မင်္ဂလာပါ၊ အသုံးပြုသူဆွေးနွေးချက်မှနွေးထွေးစွာကြိုဆိုပါတယ်။
မ္ၚဵုရအဴ၊ ဒုင်တၠုင်ဏာနူကဵုညးလွပ်ဓရီုကျာဏအ်ရအဴ။
မွန်အမျိုးသားနေ့ကိုနွေးထွေးစွာကြိုဆိုပါ၏
မွန်အမျိုးသားနေ့ကိုနွေးထွေးစွာကြိုဆိုပါ၏


ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် 咽頭べさ ! ပြင်ဆင်ရန်

--Welcome-Bot (ဆွေးနွေး) ၁၆:၂၇၊ ၇ ဧပြီ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ဇူလိုင် ၂၀၂၀ ပြင်ဆင်ရန်

  မင်္ဂလာပါ။ ဝီကီပီးဒီးယားမှာ သင့် ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ပါတယ်။ ဆောင်းပါးများတွင် သင့် လက်မှတ်ကို ထည့်သွင်းခဲ့တာကို သတိထားလိုက်မိပါတယ်။ ဒါဟာ မှားလေ့ရှိသော အမှားတစ်ခုဖြစ်ပြီးတော့ ပြန်လည်ပြင်ဆင်ပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆောင်းပါးရဲ့ တည်းဖြတ်မှု ရာဇဝင်ဟာ ဆောင်ရွက်ချက်များ မှတ်တမ်းအနေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ဆောင်းပါးအကြောင်းအရာများထဲက သင့်တည်းဖြတ်မှုများမှာ ကျေးဇူးပြု၍ လက်မှတ်မထည့်ပါနဲ့။ ဆောင်းပါးရဲ့ ဆွေးနွေးချက် စာမျက်နှာ သို့ Wikipedia:လက်ဖက်ရည်ဆိုင်လိုမျိုး ပရောဂျက် စာမျက်နှာတွေမှာ လက်မှတ်ထည့်ခြင်းဖြင့် ဆွေးနွေးချက်တွေကို ဖတ်ရှုရ လွယ်ကူစေမှာပါ။ နောက်ထပ် သိရှိလိုပါက သို့မဟုတ် စာမျက်နှာအမျိုးအစားများ ခွဲခြားသိလိုပါက ကျေးဇူးပြု၍ ဆောင်းပါးတစ်ခုဆိုတာ ဘာလဲ?မှာ ဖတ်ရှုပေးပါ။ သင့်ဆောင်ရွက်ချက်တွေအတွက် ထပ်မံကျေးဇူးတင်ပါတယ်။ ဝီကီမှာ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၀:၃၂၊ ၂၉ ဇူလိုင် ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ရဟန်းနှင့်မာတုဂါမ ဆက်ဆံရေး ဆေားပါးအား ဖျက်ပစ်ရန် အဆိုပြုထားခြင်း ပြင်ဆင်ရန်

 

ရဟန်းနှင့်မာတုဂါမ ဆက်ဆံရေး သည် ဝီကီပီးဒီးယား၏ မူဝါဒများနှင့် လမ်းညွှန်ချက်များအရ ဝီကီပီးဒီးယားတွင် ပါဝင်ရန် သင့်လျော်မှုရှိမရှိ သို့မဟုတ် ဖျက်ပစ်ရန်အတွက် ဆွေးနွေးချက်တစ်ခု ပြုလုပ်နေပါသည်။

ဆောင်းပါးအား ဤနေရာတွင် အများသဘောဆန္ဒကောက်ခံလျက် ဆွေးနွေးလျက်ရှိပြီး မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါသည်။ အဆိုပြုထားချက်တွင် သက်ဆိုင်သော မူဝါဒများနှင့် လမ်းညွှန်ချက်များအား ရှင်းပြထားပါသည်။

ဆွေးနွေးနေစဉ်ကာလအတွင်း အသုံးပြုသူများအနေဖြင့် ဆောင်းပါးအား တိုးတက်ကောင်းမွန်လာစေရန် ပြင်ဆင်တည်းဖြတ်နိုင်သည်။ သို့သော်လည်း ဆောင်းပါးစာမျက်နှာထိပ်ဆုံးရှိ ဖျက်ပစ်ရန် အသိပေးချက်အား မဖယ်ရှားပါနှင့်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၄:၀၄၊ ၉ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

သားစစ် အား မဆိုင်းမတွ ဖျက်ပစ်ရန် အဆိုပြုထားခြင်း ပြင်ဆင်ရန်

 

ဤသည်မှာ သင် ပထမဆုံး ဖန်တီးသော ဆောင်းပါးဖြစ်ပါက သင်၏ ပထမဆုံး ဆောင်းပါးအား ရေးသားနည်း လမ်းညွှန်ကို ဖတ်ရှုပေးပါ။

သားစစ် စာမျက်နှာအား ဝီကီပီးဒီးယားမှ မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် အဆိုပြုထားပါသည်။ ဤသည်မှာ မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက် အပိုင်း A7 အရ ပြုလုပ်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးသည် ပုဂ္ဂိုလ်တစ်ဦး၊ တိရစ္ဆာန် တစ်ကောင်ချင်း၊ အဖွဲ့အစည်း (တီးဝိုင်းအဖွဲ့၊ ကလပ်၊ ကုမ္ပဏီ စသည်)၊ ဝက်ဘ်အကြောင်းအရာ၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုအကြောင်းဖြစ်ပြီး၊ အကြောင်းအရာသည် ထင်ရှားကျော်ကြားခြင်း သို့မဟုတ် အရေးပါခြင်းကို လက်ခံနိုင်လောက်အောင် ပြသနိုင်ခြင်း မရှိသည့်အတွက် ဖြစ်သည်။ မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များဖြင့် ဤသို့သော ဆောင်းပါးများသည် အချိန်မရွေး ဖျက်ပစ်ခြင်း ခံရနိုင်သည်။ ကျေးဇူးပြု၍ မည်သည့်အချက်များအား ထင်ရှားအရေးပါမှုအဖြစ် လက်ခံသည်ဆိုခြင်းအား ဖတ်ရှုပါ။

အကယ်၍ သင့်အနေဖြင့် ဤစာမျက်နှာသည် ဤအကြောင်းပြချက်ဖြင့် ဖျက်ရန် မသင့်ဟု ယူဆပါက၊ စာမျက်နှာသို့ သွားရောက်ကာ "ဤမဆိုင်းမတွ ဖျက်ပစ်ခြင်းကို ကန့်ကွက်ရန်"ကို နှိပ်ပြီး အဆိုပြုခြင်းကို ကန့်ကွက်နိုင်သည်။ ဤသို့ဖြင့် သင်သည် ရှင်းပြနိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။ သို့သော်လည်း စာမျက်နှာတစ်ခုသည် မဆိုင်းမတွ ဖျက်ပစ်ရန် သတ်မှတ်ခံရပြီးပါက စာမျက်နှာကို ချက်ခြင်း ဖယ်ရှားပစ်နိုင်သည်ကို သတိပြုပါ။ မဆိုင်းမတွ ဖျက်ရန် သတိပေးချက်ကို သင်ကိုယ်တိုင် မဖယ်ရှားပါနှင့်။ အကယ်၍ စာမျက်နှာသည် ဖျက်ပစ်ပြီးဖြစ်ပြီး ဖျက်ပစ်ခံလိုက်ရသော အချက်အလက်များအား နောင်တွင် ကိုးကားရန် ပြန်လည်အလိုရှိပါက ကျေးဇူးပြု၍ ဖျက်ပစ်လိုက်သော စီမံခန့်ခွဲသူ (အက်ဒမင်)အား ဆက်သွယ်ပါ။ NinjaStrikers «» ၁၄:၃၃၊ ၁ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

နိုဝင်ဘာ ၂၀၂၀ ပြင်ဆင်ရန်

အချို့သော ဆောင်းပါးခေါင်းစဉ်တွေဟာ မူရင်းဘာသာစကားနဲ့ထားတာ ပိုသင့်တော်ပါတယ်။ အရာအားလုံးကို တိုက်ရိုက် မြန်မာဘာသာပြန်ခြင်းက အဆင်မပြေပါဘူး။ Fire OS ကို မီးအိုအက်လ် လို့ ဘယ်သူမှ မခေါ်ကြသလို တိုက်ရိုက်အဓိပ္ပာယ်နဲ့ အသံထွက်နဲ့ တွဲရေးထားတာကလဲ မှားနေပါတယ်။ ဖိုင်းယား စက်လည်ပတ်ရေးစနစ် လို့ရေးတာကမှ ပိုအဆင်ပြေပါတယ်။ အသံထွက်အတိုင်း ပြောင်းချင်တယ်ဆိုရင်လည်း အသံထွက်မှန်အောင် စာလုံးပေါင်းတော့ ရေးစေချင်ပါတယ်။ ဒီလိုမျိုး လွဲမှားစွာ လိုက်ပြောင်းနေတာတွေကို သတိပြုပေးပါ။ ဝင်ရောက်ကူညီပေးချင်တာကို အသိအမှတ်ပြုပေမယ့် တလွဲတွေဖြစ်နေတာများလာရင်တော့ နောက်ကနေ ပြောင်းလဲမှုတိုင်းကို လိုက်လံပြင်ဆင်ပေးနေရတာမျိုးကတော့ အဆင်မပြေပါဘူး။ NinjaStrikers «» ၀၉:၂၁၊ ၁၆ နိုဝင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

စေတနာထားပြီး ပြင်ပေးနေတာ ကျေးဇူးပါ။ ဖတ်လို့ရအောင် အဆင်ပြေပြေ ရေးသွားမယ်ဆိုရင် ပိုကျေးဇူးတင်မှာပါ။ ဒါပေမယ့် တမ်းပလိတ်တွေကို ဘာသာပြန်ထားတာတွေက မြန်မာလို ဖတ်ရအဆင်မပြေတာတွေ ဖြစ်နေလို့ တကယ်လို့ ရေရေလည်လည်ရေးဖို့ အဆင်မပြေဘူးဆိုရင် တမ်းပလိတ်ကို အင်္ဂလိပ်လိုပဲ ရေးပါ။ ဒီလိုမျိုး ဘာမှန်းမသိ နားမလည်အောင်ရေးထားတာမျိုးတွေက ဘယ်လိုမှ အဆင်မပြေပါဘူး။ အခုလို ပြောနေတဲ့ကြားက ထပ်တလဲလဲ ဖြစ်လာခဲ့ရင် တည်းဖြတ်ခွင့် ပိတ်ပင်ခံရနိုင်တာကို သတိပြုပါ။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၀၅:၁၇၊ ၁၉ နိုဝင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ဒီဇင်ဘာ ၂၀၂၀ ပြင်ဆင်ရန်

မိမိကိုယ်ပိုင်အသုံးပြုသူ စာမျက်နှာမဟုတ်တဲ့ တစ်စုံတစ်ယောက်ရဲ့ USERPAGE (အသုံးပြုသူစာမျက်နှာ) မှာ သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲ၊ မသိရှိဘဲ အကြောင်းအရာတွေ ထည့်သွင်းခြင်းကို ကျေးဇူးပြု၍ ရှောင်ကြဉ်ပေးပါ။ TEMPLATE (တမ်းပလိတ်) အမည်ညွှန်းနဲ့ USERPAGE (အသုံးပြုသူစာမျက်နှာ) အမည်ညွှန်းများကိုလဲ သတိပြုဖန်တီးပေးပါ။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၀၉:၀၀၊ ၂ ဒီဇင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

Music informationဆိုင်ရာဆွေးနွေးချက် ပြင်ဆင်ရန်

Note: this message had originally been posted at အသုံးပြုသူ ဆွေးနွေးချက်:တမ်းပလိတ်:Music informationဆိုင်ရာဆွေးနွေးချက် by 咽頭べさ (၁၂:၄၃၊ ၄ ဇန်နဝါရီ ၂၀၂၁ (UTC)) and was moved here by NinjaStrikers «» ၁၃:၅၄၊ ၄ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

မင်္ဂလာပါ ကျွန်ပ်--咽頭べさ (ဆွေးနွေး) ၁၂:၄၃၊ ၄ ဇန်နဝါရီ ၂၀၂၁ (UTC)Intobesaဖြစ်ပါတယ် Music Video Linkဆိုင်ရာတီထွင်းခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့ပါဘူး အဘယ်အကြောင်းကြောင့် https://my.wikipedia.org/wiki/%E1%80%90%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%9C%E1%80%AD%E1%80%90%E1%80%BA:Music_information တမ်းပလိတ်:Music information ကိုစစ်ဆေးပြီ ပြသနာဆိုင်ရာများကိုပြောပြပေးစေလိုပါတယ် ဒီテンプレート:楽曲情報/使用例တမ်းပလိတ်ကို အရမ်းသဘောကျလို့ပါ ပြောရရင်တော့ စွယ်စုံကျမ်းဝီကီမှာဒါမျိုးတွေမရှိဘူး ရှိတာက၄၈ဂျပန်အနှပညာဝီကီမှာပဲရှိပါတယ် စွယ်စုံကျမ်းဝီကီမှာမရှိသေးတယ်အရာကို ရှိစေချင်တယ်စေတနာလေတစ်ခုပါ အရမ်းလည်းလိုအပ်နေပါတယ် Thanksအကြောင်းပြန်ရန်

We already have {{Infobox song}}. NinjaStrikers «» ၁၃:၅၅၊ ၄ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

ဇန်နဝါရီ ၂၀၂၁ ပြင်ဆင်ရန်

စာမျက်နှာတွေမှာ သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာတွေရှိပါတယ်။ အသုံးပြုသူ ဆွေးနွေးချက်စာမျက်နှာ၊ ဆောင်းပါး ဆွေးနွေးချက် စာမျက်နှာ စသဖြင့် ရှိပြီးသားပါ။ ပြောစရာ၊ ဆွေးနွေးစရာရှိရင် သက်ဆိုင်ရာ စာမျက်နှာရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ ဆွေးနွေးပေးပါ။ မရှိတဲ့ အသုံးပြုသူ စာမျက်နှာတွေမှာ သွားရောက်ပြောဆိုခြင်းကို ကျေးဇူးပြု၍ ရှောင်ကြဉ်ပေးပါ။ ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၀၃:၃၆၊ ၇ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

  @咽頭べさ: အပေါ်မှာ ပြောထားတာကို ကျေးဇူးပြုပြီး ဖတ်ပေးပါ၊ မှတ်သားပေးပါ။ သင်နောက်ဆုံးရေးခဲ့တဲ့ ဆွေးနွေးချက်ဟာ မရှိတဲ့ အသုံးပြုသူ ဆွေးနွေးချက် အမည်ညွှန်းမှာ ရေးထားတဲ့အတွက် ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင်_(အထွေထွေ)#ရဟန်းဝစ္စကုဋီအိမ်သာသုံးစွဲပုံဆောင်းပါးရေးသာလိုမှုဆွေးနွေးချက် ကို ရွှေ့လိုက်ပါတယ်။ အကြောင်းအရာတစ်ခုခု ဆွေးနွေးချင်ရင် သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာမှာ ဆွေးနွေးပေးပါ။ အသိပေးချက်သတိပေးချက်များကို ထပ်ခါတလဲလဲ လစ်လျူရှုပြီး ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တည်းဖြတ်ခြင်းကနေ ပိတ်ပင်ခြင်း ခံရနိုင်ပါတယ်။ ကျေးဇူးပါ။ NinjaStrikers «» ၀၄:၅၂၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
  • မင်္ဂလာပါ @အသုံးပြုသူ:Ninjastrikers ခင်ဗျာပြောပြောနေတယ် (စာမျက်နှာတွေမှာ သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာတွေရှိပါတယ်။ အသုံးပြုသူ ဆွေးနွေးချက်စာမျက်နှာ၊ ဆောင်းပါး ဆွေးနွေးချက် စာမျက်နှာ စသဖြင့် ရှိပြီးသားပါ။ ပြောစရာ၊ ဆွေးနွေးစရာရှိရင် သက်ဆိုင်ရာ စာမျက်နှာရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ ဆွေးနွေးပေးပါ။ မရှိတဲ့ အသုံးပြုသူ စာမျက်နှာတွေမှာ သွားရောက်ပြောဆိုခြင်းကို ကျေးဇူးပြု၍ ရှောင်ကြဉ်ပေးပါ။) ကျွန်ပ်ရဲ့ဆွေးနွေးချက်မှားယွင်းနေတယ်ဆိုတာ ဂျပန်အက်မင် @အသုံးပြုသူ:エリック・キィဟိုနေ့ကပြောပြမှသိရှိတာ ကျွန်ပ်ဝီကီပီးဒီးယားသုံးနေတာတစ်နှစ်ပြည့်တော့မယ် ခင်ဗျားအပါဝင်ဝီကီပီးဒီးယားပေါ်ဆွေးနွေးချင်ရင်သက်ဆိုင်ရာဆွေးနွေးချက်မှာEditပြီ ဆွေးနွေးမှုလုပ်ရတယ်ဆိုတာ ဘာလို့စေတနာထားပြီးမပြောပြတာလဲ နောက်ပြီးတော့ အသိပေးချက်သတိပေးချက်များကို ထပ်ခါတလဲလဲ လစ်လျူရှုပြီး ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တည်းဖြတ်ခြင်းကနေ ပိတ်ပင်ခြင်း ခံရနိုင်ပါတယ်။ ဟုတ်ပြီကျွန်ပ်မသိလို့လုပ်မိတာလေဗျာ လစ်လျူရှုနေတာမဟုတ်ဘူး နာမလည်းလို့လေဗျာ ခင်ဗျာကနာလည်းပြီးလုပ်ချင်တာလုပ်ပြောတာပြောပြီထွက်ထွက်သွားတာ အဲ့ကျွန်ပ်အပြစ်လား ခင်ဗျာအပြစ်လား ဘက်မလိုက်အက်မင်စစ်မှန်တယ်ဆိုရင် ကိုယ့်မူပိုင်အသိဥာဏ်နဲ့စဥ်စာလေဗျာ အခုဟာကခင်ဗျာလုပ်ပုံကဖိနှိပ်ချုပ်ချယ်နေတယ်ဆိုတာ အဖြေကထွက်နေပြီး နောက်ပြီးတော့ Please be careful what you're writing in the summary of page creation. Your edit may be deleted if they are not in-line with the policy and guidelines of Wiktionary. This is not a personal issue like you think. okay that's right You know I'm the only wiki assistant not a violation of Wikipedia, everything I would like to help Wikipedia but the method of using it I am not good at it I don't know why your doesn't teach me a little, this is your fault not my fault, you is responsible for Wikipedia, you is responsible for teaching how to use it I've been using Wikipedia for a year closer so why don't you teach me a little. This one is written entirely by myself not using Google Translate a bit now that I write all in English are there any misspellings.ကျွန်ပ်နဲ့ကျွန်ပ်ညီမအပါဝင်ဝီကီပီးဒီးယားကိုပေါက်ကရလုပ်နေတာမဟုတ်ဘူး ကျွန်ပ်တို့ဝီကီပီးဒီးယားကိုစတင်ဝင်ရောက်ကတည်းက အကူညီးပေးဖို့သက်သက်ပဲဒါကိုခင်ဗျာနာလည်းပေါက်စေချင်တယ် ငါအင်္ဂလိပ် မွန် ဗမာအက်မင်ကွ ငါလုပ်ချင်တာလုပ်မယ် ဆိုတာမျိုးတော့ဝီကီပီးဒီးယားအက်မင်တစ်ယောက်အနေနဲ့မဖြစ်သင့်ဘူး ok Thank.--咽頭べさ (ဆွေးနွေး) ၁၃:၄၅၊ ၂၃ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
    ဝီကီသုံးတာ ကြာနေပြီဆိုရင် ဝီကီရဲ့ သက်ဆိုင်ရာ မူဝါဒ၊ လမ်းညွှန်ချက်တွေကို အနည်းအကျဉ်းတော့ သိနေသင့်ပါပြီ။ သင့်အနေနဲ့ ဆွေးနွေးချက် စာမျက်နှာနေရာတွေ မှားယွင်းရေးနေတယ်ဆိုတာ မြန်မာဝီကီတစ်ခုတည်းမှာ မဟုတ်ပါဘူ။ အင်္ဂလိပ်ဝီကီနဲ့ ကွန်မွန်းစ်တွေမှာ မှားယွင်းရေးနေလို့ ကျနော်အပါအဝင် အခြား အသုံးပြုသူတွေက ကြိမ်ဖန်များစွာ အသိပေးပြီး ပြင်ဆင်ပေးခဲ့ပါတယ်။ နေရာမှားရေးနေတယ်ဆိုတာကို မြန်မာဝီကီမှာတင်မက အင်္ဂလိပ်ဝီကီနဲ့ ကွန်မွန်းစ်ပေါ်က သင့်ဆွေးနွေးချက် စာမျက်နှာပေါ်ကို ရွှေ့ပြီး ပြောဆိုခဲ့ပြီးပါပြီ။ မသိနားမလည်လို့ လုပ်မိတာကို အစောပိုင်းမှာ နားလည်ပေးလို့ရပေမယ့် အသိပေးချက်တွေ ပြောထားပြီးနောက်မှာ ဆက်လုပ်နေတာမျိုးကို နားလည်ပေးလို့မရပါ။ မြန်မာဝီကီမှာ အသုံးပြုသူတစ်ဦး စဝင်လာကတည်းက သိသင့်သိထိုက်နားလည်ရမယ့် အကြောင်းအရာတွေကို အသုံးပြုသူရဲ့ ဆွေးနွေးချက် စာမျက်နှာပေါ်မှာ စာတိုပေးပို့ထားပြီးသား ဖြစ်ပါတယ်။ သင့်ဆွေးနွေးချက် စာမျက်နှာ ထိပ်ဆုံးမှာလည်း ရှိနေပြီးသားဖြစ်ပါတယ်။ ကျနော်တို့ဟာ စေတနာ့ဝန်ထမ်းအနေနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် လာရောက်လာတဲ့ အသုံးပြုသူတိုင်းကို တစ်ဦးချင်းအသေးစိတ် သင်ကြားပေးနိုင်ဖို့မဖြစ်နိုင်တဲ့အတွက် သက်ဆိုင်ရာ ကျူတိုရီရယ်စာမျက်နှာတွေဖန်တီးပြီး အသုံးပြုသူတိုင်းဆီကို စာတိုနဲ့ လမ်းညွှန်ချက် ပေးပြီး ဖြစ်ပါတယ်။ အဓိက သင်သိထားသင့်တာက ဝီကီပီးဒီးယားမှာ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုပြီး ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချပြောဆိုခြင်းများကို ခွင့်မပြုပါဘူး။ ကျနော်ပြောခဲ့သမျှတွေမှာလဲ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတဲ့ မည်သည့်စကားလုံးကိုမှ မသုံးခဲ့တာကို သင့်အနေနဲ့ ကျနော့ကို လူမျိုးစွဲအနေနဲ့ စွပ်စွဲပြောဆိုခြင်းကို ရှုံ့ချပါတယ်။ ကျနော့ရဲ့ ဆောင်ရွက်သမျှတိုင်းသည် ဝီကီပီးဒီးယားရဲ့ မူဝါဒ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဝီကီပီးဒီးယား မဏ္ဍိုင်နဲ့ သွေဖယ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးနဲ့ စွပ်စွဲပြောဆိုခြင်းတွေရှိဦးမယ်ဆိုရင် အရေးယူဆောင်ရွက်ခြင်းခံရနိုင်တယ်ဆိုတာ ထပ်မံသတိပေးလိုပါတယ်။ ဒါ့အပြင် ဝီကီပီးဒီးယားမှာ အကောင့်တစ်ခုတည်းကို တစ်ဦးထက်ပို၍ မျှဝေသုံးစွဲခြင်းကို တင်းကြပ်စွာ တားမြစ်ထားပြီး ပိတ်ပင်ခြင်းခံရနိုင်ပါတယ်။ ပြန်လည်ပြောဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ NinjaStrikers «» ၁၄:၁၈၊ ၂၃ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
  • @အသုံးပြုသူ:Ninjastrikersရဲ့ဖြေကြားချက် သင့်အနေနဲ့ ကျနော့ကို လူမျိုးစွဲအနေနဲ့ စွပ်စွဲပြောဆိုခြင်းကို ရှုံ့ချပါတယ်။Okခင်ဗျာကလူမျိုးရေးအစွန်းရောက်မဟုတ်ဘူးဆိုရင် ကျွန်ပ်တရားမျှမျှတမေးမယ် ခင်ဗျာဘက်မလိုက်အနေနဲ့ဖြေကြားပေးပါplease
  • စမေးမည်

၁. ဗမာလူမျိုးတို့ရဲ့အရေးပါးဖိုင်းဖြစ်တယ် https://commons.wikimedia.org/wiki/File:U.S._Navy_Band_-_Kaba_Ma_Kyei.oga @အသုံးပြုသူ:Xiengyod~commonswikiရဲ့ဖိုင်းကိုတရားဝင်လက်ခံပေးပြီး မွန်လူမျိုးတို့ရဲ့အရေးပါဖိုင်း https://commons.wikimedia.org/wiki/File:File:Mon_National_Day.ogg ကြတော့ဘာဖြစ်လို့ဖျက်လိုက်တာလဲ အဲ့ကိစ္စနဲ့ပက်သက်ပြီးလုံးဝမကျေနပ်ဘူး @အသုံးပြုသူ:Xiengyod~commonswikiလည်းမူပိုင်မဟုတ်ဘူး သူလည်းcopyrighပဲဘာလို့လက်ခံအသိမှတ်ပြုတာလဲ copyrighမှန်သဖျှဖျက်ကြေးဆိုရင် https://commons.wikimedia.org/wiki/File:U.S._Navy_Band_-_Kaba_Ma_Kyei.oga အဲ့တာပါဖျက်လေကျွန်ပ်စကားကဘက်မလိုက်တမျှမျှတတပဲ တိုင်းရင်းသားလူနည်းစုနဲ့ပက်သက်တယ်ဖိုင်းကြ Coprighဗန်းပြပြီးလိုက်လိုက်ဖျက် ဗမာနဲ့ပက်သက်တယ်ဖိုင်းကြတော့Copyrighလည်းလက်ခံတယ်ဒါလားခင်ဗျာရဲ့ဘက်မလိုက်တရားမျှတဆိုတာ ခင်ဗျာလုပ်ဆောင်းချက်နဲ့ခင်ဗျာပြောစကားတလွဲတချောဖြစ်နေတယ်ဆိုတာ ကိုယ်ကိုတိုင်းကရောသတိပြုမိရဲ့လား ၂.နောက်မွန်လူမျိုးနဲ့မဆိုင်တယ်တလိုင်းဆောင်းပါးကိုဝစ်ရှင်နရီမှာရောချဲ့ကားထွင်းကားအမျိုးမျိုးရေးနေတာကြတော့ဘာလို့မဖျက်ပြစ်တာလဲ တလိုင်းTai Log or Ta Logရှမ်းလူမျိုးကွဲမွန်နဲ့လုံးဝမဆိုင်တယ်အရာကြတော့ဘာလို့ဖျက်မပြစ်တာလဲ ခင်ဗျာစာဖတ်ဝါသနာရှိရင်အချိန်းခဏပေးပြီးဖတ်တာကြည့် https://drive.google.com/file/d/1cPzL9d3expENfy9opoa-K3xDsJrv1jCM/view?usp=sharing နောက်ထက်ပြစရာအထောက်အထားအများကြီးရှိတယ် ဝီကီပီးဒီးယားပေါ်တခြာအက်မင်တွေကိုကျွန်ပ်ဘာမှဘာမပြောလိုဘူး ပြောစရာဘာမှလည်းမရှိဘူး ရှိတာခင်ဗျာတစ်ယောက်ထဲ အမြဲးတိုင်းလိုလိုပြသနာတတ်နေရတာခင်ဗျာတစ်ယောက်ထဲပဲ ဟိုးတခါလည်းမွန်လူမျိုးအလံနဲ့မဆိုင်တယ် မွန်ပြည်နယ်အလံခေါ်ဗမာအစိုးရအလံနဲ့သွားရောထွေးနေတယ် ခင်ဗျာနဲ့ပက်သက်တယ်ပြသနာတွေပြောစရာပြစရာအထောက်အထားအများကြီးရှိတယ် ကျွန်ပ်အမှားလုပ်မိတယ်ဆိုတာ မသိလို့ စေတနာလွန်းကဲပြီကူညီးပေးချင်လွန်းလို့လုပ်မိတာလေဗျာ တခါတလေမအားတော့လည်း ညီမဖြစ်သူကိုအကူညီးတောင်းမိ သူကဗမာဘာသာစကားနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတော့ သတ်ပုံတလွဲတချောတွေလည်းရှိတာပေါ့ဗျာ ကျွန်ပ်လည်းရှိဖူးပါတယ် ဒါနဲ့ပဲကျွန်ပ်ကိုအပြစ်ပြောလို့မရ ဒီဝီကီပီးဒီးယားပေါ်ဗမာစစ်စစ်ရေးထား ဆောင်းပါးဆိုရင်သတ်ပုံတလွဲတချောဖြစ်နေလို့ ဖတ်လို့တောင်မရဘူးပြစရာဆက်ပြောစရာအများကြီးရှိတယ်ကျွန်ပ်မအားတော့လို့ဒီလောက်ပဲI want to say that's it thank--咽頭べさ (ဆွေးနွေး) ၁၆:၅၉၊ ၂၃ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

@咽頭べさ: https://commons.wikimedia.org/wiki/File:File:Mon_National_Day.ogg ဖိုင်နဲ့ပတ်သက်ပြီး သင့်ရဲ့ Commons userpageမှာ ရှင်းပြထားပြီးသားပါ။ ပြန်ဖတ်ကြည့်ပါ။ File:U.S._Navy_Band_-_Kaba_Ma_Kyei.oga ရဲ့ ဖိုင်အကြောင်းဖော်ပြချက် စာမျက်နှာမှာ လိုင်စင်သတ်မှတ်ချက်တွေကို ဖော်ပြထားပြီးသားဖြစ်တဲ့အတွက် ထပ်မရှင်းတော့ပါဘူး။ လိုင်စင်ကိစ္စ၊ မူပိုင်ခွင့်ကိစ္စတွေ ရှင်းပြထားတဲ့ ကွန်မွန်းစ် လိုင်စင်မူဝါဒကိုပဲ နားလည်အောင် အရင်ဖတ်ပြီးမှ ဖိုင်တွေတင်ဖို့ အကြံပေးပါရစေ။ အများကြီး မဖတ်နိုင်ရင် လိုင်စင်အနှစ်ချုပ်ကို ဒီမှာ ကြည့်ပါ။ တကယ်တော့ မူပိုင်ခွင့်အကြောင်းတွေကို သေချာနားမလည်ဘဲ Commons မှာ ဖိုင်လာတင်လို့ ဖျက်ပစ်ခံရတာပါပဲ။ နောက်တစ်ခုက ကျနော် Commons မှာ အက်ဒမင်မဟုတ်ဘဲ သာမန်အသုံးပြုသူပဲဖြစ်တဲ့အတွက် commons ဖိုင်တွေကို ဖျက်နိုင်တဲ့အခွင့်အရေး ကျနော့မှာ မရှိပါ။ သင့်ရဲ့ Commons ပေါ်ကဖိုင်တွေ ဖျက်ခံရတာကလဲ မူဝါဒတွေနဲ့ မကိုက်ညီလို့၊ မူပိုင်ခွင့် ပြဿနာရှိလို့ commons အက်ဒမင်တွေက ဖျက်တာပါ။ တလိုင်း နဲ့ပတ်သက်လို့ သူ့ရဲ့ သက်ဆိုင်ရာ ဆွေးနွေးချက် စာမျက်နှာပေါ်မှာ ပြောထားပြီးသားဖြစ်တဲ့အတွက် အဲဒီမှာသွားဖတ်ကြည့်ပါ။ ဒီနေရာမှာ ထပ်ပြောစရာမလိုတော့ပါ။ သတ်ပုံမှားတာတွေက ဆွေးနွေးချက်နေရာလိုမျိုးမှာ မှားတာကို ပြောစရာမရှိပါဘူး။ ဒါပေမယ့် ဆောင်းပါး စာမျက်နှာထဲမှာ၊ ဆောင်းပါး ခေါင်းစဉ်တွေမှာ မှားတာ၊ နားလည်ဖို့ခက်တဲ့ စကားလုံးတွေနဲ့ မှားယွင်းရေးထားတာတွေဆိုရင်တော့ ထောက်ပြပြောဆိုရမှာပါပဲ။ အချို့အမှားတွေကို စေတနာအမှားလို့ ယူဆပြီး ကွန်မွန်းစ်ဖက်မှာ အပါအဝင် သင့်ဆွေးနွေးချက်စာမျက်နှာမှာ စာတိုများစွာနဲ့ ပြောဆိုခဲ့ပြီးသားပါ။ ဒါပေမယ့် အဲဒါတွေကို လျစ်လျူရှုပြီး ကိုယ့်သဘောအတိုင်းလုပ်၊ လိုက်ထောက်ပြတဲ့သူတွေကို ရန်လိုတဲ့ စကားမျိုးတွေ ပြောလာခဲ့တာကိုတော့ စေတနာအမှားတွေလို့ မယူဆနိုင်ပါ။ NinjaStrikers «» ၁၇:၄၅၊ ၂၃ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

ဖိုင်:Welcome to Mon National Day mnw to my.png ၏ ဖိုင်ရင်းမြစ်နှင့် မူပိုင်ခွင့် ပြဿနာ ပြင်ဆင်ရန်

 
File Copyright problem

ဖိုင်:Welcome to Mon National Day mnw to my.png ဖိုင်ကို upload တင်သည့်အတွက် ကျေးဇူးတင်ပါသည်။ သို့သော် ထိုဖိုင်တွင် မူပိုင်ခွင့် အခြေအနေနှင့် ရင်းမြစ်များ လိုအပ်နေပါသည်။ ဝီကီပီးဒီးယားသည် မူပိုင်ခွင့်နှင့် ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်ပါသည်။

ဤဖိုင်ကို သင်ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ခဲ့ပါက မူပိုင်ခွင့် ပိုင်ဆိုင်သူကို သင့်အနေဖြင့် သတ်မှတ်ဖော်ပြပေးရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် ဤဖိုင်ကို ဝက်ဘ်ဆိုဒ်တစ်ခုခုမှ ရရှိခဲ့ပါက၊ ကျေးဇူးပြု၍ ရယူခဲ့သည့် ဝက်ဘ်ဆိုဒ်လင့်ခ်နှင့် ဝက်ဘ်ဆိုဒ်၏ အကြောင်းအရာများ အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကျေးဇူးပြု၍ ပြန်လည် ဖော်ပြပေးပါ။ အကယ်၍ မူလမူပိုင်ခွင့် ပိုင်ဆိုင်သူနှင့် ဝက်ဘ်ဆိုဒ်တို့ ဆက်နွယ်မှုမရှိပါက ထိုမူလပိုင်ဆိုင်သူကိုလည်း မှတ်တမ်းတင် ထည့်သွင်းရန် လိုအပ်ပါသည်။ မည်သည့်လိုင်စင်သတ်မှတ်ချက်ဖြင့် သတ်မှတ်ထားသည်ကိုလည်း ဖော်ပြရန် လိုအပ်ပါလိမ့်မည်။ ဝီကီပီးဒီးယားတွင် မည်သည့်ဖိုင်များ တင်သင့်/မတင်သင့်ဆိုသည်ကို လေ့လာနိုင်ရန်အတွက် ပုံအသုံးပြုခြင်း မူဝါဒ ကို ဖတ်ရှုပါ။

ဖိုင် အကြောင်းဖော်ပြချက် စာမျက်နှာကို တည်းဖြတ်ပြီး အချက်အလက်များကို ထည့်သွင်းပေးပါ။ လိုအပ်သည့် အချက်အလက်များကို ခုနစ်ရက်အတွင်း ထည့်သွင်းခြင်း မရှိပါက ဖိုင်သည် ဖျက်ပစ်ခြင်း ခံရမည် ဖြစ်သည်။

သင် upload တင်ခဲ့သည့် အခြားဖိုင်များကိုလည်း မှန်ကန်စွာ tag လုပ်ထားခြင်း ရှိမရှိကိုလည်း ကျေးဇူးပြု၍ စစ်ဆေးပါ။ သင်၏ ဖိုင်တင်ထားခဲ့သည့် မှတ်တမ်းများကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။ NinjaStrikers «» ၁၂:၄၁၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

မင်္ဂလာပါ@Ninjastrikers:ရေ့ဖိုင်:Welcome to Mon National Day mnw to my.png ဖိုင်ကကိုယ်ပိုင်ဖန်တီးမှုဖြစ်ပါတယ်နေ့စွဲရက်လမထည့်တတ်လို့ပါ ဒါပထမဦးဆုံးuploadမှုဖြစ်ပါတယ် အမှားရှိရင်ခွင့်လွတ်ပေးစေချင်ပါတယ် တတ်နိင်ပါကနာမူနာအနေနဲ့ကူညီပေးစေချင်ပါတယ်

ကျေးဇူးတင်ပါတယ်--咽頭べさ (ဆွေးနွေး) ၁၃:၀၉၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

오디오 파일 요청 ပြင်ဆင်ရန်

안녕@咽頭べさ:큰 형님 몬 언어 관련 연설 파일을 업로드 해주세요. 나는 페이스 북에 빅 브라더 얘기하고 싶어요, 아리가또.--우습게 (ဆွေးနွေး) ၀၉:၁၀၊ ၁၇ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

안녕하세요@우습게:, 내 어린 소년 빅 브라더는 지금 바쁘고 빅 브라더가 자유롭다면 렉과 대화하러 올 것입니다 썸머 또 아리가또 부추 무다.--咽頭べさ (ဆွေးနွေး) ၀၉:၂၇၊ ၁၇ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

About your userpage and the Marginal Group Template ပြင်ဆင်ရန်

Hello, I am the founder of Marginalized Persons' Club from Chinese Wikipedia. We have discovered that you have created a template {{Marginal group}}. I am sorry to inform you that you did not have the permission to use our group image in both your userpage and template, unless you join us in zh:Wikipedia:邊緣人小組/成員列表#成員. Hope you enjoy your experience in Wikipedia!--SickManWP (ဆွေးနွေး) ၀၈:၃၅၊ ၁၉ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

@SickManWP:, 您好、我道歉当我第一次开始使用维基百科时,我无缘无故地使用了 Marginal Group Template 我使用它只是因为我喜欢 {{Marginal group}} 如果您不同意,我将取消它。当我第一次使用 Marginal group Template时,我对使用 维基百科 一无所知谢谢。--咽頭べさ (ဆွေးနွေး) ၀၆:၄၅၊ ၂၀ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
不要緊,只是若您在您的用戶頁使用邊緣人小組的名義,我希望您能透過加入小組等方式來表示您已獲得我們的同意。我們並無不同意您使用這個模板,但若您希望能使用該模板,請先在中文維基百科透過以上連結加入邊緣人小組,否則您無權使用邊緣人小組的名義,感謝。 --SickManWP (ဆွေးနွေး) ၀၇:၁၆၊ ၂၀ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်