ဆွေးနွေးချက်:ရဟန်းနှင့်မာတုဂါမ ဆက်ဆံရေး

Latest comment: ပြီးခဲ့သည့် ၃ နှစ် by ခင်မောင်မောင်လွင် in topic သေချာမှု၊ မှန်ကန်မှု

မင်္ဂလာပါကျွန်ပ်ဒီPostကိုယနေ့ခေတ်ရဟန်းသံဃာများရဲ့အနာဂတ်ဗုဒ္ဓဘာသာအတွက်ရည်ရွယ်ပြီရေးသားခြင်ဖြစ်ပါတယ်။ ကျေးဇူးပြု၍လက်ခံပေးဖို့တောင်းဆိုပါတယ်။ကျွန်ပ်အမည်--咽頭べさ (ဆွေးနွေး) ၀၉:၅၈၊ ၇ စက်တင်ဘာ ၂၀၂၀ (UTC)Intobesaဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်အကြောင်းပြန်ရန်

ဖျက်ပစ်ရန် ပြင်ဆင်ရန်

ရေးသားထားတဲ့ ပုံစံက ဆောင်းပါးပုံစံ ဖြစ်မနေပါဘူး။ ဒီဆောင်းပါးထဲမှာပါတဲ့ တကယ်တော့ရဟန်းဆိုပေမယ့်ပုထုဇဉ်ရဟန်းတစ်ပါးဟာယောက်ျားတစ်ယောက်နဲ့ သိပ်မခြားနားပါဘူး။ စောင့်ထိန်းရမယ့်သိက္ခာပုဒ်တွေကို ဖယ်လိုက်ရင်ရဟန်းတော်ဟာလည်း ယောက်ျားတစ်ယောက်ပါပဲ။ အဲ့ဒါတွေက ဘာအကိုးအကားမှ မပါပါဘူး။ ရဟန်းတစ်ပါးက ယောက်ျားတစ်ယောက်နဲ့ ဘာမှမခြားနားဘူးလို့ အကိုးအကားမပါဘဲ လက်လွတ်စပယ် မရေးသင့်ပါဘူး။ စောင့်ထိန်းရမယ့် သိက္ခာပုဒ်တွေဖယ်လိုက်ရင် .... ယောက်ျားတစ်ယောက်ပါပဲ ဆိုတာက ဘာကိုဆိုလိုတာလည်း မသိဘူး။ ကျွန်တော့်အမြင်အရ ပြောရရင် ဒီဆောင်းပါးက အကိုးအကား ခိုင်ခိုင်လုံလုံ မပါရှိ၊ အဲ့အပြင် နူးညံ့သိမ်မွေ့တဲ့ သိက္ခာပုဒ်တွေကို မစဉ်းမစား ဝေဖန်ထားတဲ့ ဝေဖန်ရေးဆောင်းပါးသက်သက်ပါပဲ။ ဖျက်သင့်တယ်လို့ ထင်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၄၀၊ ၇ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

အချက်အလက်များ ခိုင်လုံမှုမရှိ ပြင်ဆင်ရန်

“ဤသာသနာတော် ကြာမြင့်စွာတည်ရန် မြတ်စွာဘုရားသည် တပည့်တို့အား အကြင်သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင်ပါတိမောက်ကို ပြတော်မူရာ၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုသိက္ခာပုဒ်ကို ပညတ်တော်မူရန်၊ အချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား ထိုပါတိမောက်ကို ပြတော်မူရန် အချန်တန်ပါပြီ” ဟု လျှောက်၏။” (အသျှင်သာရိပုတြာ) “သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို (သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း) ၌ အချိန်ကို သိတော်မူလိမ့်မည်၊ သာရိပုတြာ ဤ (သာသနာတော်၌) အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူချေ။ ………………… သာရိပုတြာ (ယခုအခါ) ရဟန်းသံဃာသည် (ဒုဿီလဟူသော) အမြှုပ်မှ ကင်း၏၊ အပြစ်မှ ကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏၊ (သီလစေသော) အနှစ်၌ တည်၏၊ သာရိပုတြာ ဤရဟန်း ငါးရားတို့တွင် အညံ့ဆုံးရဟန်းသည် အပါယ်သို့ ကျခြင်း သဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု (မိန့်တော်မူ၏)။(ဂေါတမဗုဒ္ဓ) [၁] အထက်က ကျမ်းဂန်တွေအရ ဝိနည်းသိက္ခာပုဒ်ဆိုတာ မြတ်စွာဘုရားက လိုအပ်တဲ့အချိန်ကျမှ ပညတ်ခဲ့တာပါ။ ဝိနည်းသိက္ခာပုဒ် မပညတ်ခင်ကတည်းက (မရှိတုန်း) အရိယာရဟန်း ငါးရာရှိခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ရေးထားတဲ့ “စောင့်ထိန်းရမယ့် သိက္ခာပုဒ်တွေ ဖယ်လိုက်ရင် ရဟန်းတော်ဟာလည်း ယောက်ျားတစ်ယောက်ပါပဲ” နဲ့ ချင့်ချိန်နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၁:၂၀၊ ၈ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
ပထမအကြိမ်မြောက်၊ ဒုတိယအကြိမ်မြောက် တတိယအကြိမ်မြောက် သုံးကြိမ်တိုင်တိုင် “မိခင်ဖခင်တို့ အကျွန်ုပ်သည် ........................ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်” ဟု ပြော၏။ (သုဒိန်) ပထမအကြိမ်မြောက်၊ ဒုတိယအကြိမ်မြောက် တတိယအကြိမ်မြောက် သုံးကြိမ်တိုင်တိုင် “ချစ်သားသုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသောသားဖြစ်၍ ချစ်ခင်အပ်၏.....................အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း” ဟု ပြောကြကုန်၏။( မိခင်ဖခင်) ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ထမင်းတစ်နပ်တို့ကိုလည်း မစား၊ ထမင်းနှစ်နပ်ကိုလည်း မစား၊ ထမင်းသုံးနပ်တို့ကိုလည်းမစား၊မထင်းလေးနပ်တို့ကိုလည်း မစား၊ ထမင်းငါးနပ်တို့ကိုလည်း မစား၊ ထမင်းခြောက်နပ်တို့ကိုလည်း မစား၊ မထင်း ခုနစ်နပ်တို့ကိုလည်း မစား”။ ..................ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ငါ့ကို မဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုကြကုန်ဟု (သိ၍) အခင်းမရှိသော မြေပေါ်၌ “ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည့်ဟု” (ဆို၍) ထိုအရပ်၌ပင် အိပ်၏။[၂] အဲ့ဒိအချိန်မှာ သုဒိန်က ပုထုဇဉ်ယောက်ျားတစ်ယောက်ပါ။ သို့သော် ရဟန်းဖြစ်ချင်တဲ့ သဒ္ဓါတရားက ထက်သန်နေပါတယ်။ (သာမာန် ပုထုဇဉ်ယောက်ျားတွေနဲ့ စိတ်ဓာတ်ပိုင်းမှာ ဘယ်လောက်အထိ ကွာခြားနေတယ်ဆိုတာ သိနိုင်ပါတယ်) ဒါတောင် ရဟန်းမဖြစ်သေးပါဘူး။ ရဟန်းဖြစ်ဖို့ရာအတွက် ဘုရားရဲ့အမိန့်တော်နဲ့ ရဟန်းအဖြစ်ကို ရဖို့ သိမ်ဝင်ပြီးတဲ့ ပုထုဇဉ်ရဟန်းတစ်ပါးနဲ့ အရပ်ထဲက သာမာန်ပုထုဇဉ်ယောက်ျားတစ်ယောက် နှိုင်းဆမရအောင် ကွာခြားလွန်းလှပါတယ်။ ဒုလ္လဘတရားငါးပါးမှာလည်း ပဗ္ဗဇ္ဇိတဘာဝဒုလ္လဘ ရှင်သာမဏေ၊ ရဟန်းအဖြစ်ကို ရခဲတယ်လို့ ဆိုထားပါတယ်။ ဒီဆောင်းပါးမှာ ရေးထားတဲ့ “တကယ်တော့ ရဟန်းဆိုပေမယ့် ပုထုဇဉ်ရဟန်းတစ်ပါးဟာ ယောက်ျားတစ်ယောက်နဲ့သိပ်မခြားနားပါဘူး” ဆိုတာကို နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၁:၂၂၊ ၈ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
အလဇ္ဇီ ဒုဿီလ ပုဂ္ဂိုလ်မှန်း သိလျက်နှင့် ဆွမ်းစသော ဒါနဝတ္ထုတို့ဖြင့် ပူဇော်သက္ကာရပြုသော သူတို့မှာ “ပူဇာစ ပူဇနီယာနံ” မင်္ဂလာ ဖြစ်, မဖြစ်များကို အကျိုးအပြစ် ဝတ္ထုသက်သေနှင့်တကွ သိလိုပါသည် (အမေး) ...................ပုထုဇ္ဇန် ရဟန်းသည်လည်း ၁။ လဇ္ဇီရဟန်း၊ အလဇ္ဇီရဟန်း၊ ဒုဿီလ ရဟန်း ဟူ၍ သုံးမျိုးရှိ၏။ ထိုသုံးမျိးတို့တွင် လဇ္ဇီသာမဏေ၊ လဇ္ဇီရဟန်းတို့အား လှူဒါန်းပူဇော်သောသူတို့မှာ “ပူဇာစ ပူဇနီယ” မင်္ဂလာဖြစ်သည်မှန်ပြီ၊ အလဇ္ဇီ သာမဏေ, အလဇ္ဇီရဟန်း, ဒုဿီလ သာမဏေ, ဒုဿီလ ရဟန်းတို့အား လှူဒါန်းပူဇော်သော သူတို့မှာ “ပူဇာစ ပူဇနီယ” ဖြစ်ပါမည်လော မဖြစ်လော ဟူမူ၊ ဒုဿီလမဟုတ် = အလဇ္ဇီသက်သက်မျှဖြစ်သော သာမဏေရဟန်းတို့အား လှူဒါန်းပူဇော်မှုသည် “ပူဇာစ ပူဇနီယ” မင်္ဂလာဖြစ်၏။ ဒုဿီလဖြစ်သော သာမဏေ ရဟန်းတို့အာ လှူဒါန်းပူဇော်မှုမှာသာ ထိုမင်္ဂလာဖြစ် မဖြစ် စိစစ်ဘွယ်ရှိ၏။ .................................. မြတ်စွာဘုရားပညတ်တော် အမိန့်အာဏာတော်မြတ်ဖြစ်သော ကုဋေပေါင်း ကိုးထောင့်တစ်ရာ့ရှစ်ဆယ်နှင့် ငါးသန်း သုံးသောင်း ခြောက်ထောင်မျှသော သိက္ခာပုဒ်တော်တို့ တစ်စုံတစ်ခုမျှ သမာဒါနမှု မပျက်မကွက်တည်ရှိနေသော အလဇ္ဇီပုဂ္ဂိုလ်သည် လူတို့၏ ပူဇော်ကို ခံထိုက်သော ပူဇနီယပုဂ္ဂိုလ် စင်စင်ဖြစ်ထိုက်ကြောင်းကို ထင်လင်းစွာ သိသာလှတော့သည်။[၃] အထက်က စာအုပ်မှာ ပုထုဇ္ဇန်ရဟန်းသုံးမျိုတွင် အလဇ္ဇီပုဂ္ဂိုလ်ရဟန်းပင်လျှင် လှူဒါန်းပူဇော်မှုကို ခံထိုက်သေးသည်ဟု ဆုံးဖြတ်ထားတာ ရှိပါတယ်။ ဒီစာအုပ်ထဲမှာ စာမျက်နှာပေါင်း ၁၅၁ မျက်နှာ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာ ရေးထားတဲ့ “တကယ်တော့ ရဟန်းဆိုပေမယ့် ပုထုဇဉ်ရဟန်းတစ်ပါးဟာ ယောက်ျားတစ်ယောက်နဲ့သိပ်မခြားနားပါဘူး” ဆိုတာကို နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၃၁၊ ၉ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ကိုးကားမှုများ ပြင်ဆင်ရန်

ကိုးကား အပိုင်းတွင်

  • ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာဝကရဟန်းတော်များ လိုက်နာကျင့်ဆုံးဆောက်တည်ရန် ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်များ
  • ဗုဒ္ဓရှင်ကိုယ်တော်မြတ်ကြီးလမ်းညွှန်ဟောပြဆုံးမခဲ့သောပုထုဇဉ်ရဟန်းတော်အန္တရာယ်ဓ
  • ဓမ္မာစရိယဆရာတော်လူထွက်
  • ကာယသံသဂ္ဂသိက္ခာပုဒ်
  • အနာပတ-၁၃၂ ဝတ္ထု
  • ရဟန်းမာတုဂါမရင်းနှီးသိကျွမ်းမှု
  • အရှင်အာနန္ဒအမေးဂါထာတော်
  • အမြော်အမြင်ကြီးသောအရှင်အာနန္ဒာ
  • ရဟန်းနှင့်မာတုဂါမဆက်ဆံရေး
  • ကျောင်းသို့လာသောမာတုဂါမ
  • ဗုဒ္ဓပရိနိဗ္ဗာန်စံခါနီးအာနန္ဒာအာပေးထားခဲ့သောသြဝါဒစကား

စသည်တို့ကို ပေးထားရာ၌ ဥပမာ 'ဓမ္မာစရိယဆရာတော်လူထွက်' ၊ 'ကျောင်းသို့လာသောမာတုဂါမ' သည် စာအုပ် (သို့) လူပုဂ္ဂိုလ် (သို့) ??? မသဲကွဲပါ၊ ပါဝင်သင့်သော ထုတ်ဝေခုနှစ်၊ ထုတ်ဝေသူ၊ စာမျက်နှာနံပါတ်၊ url ... စသဖြင့် ဆိုင်ရာ parameters များ ပေးပါက ပို၍ အဆင်ပြေပါမည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသော အကြောင်းများ၏ အချို့အပိုင်းများသည် သမရိုးကျ ဆက်ဆံကိုင်တွယ်ရန် မဖြစ်သည့်အနေအထားရှိသဖြင့် စိတ်ချယုံကြည်နိုင်သော ပညာရပ်ဆိုင်ရာ နှင့် ပညာရှင် ရဟန်း၊ လူပုဂ္ဂိုလ်များ၏ စာပေ စာတမ်း စသည်တို့ကို ယူငင် ကိုးကားသင့်ပါသည်။ သာမန် စာရေးဆရာများ၏ ရင်းမြစ်များမှာ စိတ်ချနိုင်မှု မရှိပါ။ ဆောင်းပါးပါ အချို့သော အဓိပ္ပာယ်ရှုပ်ထွေးနိုင်သော စာသားများကိုလည်း ပြင်ဆင်နိုင်လျှင် ပိုကောင်းပါမည်။ Aungookingofcelestials (ဆွေးနွေး) ၁၀:၂၃၊ ၉ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

သေချာမှု၊ မှန်ကန်မှု ပြင်ဆင်ရန်

ဘာလို့ ဒီလို ဟောကြားပေးခဲ့ရသလဲလို့သုံးသပ်ကြည့်ရရင်အရိယာဖြစ်တဲ့ ရဟန်းတွေအတွက်မာတုဂါမ ဆိုတဲ့ မိန်းမတွေကပြဿနာမဖြစ်နိုင်ပေမယ့်ပုထုဇဉ်ဖြစ်တဲ့ရဟန်းတော်တွေအတွက်ကတော့မိန်းမတွေက အန္တရာယ်တစ်ခုပါပဲ။ ဒါတွေက ဆောင်းပါးရေးတဲ့သူရဲ့ ထင်မြင်ယူဆချက်တွေပဲ ဖြစ်မယ်ထင်ပါတယ်။ ဘုရားရဲ့ အာဘော် ဟုတ်/မဟုတ် မစီစစ်ဘဲ မရေးသင့်ဘူးလို့ မြင်ပါတယ်။ ဒါက ဘာသာရေး/ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့အတွက် တိကျပြီး ခိုင်လုံမှသာ ရေးသင့်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၃:၄၀၊ ၉ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်၊ သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပတြာ လျှောက်ထားပုံ
  2. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်၊ ၁- ပဌမ ပါရာဇိက၊သုဒိန်ရဟန်းအကြောင်း ပြဆိုရာအခန်း
  3. ကျမ်းပြုအကျော် ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး ပြုစုရေးသားတော်မူသော ဓမ္မဒီပနီ (ဒုတိယအကြိမ်)၊စာမျက်နှာ ၃၃-၃၉
စာမျက်နှာ "ရဟန်းနှင့်မာတုဂါမ ဆက်ဆံရေး" သို့ ပြန်သွားရန်။