ဇင်မောင် (အင်္ဂလိပ်: Zin Maung)သည် MRTV-4, CHANNEL7, Forever Group ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူ ဖြစ်သည်။ ပင်တိုင်အစီအစဉ်မှာ Discovery of Taste ဖြစ်သည်။ [၁][၂]

ဇင်မောင်
မွေးဖွားဇင်မောင်
(1990-11-27)နိုဝင်ဘာ ၂၇၊ ၁၉၉၀
ရန်ကုန်
ကွယ်လွန်အောက်တိုဘာ ၃၁၊ ၂၀၂၀(2020-10-31) (အသက် ၂၉)
ကြည့်မြင်တိုင်မြို့နယ်
သေဆုံးရခြင်း အကြောင်းရင်းပိုတက်ဆီယမ်ကျ၊ သွေးဖြူဥများ
ထာဝရ နားခိုရာနေရာထိန်ပင်
ဌာနေကြည့်မြင်တိုင်မြို့နယ်
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များJulian
ပညာရေးElectrical Engineering, WYTU(၂၀၀၈-၂၀၁၄)
မိခင်ကျောင်းအထက ၂ ဒဂုံ(၂၀၀၈)
အလုပ်အကိုင်တင်ဆက်သူ
တက်ကြွလှုပ်ရှားနှစ်များ2013-2018
အလုပ်ရှင်MRTV-4
အဖွဲ့အစည်းForever Group
ကျော်ကြားမှုအရင်းခံDiscovery of Taste
ထင်ရှားသည့်
လုပ်ဆောင်မှု
Discovery of Taste
ဇာတိရန်ကုန်
အရပ်-
ကိုယ်အလေးချိန်-
တီဗီအစီအစဉ်Channel-7
အိမ်ထောင်ဖက်(များ)-
မိဘ(များ)ရှိ
ဆွေမျိုးသားချင်းအစ်မ ၁၊ အစ်ကို ၂

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၌ နေထိုင်သည်။ ငယ်စဉ်ကပင် အသက်ရှူကြပ်ဝေဒနာ ခံစားရသည်။ ၂၀၀၈ ထိ ဒဂုံ အထက ၂ တွင် တက်ရောက်သည်။ ၂၀၀၈ - ၂၀၁၄ တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရသည်။ ၂၀၁၃ ဇူလိုင် ၁၅ မှစ၍ MRTV-4 တွင် အစီအစဉ်တင်ဆက်သူအဖြစ် စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၈ နိုဝင်ဘာ ၈ ထိ ဖြစ်သည်။

နိဂုံး ပြင်ဆင်ရန်

၂၀၂၀ အောက်တိုဘာ ၃၁ နံနက် ၃ နာရီခန့် ရုတ်တရက် အသက်ရှူကြပ်၍ ဆေးရုံပို့ရာ ကားပေါ်၌ ကွယ်လွန်သည်။ ဆေးစစ်ချက်အရ ပိုတက်ဆီယမ်ကျဆင်းကာ သွေးဖြူဥများသောကြောင့် ဖြစ်ရသည်ဟု ဆိုသည်။ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပြီး၊ ကွယ်လွန်ချိန် အသက် ၃၀ သာ ရှိသေးသည်။ ပန်းကောင်းအညွန့်ကျိုး ဖြစ်၍ လူမှုကွန်ယက်များတွင် ဝမ်းနည်းစာများကို လုပ်ဖော်ကိုင်ဖက်များက ရေးသားခဲ့ကြသည်။ ကိုဗစ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည် ဖြစ်ရာ ဆေးရုံသွားရန် အခက်အခဲ ဖြစ်ခဲ့သည်။ နိုဝင်ဘာ ၂ တွင် ထိန်ပင်သုဿာန်၌ သင်္ဂြိုဟ်သည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ဇင်မောင်