တန်ဆွန်းညက် အပြည်ပြည်ဆိုင်ရာလေဆိပ်

တန်ဆွန်းညက် နိုင်ငံတကာ လေဆိပ်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ပြီး ဟိုချီမင်းစီးတီးမှ ၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ လေဆိပ်ကို ၁၉၃ဝ လွန်နှစ်များက ပြင်သစ်တို့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲအပြီး၌ အဆင့်မြှင့်ခဲ့သည်။ ၎င်းတွင် ပြေးလမ်းနှစ်ခုရှိပြီး တစ်နှစ်လျှင် ခရီးသည် ၂၅ သန်းကို ဝန်ဆောင်မှုပေးနိုင်သည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ကြီး ဖြစ်ရုံကမက ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အရ အလုပ်အရှုပ်ဆုံးလေဆိပ် (၅၀) တွင်လည်း ပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့သည်။

တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်
Sân bay Quốc tế Tân Sơn Nhất
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
ပိုင်ဆိုင်သူဗီယက်နမ် အစိုးရ
စီမံကွပ်ကဲသူSouthern Airports Corporation
ဝန်ဆောင်မှု ဧရိယာဟိုချီမင်းမြို့ဗီယက်နမ်
တည်နေရာTan Binh District
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း
  • Air Mekong
  • Jetstar Pacific Airlines
  • VASCO
  • Vietnam Airlines
ပင်လယ်မျက်နှာပြင် အထက်၁၀ မီတာ / ၃၃ ပေ
ဝက်ဘ်ဆိုဒ်www.tsnairport.com
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
07L/25R 3,048 10,000 ကွန်ကရစ်
07R/25L 3,800 12,468 ကွန်ကရစ်
ကိန်းဂဏန်း အချက်အလက်များ (2008)
ခရီးသည်12,427,808[၁]
ကုန်စည်တန်ချိန်444,223[၁]
လေယာဉ် အတက်အဆင်း98,002[၁]
Tan Son Nhat Airport

သမိုင်း ပြင်ဆင်ရန်

"တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ၁၉၃၀ ကတည်းက ပြင်သစ်တို့က တန်ဆွန်းညက်ရွာအနီးတွင် လေတပ်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အမေရိကန်တို့၏ အကူအညီနှင့် လေယာဉ်ပြေးလမ်းကို ပေ၇၂၀၀ (၂၁၉၀ မီတာ) အထိ ဆိုင်ဂွန်အနီးတွင် တိုးချဲ့ခဲ့သည်။ ထို့နောက် ဗီယက်နမ်(တောင်ပိုင်း)၏ အဓိကပြည်ပလေဆိပ်ဖြစ်လာခဲ့သည်။ ဗီယက်နမ်စစ်ပွဲအတွင်းတွင် လေဆိပ်သည် အမေရိကန် နှင့် တောင်ဗီယက်နမ် တို့၏ အဓိက လေတပ်စခန်းဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ် နှင့် ၁၉၇၄ ခုနှစ်အတွင်းတွင် တန်ဆွန်းညက်လေဆိပ်သည် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး စစ်တပ်လေယာဉ်ကွင်းဖြစ်ခဲ့သည်။

စစ်ပြီးခေတ်ကာလ ပြင်ဆင်ရန်

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူနိုက်တက် လေကြောင်းလိုင်းသည် ဗီယက်နမ်သို့ စတင်ပျံသန်းသော လေကြောင်းလိုင်း ဖြစ်ခဲ့သည်။ ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ယူအေ ၈၆၉ အဖြစ် ဘိုးရင်း ၇၄၇-၄၀၀ လေယာဉ်ကြီးဖြင့် ဟိုချင်းမင်းမြို့ လေဆိပ်ကို ဆင်းသက်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဆန်ဖရန်စစ္စကိုမြို့မှ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် အဆိုပါ ခရီးစဉ်သည် ဆန်ဖရန်စစ္စကို မြို့မှ လော့အိဂျလိစ်မြို့သို့ ပြောင်းရွေ့ပျံသန်းခဲ့သည်။ ၂၀၀၉ ခုနှစ် တွင် ဆန်ဖရန်စစ္စကို ခရီးစဉ် ပြန်လည်ပျံသန်းခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ရပ်ဆိုင်းခဲ့သည်။

၂၀၀၆ ခုနှစ်တွင် တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ခရီးသည် ၈.၅သန်းခန့်ရှိခဲ့ပြီး (၂၀၀၅ ခုနှစ်တွင် ခရီးသည် ၇ သန်း) လေယာဉ်အဆင်းရေ ၆၄၀၀၀ ကျော် ဆင်းသက်ခဲ့သည်။ အဆိုပါ အရေအတွက်သည် ဗီယက်နမ် နိုင်ငံ လေကြောင်းကဏ္ဍတစ်ခုလုံး၏ ၃ ပုံ ၂ ပုံခန့် ရှိသည်။ ခရီးသည်ပိုမိုများပြားမှုကြောင့် တောင်ပိုင်းလေဆိပ်ကော်ပိုရေးရှင်း သည် လေဆိပ်ကို အဆက်မပြတ်တိုးချဲ့ခဲ့သည်။

တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ၂၀၀၇ ခုနှစ်တွင် ခရီးသည် ၁၁ သန်း၊ ၂၀၀၈ ခုနှစ်တွင် ၁၂.၄ သန်း၊ ၂၀၁၀ ခုနှစ်တွင် ၁၅.၅ သန်း အသီးသီး ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပြည်တွင်းလေဆိပ် အဆောက်အဦးသည် ခရီးသည် ၈ သန်း ဝန်ဆောင်မှုပေးခဲ့ပြီး အများဆုံးဝန်ဆောင်မှုပေးနိုင်သည့် အရေအတွက်ကို ရောက်ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လေဆိပ်တစ်ခုလုံး ခရီးသည် သန်း ၂၀ ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အများဆုံးဝန်ဆောင်မှုပေးနိုင်သည့် အရေအတွက်ကို ခန့်မှန်းထားသည်ထက် ၂ နှစ်စောပြီး ရောက်ခဲ့သည်။ လေဆိပ်အဆောက်အဦးတိုးချဲ့မှုများကို ပြည်တွင်း၊ ပြည်ပ နှစ်ခုလုံးတွင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်း လေဆိပ်အဆောက်အဦး တိုးချဲ့တာ ပြီးဆုံးခဲ့ပြီး ခရီးသည် ၁၃ သန်းထိ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ လေဆိပ် တိုးချဲ့မှု စီမံကိန်းတွင် ပြည်ပလေဆိပ်အဆောက်အဦးကို ခရီးသည် (၁၃) သန်းထိ ဝန်ဆောင်မှုပေးနိုင်ရန်၊ လေယာဉ်ရပ်နားနေရာ (၁၀) နေရာ တို့လည်း ပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် လေဆိပ်တိုးချဲ့မှုစီမံကိန်း ပြီးဆုံးခဲ့ပြီး ၁ နှစ်လျှင် ခရီးသည် ၂၅ သန်းအထိ ဝန်ဆောင်မှုပေးနိုင်ပြီ ဖြစ်သည်။

ပြည်ပလေဆိပ်အဆောက်အဦး ပြင်ဆင်ရန်

ပြည်ပလေဆိပ်အဆောက်အဦးကို ဂျပန်နိုင်ငံ၏ အကူအညီနှင့် တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ၁ နှစ်လျှင် ခရီးသည် ၁၂ သန်း ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦးအဟောင်းကို ပြည်တွင်းလေကြောင်းလိုင်းများအတွက် အသုံးပြုသည်။ သို့သော် ၂၀၂၀ တွင် လေဆိပ်အသစ် လောင်းတန့် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ပြီးစီးသောအခါ တန်းဆွန်းညက် လေဆိပ်သည် အဓိက ပြည်တွင်းလေကြောင်းလိုင်းများသာ ဆင်းသက်တော့မည်ဖြစ်သည်။

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ ပြင်ဆင်ရန်

 
လေဆိပ်အဆောက်ဦး (၂) ရှိ Check-in ကောင်တာ
 
လေဆိပ်အဆောက်အဦး (၂) ၃ ထပ်မြင်ကွင်း
 
Business lounge of Tan Son Nhat International Airport
 
Vietnam Airlines Boeing 777-200ER taxiing at Tan Son Nhat International Airport
 
Vietnam Airlines A350-900 taking off at Tan Son Nhat International Airport

Passenger ပြင်ဆင်ရန်

လေကြောင်းလိုင်းများပျံသန်းရာနေရာTerminal
Aeroflot Moscow–Sheremetyevo 2
Air Astana Almaty 2
Air China ပေကျင်း-မြို့တော် 2
Air France Paris–Charles de Gaulle 2
AirAsia Johor Bahru, ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာပီနန် 2
Air New Zealand Seasonal: Auckland (begins 4 June 2016)[၂] 2
All Nippon Airways
operated by Air Japan
တိုကျို-နာရိတ 2
Asiana Airlines ဆိုးလ်-အင်ချွန်း 2
Cambodia Angkor Air ဖနွမ်းပင်စီရန်ရိSihanoukville (begins 17 June 2016),[၃] ဗီယင်ကျန်း 2
Cambodia Bayon Airlines ဖနွမ်းပင် 2
Cathay Pacific Hong Kong 2
Cebu Pacific Manila 2
China Airlines ထိုင်ဝမ်-ထောင်ယွမ် 2
China Eastern Airlines ကူမင်းရှန်ဟိုင်း-ဖူတုန်း 2
China Southern Airlines Guangzhou, Shenzhen 2
အဲမရိတ် လေကြောင်းလိုင်း Dubai–International 2
Etihad Airways Abu Dhabi 2
EVA Air ထိုင်ဝမ်-ထောင်ယွမ် 2
Finnair Seasonal: Helsinki 2
Hong Kong Airlines Hong Kong 2
Japan Airlines တိုကျို-ဟာနဲ့ဒါ့တိုကျို-နာရိတ 2
Jetstar Asia Airways စင်ကာပူ 2
Jetstar Pacific Airlines Buon Ma Thuot, Chu Lai,[၄] Da Nang, Hai Phong, ဟနွိုင်းVinh, Da Lat, Thanh Hoa, Quy Nhon, ဒေါင်ဟွိုင်းTuy Hoa
Seasonal: Nha Trang
1A
Jetstar Pacific Airlines ဘန်ကောက်-သုဝဏ္ဏဘူမိစင်ကာပူMacau 2
Korean Air ဆိုးလ်-အင်ချွန်း 2
လာအို လေကြောင်းလိုင်း Pakseဗီယင်ကျန်း 2
မလေးရှား လေကြောင်းလိုင်း ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ 2
Malindo Air ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ 2
Mandarin Airlines Kaohsiung,[၅] Taichung 2
နော့ လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း[၆] 2
Philippine Airlines Manila 2
Qatar Airways Doha, ဖနွမ်းပင် 2
Royal Brunei Airlines ဘန်ဒါစီရီဘီဂါဝန် 2
Sichuan Airlines Hangzhou, Nanning[၇][၈] 2
စင်ကာပူ လေကြောင်းလိုင်း စင်ကာပူ 2
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ဘန်ကောက်-ဒွန်မောင်း 2
Thai Airways ဘန်ကောက်-သုဝဏ္ဏဘူမိ 2
Tigerair စင်ကာပူ 2
Turkish Airlines Istanbul–Atatürk1 2
T'way Airlines ဆိုးလ်-အင်ချွန်း[၉] 2
United Airlines Hong Kong 2
ဗီယက်ဂျက် လေကြောင်းလိုင်း Buon Ma Thuot,[၁၀] Chu Lai,[၄] Da Lat, Da Nang, ဒေါင်ဟွိုင်းHai Phong, ဟနွိုင်းHue, Nha Trang, Phu Quoc, Pleiku ,[၁၁] Qui Nhon, Thanh Hoa, Vinh [၁၂] 1B
ဗီယက်ဂျက် လေကြောင်းလိုင်း ဘန်ကောက်-သုဝဏ္ဏဘူမိကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာ (begins 1 June 2016),[၁၃] ဆိုးလ်-အင်ချွန်းစင်ကာပူTainan (begins 22 June 2016),[၁၄] ထိုင်ဝမ်-ထောင်ယွမ်ရန်ကုန် 2
Vietnam Airlines Buon Ma Thuot, Da Lat, Da Nang, ဒေါင်ဟွိုင်းHai Phong, ဟနွိုင်းHue, Nha Trang, Phu Quoc, Pleiku, Qui Nhon, Rach Gia, Thanh Hoa, Vinh 1A
Vietnam Airlines
operated by VASCO
Ca Mau, Chu Lai, Con Dao, Tuy Hoa 1A
Vietnam Airlines ဘန်ကောက်-သုဝဏ္ဏဘူမိBusan, Frankfurt, Fukuoka, Fuzhou, Guangzhou, Hong Kong, Jakarta–Soekarno–Hatta, Kaohsiung, ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာလန်ဒန်-ဟိသ်ရိုးMoscow–Domodedovo, Melbourne, Nagoya–Centrair, Osaka–Kansai, Paris–Charles de Gaulle, ဖနွမ်းပင်ဆိုးလ်-အင်ချွန်းရှန်ဟိုင်း-ဖူတုန်းစီရန်ရိစင်ကာပူSydney, ထိုင်ဝမ်-ထောင်ယွမ်တိုကျို-နာရိတဗီယင်ကျန်းရန်ကုန် 2

1: Beginning 27 June 2016, Turkish Airlines's flight from Ho Chi Minh City to Istanbul will make a stop or continue on to Hanoi. Turkish Airlines, however, will not have eighth freedom traffic rights to transport passengers solely from Ho Chi Minh City to Hanoi.

Cargo ပြင်ဆင်ရန်

လေကြောင်းလိုင်းများပျံသန်းရာနေရာ
Air France Cargo Paris–Charles de Gaulle
Air Hong Kong Hong Kong, ပီနန်
Cargolux Luxembourg
Cathay Pacific Jakarta–Soekarno–Hatta, Hong Kong
China Airlines Cargo Abu Dhabi, ဘန်ကောက်-သုဝဏ္ဏဘူမိLuxembourg, စင်ကာပူထိုင်ဝမ်-ထောင်ယွမ်
FedEx Express Guangzhou, ဟနွိုင်းJakarta–Soekarno–Hatta
Korean Air Cargo Jakarta–Soekarno–Hatta, ဆိုးလ်-အင်ချွန်း
MASkargo ကွာလာလမ်ပူ-အပြည်ပြည်ဆိုင်ရာLabuan, ဘန်ကောက်-သုဝဏ္ဏဘူမိ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Cum cang hang khong Mien Nam - Tan Son Nhat။ 23 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2010 တွင် ပြန်စစ်ပြီး။
  2. Air New Zealand to Start Seasonal Ho Chi Minh Service from June 2016။ airlineroute။ 24 January 2016 တွင် ပြန်စစ်ပြီး။
  3. Cambodia Angkor Air Adds New Vietnam Routes in S16။ airlineroute။ 8 March 2016 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Breakfast @ Tuoi Tre News – April 16။ Tuoi Tre News။
  5. Mandarin Airlines Plans New Routes from Kaohsiung in W14 :: Routesonline
  6. Nok Air Launches New Route from Bangkok to Ho Chi Minh city။ 29 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2015 တွင် ပြန်စစ်ပြီး။
  7. Sichuan Airlines sets off to South Korea and Vietnam
  8. 3U8913 HGH0750-1030NNG1200-1300SGN 3U8914 SGN1355-1755NNG1925-2200HGH
  9. T’Way Airlines to Start Seoul – Ho Chi Minh Service from late-Dec 2015 :: Routesonline
  10. fly-on-vietjetairs-new-route-from-ho-chi-minh-city-to-buon-me-thuot-for-just-vnd390000 – news – VietJetAir.com – Enjoy Flying!. VietJetAir.com. Retrieved on 16 July 2013.
  11. Vietjet adds domestic routes | TTR Weekly။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2016 တွင် ပြန်စစ်ပြီး။
  12. Bay Hàn Quốc, Myanmar 0 đồng | baotintuc.vn
  13. Vietjet Air S16 International Service Expansion။ airlineroute။ 15 March 2016 တွင် ပြန်စစ်ပြီး။
  14. Vietjet Air Adds Tainan Service from late-June 2016။ airlineroute။ 11 April 2016 တွင် ပြန်စစ်ပြီး။