တောင်ဦးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်
တောင်ဦးရွာ (အင်္ဂလိပ်: Taungu)သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၁၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ဦးကျေးရွာအုပ်စုတွင် ကျား ၁၇၉၉ ဦး၊ မ ၂၂၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၈၂ ဦးနေထိုင်သည်။ [၁] ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ တဖက်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်း မိတ္ထီလာ မြို့နှစ်မြို့ အလယ်တွင် တည်ရှိသည်။
တောင်ဦး | |
---|---|
ရွာ | |
တောင်ဦးရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 20°49′02″N 95°28′50″E / 20.8171195983887°N 95.4804534912109°Eကိုဩဒိနိတ်: 20°49′02″N 95°28′50″E / 20.8171195983887°N 95.4804534912109°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | ညောင်ဦးခရိုင် |
မြို့နယ် | ကျောက်ပန်းတောင်းမြို့နယ် |
ကျေးရွာအုပ်စု | တောင်ဦး |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
တောင်ဦးရွာ
ပြင်ဆင်ရန်တောင်ဦး(ဖောင်ဦး)ဟူသောအမည်မှာ ရှေးမြန်မာမင်းများ ဖောင်လုရင်း ဖောင်အရင်ရသဖြင့် အစွဲပြုခေါ်ဝေါ်သည်ဟု ဆိုသည်။ တောင်ဦးရွာ၏ အရှေ့ဘက်ရှိ ရွာထိပ်တွင် ဘကြီးဖဲကန် တည်ရှိသည်။ တောင်ဦးရွာ တွင် ငါးရက်တစ်ဈေး စံပြဈေး ရှိသည်။ တောင်ဦးရွာ၏ မြောက်အရပ်တွင် အဘ အောင်မင်းခေါင်၏ မွေးရာဇာတိ ဆင်မြင့်ရွာ တည်ရှိသည်။
ပညာရေး
ပြင်ဆင်ရန်တောင်ဦးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ရှိသည်။
လူမှုရေး
ပြင်ဆင်ရန်မုဒိတာ ပရဟိတ အသင်း ရှိသည်။
စီးပွားရေး
ပြင်ဆင်ရန်ဈေးကို အမှီပြုပြီး ကုန်သွယ်၊ အရောင်းအဝယ် လုပ်ကိုင်ကျသည်။ရွာ၏ အဓိက ထွက်ကုန်များမှာ နှမ်း၊ပဲအမျိုးမျိုး၊ဆန်စပါး၊ထန်းလျက်၊မကျီးဖြစ်သည်။
ဆက်သွယ်ရေး
ပြင်ဆင်ရန်ကျောက်ပန်းတောင်း မိတ္ထီလာ လမ်းမကြီး ဘေးတွင် တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မန္တလေး၊မိတ္ထီလာ၊မြင်းခြံ၊ညောင်ဦး၊တောင်ကြီးနှင့် လွိုင်ကော်မြို့များသို့ ကားများရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ မန္တလေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |