ရဟန်းနှင့်မာတုဂါမ ဆက်ဆံရေး

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကရဟန်းတွေကိုမာတုဂါမမိန်းမတွေနဲ့ဆက်ဆံရာမှာဘယ်လို ဆက်ဆံသင့်တယ် ဆိုတာအသေအချာ လမ်းညွှန်ဟောပြဆုံးမခဲ့ပါတယ်။ ဘာလို့ ဒီလို ဟောကြားပေးခဲ့ရသလဲလို့သုံးသပ်ကြည့်ရရင်အရိယာဖြစ်တဲ့ ရဟန်းတွေအတွက်မာတုဂါမ ဆိုတဲ့ မိန်းမတွေကပြဿနာမဖြစ်နိုင်ပေမယ့်ပုထုဇဉ်ဖြစ်တဲ့ရဟန်းတော်တွေအတွက်ကတော့မိန်းမတွေက အန္တရာယ်တစ်ခုပါပဲ။ [၁]အမှိုက်ကစပြာသာဒ်မီးလောင်ဆိုသလို မဖြစ်ရလေအောင်တင်းတင်းကြပ်ကြပ်တားမြစ်ထားခဲ့တာလို့ ယူဆပါတယ်။ တကယ်တော့ရဟန်းဆိုပေမယ့်ပုထုဇဉ်ရဟန်းတစ်ပါးဟာယောက်ျားတစ်ယောက်နဲ့ သိပ်မခြားနားပါဘူး။ စောင့်ထိန်းရမယ့် ဝိနည်း သိက္ခာပုဒ်တွေကို ဖယ်လိုက်ရင်ရဟန်းတော်ဟာလည်း ယောက်ျားတစ်ယောက်ပါပဲ။[ကိုးကားချက်လိုသည်] ဒါကို မာတုဂါမဖြစ်တဲ့အမျိုးသမီးတွေသေသေချာချာသိသင့်ပြီးထိန်းသိမ်းသင့်ပါတယ်။

ဆွမ်းခံကြွနေသောရဟန်းများပုံ

ကြည်ညိုမှု ပြင်ဆင်ရန်

ခေတ်အဆက်ဆက်မှာနာမည်ကြီးလှတဲ့တရားဟောဓမ္မာစရိယဆရာတော်တွေလူထွက်ပြီး မိန်းမယူခဲ့တာတွေ သိကြမြင်ရပါလိမ့်မယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင်အမျိုးသမီးတွေကတရားဟောဓမ္မာစရိယတွေတရားဟောပြောကောင်းပြီဆိုရင်ဘယ်နေရာဖြစ်ဖြစ် လိုက်လံ နာယူကြတာတွေ့ရှိပါတယ်။[၂]ဟောတာ ပြောတာ ကောင်းလို့ကြည်ညိုလို့ လိုက်လံနာယူတာကနေရင်းနှီးခင်မင်လိုစိတ်တွေ ဖြစ်လာကြပါတယ်။ ဆရာတော်တွေ အနားရောက်အောင်သွားပြီးခင်မင်ခွင့်ရင်းနှီးခွင့်ကို ရအောင်ယူခြေဆုပ်လက်နယ်ပြုကုသိုလ်ယူကြတဲ့အမျိုးသမီးတွေလည်းအများကြီးပါ။ တချို့ဆို ကြည်ညိုလို့ဆိုပြီးခြေစုံကိုဦးတိုက်တဲ့အမျိုးသမီးတွေ၊ဆရာတော်လာမယ့်လမ်းမှာဆံပင်ဖြန့်ခင်းပြီးဆရာတော်ကို နင်းလျှောက်စေကာပူဇော်တဲ့အမျိုးသမီးတွေအများကြီးရှိပါတယ်။ ကိုယ်ကကြည်ညိုစိတ်နဲ့လုပ်တာမှန်ပေမယ့်ဆရာတော်တွေကလည်းပုထုဇဉ်လူသားယောက်ျားတွေဆိုတာကိုမမေ့သင့်ပါဘူး။ လိုအပ်တာထက် ရင်းနှီးလာပြီဆိုရင်သဒ္ဓါလွန်တော့ တဏှာကျွံဆိုသလိုတွေဖြစ်လာနိုင်ပါတယ်။ ရဟန်းတော်တွေဘက်က ကြည့်ရင်လည်းငယ်စဉ်ကလေးဘဝကတည်းကကိုရင်ဝတ် ၊ စာဝါလိုက်အသက်(၂၀)ပြည့်ပြန်တော့ရဟန်းခံ ၊ စာဝါလိုက် ဆိုတော့မိန်းမအကြောင်းသိဖို့ခဲယဉ်းလှပါတယ်။ ဒီလိုမျိုးနဲ့ရဟန်းဖြစ်လာခဲ့တဲ့ငယ်ဖြူဆရာတော်တွေဆိုရင်မိန်းမနဲ့ပက်သက်တဲ့ အတွေ့အကြုံနည်းလွန်းလှပါတယ်။ တစ်ဖက်မှာအမျိုးသမီးတွေက ကြည်ညိုစိတ်နဲ့ ကိုယ့်ကို အရမ်းရင်းနှီးပတ်သက်လာတဲ့အခါ အမျိုးသမီးဆန့်ကျင်ဘက်လိင်ဆိုတဲ့အတွေးမျိုးဝင်သွားတာနဲ့ အမှားတွေကြုံဖို့များလာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ရဟန်းတော်တွေဟာ မာတုဂါမတွေနဲ့အတတ်နိုင်ဆုံးထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ရှောင်ကြဉ်ကြရပါတယ်။[ကိုးကားချက်လိုသည်]

ရှောင်ကြဉ်ရန်ဝိနည်းသိက္ခာပုဒ်များချမှတ်ထားခြင်း ပြင်ဆင်ရန်

ရှောင်ကြဉ်ဖို့လည်းဝိနည်းသိက္ခာပုဒ်များချမှတ်ထားခြင်းရှိပါတယ်။

  • သာမန်အားဖြင့်ရဟန်းတော်များသည်မာတုဂါမများနှင့်ထိတွေ့ခြင်း၊တိုးဝှေ့ခြင်း၊မပြုမိအောင်ရှောင်ကြဉ်ရသည်။

ရဟန်းများနှင့်မာတုဂါမတို့ထိတွေ့တိုးဝှေ့၍သာယာမိလျှင် အပြစ်ရှိသည်ဟုသိမှတ်ထားကြသည်။ ကာယသံသဂ္ဂသိက္ခာပုဒ်အရအာပတ်သင့်လျှင်ဂရုကအာပတ်သံဃာဒိသိသ်အာပတ်မျိုး ဖြစ်သဖြင့်သာမန်ဒေသနာကြားအာပတ်ဖြေရုံနှင့်မရ၊ထုံးစံရှိသလောက်ရက်ချိန်ယူ၍ပရိဝါသ်မာနတ်ဆောက်တည်ရသည်။ အဗ္ဘာန်ဆောင်ရသည်။[၃] ထို့ကြောင့်ရဟန်းတော်များသည်မာတုဂါမများနှင့်မထိမိအောင်သတိထားကြရသည်။ သို့သော်အမှတ်တမဲ့ထိခြင်း၊ကား၊ရထားပေါ်စသည်တို့၌တိုးဝှေ့မိခြင်း၊ခြေတော်စုံကိုဦးခိုက်ရှိခိုးခြင်း၊ အာမိသဆက်သရာဆွမ်းလောင်းလှူရာ၌လက်ချင်းထိခြင်းသည်ခြွင်းချက်သဘောနှင့်အာပတ်မှလွတ်သည်လည်းရှိပေသည်။ ဝန္ဒနဝတ္ထုသ္မိဣတ္ထိပါဒေသမ္ပာဟိတွာဝန္ဒိတုကာမာဝါရေတဗ္ဗာ၊ပါဒါဝါပဋိစ္ဆာဒေတဗ္ဗာနိစ္စလေနဝါဘဝတဗ္ဗံ၊နိစ္စလဿဟိစိတ္တေနသာဒိတော [၄]အနာပတ-၁၃၂ ရှိခိုးသောဝတ္ထု၌ မာတုဂါမတစ်ယောက်ကရဟန်း၏ခြေကိုဆုပ်ကိုင်၍ရှိခိုးသည်ကို တားမြစ်ရ၏။

    • ရဟန်းကခြေကိုသော်လည်းဖုံးထားရမည်။
    • ဆုပ်ကိုင်ထိတွေ့၍ရှိခိုးနေလျှင်မတုန်မလှုပ်(မလှုပ်မရှားနေ၍)သော်လည်းနေရမည်။

ခြေထောက်ကိုဆုပ်နယ်၍ ရှိခိုးနေသောမာတုဂါမ၏လက်မှလွတ်ရန်ရုန်းကန်လှုပ်ရှားသော်လည်းလွတ်မြောက်ရန်သာလုံ့လထုတ်ခြင်းဖြစ်၍အပြစ်မရှိဟုဆိုပေသည်။ ထိုအချက်ကိုသတိပြု၍ ဆွမ်းခံရာ၌သပိတ်ကပ်ခြင်း၊ပေးလှူခြင်းတို့၌လက်ချင်းထိသောအရာ၊ ပရိသတ်ထဲ၌အမှတ်မဲ့လက်ကိုဆန့်တန်းရာ၌ မာတုဂါမ၏ကိုယ်အင်္ဂါကိုထိမိသောအရာ၊မိန်းကလေးကို ယောက်ျားလေးမှတ်၍ ကိုင်မိသောအရာ စသည်တို့၌လည်း အတူတူပင်ဖြစ်ပေသည်။ ဒါကြောင့်ရဟန်းတော်တွေဘက်ကလည်းဘုရားရှင်ဟောပြခဲ့တဲ့မာတုဂါမများနဲ့ ဆက်ဆံရမဲ့နည်းလမ်းတွေကို အတိအကျလိုက်နာကျင့်သုံးဖို့လိုအပ်သလိုမာတုဂါမဖြစ်တဲ့အမျိုးသမီးများအနေနဲ့ကလည်းကိုယ်ကြည်ညိုပြီးရင်းနှီးသိကျွမ်းခင်မင်ချင်တာမှန်ပေမယ့်လိုအပ်တာထက်ပိုတဲ့ရင်းနှီးမှုမျိုးကို[၅] မဖြစ်စေဖို့သတိထားသင့်ပါတယ်။

ဗုဒ္ဓရှင်ကိုယ်တော်မြတ်ကြီးနှင့်အရှင်အာနန္ဒအမေးအဖြေ ပြင်ဆင်ရန်

အရှင်အာနန္ဒာသည်အမြော်အမြင်ကြီးစွာဖြင့် ရဟန်းတော်များနှင့်မာတုဂါမတို့ဆက်ဆံရမည့် နောင်ရေးကိုတွေးမိလာလေသည်။ ရဟန်းတော်များမှာပရူပဇီဝိပုဂ္ဂိုလ်သူတစ်ပါးကိုမှီ၍ အသက်မွေးကြသူများဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရေးနှင့်မာတုဂါမများနှင့်ကင်း၍လည်းမဖြစ်နိုင် ဆက်ဆံရမည်သာဖြစ်လေရာ ထိုမာတုဂါမများ(မိန်းမများ)နှင့် ဆက်ဆံသောအခါ၌ ရဟန်းတော်များအနေဖြင့် မည်သို့မည်ပုံကျင့်ကြံရမည်၊ နေထိုင်ရမည်ဟူသောအချက်ကို မြတ်ဘုရားသက်တော်ထင်ရှားရှိခိုက်လျှောက်ထားထိုက်သည်ဟု တွေးတောမိသဖြင့်နိဗ္ဗာန်စံပျော်တော်မူခါနီးကာလတွင်အရှင်အာနန္ဒာကကပ်၍လျှောက်ထားလေ၏။

ဂါထာတော်[၆]
ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။
အဒဿနံ အာနန္ဒ ဒဿန ဘဂဝါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။
အနာလာပေါ အာနန္ဒ အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ
သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။
အရှင်အာနန္ဒာ ဗုဒ္ဓရှင်ကိုယ်တော်မြတ်ကြီး[၇]
ရဟန်းတို့မည်သည် သူတစ်ပါး(ဒကာဒကာမများ)ကိုမှီ၍အသက်မွေးကြရသူများဖြစ်ပါသောကြောင့် မာတုဂါမများသည် ရဟန်းတော်များထံသို့လာရောက်ဆည်းကပ်ကြ၊ လှူဒါန်းကြပါလိမ့်မည်။ ထိုအခါရဟန်းတော်များအနေဖြင့်မည်သို့မည်ပုံ ကျင့်ကြံ၊ဆက်ဆံရပါမည်နည်းဘုရား။ ချစ်သားအာနန္ဒာ၊ကိလေသာကို ပယ်ခွာလိုသော ရဟန်းသည်စည်းစောင့်ရန် လုံခြုံရာ၌နသော နွားကဲ့သို့တံခါးလုံခြုံသောကျောင်း၌ကိန်းအောင်း၍နေရာ၏။ မာတုဂါမတို့ရောက်လာသော်လည်းအကြင်မျှလောက်သောကာလပတ်လုံးမာတုဂါမတို့၏အဆင်းပုံသဏ္ဌာန်ကိုမမြင်ရသေး။ ထိုမျှလောက်သောကာလပတ်လုံး(မမြင်တွေ့ရသေးသရွေ့)မာတုဂါမတို့၏ရုပ်အဆင်းကိုမမြင်မချင်းရုန်းရင်းတပ်မက်သောရာဂသည်ဖြစ်လွယ်၏။ ထိုကြောင့်မာတုဂါမကိုမမြင်ရာ၌

နေခြင်းသည်သာလျှင်ပဋိပတ်ကျင့်စဉ်ဖြစ်သတည်း။ မာတုဂါမတို့နှင့်မတွေ့မမြင်အောင်နေကြကုန်လော့။ မာတုဂါမတို့ရောက်လာသော်လည်း အကြင်မျှလောက်သောကာလပတ်လုံးမာတုဂါမတို့၏အဆင်းပုံသဏ္ဌာန်ကိုမမြင်ရသေး။ ထိုမျှလောက်သောကာလပတ်လုံး (မမြင်တွေ့ရသေးသရွေ့)မာတုဂါမတို့၏ရုပ်အဆင်းကိုမမြင်မချင်း ရုန်းရင်းတပ်မက်သောရာဂသည်ဖြစ်လွယ်၏။ ထိုကြောင့်မာတုဂါမကိုမမြင်ရာ၌နေခြင်းသည်သာလျှင်ပဋိပတ်ကျင့်စဉ်ဖြစ်သတည်း။ မာတုဂါမတို့နှင့်မတွေ့မမြင်အောင်နေကြကုန်လော့။

အရှင်ဘုရား၊ အကယ်၍ဆွမ်းခံလေသောအခါ ၊လှူဖွယ်ဝတ္ထုကိုလှူလာသောအခါမျိုးတို့၌ မာတုဂါမကိုမြင်ချေမူကားအဘယ်သို့ကျင့်အပ်ပါသနည်းဘုရား။ ချစ်သားအာနန္ဒာ၊ အကယ်၍ မာတုဂါမကိုမြင်တွေ့ငြားအံ့၊ စကားမပြောပဲနေခြင်းသည်ပင်မြတ်သောပဋိပတ်၊မြတ်သောဆက်ဆံရေးကျင့်စဉ်ဖြစ်၏။[၈]
ချစ်သားအာနန္ဒာ၊ ယောက်ျားတစ်ယောက်သည် ထက်စွာသောသံလျက်(ဓား)ကိုကိုင်လျက် ငါနှင့်စကားပြောခဲ့သော်၊ဆိုခဲ့သော်၊ သင့်ခေါင်းကိုဖြတ်ပစ်မည်၊ (သင့်ကိုသတ်ပစ်မည်)၊ဟူ၍ဆိုလေအံ့။ ဦးခေါင်းကိုအဖြတ်ခံ၍စကားပြောခြင်းသည်၊ ဆိုခြင်းက မြတ်သေး၏။ မာတုဂါမတို့အားစကားပြောခြင်းသည် မမြတ်လေ။ တစ်ဖန်ငါ့ကိုခေါ်ပြောခြင်းမပြုပါလျှင် သင်၏အသားကိုလှီး၍စားပစ်မည်ဟုဆို၍ အနားသို့တွင်လာရပ်သောဘီလူးမအားစကားပြောခြင်းသည်မြတ်သေး၏။ ချစ်ဖွယ်ရှိသော မာတုဂါမတို့အားစကားပြောခြင်းသည် မမြတ်။
ချစ်သားအာနန္ဒာ၊ အဘယ်ကြောင့်ဆိုသော်၊ မာတုဂါမတို့နှင့်စကားပြောရသည်ရှိသော် ချစ်ကျွမ်းဝင်ခြင်းသည်ဖြစ်၏။ ချစ်ကျွမ်းတဝင်ရာဂဖြစ်လာသည်ရှိသော်၊ အထူးထူးသောကိစ္စကိုကြံခြင်းဟူသောသင်္ကပ္ပရာဂဖြစ်၏။ ယင်းသင်္ကပ္ပရာဂဖြစ်သည်ရှိသော်တဏှာဥပါဒါန်တို့သည်ဖြစ်လာကုန်၏။ ထိုတဏှာ၊ဥပါဒါန်တို့ဖြစ်လာကုန်သည်ရှိသော် သီလပျက်စီးခြင်း၊ညစ်နွမ်းခြင်ရောက်၍အပါယ်လေးပါးသို့လားရမည်ဖြစ်သည်။ ထို့ကြောင့်မာတုဂါမတို့အားစကားပြောခြင်းသည်မမြတ်ဟုငါဘုရားမိန့်တော်မူသတည်း။
အရှင်ဘုရား၊ မာတုဂါမတိုသည် သူတို့သိလို၊စပ်စုလို၊မေးမြန်းလိုသောပြဿနာအထွေထွေတို့ကိုမေးလျှောက်ရန်ကျောင်းသို့လာကြပါကုန်လိမ့်မည်။ ကျောင်းမှမပြန်ပဲ တစ်နေကုန်တစ်နေခန်းမေးမြန်းခြင်းပြုချင်ပြုကြပါကုန်လိမ့်မည်။ ဥပုသ်သီတင်းစောင့်သုံးဆောက်တည်လိုကြ၍သီလတောင်းချင်လည်းတောင်းပန်ကြပါလိမ့်မည်။ ရဟန်းတို့၏ပြုဖွယ်ကိစ္စအဝဝကိုလည်းကူညီ၍လုပ်ကိုင်ပေးခြင်းပြုချင်လည်းပြုကြပါလိမ့်မည်။ ထိုအခါမျိုးတွင်စကားမပြော၊ တုံဏှိသောနှုတ်ဆိတ်၍နေပါလျှင် ရဟန်းတို့သည်ဆွံအကုန်၏နားပင်းကုန်၏၊ လောကရေးရာပေါင်းသင်းဆက်ဆံမှု့ကို ဘာမှနားမလည်ကြကုန်ဟု ဆိုကြပါလိမ့်မည်ဘုရား၊သို့ပါသောကြောင့်မလွဲသာ၍မာတုဂါမများနှင့်စကားပြောရချေသော်အဘယ်သို့ နှလုံးသွင်းရပါမည်နည်းဘုရား။ ချစ်သားအာနန္ဒာကျောင်းသို့ရောက်လာကြသောမာတုဂါမများအားစကားပြောလိုသည်ရှိသော်မိဘအရွယ်ရှိသော၊ အမေအရွယ်လောက်ရှိသူများကို ငါ့မိဘ၊ငါ့အမေဟုနှလုံးသွင်းကြကုန်

(စိတ်ကိုထားကြကုန်)။ ညီမအရွယ်၊အစ်မအရွယ်မျှလောက်ရှိသူများအား ငါ့နှမ၊ငါ့ညီမ၊ငါ့အစ်မဟူ၍လည်းကောင်းနှလုံးသွင်းကြပါကုန်၊စိတ်ကိုထားကြပါကုန်။ သမီးအရွယ်ရှိသူများအား ငါ့သမီးဟူ၍အမှတ်ထား၍ဆက်ဆံပြောဆိုကြပါကုန်။ [၉]

ချစ်သားအာနန္ဒာ မာတုဂါမတို့နှင့်စကားဆိုပြောရသောအခါမျိုး၌အထူးသဖြင့်သတိကြီးစွာထား၍ဆက်ဆံကြကုန်လော့။ [၁၀]

ဗုဒ္ဓပရိနိဗ္ဗာန်စံခါနီးအာနန္ဒာအာပေးထားခဲ့သောဩဝါဒစကားဤကားဗုဒ္ဓပရိနိဗ္ဗာန်စံခါနီးဩဝါဒပေးထားခဲ့သောမာတုဂါမတို့နှင့်ပေါင်းသင်းဆက်ဆံနည်းပင်ဖြစ်ပါလေတော့သတည်း။

ကိုးကား ပြင်ဆင်ရန်

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာဝကရဟန်းတော်များ လိုက်နာကျင့်ဆုံးဆောက်တည်ရန် ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်များ

  1. ဗုဒ္ဓရှင်ကိုယ်တော်မြတ်ကြီးလမ်းညွှန်ဟောပြဆုံးမခဲ့သောပုထုဇဉ်ရဟန်းတော်အန္တရာယ်
  2. ဓမ္မာစရိယဆရာတော်လူထွက်
  3. ကာယသံသဂ္ဂသိက္ခာပုဒ်
  4. အနာပတ-၁၃၂ ဝတ္ထု
  5. ရဟန်းမာတုဂါမရင်းနှီးသိကျွမ်းမှု
  6. အရှင်အာနန္ဒအမေးဂါထာတော်
  7. အမြော်အမြင်ကြီးသောအရှင်အာနန္ဒာ
  8. ရဟန်းနှင့်မာတုဂါမဆက်ဆံရေး
  9. ကျောင်းသို့လာသောမာတုဂါမ
  10. ဗုဒ္ဓပရိနိဗ္ဗာန်စံခါနီးအာနန္ဒာအာပေးထားခဲ့သောဩဝါဒစကား