တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)

တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဆိုသည်မှာ တပ်မတော်တွင် ခန့်အပ်သည့် ရာထူးတာဝန်များထဲမှ တစ်ခုဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရှိသည့် တပ်မတော် အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ လက်ရှိ၌ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန် ထမ်းဆောင်နေသူမှာ “ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး” ဖြစ်သည်။

တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တံဆိပ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်

မတ်လ ၂၀၁၇ မှစ၍
 တပ်မတော်
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အစီရင်ခံရသူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ရုံးတည်နေရာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး (ကြည်း/ရေ/လေ)
ခန့်အပ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ယခင်ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း
လက်ထောက်ဒုတိယတပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)
အဆင့် / တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်ကြီး

‘ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်’ သည် ၂၀၁၇ ခုနှစ် မေလတွင် ‘ဒုတိယဗိုလ်ချုပ်ကြီး’ အဆင့်သို့ တိုးမြှင့်ခံရပြီး “တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)” ရာထူးနေရာသို့ ခန့်အပ်ခြင်းခံရ၍ ယခင်ထမ်းဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ထံမှ ၎င်းရာထူး တာဝန်အားလွှဲပြောင်းရယူခဲ့သည်။ သူသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ၊ ဗိုလ်သင်တန်းအမှတ်စဉ် (ဗသက-၆၆)၏ စံပြထူးချွန်ဆုရရှိခဲ့သူဖြစ်ပြီး သူသည် ၂၀၁၀ ခုနှစ်တွင် တမခ(၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ တွဲဖက်စစ်ထောက်ချုပ် ရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတ၏ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။