ဆောင်းပါး က ဘက်လိုက်မှု မရှိပါ။ လူမျိုးတမျိုးကို နိုမ်ပြီး ခေါ််တဲ့ စာလုံးအကြောင်း ရေးထားတာမို့လို့ မကြိုက်ကြတာပါ။ ဖျက်စရာ မလိုပါ - ဥပမာ https://en.wikipedia.org/wiki/Nigger ဆိုတဲ့ ဆောင်းပါးကို ဖျက်ခိုင်းသလို ဖြစ်နေပါတယ်။ Aunghtike (ဆွေးနွေး) ၁၂:၄၁၊ ၃ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ဖျက်ပစ်ခြင်းအတွက် ခုခံပြောဆိုခြင်း ပြင်ဆင်ရန်

ဖျက်ပေးဖို့မေတ္တာရပ်ခံပါသည်။ ဒီဆောင်းပါးကရင်နဲ့မွန်လူမျိုးရန်တိုက်ပေးသောဆောင်းဖြစ်ပါးကြောင်းခုံလုံစွာအထောက်ထားရှိပါသည်။ တလိုင်းဆိုသောဝေါဟာရမှာကရင်သမိုင်းမှာလည်းမရှိသလိုမွန်သမိုင်းမှာလည်းမရှိပါ။ တလိုင်းနဲ့ပက်သက်သောစာအုပ်ဆိုတာတိုင်းရင်းသားလူနည်းစုအပေါ်ဖိနှိပ်ယုတ်မာလိုသောလူယုတ်မာတစ်စုရဲ့မှိုင်းတိုက်စာတွေသာဖြစ်ပါသည်။ ဥပမာပေးရရင်မြန်မာနိငံဖက်စစ်ဂျပန်လက်ထက်ဘယ်လိုယုတ်မာခဲ့သလဲမှတ်မိကြပါရဲ့လား ထိုးဥပမာအတိုင်းဗမာလူမျိုးကလူများစုဖြစ်ပြီးလူနည်းစုဖြစ်သောတိုင်းရင်းသားတွေအပေါ်မယုတ်မာကြဖို့ငြိမ်းချမ်းစွာမေတ္တာရပ်ခံပါသည်။ မြန်မာနိင်ငံစစ်ရေးပဋိပက္ခအဘယ်ကြောင့်ဖြစ်နေသလဲသိပါသလား တဂယ်သိရှိပါကတိုင်းရင်းသားဒေသလာရောက်လေ့လာဖို့ဖိတ်ခေါ်လိုပါသည်။ တိုင်းရင်းသားများနှစ်ပေါင်းခံစားလာရမှုကြောင့်မိမိလူမျိုးကာကွယ်ရန်ရရာလက်နက်ဆွဲကိုင်ပြီးခုခံတိုက်ပွဲဝင်လာခဲ့ရတာဒါကိုလူများစုတွေကအားမရနိင်သေးရန်တိုက်ဆောင်းပါးတွေရန်တိုက်စာအုပ်တွေအမျိုးမျိုးထုတ်ဝေလူများစုဖြစ်တယ်ဗမာများကိုရိုးသားစွာမေးချင်တာကငြိမ်းချမ်းရေးကိုဗန်းပြပြီးဆူပူရေးကိုပညာသားပါပါနဲ့ဖန်းတီးနေပါလားတိုင်းရင်းသားများဒုက္ခကြီးစွာခံစာနေရတာက

  1. ကိုယ်ပိုင်စာပေအစိုရစာသင်ကျောင်းမှာသင်ကြာခွင့်မရခြင်း
  2. ကိုယ်ပိုင်ယဥ်ကျေးမှုပြဌာန်းခွင့်မရခြင်း
  3. ကိုယ်ပိုင်လွတ်လပ်ခွင့်မရခြင်း

ဒီလောက်ဖိနှိပ်ယုတ်မာတာအားမရသေးယခုတလိုင်းဆိုသောဆောင်းပါးကိုရေးသားဖန်းတီးလာတာမြန်မာဝီကီပီးဒီးယားအနေနဲ့မြန်မာ့စွဲစုံကျမ်းမဟုတ်တော့ပါဘူးရန်တိုက်အစွန်းရောက်ဝါဒီကျမ်းဖြစ်နေပါပြီကျွန်အမည်--咽頭べさ (ဆွေးနွေး) ၁၆:၀၇၊ ၃ အောက်တိုဘာ ၂၀၂၀ (UTC)Dr.Intobesaမြန်မာဝီကီးအက်မင်များအနေနဲ့တိုင်းရင်းသားလူနည်းအပေါ်မယုတ်မာကြဖို့ကောင်းမွန်စွာမေတ္တာရပ်ခံပါသည်။အကြောင်းပြန်ရန်

ကျွန်တော် မြင်ရသလောက် ဆောင်းပါးမှာ ရေးသားထားတာတွေက လူမျိုးတစ်မျိုးကို နှိမ့်ချရေးသားထားတာ၊ ရန်တိုက်ထားတဲ့ အသုံးအနှုန်းတွေ မပါ ပါဘူး။ ဒီဝေါဟာရ ဆောင်းပါးပါ အချက်အလက်တွေကို ခိုင်လုံတဲ့ အကိုးအကားတွေကနေ ရယူ ရေးသားထားတာဖြစ်ပါတယ်။ ကိုးကားထားတဲ့ မွန်သတင်းအေဂျင်စီ သတင်းစာပိုဒ်မှာလဲ ဒီဝေါဟာရကို ဟံသာဝတီမင်းခေတ်နှင့် အင်းဝခေတ်တို့မှာ သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးမှာ နိုင်ဖေသိန်းဇြာ ရဲ့ တလိုင်းဝေါဟာရ သုတေသန စာတမ်းပါ အချက်အလက် အချို့ကိုလဲ ထည့်သွင်းရေးသားထားပါတယ်။ (အချက်အလက် ထပ်ဖြည့်ရေးဖို့ ပြင်ဆင်နေဆဲပါ)။ @咽頭べさ: အထက်မှာ ရေးထားသလို ရန်တိုက်အစွန်းရောက်တယ်ဆိုတဲ့ အချက်အလက်များ မပါဝင်ကြောင်းကို ဆောင်းပါးကို သေချာစွာ ဖတ်ရှုရင် သိနိုင်မှာပါ။ NinjaStrikers «» ၁၆:၁၈၊ ၃ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
လက်ရှိဆောင်းပါးက ဝေါဟာရစကားလုံးတစ်ခုရဲ့အကြောင်း၊ သူ့ သမိုင်း/ရာဇဝင် ၊ သုံးနှုန်းမှု အကျိုး အပြစ် စတာကိုရေးထားတာပါ။ (ခေါင်းစဉ်ကို မဖတ်ပါနဲ့ စာသားကို ဖတ်ရင် နားလည်ပါတယ်။) ဥပမာ ရိုဟင်ဂျာကို မြန်မာပြည်မှ အများစုက မခေါ် မသုံးသော်လည်း 'ဘာလဲ' ဆိုတာသိဖို့ စွယ်စုံကြမ်းတစ်ခုရဲ့အလုပ်ပါ။ ( ဝီကီတွေက language ပေါ်မှာပဲ သတ်မှတ်လို့ လူမျိုးနဲ့မဆိုင်သလို နိုင်ငံနဲ့လည်း မဆိုင်ပါဘူးဗျာ။ အမေရိကန်၊ တောင်အာဖရိကနိုင်ငံသားဖြစ်သော်လည်း ဒီဘာသာစကားတတ်ရင် သူနဲ့လည်းဆိုင်ပါတယ်။ (edit/discuss စသည် ပြင်ဆင်တည်းဖြတ်ချင်ရင်ပေါ့)) Aungookingofcelestials (ဆွေးနွေး) ၁၇:၀၁၊ ၃ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
ဆောင်းပါးက အကိုးအကားလဲ ခိုင်လုံပါတယ်။ ရန်တိုက်ပေးထားတဲ့ အသုံးအနှုန်းလဲ လုံးဝပါတာ မတွေ့ရပါဘူး။ တလိုင်း ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်မသိရင်တောင် မြန်မာတစ်နိုင်ငံလုံး ကြာဖူးကြပါတယ်။ အဲ့ တလိုင်း ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို စွယ်စုံကျမ်းရဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ အညီရေးသားထားတယ်လို့ပဲ ထင်ပါတယ်။ အခု ဒီဆောင်းပါးက စွယ်စုံကျမ်းမှာ ရှိလာတဲ့အတွက်ကြောင့် လူအများ ဗဟုသုတတိုးလာဖို့ပဲ ရှိပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၄:၂၆၊ ၄ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "တလိုင်း" သို့ ပြန်သွားရန်။