တန့်ယန်းမြို့နယ်
တန့်ယန်းမြို့နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ တန့်ယန်းခရိုင်၊ ရှမ်းပြည်နယ်တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ တန့်ယန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ပန်လုံပျက်ဆီးခဲ့ပြီးနောက် ပန်းသေးတရုတ်(ယူနန်မှလာသော အစ္စလာမ်ဘာသာကိုးကွယ်သူ တရုတ်များ)တို့၏အဓိကအခြေချရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။[၃]
တန့်ယန်းမြို့နယ် | |
---|---|
မြို့နယ် | |
![]() တန့်ယန်းမြို့နယ်တွင်း စီးဆင်းနေသော ရွှေလီမြစ်မြင်ကွင်း | |
![]() လားရှိုးခရိုင်အတွင်း တည်နေရာ | |
လားရှိုးခရိုင်အတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°29′0″N 98°23′0″E / 22.48333°N 98.38333°E | |
နိုင်ငံ | ![]() |
ပြည်နယ် | ![]() |
ခရိုင် | တန့်ယန်းခရိုင် |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၁] | ၃၁၀၀ ပေ (၉၄၅ မီတာ) |
လူဦးရေ (၂၀၁၄)[၂] | ၁၇၂,၈၀၅ |
အချိန်ဇုန် | MMT (UTC+6:30) |
သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ SSA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။[၄] တပ်မတော်သည် ဒေသခံပြည်သူ့စစ်များကို SSA ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်စေရန်အတွက် တပ်ဖြန့်ထားနိုင်ခဲ့သည်။[၅][၆] ပြီးခဲ့သောတိုက်ပွဲများတွင် SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မြန်မာတပ်မတော်က ဓာတုလက်နက်များကိုသုံးစွဲခဲ့ပြီး အမျိုးသမီးများကိုလည်း အတင်းအဓမ္မ ပေါ်တာဆွဲခဲ့သည်ဟု စွပ်စွဲခဲ့သည်။[၇][၈] ကျောင်းဆရာမအချို့လည်း အသတ်ခံခဲ့ရသည်။[၉][၁၀]
၂၀၁၅ အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ မြန်မာ့တပ်မတော်သည် တပ်ရင်း ၂၀ ခန့်ကိုဖွဲ့စည်းပြီး ကြီးမားသောထိုးစစ်ဆင်မှုပြုလုပ်ခဲ့သည်။ တပ်မတော်၏ ရည်ရွယ်ချက်မှာ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းရှူးမြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့အား ငြိမ်းချမ်းသောနယ်မြေများအဖြစ် ဖန်တီးလို၍ဖြစ်သည်။ တပ်မတော်သည် အမြှောက်ကြီးများ၊ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြု၍ အထောက်အပံ့ပေးခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ရှမ်းလူမျိုး၊ ပလောင်လူမျိုး၊ လားဟူလူမျိုးနှင့် လီဆူးလူမျိုး တစ်ထောင်ခန့် တိုက်ပွဲမှ လွတ်ကင်းရာသို့ နေရာရွေ့ပြောင်းခဲ့မှုများရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုပြဿနာများ မြှင့်တက်လာခဲ့သည်။ [၁၁][၁၂]
ကိုးကား
ပြင်ဆင်ရန်- ↑ GoogleEarth
- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
- ↑ Forbes, Andrew ; Henley, David (2011). Traders of the Golden Triangle. Chiang Mai: Cognoscenti Books. ASIN: B006GMID5
- ↑ Militia men from battlefields deserting 3 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Shanland.org (19 May 2011). Retrieved on 9 September 2011.
- ↑ Shanland။ 3 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2016 တွင် ပြန်စစ်ပြီး။
- ↑ Junta army employs more militias against Shan rebels 3 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Shanland.org (16 May 2011). Retrieved on 9 September 2011.
- ↑ Being honest about using CW 3 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Shanland.org (7 June 2011). Retrieved on 9 September 2011.
- ↑ Junta army has women porters lead the way in war zone 3 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Shanland.org (22 April 2011). Retrieved on 9 September 2011.
- ↑ More killing by unidentified cutthroats reported 3 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Shanland.org (21 April 2011). Retrieved on 9 September 2011.
- ↑ Villagers in war zone killed by unidentified cutthroats 3 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Shanland.org (19 April 2011). Retrieved on 9 September 2011.
- ↑ Govt invasion of Shan state mocks ceasefire pact- Bangkok Post
- ↑ Attacks in central Shan State။ 28 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2016 တွင် ပြန်စစ်ပြီး။
ဤ ရှမ်းပြည်နယ် ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |