တင်မောင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၁] သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။

တင်မောင်ဝင်း
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တွေ့ရသော ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
ယခင်လူဦးလှမိုးအောင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး

အလုပ်အကိုင် ပြင်ဆင်ရန်

သူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်သည်။ပြန်တမ်းဝင် အမှတ်  ကြည်း ၁၇၆၀၆ ဖြင့် စစ်မှုထမ်းသည်။ ပြည်ထဲရေးဝန်ကြီး ဟောင်း ဦးစိုးထွဋ် နှင့်  တပတ်စဉ်တည်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်မှူးကြီး အဆင့် ဖြင့်  ကရင် ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဖြစ် ရာထူးတိုးသည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၁ ခုနှစ်တွင်  အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည်ဖြင့်  တာဝန် ပေးခံရသည်။[၂] ယင်းနောက် ၂၀၁၆ ခုနှစ် တွင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်တွင် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ် [၃] [၄]တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။[၅]၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ တွင် အဖွဲ့ဝင် အဖြစ် ဆက်လက် ပါဝင်ခဲ့သည်။ [၆]

အစိုးရအဖွဲ့ရာထူးများ ပြင်ဆင်ရန်

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ် ဩဂုတ် ၁ရက် တွင် တပ်မတော်မှ အငြိမ်းစားယူကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ရရှိသည့်ဘွဲ့ ပြင်ဆင်ရန်

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ချီးမြှင့်သည့် စည်သူဘွဲ့ ရသည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးEleven Media Group (၁ ဩဂုတ် ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရThe Irrawaddy (၂၀ ဒီဇင်ဘာ ၂၀၂၀)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. UPDJC ကော်မတီဝင်များISP Peace Desk (၂၈ ဇွန် ၂၀၁၆)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ညီလာခံသဘာပတိ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၏ နိဂုံးချုပ် အမှာစကားMyanmar Digital News (၁၆ ဇူလိုင် ၂၀၁၈)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအသစ်ကို ဘာလို့ ဖွဲ့တာလဲBBC Burmese (၁၀ နိုဝင်ဘာ ၂၀၂၀)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်းEleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များMWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။