ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသအကြောင်း ဖြစ်သည်။
(ဇနကာဘိဝံသ၊ အရှင် (ရွှေကျင်) မှ ပြန်ညွှန်းထားသည်)

အရှင်ဇနကာဘိဝံသသည် မြန်မာနိုင်ငံသာသနာဝင်တွင် ထင်ရှားကျော်ကြားခဲ့ပြီး ကျမ်းစာများပြုစုကာ သံဃာတော်များအား ဗုဒ္ဓစာပေများ ပို့ချပေးတော်မူခဲ့သည့် ရဟန်းတစ်ပါး ဖြစ်သည်။ “ဘာသာဋီကာ”ကျမ်းများ ပြုစုတော်မူခဲ့ခြင်းကြောင့် ၂၀ ရာစု ရှင်မဟာဗုဒ္ဓဃောသဟု သာသနာတော်နယ်တွင် ကျော်ကြားပြီး သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ၂၀-ရာစု မြန်မာနိုင်ငံ၏ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့သည်။

မဟာဂန္ဓာရုံဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဂိုဏ်းရွှေကျင် (ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ)
ကျောင်းတိုက်မဟာဂန္ဓာရုံကျောင်းတိုက်
ကျော်ကြားမှုကျမ်းစာပြုစုခြင်း
ပညာရေးပထမပြန်၊ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ
အခြားအမည်များ
  • ဘာသာဋီကာဆရာတော်
  • ဘာဋီဆရာတော်
  • မဟာဂန္ဓာရုံဆရာတော်
  • တောင်မြို့ဆရာတော်
  • တောင်မြို့မဟာဂန္ဓာရုံဆရာတော်
ဓမ္မအမည်ဇနက
ရဟန်း အမည်ဇနကာဘိဝံသ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုး မြန်မာ
မွေးဖွားမောင်ဌေးလွင်
(1900-02-27)၂၇ ဖေဖော်ဝါရီ၊ ၁၉၀၀
စစ်ကိုင်းတိုင်းရွှေဘိုခရိုင်
ဝက်လက်မြို့နယ်၊ သရိုင်ကျေးရွာ
ကွယ်လွန်ဒီဇင်ဘာ ၂၇၊ ၁၉၇၇(1977-12-27) (အသက် ၇၇)
၁၃၃၉ ခု နတ်တော်လပြည့်ကျော်(၂)ရက်
မိဘဦးဇောတိနှင့် ဒေါ်အုန်းလှိုင်
ဘာသာရေးရာ
ဆရာ(များ)အရှင်ဉာနာဘိဝံသ
ဂုဏ်ပြုခံရမှုများ
  • အဂ္ဂမဟာပဏ္ဍိတ (၁၃၁၂)
  • ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက
  • ဆဋ္ဌသံဂီတိ ဘာရနိတ္တာရက
  • ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက
  • ဆဋ္ဌသံဂီတိ ဩသာနသော ဇေယျပတ္ထပါဌ (၁၃၁၅)

၁၂၆၁ - ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၄)ရက် (၁၉၀ဝ-ပြည့်နှစ်၊ ဖေဖော်ဝါရီလ-၂၇ရက်) အင်္ဂါနေ့တွင် စစ်ကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်၊ သရိုင်ရွာ၌ အဖ-ဦးဇောတိ၊ အမိ ဒေါ်အုန်းလှိုင်တို့က မွေးဖွားခဲ့။ ငယ်မည်မှာ မောင်ဌေးလွင်ဖြစ်သည်။

သရိုင်ရွာ ပင်းကျောင်းဆရာတော်ထံတွင် စတင်၍ပညာဆည်းပူးရာ တစ်နှစ်ခွဲအတွင်း အခြေခံသင်ရိုးကို ကောင်းစွာ ပေါက်မြောက်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ပထမအကြိမ် ရှင်သာမဏေပြုသည်။ ၁၂၇၄ - အသက်(၁၂)နှစ်အရွယ်တွင် မန္တလေးမြို့အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇီးပင်ကျောင်းတိုက်၌ စာချဘုန်းကြီး (မြောင်းမြဆရာတော်လောင်း)ဥုးဉာနာဘိဝံသထံ ဆက်လက်ပညာသင်ကြားသည်။ ၁၂၇၅ တွင် ဒုတိယအကြိမ်ရှင်သာမဏေပြုပြီး ၂ နှစ်အကြာ အသက်(၁၅)နှစ် အရွယ်၌ ပထမငယ်တန်း အောင်မြင်ခဲ့သည်။ ၁၂၇၈ - အသက်(၁၆)နှစ်သားတွင် ပထမလတ်တန်းအောင်၍ ဥုးဉာနာဘိဝံသကို ဥပဇ္ဈာယ်ပြုကာ သာမဏေဘောင်သို့ ဝင်ရောက်ခဲ့ပြီး ရှင်ဇနကအမည်ကို ကိုယ်တိုင်ရွေးချယ်ခဲ့သည်။ ၁၂၇၉ - ပထမကြီးတန်းအောင်သည်။ ၁၂၈၀ - တပေါင်းလပြည့်တွင် ပလိပ်မြို့ ဧကျောင်း ခဏ္ဍသိမ်တော်၌ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်သည်။

စာပေစတင်ပို့ချခြင်း

ပြင်ဆင်ရန်

၁၂၈၁ ခုနှစ် နယုန်လပြည့်နေ့၌ တစ်ကြိမ်၊ တပေါင်းလပြည့်နေ့၌ တစ်ကြိမ် ရဟန်းဘဝတွင် သိက္ခာထပ်သည်။ ပထမကြီးတန်းအောင်ပြီးနောက်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်တွင် ပညာဆက်လက်ဆည်းပူးသည်။ စာဝါတက်ခိုက် ရဟန်း(၃)ဝါအရတွင် ပညာထက်မြက်ထူးချွန်မှုကြောင့် "ဂဏဝါစကစာချ" အဖြစ် ချီးမြှောက်ခံရပြီး စာဝါချပေးသည်။ ပခုက္ကူတွင် (၄)ဝါ စာချပြီးနောက် မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ပြန်ကြွသည်။ ၁၂၈၃၊ ကဆုန်လဆန်း(၁)ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ ပခုက္ကူစာချ အဖြစ်တင်မြှောက်ခံရသည်။ ၁၂၈၇၌ ပထမကျော်တန်းအောင်မြင်သည်။ ၁၂၈၉ - "ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့" ရသည်။ ထို့နောက် အဘယာရာမဆရာတော်က ခေါ်ယူသည့်အတွက် မန္တလေးအနောက်ပြင် အဘယာရာမရွှေဂူတိုက်သစ်သို့ ပြောင်းရွှေ့ပြီး စာဝါများ ပို့ချပေးခဲ့ရ၏။

ကျမ်းစာများ ပြုစုခြင်း

ပြင်ဆင်ရန်

၁၂၉၀ ခုနှစ် ရဟန်း (၁၀) ဝါအရတွင် မိမိ၏ မွေးနေ့ဖြစ်သော တပို့တွဲလကွယ်နေ့၌ သင်္ဂြိုဟ်ဘာသာဋီကာကို စတင်ပြုစုသည်။ ၁၂၉၃ ခု သင်္ဂြိုဟ်ဘာသာဋီကာကို ပြုစုနေစဉ် ဖခင်ဒကာကြီးနှင့် အဘယာရာမကျောင်းတိုက်မှ ဒကာကြီးတို့က တောင်းပန်သည့်အတွက် ရတနာ့ဂုဏ်ရည်ကို ပြုစုပြီး ထုတ်ဝေသည်။ (ပထမဆုံး ပုံနှိပ်ထုတ်ဝေသော ကျမ်းစာဖြစ်သည်။) ထို့နောက် အခြေပြုသင်္ဂြိုဟ်၊ အခြေပြုသဒ္ဒါ၊ သင်္ဂြိုဟ်ဘာသာဋီကာ၊ ကိုယ်ကျင့်အဘိဓမ္မာ စသည်ဖြင့် ကျမ်းများဆက်ကာဆက်ကာ ပြုစုသည်။ သင်္ဂြိုဟ်ဘာသာဋီကာကို စတင်ရေးသားချိန်မှ ပြီးစီးချိန်ထိ (၈)နှစ် အချိန်ယူပြုစုခဲ့ရသည်။ အဘယာရာမကျောင်းတိုက်တွင် (၁၂) နှစ်ကျော်သီတင်းသုံးစဉ် စာချခြင်း၊ စာရေးခြင်း၊ တရားဟောခြင်း၊ ကျောင်းအုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ခြင်းဟူသော တာဝန်များယူရသည့်အပြင် အဘယာရာမဆရာတော်ကြီးကိုလည်း ကူညီဆောင်ရွက်ပေးရသည်။ ၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ) တွင် အမရပူရတောင်မြို့သို့ ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဋ္ဌာန်းကျောင်းတိုက်တွင် "ဗုဒ္ဓဘာသာသင်္ခန်းစာများ" အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိ ရေးသားပြုစုပေးခဲ့သည်။

မဟာဂန္ဓာရုံစာသင်တိုက် စည်ပင်လာခြင်း

ပြင်ဆင်ရန်

၁၃၀၃ - ဝါဆိုလ(၁၉၄၁-ခု၊ ဇူလိုင်လ)တွင် အမရပူရ၊ တောင်မြို့သို့ ပြောင်းရွှေ့၍ မဟာဂန္ဓာရုံကမ္မဋ္ဌာန်းကျောင်းတိုက်တွင် သီတင်းသုံးသည်။ ဆရာတော်သည် မဟာဂန္ဓာရုံကျောင်းတိုက်ကို စနစ်တကျတည်ထောင်ပြီး စာဝါများ ပို့ချပေးခဲ့ရာ (၃၇)နှစ်အတွင်း ကျောင်းဆောင်(၁၀ဝ)ကျော်၊ သံဃာ(၅၀ဝ)ကျော်အထိ တိုးပွားလာသည်။ ထိုကာလအတွင်း ကျောင်းနေသံဃာတို့ကို နေ့စဉ် တစ်နေ့လျှင် စာ(၃)ဝါ ပို့ချပေးပြီး စာပေကျမ်းဂန်များလည်း ဆက်လက်ပြုစုသည်။ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ငယ်ရွယ်သော သာမဏေများ၊ ရဟန်းများကို ရွေးချယ်လက်ခံပြီး စနစ်တကျ ပြုပြင်သည်။ စည်းကမ်းချက်များကို တိတိကျကျ ချမှတ် အကောင်အထည်ဖော်သည်။ မိမိကိုယ်တိုင် ဝိနည်းနှင့်အညီ ကျင့်သုံးပြီး ကျောင်းနေသံဃာများကိုလည်း တိတိကျကျ ကျင့်သုံးလိုက်နာတတ်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့သည်။ "မည်မျှစာတတ်စေ စိတ်ကောင်းမရှိလျှင် သာသနာ့အကျိုး မဆောင်ရွက်နှိုင်" ဟု ခံယူကာ စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ၊ စာတတ်ဖို့က ဒဿမ-စသည်ဖြင့် အရေးပါမှု အတိုင်းအတာအလိုက် မူချ ကြပ်မတ်ခဲ့သည်။ ထို့ကြောင့် စံပြကျောင်းအဖြစ် ထင်ရှားလာခဲ့သည်။ မန္တလေးပရိယတ္တိသာသနာ့ဟိတအသင်းကြီးအတွက် သာမဏေစာတော်ပြန်ပွဲ စည်းမျဉ်းကို ရေးဆွဲအကောင်အထည် ဖော်ခဲ့သည်။ ကျောင်းများတွင် ဗုဒ္ဓဘာသာသင်္ခန်းစာများ သင်ကြားပေးရေးအစီအစဉ်အရ (နိုင်ငံတော်အစိုးရက တာဝန်ပေးအပ်သဖြင့်) မူလတန်းများအတွက် ဗုဒ္ဓဘာသာလက်စွဲသင်္ခန်းစာများ ပြုစုခဲ့သည်။ ထို့ပြင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)က ဖွင့်လှစ်မည့် ဗုဒ္ဓဘာသာ အခြေခံသင်တန်းကျောင်းများအတွက်လည်း "ဗုဒ္ဓဘာသာသင်္ခန်းစာများ" အမည်ဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိ ရေးသားပြုစုပေးခဲ့သည်။

 
မဟာဂန္ဓာရုံကျောင်းတိုက်မှ သံဃာ​တော်များ နံနက်ပိုင်း ​မေတ္တာပို့ကြစဉ်

သာသနာရေးအဖွဲ့အစည်းများနှင့် ဆောင်ရွက်မှု

ပြင်ဆင်ရန်

၁၃၁၂ ခု လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်အစိုးရက ပထမဆုံးဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ခံယူရရှိသည်။ ၁၃၁၅ ခု ဆဋ္ဌသင်္ဂါယနာတင်ပွဲ၌ ဆဋ္ဌသံဂီတိဩဝါဒါစရိယသံဃနာယက၊ ဆဋ္ဌသံဂီတိဘာရနိတ္တာရက၊ ဆဋ္ဌသံဂီတိပါဠိပဋိဝိသောဓက၊ ဆဋ္ဌသံဂီတိဩသာနသောဓေယျပတ္ထပါဌကအဖြစ် တင်မြှောက်ခြင်းခံရသည်။ ၁၃၂၆ ခုတွင် မှော်ဘီသာသနာသန့်ရှင်းပြန့်ပွားရေးအစည်းအဝေး၏ ဦးဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရသည်။ ၁၃၃၇ ခု ပဲခူးမြို့၌ ကျင်းပသော ရွှေကျင်နိကာယ (၁၁) ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် အစည်းအဝေးမှ တွဲဖက်သာသနာပိုင် (ရွှေကျင်နိကာယဥပဥက္ကဋ္ဌ)အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဆရာတော်သည် ကျမ်းပေါင်း(၆၃)ကျမ်း ရေးသား ပြုစုခဲ့ရာ သင်္ဂြိုဟ်ဘာသာဋီကာ၊ ရူပသိဒ္ဓိဘာသာဋီကာ စသည်ဖြင့် ဘာသာဋီကာအမည်တပ်သော ကျမ်းအများအပြားပါဝင်ပြီး ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဘာသာသွေး၊ အနာဂတ်သာသနာရေး၊ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စသည်တို့သည် ထင်ရှား၏။ ပျံလွန်တော်မူကာနီး(၂)ရက်အလိုတွင် သုတ်မဟာဝါဘာသာဋီကာကျမ်းကို အဆုံးသတ်ခဲ့သည်။ ပျံလွန်တော်မမူမီ (၁၃)ရက်အလိုတွင် မိမိ၏ ထေရုပ္ပတ္တိကို "တစ်ဘဝသံသရာ" အမည်ဖြင့် ရေးသားပြုစုခဲ့သည်။ ၁၃၃၉ ခု နတ်တော်လပြည့်ကျော်(၂)ရက် (၁၉၇၇-ဒီဇင်ဘာ-၂၇-ရက်) အင်္ဂါနေ့ညနေ ၄ နာရီ၊ ၃၀ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူမည့် နေ့လယ်အထိ သုတ်ပါထေယျ အဋ္ဌကထာကို စာချပေးခဲ့၏။

ထင်ရှားသော ကျမ်းဂန်စာအုပ်များ(အချို့)

ပြင်ဆင်ရန်
  1. အခြေပြုသင်္ဂြိုဟ်
  2. အခြေပြုသဒ္ဒါ
  3. သင်္ဂြိုဟ်ဘာသာဋီကာ
  4. အနာဂတ်သာသနာရေး
  5. ကိုယ်ကျင့်အဘိဓမ္မာ
  6. ရတနာ့ဂုဏ်ရည်
  7. ဗုဒ္ဓဘာသာသင်္ခန်းစာများ(၉)တွဲ
  8. ဘာသာသွေး
  9. သုတ်မဟာဝါ-ဘာသာဋီကာ
  10. ဘာသာရေး ပြဿနာများ
  11. ရုပ်ပုံရှင်ကျင့်ဝတ်
  12. လူချမ်းသာ
  13. ဗုဒ္ဓါနုဿတိဘာဝနာ
  14. နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ
  15. တစ်ဘဝသံသရာ(ကိုယ်တိုင်ရေးထေရုပ္ပတ္တိ)
  16. ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော်
  17. အခြေပြုပဋ္ဌာန်း
  18. သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအဖြေများ
  19. ဘုရားဥပဒေတော်ကြီး

ဆရာတော် ရေးသားခဲ့သော ကျမ်းဂန်စာအုပ်များကို ဓမ္မဒေါင်းလုဒ် Dhammadownload က စုစည်းထားရှိသည်။[]

ASHIN JANAKABHIVAMSA ( Agga Maha Pandita) (1900- 1977)

Nayaka Sayadaw of Mahagandharama Monastery Amarapura, Mandalay Division, Myanmar

The boy who was to grow up to become a celebrated teacher of Pali Scriptures and the Abbot of the famous Mahagandharama Monastery of Amarapura, Mandalay Division, was born on Tuesday the fourteenthth waning day of Tabodwe 1261, ME. (27 February 1900) of U Zaw Ti and Daw Ohn Hline in Tha-yine village, Wetlet township, Shwebo district, Sagaing Division.

In 1266, when he was five years old, he was sent to the local monastery and was initiated for the first time in accordance with traditional custom into the Order of the Samgha as a novice, samanera. Nine years later in 1275 when he was initiated for the second time into the Order, it was to spend his life-time as a disciple of the Buddha in His Dispensation.

At the age of eighteen in 1279 M.E. (1918) while he was still a samnanera, he passed the Government examination at the higher level Pathamagyi.

When he came of age he was ordained a full-fledged Buddhist monk with the title of U Janaka on the Full-moon day of Tabaung 1280 M.E. (1919). He had the distinction of being ordained thrice in his life, the second time on the Full-moon day of Nayon 1281 M.E. (1920) and the third on the Full-moon day of Tabaung, 1281 M.E. (1920).

His preceptor saw to it that he studied under the best teachers in the two most prominent centres of Pariyatti learning in Myanmar, namely, Mandalay and Pakhokku. The advanced courses in the Pali Canon, the Commentaries, Sub-commentaries, exegeses, and expositions were thoroughly learned from the most distinguished teachers of these centres where he was afforded the opportunity of acting as a probationary teacher himself under their guidance.

Thus to pass the Government Pathamagyaw examination in 1287, standing first, and to gain outright success in the specially difficult Sakyasiha-Lecturership examination in 1289 for the title of Pariyattisasanahita Dhammacariya were for him just matters of routine.

By that time he had already started launching his whole time job of writing books which were to be useful guides and manuals for his thousands of students who later gathered round him till he passed away. He also wrote many small manuals for lay Buddhists who have no opportunity to study the Teaching of the Buddha directly from the Pali Canon.

It was at the time when the rumblings of the World War II began to reach the shores of Myanmar and the Japanese forces began to appear at the eastern border that the Venerable Janakabhivamsa who had already become a noted teacher and writer began to settle down in his own monastery at Amarapura, about 6 miles south of Mandalay. It was an old monastery called Mahagandharama which belonged to his mentor the First Mahagandharama Sayadaw. There were only three dilapidated buildings with five resident monks including himself when he decided to settle down there and bring it up to be a prosperous monastic educational institution.

That he had succeeded in his endeavour even beyond his expectations was evidenced by the fact that when he passed away in 1977, there were over 500 bhikkhu and samanera disciples under his charge as residential students of Tipitaka, strictly following the Vinaya (Disciplinary) Rules as laid down by the Buddha, and 97 monastic dwellings donated by devotees. He had managed to provide residential accommodation for all his students and early morning meal for all of them. The midday meal was collected by the students by going on alms-round. He was among the first recipients of the title of Aggamahapandita, the Superior Learned One, bestowed by the first President of Independent Myanmar.

For full thirty five years between 1942 and 1977, he was intensely and incessantly active in the cause of purification and propagation of the Sasana, conducting courses of instruction in Pitakas, writing text books and sub-commentaries and many religious handbooks for lay people.

At the time of the Sixth Buddhist Council which was begun in May 1954, he was busily engaged in various committees: as an advisor, Chattha Sangiti Ovadacariya Samgha Nayaka; as Performer of various duties at the Sixth Council, Chattha Sangiti Bharanittharaka, as an editor of Pali Texts, Chattha Sangiti Palipativisodhaka; and a Reader of Texts which have reached the final stage of redaction, Osanasodheyyapattapathaka.

Throughout all these years while he was actively engaged in teaching, in administration of his fast growing monastery with attendant supervision of constructions and provision of accommodation and meals for increasing number of students and attending to duties incumbent upon being appointed a member of many committees of the Sixth Council, he never failed to continue writing books and managing their publication.

He wrote in all 74 books made up of 11 books on Pali grammar, 14 books on Vinaya, 14 books on Abhidhamma, 8 books on Suttanta Pitaka and 24 books on miscellaneous subjects dealing with all aspects of Buddhist Teaching and Sasana; he managed to publish 50 of them before he passed away.

He started writing books from the time he became a Thera of ten years standing at the age of thirty (1930) and continued to do so till 5 days before his death on December 1977. He had great desire to help the bhikkhu students of Pali Canon master easily the teachings of the Buddha including their expositions in the Commentaries and Sub-commentaries. He also had in mind to give as much Buddhist education to the lay disciples who are incapable of devoting entirely to the study of scriptures, by writing popular books such as this one, "Abhidhamma in Daily Life", for example. "The Last Ten Months of the Buddha" was another book written for the benefit of laymen. It was a strange coincidence that as the Revered Sayadaw was coming to an end of his discourse on the Mahaparinibbana Sutta, Mahavagga of Digha Nikaya and its Commentary in December, 1977, eleven months away from his demise he started writing "The Last Ten Months of the Buddha".

It was also during these last eleven months that he compiled an autobiography "Tabhava Samsara" dealing with all aspects of his life, touching on his struggles, pains, hostilities, jealousies, triumphs and above all on his metta, karuna, cetana for all beings with the greatest kindness for Myanmar people. He managed to complete his autobiography up to 13 days before he expired, the last gap being filled and completed by his devoted disciple Bhaddanta Candobhasa.

The illustrious author, the Venerable Bhaddanta Janakabhivamsa passed away after a short illness, at the age of 78 on the 2nd waning of Nattaw, 1339 M.E., 27th December 1977, a great loss for all Myanmar and the Buddha Sasana.

(From 'Abhidhamma in Daily Life', translated by U Ko Lay, 1999)