လအပြည့်ကြတ်ခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့မြင်ခဲ့ရသည်။ လသည် ကမ္ဘာ့အရိပ်၏ အလယ်ဗဟိုသို့ ဖြတ်သန်း၍ သွားမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်နောက်ပိုင်း ဤသည်မှာ ပထမဆုံးဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင်တော့ ဒုတိယအကြိမ်မြောက် လကြတ်ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ကဖြစ်သည်။

ဇူလိုင် ၂၀၁၈ လကြတ်ခြင်း
Total eclipse
Totality from Oria, Italy, 21:09 UTC
Chart of the eclipse; ecliptic north is up, hourly motion shown right to left
နေ့စွဲ၂၇ ဇူလိုင် ၂၀၁၈
Gamma+0.1168
Magnitude1.6087
Saros cycle129 (38 of 71)
CatalogLE2018Jul27T
ကြာမြင့်ချိန်
အပြည့်102 minutes, 57 seconds
တစိတ်တပိုင်း234 minutes, 32 seconds
Penumbral373 minutes, 48 seconds
← ဇန်နဝါရီ ၂၀၁၈
ဇန်နဝါရီ ၂၀၁၉ →


လသည် ကမ္ဘာနှင့် အဝေဆုံးအကွာအဝေးသို့ ရောက်ရှိနေချိန်တွင် လကြတ်ခြင်းဖြစ်ပေါ်ခဲ့ရာ လသည် ပုံမှန်အရွယ်အစားထက် သေးငယ်၍နေမည်ကို တွေ့ရပြီး(ဤကဲ့သို့ လအဝေးဆုံးသို့ရောက်၍ သေးငယ်နေဟန် ဖြစ်စဉ်ကို မိုက်ခရိုမွန်း ဟုခေါ်သည်။)[၁][၂] ကမ္ဘာအား အနှေးဆုံးသောအရှိန်ဖြစ် လည့်ပတ်၍နေသည်။[၃] ဤလကြတ်ခြင်းမှာ ၂၁ ရာစုတွင် အချိန်အကြာဆုံး လအပြည့်ကြတ်ခြင်းဖြစ်သည်။[၃] ကြာမြင့်ချိန်မှာ ခန့်မှန်း ၁ နာရီ ၄၃ မိနစ်ခန့်ရှိမည်ဖြစ်သည်။[၄][၅][၆][၇] သီအိုရီစံအရ လကြတ်ခြင်းမှာ ၁ နာရီ ၄၃ မိနစ်ရှိသော်လည်း လအား ကမ္ဘာ၏အရိပ်သည် တစိတ်တပိုင်းအားဖြင့် လေးနာရီကြာမျှ ဖုံးလွှမ်းထားခဲ့သည်။[၈]


ဤလကြတ်ခြင်းသည် နှစ် ၂၅,၀၀၀ မှ တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသော ကမ္ဘာနှင့်အနီးနိုင်ဆုံးနေရာသို့ အင်္ဂါဂြိုဟ်ပူးကပ်ခြင်းဖြစ်စဉ်နှင့်လည်း ကြုံကြိုက်ခဲ့သည်။[၆]

နောက်ခံအခြေအနေ ပြင်ဆင်ရန်

လသည် ကမ္ဘာ၏ အရိပ်(umbra)အတွင်း ဖြတ်သန်းသွားချိန်တွင် လကြတ်ခြင်း မြင်တွေ့ရမည်ဖြစ်သည်။ လစတင်ကြတ်ချိန်တွင် ကမ္ဘာ့အရိပ်သည် လအား အနည်းငယ် မည်းမှောင်သွားစေသည်။ ကမ္ဘာ့အရိပ် လအား အလုံးစုံဖုံးလွှမ်းသွားချိန်တွင် နီညိုရင့်ရောင်သို့ ပြောင်းသွားမည်ဖြစ်သည်။( အရောင်သည် လေထုအခြေအနေပေါ်တွင် အလွန်မူတည်ပါသည်။) Rayleigh scattering နှင့် ကမ္ဘာ့လေထုသည် အရိပ်အတွင်းသို့ အလင်းပြန်ခြင်းကြောင့် လသည် နီကြင်ကြင်အရောင် ပေါ်လာခြင်းဖြစ်သည်။[၉]


အမ်ဘရာအတွင်းကျရောက်နေသော်ငြားလည်း လ၏ အလင်းရောင်သည် အပြင်သို့ ထွက်နေသည်။[၉] လ၏ တောင်ဘက်ပိုင်း၏ အရိပ်အလယ်ဗဟိုနှင့် နီးနေသောကြောင့် ပို၍မှောင်နေကာ အနီရောင်များ သန်းနေသည်။

 
လမှ ကမ္ဘာ့အရိပ်အတွင်းသို့ ဖြတ်သန်းသွားပုံကို အနီးစပ်ဆုံးပုံဖော်ထားသော အန်နီမေးရှင်း


မြင်တွေ့နိုင်သော ဒေသများ ပြင်ဆင်ရန်

 
Wide angle view of the total lunar eclipse and Mars in Melbourne, Australia

လကြတ်ခြင်းကို အလုံးစုံ မြင်တွေ့နိုင်သော ဒေသများမှာ အရှေ့အာဖရိက၊ တောင်အာဖရိက၊ တောင်အာရှနှင့် အလယ်အာရှ၊ လထွက်စအချိန်တွင် တောင်အမေရိက၊ အနောက်အာဖရိကနှင့် ဥရောပတို့မှ မြင်တွေ့ရမှာဖြစ်ပြီး လထွက်ပြီး သန်းခေါင်ချိန်တွင် အရှေ့အာရှနှင့် ဩစတေးလျဒေသတို့မှ မြင်တွေ့ရမည်ဖြစ်သည်။[၁၀]

 
ကြီးကျယ်သော လကြတ်မှုကြီးအတွင်း လမှ ကမ္ဘာသို့ မြင်ကွင်း

မြေပုံ ပြင်ဆင်ရန်

 


စောင့်ကြည့်လေ့လာခြင်းများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. What Is a Micromoon?။ Time and Date AS (n.d.)။ ၁၀ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. The longest total lunar eclipse in a century is about to happen — here’s how Earth will color the moon blood-red (26 July 2018)။ 17 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2018 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ McClure၊ Bruce (27 July 2018)။ Century's Longest Lunar Eclipse July 27။ ၁၀ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. Space (29 December 2017)။ In 2018 the longest lunar eclipse will take place in 100 yearsEarth Chronicles။ ၁၀ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. Resnick၊ Brian။ "Watch: The longest 'blood moon' lunar eclipse of the century"၊ Vox၊ 27 July 2018။ 
  6. ၆.၀ ၆.၁ Nunamaker၊ Susan Sun။ "Century’s Longest Lunar Eclipse, Blood Moon 2018, Today, Will Last 103 Minutes"၊ 27 July 2018။ 
  7. Два редких астрономических явления можно будет наблюдать 27 июля (in Russian)။ TASS (26 July 2018)။ ၁၀ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  8. Lyons၊ Kate (25 July 2018)။ Blood moon: All you need to know about this week's lunar eclipseThe Guardian။ ၁၀ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Visual Appearance of Lunar EclipsesNASA Eclipse Web SiteNational Aeronautics and Space Administration (29 January 2009)။ ၁၀ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  10. Eclipse Map — 27 July 2018 Total Lunar Eclipse (in English)။

ပြင်ပလင့်များ ပြင်ဆင်ရန်