ဒီဆောင်းပါးဟာ ကုန်သွယ်ရေးစခန်းကို အဓိကရည်ညွှန်းတာမဟုတ်ပါဘူး။ နယ်စပ်ဝင်ပေါက်ရှိတဲ့ ဒေသတစ်ခု အနေနဲ့ ရည်ညွှန်းတာပါ။ ဒီနေရာမှာ ကုန်သွယ်ရေးစခန်းအပြင်၊ လဝကရုံး၊ အကောက်ခွန်ဌာန၊ စားသောက်ဆိုင်များ၊ ဟိုတယ်များလည်း ရှိပါသေးတယ်။ ကာစီနိုတောင်ရှိတယ်လို့ သိထားပါတယ်။ အချက်အလက်များရှာဖွေတွေ့နိုင်သလောက် ထပ်ထည့်ဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ အခုလက်ရှိမှာ ကုန်သွယ်ရေးစခန်းခေါင်းစဉ်က ရှာတွေ့တဲ့ အချက်အလက်အရ အရင်ဝင်လာလို့ တစ်ခုတည်းရှိနေတာပါ။ ဒါကြောင့်လည်း ထီးခီးလို့ပဲ အမည်ပေးခဲ့ပါတယ်။ ကျနော်ဒီအမည်ကို မပေးခင် နယ်ခြားဝင်ပေါက်တွေကို အင်္ဂလိပ်ဝီကီမှာ ဘယ်လိုပေးသလဲ ရှာကြည့်ပြီးမှ ပေးထားတာပါ။ ထီးခီးနယ်စပ်ဂိတ်လို့ နာမည်ပေးမလို့ကြံခဲ့ပါသေးတယ်။ ဒါပေမဲ့တစ်ခါ ဒီဆောင်းပါးမှာ ထီးခီးနယ်စပ်ဂိတ်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုတွဲသုံးထားတာတွေ့လို့ နှစ်ခုစလုံး ခြုံငုံဖို့ဆိုရင် ထီးခီးလို့ပဲခေါ်တာ ပိုသင့်တော်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ သူရဲ့ တွဲဖက်ယိုးဒယားဘက် ဆောင်းပါး ဖူနမ်ရွန်ဆိုတာလဲ ရှိပါတယ်။ ဒီမှာလည်း အမည်ပေးခြင်းမှာ ဘာမှတွဲပြီးထည့်ထားခြင်းမရှိတာကို တွေ့မှာပါ။ ဆိုလိုချင်တာက ဒေသတစ်ခုအနေနဲ့ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေကို ခြုံငုံဖို့ဆိုရင် ယေဘုယျကျလေလေ ပိုကောင်းလေလေ ဖြစ်လို့ပါ။ အထူးသဖြင့် နယ်ခြားဒေသတွေဟာ ပြောင်းလဲမှုနှုန်းမြန်တော့ ရွာကနေ၊ မြို့၊ မြို့ကနေ မြို့ကြီးဖြစ်နိုင်သလို၊ လူသူလုံးဝမဖြတ်တော့ပဲ ခြောက်ကပ်သွားတာလည်း ဖြစ်နိုင်တာပါ။

ဒါကြောင့် ဒီခေါင်းစဉ်ကို ပိုပြီး ယေဘုယျကျတဲ့ "ထီးခီး"ကို ပဲပြန်ပြောင်းဖို့ အကြံပြုပါတယ်။Dhawell.hlugalay (ဆွေးနွေး) ၀၄:၀၅၊ ၁၈ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်

Support to move ထီးခီး. NinjaStrikers «» ၀၅:၃၅၊ ၁၈ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်
ထီးခီး က ခြုံငုံနိုင်တဲ့ခေါင်းစဉ်ဖြစ်၍ 'ထီးခီး' အမည်ကို ပြောင်းရန် ထောက်ခံပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၃:၂၂၊ ၁၈ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်
Thanks, Ninja✮Strikers and Aungookingofcelestials. Current vote: yea-3 and nay-0 (After 10 days, no one has objected. Using quorum of 3 and 5-day time-limit model, I will move the page now.) Dhawell.hlugalay (ဆွေးနွေး) ၀၄:၁၉၊ ၂၈ ဩဂုတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ထီးခီး" သို့ ပြန်သွားရန်။