိတ်၊ ကုလားအုပ်၊ မြင်း၊ မြည်း၊ လား၊ ကျွဲနွား၊ ကြက်စသည်တို့ကိုလည်း အကြီးအကျယ် မွေးမြူသည်။ ဆီးရီးယား၌ တွင်းထွက်သတ္တုများနည်းပါးလှသည်။ သို့သော် ရေနံကို ယခုအခါလိုက်လံရှာဖွေလျက်ရှိသည်။ ဒမက်စကပ်မြို့မှာ ဆီးရီးယားနိုင်ငံ၏ မြို့တော်ဖြစ်သည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. Constitution of the Syrian Arab Republic – 2012အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ။ 31 August 2020 တွင် ပြန်စစ်ပြီး။
  2. SyriaCIA World factbook။ CIA။ 29 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2011 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ SyriaThe World Factbook။ Central Intelligence Agency။ 7 April 2021 တွင် ပြန်စစ်ပြီး။
  4. Syria: Ethnic Shift, 2010–mid 2018။ Columbia University Gulf2000 (2018)။ 2 June 2019 တွင် ပြန်စစ်ပြီး။
  5. Constitution of Syria 2012။ Scribd (15 February 2012)။ 25 January 2013 တွင် ပြန်စစ်ပြီး။
  6. Syrian ministry of foreign affairs။ 11 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2021 တွင် ပြန်စစ်ပြီး။
  7. World Bank GINI indexကမ္ဘာ့ဘဏ်။ 22 January 2013 တွင် ပြန်စစ်ပြီး။
  8. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)