ဇာသပြင်ရှေ့ရွာ၊ ဘားအံမြို့နယ်
ဇာသပြင်(ရှေ့)ရွာ၊ မွန်ဘာသာ ဖြင့် ကွာန်ထဝ်ပလင် (ကဝမ်(ရွာ) ထော(ရွေ) ပလမ်း(ပုလင်)) ဟုခေါ်ပါသည်။ (အင်္ဂလိပ်: Zarthapyin(East))သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇာသပြင်(အရှေ့)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၀၅၄ ဖြစ်သည်။ မွန်လူမျိုး ၇၅ ရာခိုင်းနှုန်းခန့် အများစုနေထိုင်သော ရွာဖြစ်ပီး တခြားတိုင်းရင်းသား ဗမာ၊ကရင်၊ပအို့ တို့ အနည်းငယ်နေထိုင်ကြပါသည်၊ အဓိက စည်းပွားရေးမှာ စိုက်ပျိုးရေး၊ မြေအိုးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း များကို အဓိက လုပ်ကိုင်ကြပါသည်။ ဇာသပြင်ရွာ ၏ ထင်ရှာသောပွဲတော် တစ်ခုမှာ တပို့တွဲ လပြည့်နေမှာ ကျင်းပကြသော မီးပုံပွဲ မှာ စည်းကားလှပါသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဇာသပြင်(အရှေ့)ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၉၅၄ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၄၁၆၃ ဦး နေထိုင်သည်။ ကျားကလေး-ဇာသပြင်လမ်းနှင့် အိန္ဒု-ဇာသပြင်လမ်းသည် ကတ္တရာလမ်း ဖြစ်သည်။ [၁]
ဇာသပြင်(ရှေ့) | |
---|---|
ရွာ | |
ဇာသပြင်(ရှေ့)ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°34′09″N 97°44′39″E / 16.5690994262695°N 97.744041442871°Eကိုဩဒိနိတ်: 16°34′09″N 97°44′39″E / 16.5690994262695°N 97.744041442871°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဘားအံခရိုင် |
မြို့နယ် | ဘားအံမြို့နယ် |
ကျေးရွာအုပ်စု | ဇာသပြင်(အရှေ့) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ ကရင်ပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |