စီ၊ ဦး၊ ဆောမြို့စား
(ဆောမြို့စား ဦးစီ မှ ပြန်ညွှန်းထားသည်)
ပျိုလေးတို့ ကောက်စိုက်ရာ-ချီ ကောက်စိုက်သမဖွဲ့ ဗုံကြီးသံရေးသူ သံတော်ဆင့် ဆောမြို့စားဦးစီမှာ သက္ကရာဇ် ၁၁၈၁-ခုနှစ်တွင် နန်းတတ်တော်မူသော စစ်ကိုင်းမင်းခေါ် ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက်တွင် ရွှေတိုက်ဝန်ရာထူးဖြင့်လည်းကောင်း၊ သာယာဝတီမင်း၊ ပုဂံမင်းများ လက်ထက်တွင် ဗြဲတိုက်သံတော်ဆင့် ရာထူးဖြင့်လည်းကောင်း၊ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် သံတော်ဆင့်အရာ, လယ်ဝန်အရာ တို့ဖြင့်လည်းကောင်း ထမ်းရွက်ရ၍ စဉ့်ကူးမြို့နှင့် ဆောမြို့ အသီးသီးကို အပိုင်စား သနားတော်မြတ်ခံရသည်၊ သို့ဖြစ်၍ သံတော်ဆင့် ဦးစီ၊ လယ်ဝန်ဦးစီ၊ ဆောမြို့စားဦးစီ ဟူ၍ ကျော်စောထင်ရှားခြင်း ဖြစ်သတည်း။[၁] [၂]
ဦးစီ | |
---|---|
အမည်ရင်း | ဦးစီ |
နိုင်ငံသား | မြန်မာနိုင်ငံ |
လူမျိုး | ဗမာလူမျိုး |
ပညာရေး | စာပေတတ်မြောက်မှူ |
အလုပ်အကိုင် | စာပေပညာရှိကြီး၊မြို့စား |