တိုက်
ကမ္ဘာ့မြေမျက်နှာသွင်ပြင် အနေအထားအရသာမက လူသားမျိုးနွယ်တို့၏ စရိုက်ကိုပါလိုက်၍ အပိုင်းပိုင်းခွဲကာ သတ်မှတ်ထားသည့် အကြီးဆုံး နယ်နိမိတ်သတ်မှတ်ချက်ကို တိုက် ဟုခေါ်သည်။ ပထဝီဝင်ဘာသာရပ်အရ အဓိကသတ်မှတ်ချက်မှာ ကြီးမားကျယ်ပြန့်သည့် ကုန်းမြေရှိရမည်ဖြစ်ပြီး တစ်ခုနှင့် တစ်ခုမှာ ရေပြင်(သမုဒ္ဒရာ)များဖြင့် ပိုင်းခြားထားရမည်ဖြစ်သည်။ ထိုသို့အားဖြင့် ကမ္ဘာကြီးအား တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်သည်။ ၎င်းတို့မှာ (အရွယ်အစားကြီးရာမှ ငယ်ရာသို့) -
- အာရှတိုက်၊
- အာဖရိကတိုက်၊
- မြောက်အမေရိကတိုက်၊
- တောင်အမေရိကတိုက်၊
- အန္တာတိကတိုက်၊
- ဥရောပတိုက် နှင့်
- ဩစတြေးလျတိုက်
တို့ ဖြစ်ကြသည်။[၁]
"လူအများစုအနေဖြင့် အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အန္တာတိက၊ ဥရောပနှင့် ဩစတြေးလျ ဟူ၍ တိုက်ကြီး (၇) တိုက်အဖြစ် မှတ်ယူကြသော်လည်း တစ်ခါတစ်ရံတွင် ဥရောပတိုက်နှင့် အာရှတိုက်ကို ပေါင်း၍ ယူရေးရှား (အင်္ဂလိပ်: Eurasia) ဟု အမည်ရသည့် တိုက်ကြီးတစ်ခုတည်းအနေဖြင့် ခေါ်ဆိုသုံးနှုန်းလေ့ရှိကြသည်။"
တိုက် အရေအတွက်
ပြင်ဆင်ရန်တိုက် အရေအတွက်နှင့်ပတ်သက်၍ ကမ္ဘာ့ နေရာဒေသအသီးသီးတွင် အောက်ပါဇယာအတိုင်း အမျိုးမျိုးသတ်မှတ်ကြသည် -
Models | ||||||||
---|---|---|---|---|---|---|---|---|
တိုက်ကြီး ၄ တိုက်[၂] | ||||||||
တိုက်ကြီး ၅ တိုက် [၃][၄][၅] |
||||||||
တိုက်ကြီး ၆ တိုက်[၆] | ||||||||
တိုက်ကြီး ၆ တိုက် [၃][၇] |
||||||||
တိုက်ကြီး ၇ တိုက် [၈][၇][၉][၁၀][၁၁][၁၂] |
ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ
ပြင်ဆင်ရန်အောက်ဖော်ပြပါဇယားသည် တိုက်ကြီးတစ်ခုခြင်းစီ၏ ဧရိယာနှင့် လူဦးရေများကို နှိုင်းယှဉ်ပြသထားခြင်းဖြစ်သည်။ (ဧရိယာများရာမှ နည်းရာသို့ စဉ်ထားသည်။)[၁၃]
တိုက် | ဧရိယာ (km²) | ဧရိယာ (mi²) | စုစုပေါင်း ကုန်းမြေ ရာခိုင်နှုန်း |
လူဦးရေ | စုစုပေါင်း လူဦးရေ ရာခိုင်နှုန်း |
လူဦးရေ သိပ်သည်းဆ (/km²) |
လူဦးရေ သိပ်သည်းဆ (/mi²) |
လူဦးရေ အထူထပ်ဆုံးမြို့ |
---|---|---|---|---|---|---|---|---|
အာရှတိုက် | ၄၃,၈၂၀,၀၀၀ | ၁၆,၉၂၀,၀၀၀ | ၂၉.၅% | ၄,၁၆၄,၂၅၂,၀၀၀ | ၆၀% | ၉၅.၀ | ၂၄၆ | ရှန်ဟိုင်းမြို့၊ တရုတ်နိုင်ငံ |
အာဖရိကတိုက် | ၃၀,၃၇၀,၀၀၀ | ၁၁,၇၃၀,၀၀၀ | ၂၀.၄% | ၁,၀၂၂,၂၃၄,၀၀၀ | ၁၅% | ၃၃.၇ | ၈၇ | လာဂို့စ်မြို့၊ နိုင်ဂျီးရီးယားနိုင်ငံ |
မြောက်အမေရိကတိုက် | ၂၄,၄၉၀,၀၀၀ | ၉,၄၆၀,၀၀၀ | ၁၆.၅% | ၅၄၂,၀၅၆,၀၀၀ | ၈% | ၂၂.၁ | ၅၇ | မက္ကဆီကိုစီးတီး၊ မက္ကဆီကိုနိုင်ငံ |
တောင်အမေရိကတိုက် | ၁၇,၈၄၀,၀၀၀ | ၆,၈၉၀,၀၀၀ | ၁၂.၀% | ၃၉၂,၅၅၅,၀၀၀ | ၆% | ၂၂.၀ | ၅၇ | ဆော်ပေါင်လိုမြို့၊ ဘရာဇီးနိုင်ငံ |
အန္တာတိကတိုက် | ၁၃,၇၂၀,၀၀၀ | ၅,၃၀၀,၀၀၀ | ၉.၂% | ၄,၄၉၀[၁၄] | ၀% | ၀.၀၀၀၃ | ၀.၀၀၀၇၈ | McMurdo Station၊ အမေရိကန်ပြည်ထောင်စု |
ဥရောပတိုက် | ၁၀,၁၈၀,၀၀၀ | ၃,၉၃၀,၀၀၀ | ၆.၈% | ၇၃၈,၁၉၉,၀၀၀ | ၁၁% | ၇၂.၅ | ၁၈၈ | မော်စကိုမြို့၊ ရုရှားနိုင်ငံ[၁၅] |
ဩစတြေးလျတိုက် | ၉,၀၀၈,၅၀၀ | ၃,၄၇၈,၂၀၀ | ၅.၉% | ၂၉,၁၂၇,၀၀၀ | ၀.၄% | ၃.၂ | ၈.၃ | ဆစ်ဒနီမြို့၊ ဩစတြေးလျနိုင်ငံ |
တိုက်အားလုံး၏ ကုန်းမြေဧရိယာစုစုပေါင်းမှာ ၁၄၈,၆၄၇,၀၀၀ စတုရန်းကီလိုမီတာ (၅၇,၃၉၃,၀၀၀ စတုရန်းမိုင်) ဖြစ်ပြီး၊ ကမ္ဘာ့မျက်နှာပြင် (၅၁၀,၀၆၅,၆၀၀ စတုရန်းကီလိုမီတာ သို့ ၁၉၆,၉၃၇,၄၀၀ စတုရန်းမိုင်) ၏ ၂၉.၁% ဖြစ်သည်။
တိုက်အားလုံး၏ အကြမ်းဖျင်းခန့်မှန်းထားသည့် လူဦးရေစုစုပေါင်းမှာ ၇,၀၀၀,၀၀၀,၀၀၀ ဖြစ်သည်။
ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက်
ပြင်ဆင်ရန်ကမ္ဘာပေါ်တွင် တိုက်ကြီး ၇ တိုက်အဖြစ် တရားဝင် သတ်မှတ်ထားကြပြီး အဆိုပါ တိုက်ကြီး ၇ တိုက်၏ အမည်များကို အင်္ဂလိပ်လို မှတ်ခေါ်ရာတွင် တိုက်အမည်၏ အရှေ့ဆုံး အက္ခရာနှင့် နောက်ဆုံးပိတ် အက္ခရာတို့မှာ ထူးခြားစွာ တူညီနေသည်ကို တွေ့ရသည်။
- Asia (အာရှတိုက်)
- Africa ( အာဖရိကတိုက်)
- America (North) (မြောက်အမေရိကတိုက်)
- America (South) (တောင်အမေရိကတိုက်)
- Antarctica (အန္တာတိက တိုက်)
- Europe (ဥရောပတိုက်)
- Australia (ဩစတြေးလျတိုက်)
အာရှတိုက်
ပြင်ဆင်ရန်အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်သည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရသည်။ နိုင်ငံ ၄၂ နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။
အလယ်အာရှ
ပြင်ဆင်ရန်အလယ်အာရှ ၅ နိုင်ငံမှာ
- ကာဇတ်စတန်
- ကာဂျစ္စတန်
- တာဂျစ္စတန်
- တာမင်နစ္စတန် နှင့်
- ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။
အရှေ့အာရှ
ပြင်ဆင်ရန်အရှေ့အာရှတွင် ၆ နိုင်ငံရှိလေရာ ၎င်းတို့မှာ
- တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်)
- ဂျပန်
- တောင်ကိုရီးယား
- မြောက်ကိုးရီးယား
- မွန်ဂိုးလီးယား
- ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ် သတ်မှတ်သည်။ သို့သော် သီးခြားသံတမန်ဆက်ဆံမှုများ၊ စစ်တပ်၊ အစိုးရ၊ ပြည်သူ၊ နယ်နမိတ်အကျယ်အဝန်း စသည်တို့ရှိသည့်အတွက် ၎င်းအားနိုင်ငံစာရင်းတွင် ထည့်သွင်းထားရသည်။)
အနောက်အာရှ
ပြင်ဆင်ရန်အနောက်အာရှ ၁၂ နိုင်ငံမှာ
- ကွာတာ
- အစ္စရေး
- တူရကီ
- အီရန်
- ဆော်ဒီအာရေးဗီးယား
- အိုမန်
- အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
- ဂျော်ဒန်
- ယီမင်
- ကူဝိတ်
- လက်ဘနွန်
- ဆီးရီးယား တို့ဖြစ်သည်။
အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက်သို့ ပြောင်းရွေ့စာရင်းသတ်မှတ်သည်။
တောင်အာရှ
ပြင်ဆင်ရန်တောင်အာရှ ၈ နိုင်ငံမှာ
- အိန္ဒိယ
- သီရိလင်္ကာ
- ဘင်္ဂလားဒေ့ရှ်
- နီပေါလ်
- ဘူတန်
- ပါကစ္စတန်
- အာဖဂန်နစ္စတန်
- မာတီဗီးစ် တို့ဖြစ်သည်။
မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနှင့်အတူ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်က အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။
အရှေ့တောင်အာရှ
ပြင်ဆင်ရန်အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ
- မြန်မာ
- ထိုင်း
- မလေးရှား
- စင်္ကာပူ
- ဗီယက်နမ်
- အင်ဒိုနီးရှား
- ကမ္ဘောဒီးယား
- လာအို
- ဖိလစ်ပိုင်
- ဘရူနိုင်း
- အရှေ့တီမော (တီမောလက်စတစ်) တို့ဖြစ်သည်။
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ တိုက်ကြီးများ။ ။ "တိုက်" ဆိုတာ ဘာလဲ?။ အမျိုးသားပထဝီဝင်ရေးရာ။ 29 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2015 တွင် ပြန်စစ်ပြီး။
- ↑ R. W. McColl, ed. (2005, Golson Books Ltd.)။ 'continents' - Encyclopedia of World Geography, Volume 1။ p. 215။ ISBN 9780816072293။ 2012-06-26 တွင် ပြန်စစ်ပြီး။
အာဖရိကနှင့် အာရှတိုက်တို့သည် စူးအက်ကျွန်းဆွယ်ဖြင့် ထိစပ်ဆက်သွယ်နေသောကြောင့် ဥရောပ၊ အာဖရိကနှင့် အာရှတိုက်တို့ကို တစ်ခါတစ်ရံ အာဖရို-ယူရေးရှား သို့ ယူရာဖရေးရှား ဟု တစ်ပေါင်းတည်း ခေါ်ဆိုလေ့ရှိသည်။
|year=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ) - ↑ ၃.၀ ၃.၁ 2001. New York: Columbia University Press - Bartleby.
- ↑ Océano Uno, Diccionario Enciclopédico y Atlas Mundial, "Continente", page 392, 1730. ISBN 84-494-0188-7
- ↑ Los Cinco Continentes (The Five Continents), Planeta-De Agostini Editions, 1997. ISBN 84-395-6054-0
- ↑ [၁] Older/previous official Greek Paedagogical Institute 6th grade Geography textbook (at the Wayback Machine), 5+1 continents combined-America model; Pankosmios Enyklopaidikos Atlas, CIL Hellas Publications, ISBN 84-407-0470-4, page 30, 5+1 combined-America continents model; Neos Eikonographemenos Geographikos Atlas, Siola-Alexiou, 6 continents combined-America model; Lexico tes Hellenikes Glossas, Papyros Publications, ISBN 978-960-6715-47-1, lemma continent (epeiros), 5 continents model; Lexico Triantaphyllide online dictionary , Greek Language Center (Kentro Hellenikes Glossas), lemma continent (epeiros), 6 continents combined-America model; Lexico tes Neas Hellenikes Glossas, G.Babiniotes, Kentro Lexikologias (Legicology Center) LTD Publications , ISBN 960-86190-1-7, lemma continent (epeiros), 6 continents combined-America model.
- ↑ ၇.၀ ၇.၁ "Continent". Encyclopædia Britannica. 2006. Chicago: Encyclopædia Britannica, Inc.
- ↑ World, National Geographic - Xpeditions Atlas. 2006. Washington, DC: National Geographic Society.
- ↑ Atlas of Canada
- ↑ The New Oxford Dictionary of English. 2001. New York: Oxford University Press.
- ↑ "Continent Archived 28 October 2009 at the Wayback Machine.". MSN Encarta Online Encyclopedia 2006.. 2009-10-31.
- ↑ "Continent". McArthur, Tom, ed. 1992. The Oxford Companion to the English Language. New York: Oxford University Press; p. 260.
- ↑ "Total Population – Both Sexes". World Population Prospects, the 2010 Revision. United Nations Department of Economic and Social Affairs. 28 June 2011. Retrieved 24 October 2011. (Per linked individual article definitions, North America includes UN population estimates for North America, Central America and Caribbean; Australia includes Australia and Papua New Guinea.)
- ↑ Non-permanent, varies. See also: Demographics of Antarctica. Antarctica Archived 25 December 2018 at the Wayback Machine.. CIA World Factbook. March 2011 data. Retrieved December 24, 2011.
- ↑ Forbes проигнорировал Москву။ www.irn.ru။