ထရိုဂျန်စစ်ပွဲ

ဒဏ္ဍာရီဆန်သော စစ်ပွဲ

ဂရိဒဏ္ဍာရီတွင် ထရိုဂျန်စစ်ပွဲကို အခီးယန်ဇ် (Achaeans) ခေါ် ဂရိများက ထရွိုင်မြို့ကို ဆင်နွှဲသည့် စစ်ပွဲဖြစ်ကာ စစ်ဆင်ရခြင်းအကြောင်းမှာ စပါတာဘုရင် မန်နစ်လေးယပ်စ်၏ဇနီးဖြစ်သော ဟယ်လန်ကို ပဲရစ် (ပါရိ) မင်းသားက ခိုးယူခေါ်ဆောင်ခြင်းကြောင့်ဖြစ်သည်။ ဂရိဒဏ္ဍာရီ၌ ထရိုဂျန်စစ်ပွဲသည် အရေးပါဆုံးသော ဖြစ်ရပ်များထဲက တစ်ခုဖြစ်ပြီး များမြောင်လှသော ဂရိစာပေလက်ရာများမှတဆင့် ပြန်လည်ပြောပြကြသည့် အကြောင်းလည်းဖြစ်ကာ ထင်ရှားသည်မှာ ဟိုးမားအိလိယဒ် ကဗျာရှည်ဖြစ်၏။ အိလိယဒ်ကဗျာလင်္ကာ၏ အဓိကအပိုင်း (စာအုပ် ၂-၂၃) တွင် ဆယ်စုနှစ်တစ်ခုမျှကြာညောင်းသော စစ်ပွဲ၏ ဆယ်နှစ်မြောက်၌ လေးရက်နှင့် နှစ်ညတာအဖြစ်အပျက်ကို ဖော်ပြထားသည်။ အောဒဆီကဗျာတွင် စစ်ပွဲပါသူရဲကောင်းတစ်ဦးဖြစ်သည့် အောဒစ်ဆီးယပ်စ်၏ စစ်အပြီး အိမ်ပြန်ခရီးစဉ်ကို ဖွဲ့ဆိုထားသည်။ ဤစစ်ပွဲ၏ အခြားသောအပိုင်းများကို အပိုင်းအစများအဖြစ်သာ ရှင်သန်ကျန်ရစ်ခဲ့သော ရှေးရှေးကဗျာလင်္ကာရှည်များစွာ၌ ဖော်ပြရေးသားထားကြလေသည်။ စစ်ပွဲမှဖြစ်ရပ်များသည် ဂရိစာပေ၏ အလွမ်းအဆွေးပြဇာတ်၊ ဇာတ်လမ်းနှင့် အခြားလက်ရာများအတွက် အထောက်အပံ့ဖြစ်စေခဲ့သည့်အပြင် အောဗစ် နှင့် ဗားဂျစ်လ်တို့အပါအဝင် ရောမကဗျာဆရာများအတွက်လည်း ကုန်ကြမ်းသဖွယ်ဖြစ်စေခဲ့သည်။

ရှေးရှေးဂရိသားတို့ ယုံကြည်သည်မှာ ထရွိုင်မြို့သည် ဒါးဒါနဲ့လ်ဇ် (Dardanelles) ရေလက်ကြားအနီးတွင် တည်ရှိကာ ထရိုဂျန်စစ်ပွဲသည် ခရစ်တော်မဖွားမီ နှစ် ၁၂၀၀-၁၃၀၀ ခန့်က သမိုင်းဝင်အဖြစ်ပျက် ဟူ၍ဖြစ်သည်။ သို့ရာတွင် ၁၉ ရာစုအလယ်လောက်၌ စစ်ပွဲနှင့် မြို့ နှစ်ခုစလုံးအား သမိုင်းဝင်အဖြစ် ရှုမြင်သတ်မှတ်ခြင်း မရှိတော့ပေ။ ၁၈၆၈ တွင် ဂျာမန် ရှေးဟောင်းသုတေသနပညာရှင် ဟိုင်းနရစ် ရှလီမန် (Heinrich Schliemann) သည် ဖရန့်ခ် ကားလ်ဗာ့ (Frank Calvert) ကိုတွေ့ဆုံပြီးနောက် ဖရန့်ခ်က ရှလီမန်ကို ထရွိုင်မြို့သည် လက်ရှိ တူရကီနိုင်ငံ ဟစ်ဆားလစ်ခ် ရှေးဟောင်းမြို့ (Hisarlik) တွင် တည်ရှိကြောင်း ယုံကြည်စေရန် ပြောကြားခဲ့၏။[၁] ရှလီမန်နှင့် အခြားသူများ၏ တူးဖော်ခြင်းများအပေါ် အခြေခံကာ ယခု၌ ပညာရှင်အများစုက ဤအဆိုကို လက်ခံခဲ့ကြပြီ ဖြစ်သည်။[၂][၃]

ထရိုဂျန်စစ်ပွဲနောက်ကွယ်တွင် သမိုင်းဝင် တကယ့်ဖြစ်ပျက်မှုရှိ၏၊ မရှိ၏ ဆိုသည်မှာ ယခုအထိ မဆုံးဖြတ်နိုင်သေးပေ။ ဟိုးမားဇာတ်လမ်းပုံပြင်များသည် မိုက်ဆီးနီဂရိသားတို့၏ စစ်ပွဲ၊ တိုက်ပွဲများကို ပေါင်းစပ်ရောနှောထားသည်ဟု ဆိုနိုင်သော်လည်းပဲ ပညာရှင်အများက ထရိုဂျန်ဇာတ်လမ်းတွင် သမိုင်ဝင် အဓိကအကြောင်းရှိသည်ဟူ၍ ယုံကြည်လက်ခံကြပေသည်။ ထရိုဂျန်စစ်ပွဲမှ ဇာတ်လမ်းများသည် သမိုင်းဝင် တိုက်ပွဲတစ်ခုမှ ယူငင်သည်ဟု ယူဆသောသူများက ထိုတိုက်ပွဲသည် ခေတ်ကာလအားဖြင့် ဘီစီ ၁၁ (သို့) ၁၂ ရာစုများဆီက ဖြစ်ပျက်ခဲ့သည်ဟု ခေတ်သတ်မှတ်ကြပြီး ဂရိစွယ်စုံပညာရှင် အဲရာတောစသန်နီးဇ် သတ်မှတ်ယူဆသော ခေတ် (ဘီစီ ၁၁၉၄-၁၁၈၄) ကိုပို၍ နှစ်ခြိုက်ကြသည်။ ထိုခေတ်ကာလသည် "ထရွိုင် ၇" (သတ်မှတ်ထားသော ရှေးဟောင်းသုတေသနအမည်) မြို့ အကြီးအကျယ် မီးလောင်ခံရခြင်းနှင့် ကြေးခေတ်နှောင်းပိုင်းပြိုကွဲခြင်း (ကြေးခေတ်မှ သံခေတ်အကူးအပြောင်း) ဟူသော ဆက်စပ်သက်သေအထောက်အထားများနှင့် အကြမ်းဖျင်း ပတ်သက်နေသည်။[၄]

ရင်းမြစ်များပြင်ဆင်

 
ထရွိုင်မြို့မီးလောင်ခြင်း (၁၇၅၉/၆၂)၊ ဆီဆေးပန်းချီ (ရေးဆွဲသူ - ယိုဟန် ဂျော့ချ် ထရောက်မန်း)

ထရိုဂျန်စစ်ပွဲအကြောင်းအရာများကို များလှစွာသော ဂရိစာပေလက်ရာများ။ တွေ့ရှိနိုင်၍ ဂရိအနုပညာလက်ရာများစွာတွင်လည်း ချယ်မှုန်းသရုပ်ဖော်ထားကြသည်။ စစ်ပွဲ၏ အဖြစ်အပျက်တစ်ခုလုံးကို ဖော်ပြပေးသော အခိုင်မာဆုံးစာပေတစ်ခုတည်းဟူ၍ မရှိပေ။ ဇာတ်လမ်းအကြောင်းအရာကို များပြားသော ရင်းမြစ်များစွာမှ စီစဉ်ဖန်တီးယူကာ အချို့ရင်းမြစ်များမှာ တစ်ခုနှင့်တစ်ခု မူပုံစံ ဆန့်ကျင်ကွဲပြားကြသည်များလည်းရှိ၏။ အထင်ရှားဆုံး စာပေရင်းမြစ်နှစ်ခုမှာ ဟိုးမားအိလိယဒ်နှင့် အောဒဆီ ကဗျာလင်္ကာရှည်နှစ်ပုဒ်ပင် ဖြစ်လေရာ ယင်းစာပေနှစ်ခုကို ဘီစီ ၉-၆ ရာစုအတွင်းက ရေးဖွဲ့ခဲ့သည်။[၅] ကဗျာတစ်ပုဒ်စီသည် စစ်ပွဲနှင့်ပတ်သက်သော အစိတ်အပိုင်းတစ်ခုစီကို ပြောပြထားပေး၍ အိလိယဒ်သည် ထရွိုင်မြို့သိမ်းတိုက်ပွဲ၏ နောက်ဆုံးဆယ်နှစ်မြောက်၌ ဖြစ်ပျက်ခဲ့သော အချိန်တိုတစ်ခုကို ရေးဖွဲ့တင်ပြထားပြီး အောဒဆီကဗျာမှာမူ ထရွိုင်မြို့ ပျက်ပြီးနောက် သူရဲကောင်း အောဒစ်ဆီးယပ်စ်သည် အစ်သကာ (Ithaca) ခေါ် ဇာတိမြေသို့ အိမ်ပြန်ခရီစဉ်အကြောင်းနှင့် ထိုခရီးမတိုင်မီ အစောပိုင်းဖြစ်ပျက်ခဲ့သော စစ်ပွဲအကြောင်းအချို့ကို နောက်ကြောင်းပြန်သဘောဖြင့် တင်ဆက်ရေးဖွဲ့ထားသည်။

စစ်ပွဲနှင့်ပတ်သက်၍ အခြားအပိုင်းများကို "စိပရီယာ" (Cypria - ခိပရိယာ)၊ "အီသိုင်းယာပစ်" (Aethiopis)၊ "အိလိယဒ်အငယ်" (Little Iliad)၊ "လိယူပဲစိ" (Iliou Persis)၊ "နော့စတီ" (Nostoi)၊ "တီလယ်ဂေါနီ" (တီလယ်ဂေါနီယာ - Telegony) စသော ရှေးကျသည့်ကဗျာများတွင် တွေ့နိုင်သည်။ ယင်းကဗျာများမှာ အပိုင်းအစသဘောမျိုးဖြင့်သာ ရှင်သန်ကျန်ရစ်သော်လည်း ပါဝင်သည့်အကြောင်းအရာများကို သဒ္ဒါဆရာ ပရောကလပ်စ် (Eutychius Proclus) ၏ စာတိုပတ်စအစုများတွင်ပါဝင်သော အကျဉ်းချုပ်ဖော်ပြချက်မှ သိရှိရသည်။[၆] ထိုထိုကဗျာများကို ရေးသူမှာ မည်သူမှန်းမသိရှိပေ။ ယေဘုယျ ယူဆတွေးထင်နိုင်သည်မှာ ယင်းကဗျာများကို ဘီစီ ၆-၇ ရာစုများက ရေးသားထား၍ ယင်းကာလသည် ဟိုးမားကဗျာများရေးဖွဲ့ပြီးမှဖြစ်၏။ ထို့အတွက် အစောပိုင်းရှိခဲ့သော စာပေများကို အခြေခံဖွဲ့ခဲ့သည်ဟု ကျယ်ပြန့်စွာ ယုံကြည်ကြလေသည်။[၇]

ဟိုးမားကဗျာများနှင့် ထိုရှေးကဗျာများသည် နှုတ်မှုရေးရာ လက်ဆင့်ကမ်းသယ်ဆောင်သည့်ဓလေ့ မှယူ၍ ဖွဲ့ထားခြင်းဖြစ်သည်။ အိလိယဒ်၊ အောဒဆီ နှင့် ထိုရှေးကဗျာများ ရေးဖွဲ့ပြီးသည့်နောက်တိုင် ထရိုဂျန်စစ်ပွဲဆိုင်ရာ ဒဏ္ဍာရီ/ယုံတမ်း များအကြောင်းကို ပုံပြင်ပြောခြင်းနှင့် ကဗျာပုံစံ အမျိုးအစားများစွာမှတစ်ဆင့် နှုတ်မှုရေးရာ လက်ဆင့်ကမ်းခဲ့ကြသည်။ နှောင်းပိုင်းကျသော စာရေးဆရာများ၏ လက်ရာများတွင် တွေ့ရသော စစ်ပွဲဆိုင်ရာ အဖြစ်အပျက် အသေးစိတ်များသည်လည်း နှုတ်သဘောသယ်ဆောင်လာခဲ့ခြင်းဖြစ်နိုင်၍ ဟိုးမားကဗျာများကဲ့သို့ပင် သက်တမ်းရင့်နိုင်ပေသည်။ အမြင်ပိုင်ဆိုင်ရာ အနုပညာလက်ရာများ ဥပမာအနေဖြင့် ပန်းအိုးပန်းချီများသည်လည်း ထရိုဂျန်စစ်ပွဲအကြောင်း ဖော်ပြရာ၌ ကြားခံတစ်ခုဖြစ်ခဲ့သည်။[၈]

နှောင်းပိုင်းခေတ်များသို့ရောက်သော် ပြဇာတ်ဆရာများ၊ သမိုင်းဆရာများနှင့် အခြားပညာရှင်များသည် စစ်ပွဲကစေ့ဆော်ပေးသည့် လက်ရာများစွာကို ဖန်တီးခဲ့ကြသည်။ အေသင်မြို့၏ နာမည်ကျော် အလွမ်းပြဇာတ်ဆရာကြီးသုံးဦးဖြစ်သည့် ဆောဖာကလီးဇ်ယူရစ်ပီးဒီးဇ်အက်စကိလပ်စ် တို့သည် ထရိုဂျန်စစ်ပွဲအကြောင်းရာပါ ဇာတ်လမ်းများကို တင်ဆက်ထားသည့် ပြဇာတ်များစွာကို ရေးသားခဲ့ကြသည်။ ရောမစာရေးဆရာများအနက် ထင်ရှားဆုံးဖြစ်သည်မှာ ဘီစီတစ်ရာစုနှစ်က ကဗျာဆရာ ဗားဂျစ်လ် ဖြစ်ကာ ၎င်း၏ "အစ်နီးယစ်" (Aeneid) စာအုပ်အမှတ် (၂) တွင် ထရိုဂျန်သား သူရဲကောင်း အစ်နီးယပ်စ်က ထရွိုင်မြို့ပျက်စီးခြင်းအကြောင်းကို ပြောပြထားသည့် ဇာတ်လမ်းဖြစ်သည်။

ရာဇဝင်လာဇာတ်လမ်းပြင်ဆင်

ဒဏ္ဍာရီရာဇဝင်ကဆိုသည်မှာ ပဋိပက္ခနတ်ဘုရားမ အဲရစ်က ဟီရာအသီးနာအဲဖရာဒိုက်တီ တို့ကို ရွှေပန်းသီးတစ်လုံးပေးခဲ့သည်မှစ၍ ထိုနတ်ဘုရားမသုံးဦး အချင်းများရာက စသည်ဟုဆိုသည်။ ထိုပန်းသီးကို ဝိရောဓိပန်းသီး (Apple of Discord) ဟု ရံခါ၌ သမုတ်ကြ၍ "မည်သူက အလှပဆုံး" ဟူသည်ကို မှတ်ကျောက်တင်ရန်ဖြစ်သည်။ ဇုစ်က ထိုနတ်ဘုရားမသုံးပါးကို ထရွိုင်မြို့က ပါရိစ်မင်းသားထံလွှတ်၍ အဆုံးဖြတ်ခံစေရာ အဲဖရာဒိုက်တီက အလှဆုံးအဖြစ် ရွေးချယ်ခံရ၍ ပန်းသီးကို ရစေသည်။ အပြန်အလှန်အနေဖြင့် အဲဖရာဒိုက်တီက စပါတာဘုရင် မန်နစ်လေးယပ်စ်၏ ဇနီးသည် "ဟယ်လန်"ကို အလှပဆုံးလူသားအမျိုးသမီးအဖြစ် ဖန်တီးပေးခဲ့၍ ပါရိစ်နှင့် ချစ်ကြိုက်စေခဲ့သည်။ ထို့နောက် ပါရိစ်က ဟယ်လန်နှင့်အတူ စပါတာမှ ထရွိုင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

မန်နစ်လေးယပ်စ်၏ အကို မိုက်ဆီးနီဘုရင် အဲဂါမန်းနန်က အခီးရန်တပ်ဖွဲ့ကြီးကို ဦးဆောင်၍ ထရွိုင်မြို့သို့ သွားရောက်ကာ မြို့ကိုဆယ်နှစ်ကြာသည်အထိ တိုက်ခိုက်ခဲ့သည်။ အာခိလိဇ်အေဂျက် စသော အခီးရန် သူရဲကောင်းများ၊ ဟက်တာ၊ ပါရိစ် စသော ထရိုဂျန်သူရဲကောင်းများအပါအဝင် များစွာကျဆုံးပြီးနောက် မြို့သည် ထရိုဂျန်မြင်း လှည့်ကွက်မိသွားခဲ့သည်။ အခီးရန်ဇ်သားများက ထရိုဂျန်သားများကို သုတ်သင်ရှင်းလင်းပြီး အမျိုးသမီးနှင့် ကလေးငယ်များကို ကျွန်များအဖြစ်သိမ်းပိုက်ခဲ့ကာ ထရိုဂျန်ဘုရားကျောင်းများကို မလျော်မကန်ပြုခဲ့ကြ၏။ ထို့အတွက် နတ်ဘုရားတို့၏ အမျက်သင့်ခဲ့သောကြောင့် အခီးရန်ဇ်တို့သည်လည်း ၎င်းတို့အိမ်သို့ ချောချောမောမောပြန်ရောက်သောဟူ၍ မရှိသလောက်ပင် ဖြစ်ခဲ့လေသည်။ အများမှာလည်း ဝေးလံသောကမ်းရိုးတန်းဒေသများ၌ ကိုလိုနီနယ်များထောင်ကြသည်။ ရောမလူမျိုးတို့သည် နောင်သော် ၎င်းတို့၏ ဇာစ်မြစ်လိုက်သောအခါ အဲဖရာဒိုက်တီ၏ သားတစ်ဦးဖြစ်သူ ထရိုဂျန်သား အစ်နီးယပ်စ်သည် ၎င်းတို့၏ ဘိုးဘေးဖြစ်ခဲ့ကြောင်းသိရှိရသည်။ အစ်နီးယပ်စ်သည် ရှင်သန်ကျန်ရစ်သော ထရိုဂျန်သားများကို ခေါ်ဆောင်ကာ ယနေ့ အီတလီနိုင်ငံဘက်သို့ ခရီးထွက်ခွာခဲ့သည်။

အောက်ပါ ထရိုဂျန်စစ်ပွဲအကျဉ်းချုပ်သည် အိလိယဒ်၊ အောဒဆီ၊ အစ်နီးယစ်ဒ် စသောကဗျာများနှင့်အတူ သဒ္ဒါဆရာ ပရောကလပ်စ် တင်ပြသော ဖြစ်စဉ်များကို အစီစဉ်တကျဖော်ပြထားပြီး အခြားသော စာရေးဆရာမျ၏ အသေးစိတ်များဖြင့် ပံ့ပိုးရေးသားထားသည်။

စစ်ပွဲ ဇာစ်မြစ်များပြင်ဆင်

 
ထရွိုင်ပြတိုက်တွင်ရှိသော ပိုလိဆက်နီ (Polyxena - ပလစ်ဆစ်ခ်နာ) ၏ ကျောက်ခေါင်းတလား
 
ထရွိုင်ပြတိုက်ရှိ ဂီတတီးခတ်သူများ၏ ရွှံ့ရုပ်တုများ

ဇုစ်၏ အစီအမံပြင်ဆင်

ဂရိဒဏ္ဍာရီတွင် နတ်ဘုရားဇုစ်သည် ဖခင် ခရိုးနပ်စ်ကို နန်းချ၍ နတ်တို့အရှင်ဖြစ်လာခဲ့သည်။ ဇုစ်သည် နှမ နှင့် ဇနီးတော်စပ်သူ ဟီရာအပေါ် သစ္စာမရှိဘဲ အခြားသူများစွာနှင့် ပေါင်းသင်းဆက်ဆံခြင်းမှ ကလေးများစွာ ဖွားမြင်ခဲ့၏။ ကမ္ဘာပေါ်တွင် လူဦးရေ အလွန်တရာများပြားလွန်းသည်ဟု ထင်မှတ်သောကြောင့် အနာဂတ်ရေးကို ဤသို့မြင်ယောင်ကြည့်မိသည်။ မိုးမပ်စ် သော်လည်းကောင်း[၉] သီးမစ် သော်လည်းကောင်း[၁၀] တစ်ဦးဦးသည် လူဦးရေလျှော့ချရန်၊ အထူးသဖြင့် ၎င်း၏ နတ်လူမျိုးဆက်များ (demigod) ကို လျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် ထရိုဂျန်စစ်ပွဲကို ဖြစ်စေမည်။[၁၁]

ဤအချက်ကို ဟီးဆီးယဒ်၏ တင်ပြထားမှုက ထောက်ပံ့ပေးနိုင်သည်။

ယခုဆိုလျှင် နတ်ဘုရားများသည် ပဋိပက္ခ အမုန်းအာဃာတများဖြင့် ကွဲပြားလျက် ရှိရာ ယင်းအချိန်၌ နတ်တို့သနင်း၊ မိုးကြိုးကိုအစိုးရတော်မူသော ဇုစ်နတ်မင်းသည် ကြီးကျယ်သောဆောင်ရွက်မှုအကြောင်းများကို တွေးတောစဉ်းစားနေချိန်ဖြစ်၏။ အပြောကျယ်လှသော ကမ္ဘာမြေဝယ် မုန်တိုင်းကြီးငယ်များကို ရောနှောထုတ်လွှင့်တိုက်ခတ်ရန်အထိပင်ဖြစ်သည်။ ထို့နောက်၎င်းသည် နတ်လူမျိုးနွယ် (demi-god) တစ်ရပ်လုံးကို အဆုံးသတ်မည်၊ နတ်တို့၏ သားသမီးများဖြစ်ကုန်သော နတ်လူတို့သည် သေခြင်းကို မရှောင်လွှဲနိုင်သော ညစ်ထေးသည့် လူသားများနှင့် မပေါင်းကုန်သင့်ဟု ဆိုရင်း လူသားမျိုးနွယ်များကို အကြွင်းမဲ့ အဆုံးသတ်ရန်အထိ အတိုက်ကရိုက်လုပ်ဆောင်နေခဲ့သည်။ သို့သော် မြင့်မြတ်သည့် နတ်များသည်ကား ရှေးမဆွကအတိုင်း လူသားများနှင့် မပေါင်းသင်းဘဲ ကင်းကွာစွာ နေသင့်သည်။ မည်သို့ပင်ဆိုစေ ဇုစ်နတ်မင်းကား သေမျိုး၊ လူသားများအပေါ်တွင် နဖူးကချွေးခြေမကျသည်အထိ ပင်ပန်းဆင်းရဲသော ဒုက္ခများမြောင်၊ တစ်ပူပေါ် တစ်ပူဆင့်သည့် ပူဆွေဝမ်းနည်းမှုများ ဖြစ်ပေါ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။[၁၂]

ပဲရစ် (ပါရိစ်) ၏ ဆုံးဖြတ်ခြင်းပြင်ဆင်

 
အန်းရစ်ကဲ စီမွန်နတ်ရေးဆွဲသော El Juicio de Paris (ပါရိစ်၏ ဆုံးဖြတ်ရွေးချယ်ခြင်း)၊ ၁၉၀၄

ဇုစ်သည် သီးမစ်[၁၃] (သို့) ပရာမီးသီးယပ်စ်[၁၄] (ဟဲရာကလီးဇ်က ကော့ကေးဆပ်စ် (အသံထွက် - ကော့ကာဆပ်စ်) တွင် ) ပရာမီးသီးယပ်စ်ကို ချုပ်နှောင်ခံထားရမှုမှ လွှတ်ပေးပြီးနောက်) တစ်ဦးဦးထံမှ ဤဟောကိန်းကို သိရှိလာခဲ့သည်။ "၎င်းသည်လည်း ဖခင် ခရိုးနပ်စ်ကဲ့သို့ ၎င်း၏သားတစ်ဦးဦးမှ နန်းချလိမ့်မည်" ဆိုသောအချက်ပင်ဖြစ်သည်။ အခြားဟောဟိန်းတစ်ခုရှိသေး၏။ ဇုစ်သည် ဂရိကမ်းလွန်မှ သမုဒ္ဒရာရေပြင်ကို ငေးကြည့်မိရင်း ချစ်ကြိုက်မိသွားသော ပင်လယ်စောင့်နတ်သမီး သဲတစ် (သီးတစ်) မှ မွေးသော သားတစ်ယောက်သည် ဖခင်ထက်ပို၍ စွမ်းအားကြီးမည် ဟုသော ဟောကိန်းဖြစ်လေသည်။[၁၅] ထိုဟောကိန်းနှစ်ခုစလုံး (သို့) တစ်ခုခုအရ[၁၆] သဲတစ်ကို အသက်ခပ်ကြီးကြီးဘုရင်ဖြစ်သော အီးယာကပ်စ်ဘုရင် ပီးလီးယပ်စ်နှင့် ဇုစ်အမိန့်အရ သဘောတူလိုက်သည်။[၁၇] ဇုစ်အမိန့်မဟုတ်ပါကလည်း သဲတစ်သည် ၎င်းကို ပြုစုသုတ်သင်လာခဲ့သော ဟီရာကို ကျေနပ်စေချင်သောကြောင့်ဖြစ်သည်။[၁၈]

နတ်ဘုရားများအားလုံးကို ပီးလီးယပ်စ်နှင့် သဲတစ်တို့၏ မင်္ဂလာပွဲသို့ ဖိတ်မံတကပြု၍ နတ်ဘုရားများက လက်ဆောင်များ ချီးမြှင့်ကြသော်လည်း ပဋိပက္ခနတ်ဘုရားမ အဲရစ်လာသောအခါ ဇုစ်အမိန်ဖြင့် ဟားမီးဇ်က ဝင်ခွင့်မပေးဘဲ တားလေရာ[၁၉] စော်ကားမော်ကားပြုခံရသောကြောင့် အဲရစ်က တံခါးမှနေ၍ သူမ၏ လက်ဆောင်ကို ပစ်သွင်းပေးလိုက်သည်။[၂၀] လက်ဆောင်မှာ ရွှေပန်းသီးတစ်လုံးဖြစ်ပြီး ထိုပန်းသီး၌ အချောမောဆုံးသူအတွက် ဟူ၍ ထွင်းထားလေသည်။[၂၁] ထိုပန်းသီးကို ဟီရာ၊ အသီးနာ၊ အဲဖရာဒိုက်တီ တို့က သူပိုင်ငါပိုင်ဖြင့် အငြင်းပွားကြရာ အခြားနတ်ဘုရားများမှ တစ်ဦးဦးအပေါ် အသားပေး၍ အခြားနတ်ဘုရားမနှစ်ပါးနှင့် ရန်သူဖြစ်သွားမည်ကို မလိုလား၍ မည်သည့်အမြင်သဘောထားမှ မပေးခဲ့ချေ။ နောက်ဆုံးတွင် ဇုစ်နတ်မင်းက ဟားမီးဇ်ကို ထိုနတ်ဘုရားမသုံးဦးအား ပဲရစ်မင်းသားထံ ခေါ်ဆောင်သွားခိုင်းပြီး ဆုံးဖြတ်စေသည်။ "ပဲရစ်သည် ထရွိုင်မြို့ကို ပျက်သုဉ်းစေအံ့" ဟူသော တဘောင်ဟောကိန်းရှိသဖြင့် သူ့ကို "အိုင်ဒါတောင်" (Mount Ida)[၂၂] ၌ သိုးထိန်းတစ်ဦးက မွေးမြူ၍ ကြီးပြင်းလာကာ ၎င်း၏ မျိုးဆက်ကိုပင် မသိသော သူဖြစ်သည်။[၂၃] နတ်ဘုရားမသုံးပါး အိုင်ဒါစမ်းတွင် ရေချိုးသန့်စင်ပြီးနောက် အနိုင်ရရှိရန်အတွက် (သို့) ပဲရစ်၏ တောင်းဆိုမှုဖြင့် အဝတ်မပါ ကိုယ်ဗလာဖြင့် ပဲရစ်ဆီသို့ ရောက်လာကြသည်။ ပဲရစ်သည်လည်း ယင်းအခြေအနေတွင် မည်သည့်ဆုံးဖြတ်မှုမျှမပေးနိုင်ခဲ့ပေ။ ထိုအခါ နတ်ဘုရားမများက အဆုံး၌ လာဘ်ထိုးကျသည်။ အသီးနာက ပဲရစ်ကို ဉာဏ်ပညာ၊ တိုက်ခိုက်ရေးစွမ်းရည်၊ အကြီးကျယ်ဆုံးစစ်သည်များ၏ စွမ်းအားပေမည်။ ဟီရာက နိုင်ငံရေးအာဏာနှင့် အာရှမိုင်နာတခွင် အုပ်ချုပ်စိုးစံရန် အခွင့်အပ်နှင်းမည်။ အဲဖရာဒိုက်တီက ကမ္ဘာပေါ်ရှိ အလှပဆုံးအမျိုးသမီးဖြစ်သည့် စပါတာမြို့က ဟယ်လန် (ဟယ်လင်) ၏ ချစ်ခြင်းမေတ္တာကို အာမခံသည်။ ထို့နောက် ပဲရစ်က ပန်းသီးကို အဲဖရာဒိုက်တီအားပေးလိုက်သည်။ စွန့်စားမှုအချို့ပြီးနောက် ထရွိုင်မြို့သို့ ပဲရစ်ပြန်ရာတွင် ၎င်းကို တော်ဝင်မျိုးနွယ်က မှတ်မိ၍ အသိအမှတ်ပြုခဲ့သည်။

 
ဟစ်ဖီးစတပ်စ် သွန်းထုသော လက်နက်ကို သဲတစ်က သားဖြစ်သူ အာခိလိဇ်သို့ ပေးခြင်း။ (အဲတစ် (သို့) အေသင် ဆေးမည်းဖြင့်ရေးဆွဲထားသော မြေအိုးပေါ်ရှိ ပုံများ) (ဘီစီ ၅၇၅-၅၅၀)

ပီးလီးယပ်စ်နှင့် သဲတစ်တို့မှ သားတစ်ဦးဖွားမြင်၍ အာခိလိဇ် အမည်တွင်သည်။ ၎င်းသည် သာမန်ဘဝဖြင့်နေပါက အသက်ကြီးရင့်သည်အထိ နေနိုင်မည်။ စစ်ပွဲဆင်နွှဲပါက ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျဆုံးသော်လည်း ကဗျာလင်္ကာများတွင် ဂုဏ်သတင်းမသေနိုင်ဟု အဆိုရှိထား၏။[၂၄] ထို့နောက် အခိလိဇ် အသက်ကိုးနှစ်ပြည့်သော် အနာဂတ်ဟောသူက "ထရွိုင်မြို့သည် အခိလိဇ် အကူအညီမပါဘဲ မည်သည့်အခါမျှ မပျက်လင့်" ဟူ၍ ဟောကိန်းထုတ်ခဲ့သည်။[၂၅] ရင်းမြစ်အတော်များများက မိခင်သဲတစ်သည် အာခိလိဇ် ကလေးအရွယ်တွင် မသေမျိုး (နတ်တစ်ပါး) ဖြစ်ရန် ကြိုးပမ်းခဲ့သည်ဟု ဖော်ပြထားကြလေသည်။ ရင်းမြစ်အချို့က ဤသို့ရေးသားကြသည်။ သဲတစ်သည် အာခိလိဇ်ကို ညစဉ် ခေါ်ယူ၍ မီးလျှံအပေါ်၌ထားပြီး သေမျိုးကိုယ်ခန္ဓာအစိတ်အပိုင်းများကို လောင်ကျွမ်းသွားစေရန်ပြုကာ နေ့အခါတွင် နတ်သုဓာဖြင့် သုတ်လိမ်း၏။ ပီးလီးယပ်စ်ဘုရင်က ထိုအဖြစ်ကို မြင်သော် မလုပ်ရန်တား၏။[၂၆]

ဤဇာတ်လမ်းနှင့်ပတ်သက်၍ အချို့သောမူများ၌ သဲတစ်က ဤပုံစံဖြင့် ကလေးအချို့ကို သေစေခဲ့ရာ ပီးလီးယပ်စ်၏ တားမြစ်မှုသည် အာခိလိဇ်ကို မသေစေရန် ကယ်ဆယ်ခဲ့၏ဟု ဖော်ပြထားသည်။[၂၇] အခြားရင်းမြစ်များ၌ မတူသောဇာတ်လမ်းပုံစံရှိသေးသည်။ သဲတစ်သည် မြေအောက်ကမ္ဘာ၌ စီးဆင်းနေသော စတစ်ခ်စ် (Styx) မြစ်ကြီးတွင် အခိလိဇ်ကို ရေချိုးသန့်စင်ပေးသောကြောင့် ရေနှင့်ထိသောနေရာတိုင်း၌ ဘေးကင်းလုံခြုံမှုဖြစ်စေ၏ဟု ဖော်ပြထားပြန်သည်။[၂၈] ခြေဖနောင့်မှနေ၍ သယ်ဆောင်သောကြောင့် ရေချိုးပေးစဉ် ခြေဖနောင့်သည်မနစ်၊ ထို့အတွက်ကြောင့် ယင်းနေရာသည် ပျော့ကွက် (သို့) အန္တရာယ်ရှိသည့်နေရာ ဖြစ်သွားခဲ့သည်။ (ထို့ကြောင့် အင်္ဂလိပ်ဘာသာစကား၌ Achilles' heel ဟုဆိုလျှင် တစ်စုံတစ်ယောက်၏ ပျော့ကွက်/အပြစ်အနာအဆာနေရာ ဟုဆိုကြသည်။) ထို့နောက် လူသားမျိုးနွယ်ကြားတွင် အကြီးကျယ်ဆုံး စစ်သည်သူရဲကောင်းဖြစ်လာခဲ့သည်။ အနာဂတ်ဟောသူ၏ ဟောကိန်းထုတ်ပြီးနောက် သဲတစ်က သားဖြစ်သူကို စကီးရော့စ် (Skyros) ကျွန်း၏ လိုက်ကာမီးဒီးဇ်ဘုရင့်နန်းတော်တွင် မိန်းကလေးယောင်ဆောင်၍ ဖွက်ထားခဲ့သည်။[၂၉] စစ်ပွဲ၏အရေးပါသောအခြေနေတစ်ခုတွင် သဲတစ်က အာခိလိဇ်ကို ဟစ်ဖီးစတပ်စ် သွန်းလုပ်သော လက်နက်များဖြင့် ကူညီလေ့ရှိသည်။

ပဲရစ်၏ ဟယ်လန်ကိုခိုးယူခြင်းပြင်ဆင်

 
အဲဖရာဒိုက်တီ၏ လမ်းညွှန်မှုနှင့် "ဟယ်လန်ကို အဓမ္မခိုးယူခေါ်ဆောင်ခြင်း" (၁၅၃၀-၃၉)၊ ဖရန်စစ္စကို ပရမတတီချို (Francesco Primaticcio) ၏ လက်ရာ

ကမ္ဘာပေါ်၌ အချောမောအလှဆုံးသည် စပါတာဘုရင် တင်ဒဲရီးယပ်စ် (Tyndareus) ၏ သမီးတော် ဟယ်လန် ဖြစ်၏။ မိခင်မှာ ဇုစ်၏ ငန်းငှက်အသွင်ဖြင့် သွေးဆောင်ဖြားယောင်းခံရသူ (သို့) ဇုစ်၏ ဗလက္ကာရပြုကျင့်ခံရသူ လီဒါ (Leda - လေဒါ) ဖြစ်သည်။[၃၀] လီဒါသည် အမွှာနှစ်စုံ (သားသမီးလေးယောက်) ကို ဇုစ်နှင့်မွေးသည် (သို့) တင်ဒဲရီးယပ်စ်နှင့် မွေးသည် ဆိုသည့်အချက်အား ဖော်ပြချက်များတွင် မတူကြချေ။ သို့သော် ဟယ်လန်၏ ဖခင်မှာ ဇုစ်နတ်မင်းဟူ၍ ဖော်ပြကြသည်ကများသည်။[၃၁] ရံခါ၌ နဲမစစ်နတ်သမီးကို ဟယ်လန်၏ မိခင်ဟု ဖော်ပြကြသည်လည်းရှိသည်။[၃၂] ဟယ်လန်ကို ချစ်ရေးဆိုသူ၊ လက်ထပ်ချင်သူ များပြားလှပြီး ဖခင်ဖြစ်သူက သမီးအတွက် တစ်ယောက်ကို ရွေးချယ်လျှင် အခြားသောသူများနှင့် ပြဿနာဖြစ်မည်စိုးရွံ့သဖြင့် လူရွေးမှုကို စိတ်မပါချေ။

နောက်ဆုံးတွင် ချစ်ရေးဆိုသူများထဲကတစ်ယောက်ဖြစ်သည့် အောဒစ်ဆီးယပ်စ်က ပြဿနာကိုဖြေရှင်းရန် အကြံတစ်ခုပြုသည်။ အပြန်အလှန်အနေဖြင့် တင်ဒဲရီးယပ်စ်က ပါနဲ့လာပီးကို အောဒီးဆီးယပ်စ်နှင့် အောင်သွယ်လုပ်ပေးမည်ဖြစ်သည်။[၃၃] အောဒီးဆီးယပ်စ်၏ အကြံမှာ တင်ဒဲရီးယပ်စ်သည် ဟယ်လန်ကို ချစ်ရေးဆိုသူအားလုံးကို ကတိတစ်ခုပြုစေ၏။ ထိုကတိမှာ မည်သူ့ကို ရွေးချယ်သည်ဖြစ်စေ ဟယ်လန်၏ လက်ထပ်မင်္ဂလာဖြစ်မြောက်ရန် ကာကွယ်ပေးရမည်။ ချစ်ရေးဆိုသူများက ညည်းညည်းညူညူဖြင့် အစီအစဉ်အရ ယစ်ကောင်လုပ်ထားသော မြင်း၏ အသားတုံးများဖြင့် သစ္စာဆိုခဲ့ကြသည်။[၃၄]

တင်ဒဲရီးယပ်စ်သည် မန်နစ်လေးယပ်စ်ကို ရွေးချယ်ခဲ့ကာ ၎င်းသည် တင်ဒဲရီးယပ်စ်၏ နိုင်ငံရေးအရ အကြိုက်တွေ့မှုကြောင့် ဖြစ်သည်။ မန်နစ်လေးယပ်စ်တွင် အာဏာနှင့် ဓနရှိသည်။ ၎င်းသည် ရို့ရို့ကျိုးကျိုး ဟယ်လန်ကို တောင်းခဲ့သည်မဟုတ်ဘဲ ၎င်းကိုယ်စား အကိုဖြစ်သူ အဲဂါမန်းနန်ကိုသာ လွှတ်ခဲ့သည်။ ယခင်က အဲဖရာဒိုက်တီနတ်ဘုရားမကို ၎င်းသည် ဟယ်လန်ကိုရမည်ဆိုလျှင် နွားအရှဉ်းငါးဆယ်ကို ယစ်ပူဇော်မည်ဟု ကတိပေးဖူးသော်လည်း နောင်အခါရောက်သော် မေ့လျော့ခဲ့သဖြင့် အဲဖရာဒိုက်တီ၏ အမျက်သင့်ခဲ့သည်။[၃၅] မန်နစ်လေးယပ်မှာ ဟယ်လန်၏ အကိုနှစ်ဦး "ကားစ်တာ နှင့် ပေါလပ်ခ်စ်" (Castor and Pollux) နတ်ဖြစ်သွားသောအခါ[၃၆] မိဖုရားဟယ်လန်နှင့်အတူ စပါတာထီးနန်းကို ရရှိခဲ့ပြီး အဲဂါမန်းနန်သည် ဟယ်လန်၏ အမ "ကလိုက်တင်နဲစထရာ" (Clytemnestra) ကို လက်ထပ်ပြီး မိုက်ဆီးနီထီးနန်ကို ပြန်သိမ်းယူခဲ့သည်။[၃၇]

ပဲရစ်မင်းသားသည် သံတမန်ဆိုင်ရာခရီးစဉ်ခရီးဟု အယောင်ဆောင်၍ စပါတာသို့ ဟယ်လန်ကို ရယူရန်သွားခဲ့ကာ ထရွိုင်သို့ ဟယ်လန်ကို ခေါ်ဆောင်လာခဲ့သည်။ မန်နစ်လေးယပ်စ် ခရီးတီးနယ်သို့ ဦးလေးဖြစ်သူ ခရေးတီးယပ်စ်၏ ဈာပနသို့ သွားချိန်[၃၈] ပဲရစ်မင်းသား ဟယ်လန်၏ နန်းတော်သို့ ဝင်လာသည်။ သူမ ပဲရစ်ကို လှည့်မကြည့်မီ မြားနတ်မောင် အီးယာရော့စ် (အဲရော့စ်; ရောမအမည် - ကျူးပစ်) ၏ မြားသင့်သွားသောကြောင့် ပဲရစ်ကို မြင်မြင်ချင်း ချစ်မိခဲ့လေသည်။ ဤသည်မှာ အဲဖရာဒိုက်တီက ပဲရစ်ကို အာမခံထားသော လာဘ်ထိုးခဲ့ခြင်းဖြစ်သည်။[၃၉]

ဖော်ပြချက်တစ်ခုအရ ဟီရာသည် ပဲရစ်၏ ဆုံးဖြတ်မှုကို မနာလိုမရှုစိတ်ဖြစ်၍ မုန်တိုင်းတစ်ခု တိုက်လွှတ်ခဲ့သည်။[၃၉] မုန်တိုင်းသည် ထိုနှစ်ဦးကို အီဂျစ်၌ ကမ်းကပ်စေခဲ့၍ ထို၌ ဟယ်လန်နှင့် ပုံစံတူစေရန် တိမ်ဖြင့် ဖန်တီးထားသော နဲဖာလီ (Nephele) ဖြင့် အစားထိုးခဲ့သည်။[၄၀] ထိုသို့ ဟယ်လန်အစားထိုးခြင်းကို ဖော်ပြသောသူမှာ ဘီစီ ၆ ရာစုက စတာစစ်ကာရပ်စ် (Stesichorus) ဆိုသည့် ကဗျာဆရာဖြစ်သည်။ တစ်ဖက်တွင် ဟိုးမားက ဟယ်လန်သည် တစ်ဦးတည်းသာဖြစ်သည်ဟု ဆိုထားလေသည်။ သင်္ဘောသည် ဆိုက်ဒန်မြို့၌ ကမ်းကပ်ခဲ့ပြီး ပဲရစ်သည် အဖမ်းခံရမည် စိုးသောကြောင့် ထိုမြို့၌ ခေတ္တနေထိုင်ခဲ့ပြီးမှ ထရွိုင်သို့ ဆက်လက် ထွက်ခွာခဲ့သည်။[၄၁]

 
ဟိုးမားခေတ် ဂရိမြေပုံ

ပဲရစ်၏ ဟယ်လန်ကို ခိုးယူခေါ်ဆောင်ခြင်းမတိုင်မီ ဤသို့တူညီသော ဖြစ်ပျက်မှုများစွာ ရှိဖူးသည်။ အိုင်အို (Io) ကို မိုက်ဆီးနီသို့ ယူဆောင်ခြင်း၊ ယူရိုပါကို ဖနီးရှပြည်မှ ခေါ်ဆောင်ခြင်း၊ ဂျေးဆန်သည် မစ်ဒီးယာကို ကောကစ်လ်စ်မှ ခေါ်ဆောင်ခြင်း၊[၄၂] ထရိုဂျန်မင်းသမီး ဟစ်ဆိုင်းယာနီး (ဟစ်ဆီးယောနီ - Hesione) ကို ဟဲရာကလီးဇ်က တဲလာမန်မင်းသားအတွက် ခိုးယူခေါ်ဆောင်ပေးခြင်း စသဖြင့် များစွာရှိသည်။[၄၃] ဟစ်ရောဒတပ်စ် အဆိုအရ ပဲရစ်ကို ဤအဖြစ်သနစ်များက ဟယ်လန်ကို ဂရိမှ ခိုးယူရာ၌ ရဲဆေးတင်ပေးသည်ဖြစ်ကာ မည်သည့် တန်ပြန်လက်စားချေမှုကိုမျှ မျှော်လင့်မထားချေ။ အဘယ့်ကြောင့်ဆိုသော အခြားအဖြစ်အပျက်များတွင် ဤသို့ လက်စားချေတန်ပြန်မှုမျိုး မရှိခဲ့သောကြောင့်ပင်ဖြစ်သည်ဟု ဆိုလေသည်။[၄၄]

အခီးရန်တပ်သားများစုဆောင်းခြင်းနှင့် ပထမအကြိမ်စစ်ချီခြင်းပြင်ဆင်

ဟိုးမား၏ ဖော်ပြချက်အရဆိုလျှင် မန်နစ်လေးယပ်စ်နှင့် မဟာမိတ် အောဒစ်ဆီးယပ်စ် တို့သည် ထရွိုင်မြို့သို့ သွားခဲ့ကြပြီး ဟယ်လန်ကို သံတမန်နည်းအရ ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၄၅]

မန်နစ်လေးယပ်စ်သည် ညီအကိုဖြစ်သူ အဲဂါမန်းနန်ကို ဟယ်လန် လက်ထပ်ခြင်းနှင့်ပတ်သက်သော ကတိစကား (မည်သူ့ကို ဟယ်လန်၏ ခင်ပွန်းအဖြစ် ရွေးချယ်သည်ဖြစ်စေ အခြားချစ်ရေးဆိုသူများက ထိုလက်ထပ်ခြင်းကို ကာကွယ်ပေးရန်) ကို ဆက်လက်ထိန်းသိမ်းပေးရန် တောင်းဆိုခဲ့သည်။ အဲဂါမန်းနန်က သဘောတူညီပြီး အခီးရန်နယ်တခွင်ရှိ ဘုရင်များ၊ မင်းသားများ ဆီသို့ တမန်များလွှတ်ကာ ကတိသစ္စာကို ထိန်းသိမ်းလိုက်နာ၍ ဟယ်လန်ကို ပြန်လည်ရယူနိုင် တောင်းဆိုခဲ့သည်။[၄၆]

အောဒစ်ဆီးယပ်စ်နှင့် အာခိလိဇ်ပြင်ဆင်

 
စကီးရော့စ်နန်းတော်တွင် မင်းသမီးများကြား ပုန်းအောင်းနေသော၊ မိန်းမအသွင် ဝတ်ဆင်ထားသည့် အာခိလိဇ်ကို အောဒစ်ဆီးယပ်က ရှာတွေ့ပုံ (အိလိယဒ်ကဗျာမှ ဇာတ်ဝင်ခန်းတစ်ခု) စပိန်နိုင်ငံ La Olmeda စံအိမ်တော်၊ အေဒီ ၄-၅ ရာစုနှစ်

မန်နစ်လေးယပ်စ်၏ မင်္ဂလာပွဲပြီးနောက် အောဒစ်ဆီးယပ်သည် ပါနဲ့လာပီးနှင့် လက်ထပ်ခဲ့ကာ သားတစ်ဦးထွန်းကားခဲ့သည်။ စစ်ဖြစ်မည်ကို ရှောင်ရန် အရူးဟန်ဆောင်၍ လယ်ကွက်ကို ဆားပွင့်များ ပျိုးကြဲပြသည်။ အဲဂါမန်းနန်က အောဒစ်ဆီးယပ်ကို ခေါ်ရန် "ပါလာမီးဒီးဇ်" (Palamedes) ကို လွှတ်ခဲ့သည်။ ပါလာမီးဒီးဇ်သည် အောဒစ်ဆီးယပ်စ်၏ သားဖြစ်သူ နို့စို့အရွယ်သာရှိသေးသော တစ်လဲမာကပ်စ် (Telemachus) အား အောဒစ်ဆီးယပ်စ် လယ်ထွန်ရာလမ်းကြောင်းရှေ့တွင် ချလိုက်သည်။ အောဒစ်ဆီးယပ်စ်က သားဖြစ်သူကို မသတ်မိစေရန် ဘေးသို့တိမ်းလိုက်၏။ ထိုအခါ အရူးယောင်ဆောင်မှု ပေါ်သွား၍ စစ်ပွဲဆီသို့ လိုက်ခဲ့ရလေသည်။ [၃၉][၄၇]

သို့သော်လည်း ဟိုးမား၏ ရေးသားချက်တွင် အောဒစ်ဆီးယပ်စ်သည် စစ်ပွဲကို အစကတည်းက အားပေးထောက်ခံကာ ပိုင်းလော့စ်(ပီးလော့စ်)ဘုရင် နက်စ်တာ (Nestor - နက်စ်တော်) နှင့်အတူ ခရီးများသွားလာခဲ့ပြီး လူသူလက်နက် စုဆောင်းခဲ့သည်။[၄၈]

စကီးရော့စ်ကျွန်းတွင် ဘုရင်းသမီးတော် ဒေးဒါမိုင်းယာ (Deidamia - ဒီဒါမီယာ) နှင့် အာခိလိဇ်တို့ အကြောင်းပါ၍ သားတစ်ယောက် မွေးဖွားသည်။ ထိုကလေးသည် နီးယော့ပ်တောလီမပ်စ် (Neoptolemus) ဟုအမည်တွင်သည်။[၄၉] အောဒစ်ဆီးယပ်စ်၊ အေဂျက်၊ အာခိလိဇ်၏ ဆရာ ဖီးနစ်ခ်စ် (Phoenix - ဖောန်နစ်ခ်စ်) တို့ပေါင်း၍ အာခိလိဇ်ကို ခေါ်ယူရန် သွားခဲ့ကြသည်။ အာခိလိဇ်မိခင်သည် ၎င်းကို မိန်းကလေးအသွင်ဖြင့် စစ်ပွဲကို မလိုက်မိစေရန် ရုပ်ဖျက်ထားသည်။ သို့ရာ၌ ဇာတ်လမ်းတစ်ခုအရ ရောက်လာသောသူများက ခရာများမှုတ်ကြသော် အာခိလိဇ်က ကျူးကျော်သူများကို လှံတံကိုင်စွဲပြီး တိုက်ခိုက်ရန် ထွက်လာသည်။[၂၅] အခြားဇာတ်လမ်းတစ်ပုဒ်၌မူ အောဒစ်ဆီးယပ်စ်တို့ သုံးဦးသားသည် ကုန်သည်ယောင်ဆောင်ကာ လက်ဝတ်ရတနာနှင့် လက်နက်များကို ယူဆောင်လာပြီး အာခိလိဇ်သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ဘဲ လက်ဝတ်ရတနာကို စိတ်မဝင်စား၊ လက်နက်ပစ္စည်းကိုသာ နှစ်ခြိုက်မက်မောသည့်အတွက် အခိလိဇ်မှန်း သိသွားသည်ဟု ဆိုသည်။[၅၀]

ပေါဆေးနီးယပ်စ်က ယခုလို ဆို၏။ "ဟိုးမားကဗျာအရ အာခိလိဇ်သည် စကီးရော့စ်ကျွန်းတွင် ပုန်းအောင်းနေသည်မဟုတ်၊ ထရိုဂျန်စစ်၏ တစ်စိတ်တစ်ဒေသအဖြစ် ကျွန်းကို အနိုင်သိမ်းပိုက်ထားခြင်းသာဖြစ်သည်။"[၅၁]

 
လိုက်ကိုမီးဒီးဇ်ဘုရင်၏ သမီးတော်များအကြား ပုန်းကွယ်နေသော အာခိလိဇ်အား တွေ့ရှိခြင်း၊ Jan de Bray ၏ လက်ရာ (၁၆၆၄)

အောလိဇ်မြို့တွင် ပထမအကြိမ် စုဝေးခြင်းပြင်ဆင်

အခီးရန်ဇ်တပ်ဖွဲ့ကြီးသည် အောလိဇ် (Aulis - အားလိဇ်) မြို့၌ ပထမဆုံးအကြိမ်အဖြစ် စုဝေးကြသည်။ ဟယ်လန်ကို ချစ်ရေးဆိုသူများထဲက ဆိုက်ပရပ်စ်ဘုရင် ကင်နိယာဇ်မှလွဲ၍ ကျန်သည့်သူများက မိမိတို့တပ်များကို စေလွှတ်ပေးကြသည်။ ၎င်းက အဲဂါမန်းနန်ကို ရင်ကာချပ်ဝတ်နှင့် သင်္ဘောအစီး (၅၀) စေလွှတ်ပါမည်ဟု ကတိပေးဖူးသော်လည်း အမှန်စင်စစ် သင်္ဘောတစ်စီးသာ စေလွှတ်ခဲ့ပြီး ကျန်သည့် (၄၉) စီးမှာ ရွှံ့များဖြင့် လုပ်ထားသော သင်္ဘောများဖြစ်ကြသည်။[၅၂] ခရီးတီးမှ အိုင်ဒေါမင်နီးယပ်စ်က ထရွိုင်စစ်ပွဲသို့ ခရီးတီးတပ်ပေါင်းစုကို ဦးစီးဦးဆောင်ပြုချင်သော်လည်းပဲ တွဲဖက်တပ်မှူးကြီးအဖြစ်သာ ခွင့်ပြုခံရသည်။[၅၃] နောက်ဆုံးမှရောက်ရှိလာသော တပ်မှူးမှာ အာခိလိဇ်ဖြစ်ကာ ယင်းအချိန်၌ အသက် (၁၅) နှစ်သာ ရှိသေး၏။

အပေါလို (Apollo ; ဟိုးမားခေတ် - /အပေါလွန်/) နတ်ဘုရားကို ယဇ်ပူဇော်ပြီးနောက် မြွေတစ်ကောင်သည် ဘုရားကျောင်းဆောင်မှ စာကလေးသိုက်ထဲသို့ သက်ဆင်းသွားပြီး အမေနှင့် ငှက်ကလေး ကိုးကောင်ကို စားသောက်ခဲ့ကာ ကျောက်တုံးဖြစ်သွားခဲ့၏။ အနာဂတ်ဟောသူက အတိတ်ကောက်သည်မှာ "ထရွိုင်မြို့သည် စစ်ပွဲ၏ ဆယ်နှစ်မြောက်၌ ကျဆုံးလတ္တံ" ဟူ၍ ဖြစ်သည်။[၅၄]

တယ်လီဖပ်စ်ပြင်ဆင်

အခီးယန်ဇ်များ စစ်ချီကြသောအခါ သွားရမည့်လမ်းကိုမသိဖြစ်ကြ၏။ ဘုရင် တယ်လီဖပ်စ် အုပ်စိုးသော မစ်ဆီယာ (Mysia - မီးရှား) ဒေသသို့ မတော်တဆ ရောက်ရှိသွားခဲ့ကြသည်။ တယ်လီဖပ်စ်ဘုရင်က အာကေးဒီးယားတပ်ပေါင်းစုကို ဦးဆောင်ကာ တိုက်ပွဲဖြစ်ကြသည်။[၅၅] တိုက်ပွဲတွင် တယ်လီဖပ်စ်က သားဆန္ဒာ (Thersander - သဲစန်းဒရှော့) ကို သတ်နိုင်ခဲ့ပြီး[၅၆] အာခိလိဇ်က တယ်လီဖပ်စ်ကို ဒဏ်ရာရစေခဲ့သည်။,[၅၇] ရရှိသော ဒဏ်ရာမှာ ပျောက်ကင်းမှုမရှိသဖြင့် တယ်လီဖပ်စ်က နတ်ဆရာကို ဒဏ်ရာနှင့်ပတ်သက်၍ မေးမြန်းသော် နတ်ဆရာက ပျောက်ကင်းလိမ့်မည်ဟု အဖြေပြန်ပေးသည်။ ထို့နောက် အခီးယန်ဇ်တပ်များ ရွက်လွှင့်၍ ထွက်ခွာလာရာ မုန်တိုင်းတစ်ခုကြောင့် အကွဲကွဲအပြားပြားဖြစ်ပြန်၏။ အာခိလိဇ်က စကီးရော့စ်ကျွန်းတွင် ရပ်နားခဲ့ပြီး ဒေးဒါမိုင်းယာနှင့် အိမ်ထောင်ပြု၏။ တပ်ဖွဲ့များစုဝေးခြင်းကို အောလိဇ်မြို့တွင် အသစ်တစ်ဖန်ပြန်လည် ပြုလုပ်ကြသည်။[၃၉]

တယ်လီဖပ်စ်က အောလိဇ်သို့ သွားပြီး သူဖုန်းစားယောင်ဆောင်ကာ အဲဂါမန်နန်ကို ၎င်း၏ ဒဏ်ရာကုသပေးရန် တောင်းဆိုသည်[၅၈] (သို့) အဲဂါမန်းနန်၏ သား အောရက်စတီးဇ်ကို ဓားစာခံပြု၍ ဒဏ်ရာ ကုပေးရန်တောင်းဆိုသည်။[၅၉] အာခိလိဇ်က ကုသရန် ငြင်းဆန်ခဲ့၍ ကုနည်း (ဆေးပညာအသိ) မရှိဟု ဆိုခဲ့သည်။ အောဒစ်ဆီးယပ်မှနေ၍ ဒဏ်ရာကိုဖြစ်စေသည့် လှံတံသည် ဒဏ်ရာကို ပြန်လည်ကုနိုင်ကြောင်း ကြောင်းကျိုးသင့် ဆို၏။ လှံမှ အစအန (သံချေး စသည်) များကို ဒဏ်ရာပေါ်သို့ ပက်ဖြူးသောအခါ တယ်လီဖပ်စ်၏ ဒဏ်ရာ ပျောက်ကင်းခဲ့သည်။[၆၀] ထို့နောက်မှသာ တယ်လီဖပ်စ်က ထရွိုင်သို့ သွားရာလမ်းကြောင်းကို ပြောပြခဲ့လေသည်။[၅၈]

အချို့ပညာရှင်များ ယူဆသည်မှာ တပ်လီဖပ်စ်အပေါ် စစ်ပြုခြင်းသည် ထရိုဂျန်စစ်ပွဲ၏ မူရင်းဇာတ်လမ်း မဟုတ်ဘဲ ဆင့်ပွားပြန်လည် ဖန်တီးထားခြင်းသာဖြစ်သည်။ သို့ရာတွင် အဓိကဇာတ်လမ်းကျောရိုးမှ အဖြစ်အပျက်၊ အကြောင်းအရာများ၏ ရှေ့ပြေးသဖွယ် စွန့်စားခန်း ဇာတ်လမ်းပုံစံနှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ယူဆသုံးသပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဇာတ်လမ်းအကြိုသဘောနှင့် ခွဲထုတ်မရသောအပိုင်းအဖြစ် ဖြစ်နိုင်ခြေ ရှိပေသည်။[၆၁]

ဒုတိယအကြိမ် စုဝေးခြင်းပြင်ဆင်

 
ထရိုးအဒ်ကျွန်းပြမြေပုံ (Troäd)

မုန်တိုင်းက အခီးယန်ဇ်တပ်ပေါင်းစုကြီးကို တကွဲတပြားဖြစ်စေပြီးနောက် ရှစ်နှစ်မြောက်ရောက်သောအခါ[၆၂] သင်္ဘောအစီးရေ တစ်ထောင်ထက်ပိုသော တပ်ဖွဲ့ကြီးသည် ထပ်မံစုဝေးကြပြန်သည်။ ၎င်းတို့အားလုံး အောလိဇ်မြို့ရောက်ရှိပြီးသောအခါ လေတိုက်ခတ်ခြင်း ငြိမ်သက်သွားသည်။ အနာဂတ်ဟောသူက နတ်ဘုရားမ အားတစ်မစ် (Artemis) က အဲဂါမန်းနန်ကို အထွတ်မြတ်ထားရာ တောအုပ်ထဲက သမင်တစ်ကိုသတ်ပြီး အားတစ်မစ်ထက်ပင် အဲဂါမန်းနန်က ပိုတော်သည့် မုဆိုးဖြစ်ကြောင်း ဝါကြွားခဲ့သောကြောင့် အပြစ်ပေးခဲ့သည်ဟု ဆို၏။[၃၉] အားတစ်မစ်အား ကျေနပ်စေရန် တစ်ခုတည်းသောနည်းမှာ အဲဂါမန်းနန်နှင့် ကလိုက်တမ်စထရာ (Clytemnestra) တို့၏ သမီးတော် [၆၃]အစ်ဖစ်ဂျစ်နီယာ (Iphigenia) ကို ယဇ်ပူဇော်ရန် ဖြစ်သည်ဟု ဟောသည်။ အစ်ဖစ်ဂျစ်နီယာသည် ဟယ်လန်နှင့် သီးဆီးယပ်စ်တို့ ပေါင်းဖက်၍ မွေးခဲ့သော သူ၊ ဟယ်လန်က မန်နစ်လေးယပ်စ်ကို လက်ထပ်လိုက်သောအခါ အဲဂါမန်းနန်တို့ ဇနီးမောင်နှံအား လွှဲပေးသည်ဟု ဆိုကြသည်လည်း ရှိသည်။[၆၄]

အဲဂါမန်းနန်က ယစ်ပူဇော်မည့်အရေးကို ကန့်ကွက်ငြင်းဆိုသည်။ အခြားသူများက ထိုသို့မလုပ်ဆောင်ပါက စစ်ပွဲခေါင်းဆောင်အဖြစ် ပါလာမီးဒီးဇ်ကို ခန့်အပ်မည်ဟု ခြိမ်းခြောက်ကြလေသည်။[၆၅] အချို့သောမူများအရ အဲဂါမန်းနန်သည် စိတ်မပါတပါဖြင့်သာ ယဇ်ပူဇော်မှုကို ပြုခဲ့သည်။ သို့သော် အခြားသောမူများက သမီးနေရာတွင် သမင်တစ်ကောင်ဖြင့် ပူဇော်ခဲ့သည် (သို့) နောက်ဆုံးအချိန်သို့ အရောက်တွင် အားတစ်မစ်က မိန်းကလေးအပေါ် သနားစိတ်ဝင်ပြီး သူမဘုရားကျောင်းသို့ ခေါ်သွားခဲ့ကာ သိုးတစ်ကောင်ကို အစားထိုးပေးခဲ့သည်ဟုလည်း ရေးသားကြသည်။[၃၉]ဂရိကဗျာဆရာ ဟီးဆီးယဒ်က အစ်ဖစ်ဂျစ်နီယာသည် "ဟက်ကာတီ" ဟုအမည်တွင်သော နတ်သမီးဖြစ်သွားခဲ့သည်ဟု ဖော်ပြသည်။[၆၆]

အခီးယန်ဇ်တပ်များနှင့်ပတ်သက်သော အသေးစိတ်များကို အိလိယဒ်ကဗျာရှည်၏ ဒုတိယမြောက်စာအုပ် "သင်္ဘောများ၏ စာရင်း" တွင် ဖော်ပြထား၍ ဂရိပြည်မ၊ ပဲလာပါနီးဇ် (Peloponnese) နှင့် ဒိုဒစ်ကာနီးဇ် (Dodecanese) ကျွန်းများ၊ ခရီးတီးနှင့် အစ်သကာဒေသများမှ တပ်ဖွဲ့ပေါင်း (၂၈) ဖွဲ့ပါဝင်ကာ ပန်တီကွန်တာအမျိုးအစား (pentekonter - လှော်ခတ်အားနှင့် ရွက်ပါသော နှစ်မျိုးသုံး သင်္ဘော) သင်္ဘောအစီးရေ (၁၁၈၆) စီးဖြစ်ပြီး တစ်စီးတွင် လှော်ခတ်သူ အယောက် (၅၀) ပါသည်။ ဂရိသမိုင်းဆရာ သယူးဆစ်ဒစ်ဒီးဇ်က[၆၇] "အစဉ်အလာအရဆိုလျှင် သင်္ဘောမျမှာ (၁,၂၀၀) ခန့်ဖြစ်ပြီး ဘစ်အိုရှာ (Boeotia) ဒေသသုံး သင်္ဘောများ၌ လူ (၁၂၉) ပါဝင်ပြီး ဖစ်လက်တီးတီးဇ် (Philoctetes) ဦးဆောင်သော သင်္ဘောများသာ လူ (၅၀) ပါဝင်သည်။ ၁၂၀ နှင့် ၅၀ မှာ အများဆုံးနှင့် အနည်းဆုံး ကိန်းဂဏန်းများ ဖြစ်နိုင်သည်။ ပါဝင်သော စစ်သည်အရေအတွက်မှာ အယောက် (၇၀,၀၀၀) မှ (၁၃၀,၀၀၀) အထိ ဖြစ်လိမ့်မည်။ ဘစ်ဘလီယိုသီးကာကျမ်းတွင် သင်္ဘောစာရင်းကို ပေးထားပြီး တစ်မျိုးတစ်မည်ဖော်ပြထားသော်လည်း အရေအတွက်အနေဖြင့် ကိုက်ညီမှုရှိ၏။ ပညာရှင်အချို့က ဟိုးမား၏ စာရင်းသည် ကြေးခေတ် မူလမှတ်တမ်းဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။[၆၈][၆၉][၇၀] အခြားသောသူများက ဟိုးမား၏ လုပ်ဇာတ်စာရင်းဟု ယုံကြည်ကြပေသည်။

အိလိယဒ်ကဗျာ၏ ဒုတိယစာအုပ်တွင် ထရိုဂျန်ဖက်မှ မဟာမိတ်များကို ဖော်ပြထားရာ ထရိုဂျန်များကို ဟက်တာ ဦးဆောင်သည်။ အစ်နီးယပ်စ် ဦးဆောင်သော ဒါးဒါနီးယန်တပ်၊ ဇေးလီယန်တပ် (Zeleians)၊ အာဒြာစတီးယန်တပ် (Adrasteians)၊ ပဲကော့တီယန်တပ် (Percotians)၊ ပဲလာဂီးယန်တပ် (Pelasgians)၊ သရေးရှန်တပ် (Thracian)၊ စစ်ကိုနီးယန်လှံတပ် (Ciconian)၊ ပဲအိုးနီးယားမြားတပ် (Paionia)၊ ဟဲ(အဲ)လိဇနက်တပ် (Halizones)၊ မစ်ဆီယာတပ် (Mysians - မီရှန်း)၊ ဖရှစ်ဂျီးယန်တပ် (Phrygians)၊ မယ်အိုးနီးယားတပ် (Maeonians)၊ မိုက်လီရှန်တပ် (Miletians)၊ ဆာပီးဒွန်ခေါင်းဆောင်သော လစ်ဆီယာ (လစ်ကီယာ) တပ် နှင့် ကာရီယန်တပ်ဖွဲ့များ သည် ထရိုဂျန်များ၏ မဟာမိတ်များဟု ဖော်ပြထားရှိသည်။ ထရိုဂျန်တို့၏ ဘာသာစကားနှင့်ပတ်သက်၍မူကား ဖော်ပြထားခြင်း အလျှင်းမရှိပေ။ ထို၌ ကာရီယန်များသည် အရိုင်းဘာသာစကားကိုဆိုကြသည်ဟု အထူးဖော်ပြထားကာ များလှစွာသော တပ်ပေါင်းစုကြီးတွင် ဘာသာစကားအမျိုးမျိုး ပြောဆိုကြသည်ဟု ဖော်ပြထားပြီး အမိန့်များကို တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ချင်းစီမှ ဘာသာပြန်ပေးရန်လိုအပ်ပါငည်ဟုလည်း ဆိုသည်။[၇၁] အိလိယဒ်၌ ထရိုဂျန်နှင့် အခီးယန်တပ်တို့သည် ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု တူညီကြကာ ထိုနှစ်ဖက်မှသူရဲကောင်းများသည် ဘာသာစကားတစ်ခုတည်းကိုပင် အချင်းချင်းပြောဆိုကြသည်ဟု ကဗျာတွင် ရေးသားထားသည်။ သို့သော်လည်း ဤသည်မှာ ဇာတ်လမ်းသဘော သက်ရောက်မှုတစ်ခုဖြစ်နိုင်ပေသည်။

 
လမ်းနော့စ်ကျွန်းပေါ်ရှိ ဖီလော့တီးတီးဇ်၊ ဟဲရာကလီးဇ်၏ လေးနှင့် မြားကျည်တောက်နှင့်အတူ။ အဲတစ်ခေတ် ဆေးနီရောင်ရုပ်ပုံရေးဆွဲ့သည့် မြေအိုး။ ဘီစီ (၄၂၀)

ကိုးနှစ်တာစစ်ပွဲပြင်ဆင်

ဖစ်လက်တီးတီးဇ်ပြင်ဆင်

ဖစ်လက်တီးတီးဇ်သည် ဟဲရာကလီးဇ်၏ မိတ်ဆွေတစ်ဦးဖြစ်၍ ဟဲရာကလီးဇ်း သေဆုံးသောအခါ မည်သူမျှ မသင်္ဂြိုဟ်ကြသောအခါ ဖစ်လက်တီးတီးဇ်က အလောင်းစင်ကို သင်္ဂြိုဟ် (မီးရှို့) ပေးသည်။ ထို့အတွက် ဟဲရာကလီးဇ်၏ လေးနှင့် မြားများကိုရရှိခဲ့သည်။[၇၂] လူသူအပြည့်ပါဝင်သော သင်္ဘောခုနစ်စီးဖြင့် ထရိုဂျန်သို့ ရွက်လွှင့်ခဲ့၍ ထို၌ အခီးယန်ဘက်မှ ကူတိုက်ပေးရန် စီစဉ်ခဲ့သည်။ ထိုသင်္ဘောများ ခရိုင်းဇီ (Chryse - ခရီးဆီ) ကျွန်းတွင် ရိက္ခာအတွက်[၇၃] (သို့) တန်းနဒေါ့စ်ကျွန်းတွင် အခြားသင်္ဘောများနှင့်အတူ နားခဲ့ကြသည်။[၇၄] ဖစ်လော့တီးတီးဇ်ကို မြွေတစ်ကောင်ကိုက်၍ ဒဏ်ရာပြည်တည်ကာ အနံ့အသက် မကောင်းဖြစ်၏။ အောဒစ်ဆီးယပ်စ်၏ အကြံဖြင့် မိုက်ဆီးနီဘုရင် အေးထရီးယပ်စ်က ဖစ်လော့တီးတီးဇ်ကို လမ်းနော့စ်ကျွန်းတွင် နားခိုင်းသည်။[၃၉]

မီးဒန် (Medon - မဲဒွန်) က ဖီးလော့၏ လူများကို ကွပ်ကဲခဲ့သည်။ တန်းနိဒေါ့စ်ကျွန်းတွင်ရှိစဉ် မိခင်က အာခိလိဇ်ကို အပေါ်လို၏သား ဘုရင် တန်းနိစ်ကို သတ်မည်ဆိုလျှင် အပေါလိုနတ်ဘုရားက ၎င်းကို ပြန်လည်သတ်လိမ့်မည်ဟု သတိပေးသော်လည်း တန်းနိစ်သည် အာခိလိဇ်လက်ချက်ဖြင့် လွန်သည်။[၇၅] တန်းနိဒေါ့စ်ကျွန်းမှနေ၍ အဲဂါမန်းနန်က ထရွိုင်ဘုရင်ဆီသို့ မန်နစ်လေးယပ်စ်၊ အောဒစ်ဆီးယပ်၊ ပါလာမီးဒီးဇ်တို့ကို သံတမန်အဖြစ် စေလွှတ်ကာ ဟယ်လန်ကို ပြန်ပေးရန် သံခင်းတမန်ခင်းပြုခဲ့သော်လည်း ငြင်းဆိုခြင်းခံရ၏။[၇၆]

ဖစ်လော့တီးတီးဇ်သည် လမ်းနော့စ်ကျွန်း၌ ဆယ်နှစ်တာ နေထိုင်ခဲ့ပြီး ထိုကျွန်းသည် ဆော့ဖာကလီးဇ်၏ အလွမ်းဇာတ် "ဖစ်လော့တီးတီး" အရ လူသူမဲ့ကျွန်းစု ဖော်ပြထားသော်လည်း အစောပိုင်းစဉ်ဆက်သဘောအရ (စာပေ) ထိုကျွန်းတွင် မင်းယန်မျိုးနွယ်များ (Minyans -မင်နိယပ်စ်) နေထိုင်ခဲ့ကြသည်ဟု ဆိုလေသည်။[၇၇]

ရောက်ရှိခြင်းပြင်ဆင်

အနာဂတ်ဟောသူများက ထရွိုင်မြေပေါ်သို့ ပထမဆုံးခြေချသူသည် ပထမဆုံးသေဆုံးမည့်သူဖြစ်မည်ဟု ဟောကိန်းထုတ်ထားသည်။[၇၈] ထို့ကြောင့် ဦးဆောင်ခေါင်းဆောင်သောသူများပင် ခြေချရန် ချီတုံချတုံဖြစ်နေသည်။ အဆုံးတွင်ကား ဖီလာ့ဆီယန်ဇ် (Phylaceans - ဖီလာ့ကီမြို့သားများ) ၏ ခေါင်းဆောင် ဖစ်လော့တီးတီးဇ်က ထရွိုင်မြေပေါ်သို့ ပထမဆုံး ခြေချခဲ့သည်။[၇၉] အကြောင်းမှာ အောဒစ်ဆီးယပ်က လှည့်ကွက်လုပ်ခဲ့သောကြောင့်ဖြစ်သည်။ လှည့်ကွက်မှာ ၎င်း၏ဒိုင်းကို မြေပေါ်သို့ အရင်ပစ်ချပြီးသောအခါမှ ထိုဒိုင်းပေါ်သို့ ဆင်းခဲ့ခြင်းဖြစ်သည်။ ပထမဆုံးလှေပေါ်မှ ဆင်းသည်ဖြစ်သော်လည်း ထရွိုင်မြေပေါ်သို့ ပထမဆုံးခြေချသူမဟုတ်ခဲ့ပေ။ ဟက်တာက ဖစ်လော့တီးတီးဇ်ကို တိုက်ပွဲတစ်ခု၌ သတ်နိုင်ခဲ့သော်လည်း ထရိုဂျန်သားများ ထရွိုင်ကမ်းခြေမြေပြင်ကို လက်လွှတ်ခဲ့ရသည်။ အာခိလိဇ်သည် ပိုဆိုက်ဒန်၏ သား ဆစ်ဂ်နပ်စ် (Cycnus - ကီးနော့ရှ်) ကို သတ်နိုင်ခဲ့ပြီး ထရိုဂျန်များ မြို့တံတိုင်းဖက်ဆီသို့ ထွက်ပြေးကြရသည်။[၈၀]

မြို့တံတိုင်းများသည် လာတိုက်သူ ဂရိများအတွက် အလွန်ခိုင်ခံသောအနေအထားဖြစ်နေသည်။ ထရိုဂျန်ဘုရင် လေးအော့မစ်ဒွန် (Laomedon - လဲအော့မဲ့ဒွန်) သို့ တပ်အင်အားဖြည့် ဆောင်ရွက်ပေးသည့်အနေဖြင့် ပိုဆိုက်ဒန်နှင့် အပေါလိုနတ်ဘုရားတို့က ထိုတံတိုင်းများကို တစ်နှစ်အတွင် တည်ဆောက်ပေးခဲ့သည်ဟု ရာဇဝင်များက ဆိုရလောက်အောင်ပင် မြို့တံတိုင်းများသည် ခိုင်မာအားကောင်း အထင်ကြီးလောက်ပေသည်။[၈၁] ပရောတစ်ဆစ်လေးယပ်စ် (Protesilaus - ပရိုတဲ့စိလော့ရှ်) သည် ထရိုဂျန်အများအပြားကို သုတ်သင်နိုင်ခဲ့သည်။ သို့သော် ဇာတ်လမ်း၏ မူအများစုအရ ဟတ်တာ၏အောက်တွင် သေပွဲဝင်ရသည်ဟု ဆိုကြသည်။[၈၂] အခြားမူများ၌ ၎င်းကိုသုတ်သင်ခဲ့သူမှာ အစ်နီးယပ်စ်၊ အာခေးတီးဇ် (Achates)၊ အဲဖိုဘပ်စ် (Ephorbus - အဲဖိုဘော့ရှ်) တို့ဖြစ်သည်ဟု ပြုစုထားသည်။[၈၃] အခီးယန်များသည် ပရောတစ်ဆစ်လေးယပ်စ်ကို ထရိုးယဒ် (Troäd - ထရို့အာ့ဒါ) ကျွန်းဆွယ်အလွန်က သရေးရှန်ကျွန်းဆွယ်တွင် နတ်ဘုရားတစ်ပါးအဖြစ် မြှုပ်နှံပေးခဲ့ကြသည်။[၈၄] ၎င်းသေဆုံးပြီးနောက် ညီအကိုတော်သူ ပေါဒါဆပ်စ် (Podarces - ပေါ်ဒါ့ကိစ်) က ၎င်း၏ တပ်များကို ဦးဆောင်ခဲ့သည်။


 
အာခိလိဇ်နှင့် ဘရီဆီးအစ်တို့၏ပုံ၊ ၁၇ ရာစု သရုပ်ဖော်စာအုပ်မှဖြစ်၍ Wenzel Hollar ၏ လက်ရာဖြစ်သည်။

အာခိလိဇ်၏ စစ်ချီတိုက်ပွဲများပြင်ဆင်

 
ဘရီဆီးအစ်ကို အာခိလိဇ်က အဲဂါမန်းနန်ထံသို့ လက်လွှတ်ခဲ့ရပုံ၊ ပွန်ပေယီမြို့မှ House of the Tragic Poet စံအိမ်တော်၏ နံရံဆေးရေး၊ အေဒီ ၁ ရာစု၊ ယခု၌ နေပယ်လ်မြို့ရှိ အမျိုးသားရှေးဟောင်းသုတေသနပြတိုက်တွင် ရှိသည်။

ထရွိုင်မြို့ကို အခီးယန်များ ကိုးနှစ်ကြာသည်အထိ ပိတ်ဆို့ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ ဤကိုးနှစ်တာကာလသည် ရှင်သန်ကျန်ရစ်သော ရင်းမြစ်များတွင် ဖော်ပြချယ်မှုန်းမှုအနည်းဆုံးဖြစ်၍ စစ်ပွဲ၏ နောက်ဆုံးနှစ် (ဆယ်နှစ်မြောက်) ကိုသာ ပိုမိုဖော်ပြသည်ကများ၏။ ထရွိုင်မြေသို့ စဦးခြေချမှုပြီးနောက် ဆယ်နှစ်မြောက်မှသာလျှင် တပ်ပေါင်းစုကြီးတစ်ခုလုံးအနေဖြင့် ပြန်လည်စုဝေးမိကြသည်။ ရှေးခေတ်မှ ဂရိသမိုင်းဆရာ သယူးဆစ်ဒစ်ဒီးဇ် (Thucydides) က ငွေကြေးပြတ်လတ်ကြသောကြောင့်ဟု ကောက်ချက်ဆွဲသည်။ ထို့နောက်ဆက်လက်ဆိုသည်မှာ ထရိုဂျန်မဟာမိတ်တပ်များကို အလစ်ဖမ်း၍ တိုက်ခိုက်ကြသည်များရှိသည့်အပြင် သရေးရှန်ကျွန်းဆွယ်၌ စိုက်ပျိုးရေးလုပ်ကိုင်ကြလျှက် အချိန်ကုန်ဆုံးကြသည်။[၈၅] ထရွိုင်ကို လုံးဝဥဿုံ တိုက်ခိုက်၍မရသောကြောင့် အာရှမိုင်းနာ၏ အတွင်ပိုင်းနယ်မြေများနှင့် ဆက်သွယ်မှုပြုကြသည်။ စစ်ကူတပ်များ နောက်ဆုံးအချိန်ထိတိုင် တောက်လျှောက် ရောက်ရှိလာသည်။ အခီးယန်များသည် ဒါးဒါနဲ့လ်ဇ်ရေလက်ကြားအဝင်ဝကိုသာလျှင် ထိန်းချုပ်နိုင်၍ ထရွိုင်နှင့် ၎င်း၏မဟာမိတ်များက ထိုရေလက်ကြား၏ အတိုဆုံးအပိုင်းဖြစ်သော ဆီးစ်တော့စ်မြို့နှင့် အဘီးဒေါ့စ်မြို့တို့ကြား ပင်လယ်ပြင်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့အပြင် ဥရောပဘက်ရှိ ၎င်းတို့၏ မဟာမိတ်များနှင့်လည်း ဆက်သွယ်မှုများပြုလုပ်ခဲ့နိုင်ပေသည်။[၈၆]

အခိလိဇ်နှင့် အေဂျက်တို့သည် အခီးယန်များထဲ၌ အတက်ကြွဆုံးသောသူများဖြစ်ပြီး တပ်ဖွဲ့များကို သီးခြားစီဦးဆောင်ကာ ထရိုဂျန်မဟာမိတ်များ၏ နယ်မြေများကို ချေမှုန်းနိုင်ခဲ့၏။ ဟိုးမားစာပေအရ အာခိလိဇ်သည် မြို့ (၁၁) မြို့နှင့် ကျွန်း (၁၂) ကျွန်းကို သိမ်းနိုင်သည်ဟု ဆိုသည်။[၈၇] အပေါလိုဒိုးရပ်စ်အရ အာခိလိဇ်သည် ထရိုးယဒ်ကျွန်းဆွယ်ဒေသမှ အစ်နီးယစ်၏ နယ်မြေကို လျှပ်တပျက်တိုက်ခိုက်ခဲ့ကာ အစ်နီးယစ်၏ နွားကို ခိုးခဲ့သည်ဟု ရေးသားသည်။[၈၈] လာနဲဆပ်စ် (Lyrnassus)၊ ပီးဒါဆပ်စ် (Pedasus) နှင့် အနီးနားမြို့အတော်များများကိုလည်း သိမ်းယူနိုင်ခဲ့ကာ ဘုရင် ပရိုင်းယန်၏သား ထရွိုင်လပ်စ်ကို သုတ်သင်နိုင်ခဲ့၏။ ထရွိုင်လပ်စ်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့ရပြီး ၎င်းသာအသက်နှစ်ဆယ်ပြည့်လျှင် ထရွိုင်မြို့မကျဟုလည်း ဆိုကြပေသည်။ အပေါလိုဒိုးရပ်စ်က အာခိလိဇ် သိမ်းယူသည် မြို့၊ ကျွန်းစာရင်းများကို ဖော်ပြထားသည်။ သို့သော် ထိုစာရင်းမှာ မှား၏။ အကြောင်းမှာ စာရင်းပါနယ်မြေများသည် တောင်ဘက်သို့ ရောက်လွန်းသည်ဟု ဂရိဂန္ထဝင်ရေးရာပညာရှင် ကားကရိဒိဇ် (Kakrides) က ဝေဖန်သည်။[၈၉] အခြားရင်းမြစ်များတွင် အာခိလိဇ်သိမ်းယူသော နယ်မြေအချို့ကို ဖော်ပြထားသည်။[၉၀][၉၁] ထိုနယ်မြေများမှ တိုက်ယူရရှိသောလူသူ၊ ပစ္စည်းများမှ အမျိုးသမီးနှစ်ပါဝင်ရာ လာနဲဆပ်စ်မြို့မှ ဘရိုင်ဆီးအစ် (Brisēís - ဘရီဆီးအစ်) နှင့် သီးဘီးဟစ်ပေါ်ကလားကီးမြို့မှ ခရိုင်ဆီးအစ် (Chryseis - ခရီဆီးအစ်) တို့ဖြစ်ပြီး ဘရီဆီးအစ်ကို အာခိလိဇ်က ရယူ၍ ခရိုင်ဆီးအစ်ကို အဲဂါမန်းနန်က ရရှိသည်။[၃၉] အာခိလိဇ်သည် ပရိုင်းယန်၏သား လိုက်ကေးယွန်ကို သစ်ခွခြံထဲ၌ လုပ်ကိုင်နေစဉ် ဖမ်းမိခဲ့ကာ ပါထရောကလပ်စ်က လမ်းနော့စ်ကျွန်းတွင် ၎င်းကို ကျွန်အဖြစ် ရောင်းချခဲ့သည်။[၉၂][၃၉] အင်းဘရော့စ်ကျွန်းဘုရင် အဲတိယွန် (Eetion) က ဝယ်ယူခဲ့ပြီး ထရွိုင်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ဆယ့်နှစ်ရက်ကြာပြီးနောက် (ပါထရောကလပ်စ်သေဆုံးအပြီး) အာခိလိဇ်က လိုက်ကေးယွန်ကို သတ်ဖြတ်ခဲ့သည်။[၉၃]

 
အေဂျက်နှင့် အာခိလိဇ်တို့ စစ်တုရင်ကဲ့သို့ကစားနည်း ကစားနေပုံ၊ ဆေးမည်းဖြင့်ပုံဖော်ထားသော အဲတစ်ခေတ်အိုး၊ ဘီစီ ၅၀၀ ခန့်

အေဂျက်နှင့် စစ်တုရင်တစ်ပွဲပြင်ဆင်

အေဂျက်သည် ပရိုင်းယန်ဘုရင်၏ သမက်တော် ပေါ်လင်မင်စ်တာ (Polymestor) ၏ တိုင်းပြည် သရေးရှန်ကျွန်းဆွယ်ကို ဖျက်ဆီးခဲ့ကာ ထရိုဂျန်စစ်အုပ်စုများကို အီဒါတောင်နှင့် ကျေးလက်ဒေသများ၌ပါ လိုက်လံဖမ်းဆီးခဲ့သည်။

မြေအိုးများပေါ်က သရုပ်ဖော်ပုံများစွာတွင်ကား စာပေရင်းမြစ်များတွင်မတွေ့ရသည့် ဇာတ်လမ်းများကိုသာ ညွှန်းဆိုဖော်ကျူးထားကြ၏။ စစ်ပွဲဖြစ်စဉ် တစ်ခုသောအခါ၌ အေဂျက်နှင့် အာခိလိဇ်တို့သည် "petteia" (စစ်တုရင်တစ်မျိုး) ကစားနေခဲ့ကြသည်။[၉၄][၉၅] ထိုနှစ်ဦး စစ်တုရင်တွင် ဈာန်ဝင်စားနေမိ၍ နံဘေးက တိုက်ပွဲကိုပင် အာရုံမရဖြစ်နေရာ[၉၆] ထရိုဂျန်များက ၎င်းတို့ကို ဝင်ရောက်တိုက်ခိုက်သောအခါ အသီးနာနတ်ဘုရားမ၏ ကယ်ဆယ်မှုဖြင့် အသက်ဘေးမှလွတ်ခဲ့သည်။[၉၇]

ပါလာမီးဒီးဇ် သေဆုံးခြင်းပြင်ဆင်

အောဒစ်ဆီးယပ်စ်ကို သရေ့စ်ပြည်သို့လွှတ်၍ ဂျုံများ ရယူစေသော်လည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ပေသည်။ ဤသည်ကို ပါလာမီးဒီးဇ်က ကဲ့ရဲ့ပြစ်တင်သောအခါ အောဒစ်ဆီးယပ်စ်က ၎င်းထက်ပိုကောင်းအောင် လုပ်နိုင်ပါသလားဟူ၍ စိန်ခေါ်သည်။ ထိုအခါ ပါလာမီးဒီးဇ်က ခရီးထွက်ခွာခဲ့ကာ ဂျုံအပြည့်တင်ထားသော သင်္ဘောတစ်စင်းဖြင့် ပြန်ရောက်လာခဲ့သည်။[၉၈]

အောဒစ်ဆီးယပ်စ်သည် ယခင်က ၎င်းသား၏ အသက်ကို ခြိမ်းခြောက်ခဲ့သောကြောင့် အခဲမကျေရာ လက်စားချေမှုတစ်ခုအနေဖြင့် လုပ်ကြံရန် အကြံထုတ်သည်။[၉၉] ရာဇဝတ်ပြစ်မှုမြောက်သော စာတစ်စောင်ကို ပရိုင်းယန်မှ ပါလာမီးဒီးဇ် ဆီသို့ ပို့သည်ဟန် အတုလုပ်ပြီး[၁၀၀] ပါလာမီးဒီးဇ်၏ အခန်းများ၌ ရွှေများကို တိတ်တဆိတ်ထည့်ထားလေသည်။ စာနှင့် ရွှေများကိုတွေ့သောအခါ အဲဂါမန်းနန်က ပါလာမီးဒီးဇ်ကို သစ္စာဖောက်သည်ဟု ဆိုကာ သေဒဏ်ကျစေခဲ့သည်။

သို့သော်လည်း ပေါဆေးနီးယပ်စ်က ကိပရိယာ (Cypria) ကဗျာကို ကိုးကား၍ အောဒစ်ဆီးယပ်နှင့် ဒိုင်ယာမီးဒီးဇ် (Diomedes) တို့သည် ပါလာမီးဒီးဇ်ကို ငါးဖမ်းနေစဉ် ရေနှစ်၍ သတ်ခဲ့သည်ဟု ဆိုသည်။ ယူရစ်ပစ်ဒီးဇ်ရေးသားသော ဒစ်တီစ် (Dictys) ကဗျာက အောဒစ်ဆီးယပ်နှင့် ဒိုင်ယာမီးဒီးဇ် တို့သည် ရွှေများရှိသော ရေတွင်းတစ်ခုထဲသို့ သွေးဆောင်ဖြားယောင်း၍ ခေါ်လာကာ ထို၌ ကျောက်တုံးများဖြင့် သတ်ခဲ့သည်ဟု ရေးသားထားသည်။[၁၀၁] ပါလာမီးဒီးဇ်၏ ဖခင် နောပလိယပ်စ် (Nauplius) သည် ထရိုးယဒ်ကျွန်းဆွယ်ဆီသို့ ရွက်လွှင့်လာခဲ့ပြီး တရားမျှတမှုရှိရေးကို တောင်းဆိုသော်လည်း အငြင်းခံရသောကြောင့် တုံ့ပြန်သည့်အနေဖြင့် ဂရိ (အခီးယန်) နိုင်ငံများသို့ သွားရောက်၍ ယင်းနိုင်ငံများရှိ မိဖုရားများကို ၎င်းတို့၏ ခင်ပွန်းဘုရင်များသည် ထရိုဂျန်မှ ကိုယ်လုပ်တော်များကို ယူဆောင်လာကြမည်ဖြစ်ပြီး ၎င်းတို့၏ မိဖုရားအရာကိုလည်း ဖယ်ရှားကြလိမ့်မည်ဟု လိုက်လံပြောကြားခဲ့ပေသည်။ ထိုမိဖုရားများအား ခင်ပွန်းများအပေါ် သစ္စာမထားရန် ဆွယ်တရားဟော၏။ အထူးသဖြင့် အဲဂါမန်းနန်၏ မိဖုရား ကလိုက်တမ်စထရာကို အဓိက ဆွဲဆောင်တိုက်တွန်းခဲ့သည်။ ကလိုက်တမ်စထရာကို နောင်တွင် သိုင်းယတ်စတီးဇ် (Thyestes) ၏ သားဖြစ်သူ အစ်ဂျစ်သပ်စ် (Aegisthus) က မြူဆွယ်ခဲ့သည်။[၁၀၂]

ပုန်ကန်မှုပြင်ဆင်

ထရွိုင်မြေသို့ စတင်အခြေချခဲ့ကြသည်မှစ၍ ကိုးနှစ်တာအဆုံးပိုင်းသို့ရောက်သည့်အခါ ရိက္ခာကုန်ခန်းခြင်း၊ အိမ်လွမ်းခြင်း၊ ကာလရှည်ကြာတိုက်ခိုက်ရသည်ကို ငြီးငွေ့ခြင်းများပေါ်ပေါက်လာပြီး ခေါင်းဆောင်များအပေါ် တပ်တွင်းပုန်ကန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ကိပရိယာကဗျာအရ အာခိလိဇ်က စစ်တပ်ကို နေစေရန် အတင်းပြုသည်။[၃၉] အပေါလိုဒိုးရပ်စ်အရ အဲဂါမန်းနန်က အာနီးယပ်စ်၏ သမီးများကို ခေါ်ဆောင်လာသည်။ ၎င်းတို့သည် မြေပြင်ကို ထိတွေ့ယုံမျှဖြင့် ဝိုင်၊ ဂျုံစေ့နှင့် ဆီများကို ပေါ်ပေါက်လာစေသည့် အစွမ်းသတ္တိကို ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့် ၎င်းတို့ကို ခေါ်ဆောင်လာနိုင်မှုသည် စစ်တပ်၏ ရိက္ခာအခက်အခဲကို ပြေလည်သွားစေခဲ့သည်။[၁၀၃]

အိလိယဒ် (ဣလိယဒ်)ပြင်ဆင်

 
ခရိုင်းဆီးဇ်သည် ၎င်း၏သမီးကို ပြန်လွှတ်ပေးပါရန် အဲဂါမန်းနန်ထံသို့ တောင်ဆိုမှုပြုစဉ် (ဘီစီ ၃၆၀-၃၅၀)
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိလိယဒ်

အပေါလိုနတ်နန်း၏ နတ်ဆရာ ခရိုင်းဆီးဇ် (Chryses - ခရီးဆီးဇ်) သည် အဲဂါမန်းနန်ဆီသို့ လာရောက်၍ ၎င်း၏သမီးကို ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း အဲဂါမန်းနန်က မလွှတ်ပေးသည့်အပြင် ခရိုင်းဆီးဇ်က်ု စော်ကားမော်ကား ဆဲရေးတိုင်ထွာသည်။ ခရိုင်းဆီးဇ်က အပေါလိုနတ်ဘုရားထံ လက်စားချေပေးပါရန် ဆုတောင်းခဲ့သည်။ အပေါလိုက အမျက်ထွက်ကာ အခီးယန်စစ်တပ်ကို ရောဂါကပ်ဆိုက်စေသောကြောင့် အဲဂါမန်းနန်သည် ခရိုင်းဆီးဇ်ဆီသို့ သွားရောက်ရပြီး ထိုရောဂါကပ်ကို အဆုံးသတ်ပေးရန် တောင်းဆိုမှုပြုခဲ့၏။ ထို့နောက် အာခိလိဇ်၏ ကိုယ်လုပ်တော် ဘရိုင်းဆီးယစ်ကို သိမ်းယူသည်။ ထိုသို့ ၎င်းအပေါ် ပြုမူဆောင်ရွက်ခြင်းအား အာခိလိဇ်က ဒေါသထွက်၍ စစ်မတိုက်တော့ရန် ဆုံးဖြတ်ခဲ့လေသည်။ ၎င်းဝင်၍မပါတော့သည့်နောက် မိခင်ဖြစ်သူ သဲတစ်ကို အာခိလိဇ်က ထရိုဂျန်များကို အနိုင်ပေးရန်သဘောရှိသည့် နတ်ဘုရားဇုစ်နှင့် ညှိနှိုင်းရန် တောင်းဆိုမှုပြုခဲ့သည်။

အာခိလိဇ် စစ်ဆင်နွှဲခြင်းမှ ရပ်ဆိုင်းပြီးသည့်နောက်တွင် အခီးယန်များသည် အစပိုင်း၌ အောင်မြင်မှုများရရှိကြသည်။ နှစ်ဖက်တပ်များသည် အခီးယန်များ စတင်ခြေချသည့်အချိန်ကတည်းက ယခုဆိုလျှင် အင်ပြည့်အားပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြလေသည်။ မန်နစ်လေးယပ်စ်က ပဲရစ်ကို တစ်ဦးခြင်း စီးချင်းထိုးရာ ပဲရစ် အရေးနိမ့်သဖြင့် အဲဖရာဒိုက်တီက ပဲရစ်ကို ကယ်ဆယ်ရပြန်သည်။ ဒိုင်ယာမီးဒီးဇ်သည် အခီးယန်များကြား၌ အထင်ပေါ်ဆုံးဖြစ်လာကာ ထရိုဂျန်သူရဲကောင်း ပန်းဒါရပ်စ် (Pandaros) ကို သုတ်သင်နိုင်ခဲ့ပြီး အစ်နီးယပ်စ်ကိုသော်တောင်မှ သတ်ဖြတ်နိုင်လုသည်အထိ အခြေအနေရောက်ခဲ့သည်။ မိခင်တော်သူ အဲဖရာဒိုက်တီကပင် အစ်နီးယပ်စ်ကို ကယ်ဆယ်ခဲ့ရသည်။ အသီးနာ၏ ကူညီစောင်မမှုဖြင့် အဲဖရာဒိုက်တီ နှင့် အဲရီးဇ် နတ်ဘုရားတို့ကို ဒိုင်ယာမီးဒီးဇ်က ဒဏ်ရာရစေနိုင်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ နောက်ရက်များ၌ ထရိုဂျန်သားများက အခီးယန်များကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့ကြ၍ အခီးယန်များ စခန်းဆီသို့ ပြန်ရကာ ထရိုဂျန်များက လိုက်၍ တိုက်ခိုက်သော် ပိုဆိုက်ဒန်က အခီးယန်တို့၏ စည်းနံရံတွင် ရှေ့ဆက်မတိုးမိစေရန် တားဆီးသည်။ နောက်ရက်တွင် ဇုစ်၏ အကူအညီဖြင့် ထရိုဂျန်များ အခီးယန်တပ်စခန်းများကို ဖောက်၍ ဝင်နိုင်ခဲ့ပြီး ထိုသင်္ဘောများကို မီးရှို့နိုင်ရန်အထိ ဖြစ်ခဲ့သည်။ အာခိလိဇ်ကို ပြန်လာရန်တောင်းဆိုကြသော်လည်း မအောင်မြင်ခဲ့ပေ။ ဟက်တာက ပရောဆစ်တစ်လေးယပ်စ်၏ သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့နောက် အာခိလိဇ်က မိတ်ဆွေတဖြစ်၊ အမျိုးတော်သူ ပတ်ထရောကလပ်စ်ကို ၎င်း၏ ချပ်ဝတ်နှင့် တပ်ဖွဲ့ကို ပေးအပ်၍ တိုက်ပွဲဝင်ရန်ခွင့်ပြုခဲ့သည်။ ပတ်ထရောကလပ်စ်က ထရွိုင်သားများကို မြို့ရိုးဆီသို့ ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။ အပေါလိုနတ်ဘုရား၏ ဝင်ရောက်နှောက်ယှက်မှုဖြင့် မြို့ကို မုန်တိုင်းတစ်ခုဖြင့် တားဆီးပေးခဲ့သည်။ ထို့နောက် ပတ်ထရောကလပ်စ်သည် ဟက်တာ၏ လက်ချက်ဖြင့် ကျရှုံးခဲ့ပြီး အာခိလိဇ်၏ ချပ်ဝတ်တန်ဆာက်ု ဟက်တာက သိမ်းယူလိုက်သည်။

 
ထရွိုင်မြို့ကိုပတ်၍ အာခိလိဇ်သည် ဟက်တာ၏အလောင်းကို တရွတ်တိုက်ဆွဲလာခြင်း။ အာခိလီယွန်နန်းတော်မှ မြင်ကွင်းကျယ်ပုံစံ နံရံဆေးရေး။


ပတ်ထရောကလပ်စ် သေဆုံးရသည်ကို ယူကျုံးမရ ဒေါသထွက်ကာ ဟက်တာကို ပြန်လည်သတ်ရန် ကြိမ်းဝါးခဲ့သည်။ ပတ်ထရောကလပ်စ်နှင့် အာခိလိဇ်တို့၏ ဆက်ဆံရေးအနေအထားသည် ငြင်းခုံဆွေးနွေးကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်၏။[၁၀၄] ထိုနှစ်ဦးသည် အလွန်တရာ ရင်းနှီးကျွမ်းဝင်ကြသော်လည်း ဟိုးမား၏ စာတွင် ချစ်သူများဟူ၍ သီးသန့် ဖော်ပြထားခြင်းမရှိပေ။[၁၀၅] သို့သော်လည်း ဂရိရှေးဟောင်းခေတ်နှင့် ဂန္ထဝင်ခေတ်တို့တွင် ချစ်သူများအဖြစ် ဖော်ပြထားကြကာ အထူးအားဖြင့် ထိုသို့ရေးသားကြသူများမှာ အီးစကီးလပ်စ်၊ အီးစကင်နီးဇ်နှင့် ပလေးတိုး တို့ဖြစ်ကြ၏။[၁၀၆][၁၀၇]

အဲဂါမန်းနန်နှင့် အာခိလိဇ်တို့ ပြန်လည်ပြေလည်သွား၍ အာခိလိဇ်က ဘရိုင်းဆီးယစ်ကို ပြန်လည်ရရှိသည်။ ဟစ်ဖီးစတပ်စ် နတ်ဘုရား ထုလုပ်သော ချပ်ဝတ်တန်ဆာအသစ်တစ်စုံရရှိခဲ့ကာ စစ်မြေပြင်သို့ ပြန်ဝင်သည်။ ထရိုဂျန်သားများကို များစွာ သုတ်သင်ရှင်လင်းနိုင်ခဲ့ပြီး အစ်နီးယပ်စ်ကိုပင် သတ်နိုင်သည်အထိဖြစ်ခဲ့ရာ ပိုဆိုက်ဒန်ကယ်ဆယ်ပေးသဖြင့် အစ်နီးယပ်စ် အသက်ဘေးမှ လွတ်သည်။ မြစ်စောင့်နတ် စကာမန်းဒါ (Scamander) နှင့် တိုက်ခိုက်ခဲ့ပြီး နတ်များလည်း စစ်ဖြစ်ကြသည်။ ဟက်တာမှလွဲ၍ ထရိုဂျန်စစ်တပ် မြို့ဆီသို့ ပြန်ဆုတ်ရသည်။ အသီးနာက လှည့်စားသောကြောင့် ဟက်တာသည် မြို့အပြင်၌ ကျန်ရစ်ခဲ့သည်။ အာခိလိဇ်က ဟက်တာကို သတ်နိုင်ခဲ့ပြီးနောက် ဟက်တာ၏အလောင်းကို ၎င်းစီးသော စစ်မြင်းရထားတွင် ချိတ်ဆွဲကာ အလောင်းကို ထရိုဂျန်များထံသို့ ပြန်ပေးရန် ငြင်းဆန်သည်။ သို့သော် အလောင်းကို အပေါလိုနှင့် အဲဖရာဒိုက်တီတို့က နဂိုအတိုင်း မပွန်းမရှဖြစ်စေရန် ထိန်းသိမ်းပေးသည်။ ယင်းနောက် ပရိုင်းယန်ဘုရင်သည် ဟားမီးဇ်၏ လမ်းပြမှုဖြင့် အာခိလိဇ်တဲဆီသို့ ရောက်လာခဲ့ပြီး ဟက်တာ၏အလောင်းကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။ သေသူကို မြှုပ်နှံသင်္ဂြဟ်ရန် နှစ်ဖက်စစ်တပ် ယာယီစစ်ပြေငြိမ်းကြသည်။ အိလိယဒ်ကဗျာသည် ဟက်တာ၏ ဈာပနပွဲဖြင့် အဆုံးသတ်ထားသည်။

အိလိယဒ်နောက်ပိုင်း ဖြစ်ပျက်မှုပြင်ဆင်

ပန်သက်ဆစ်လီယာနှင့် အာခိလိဇ်သေဆုံးခြင်းပြင်ဆင်

 
အားမဇန် မျိုးနွယ်ဘုရင်မ ပန်သက်ဆစ်လီယာကို အာခိလိဇ်က သုတ်သင်ခြင်း

ဟက်တာကို မြှုပ်နှံသင်္ဂြိုဟ်ပြီးနောက် မကြာမီတွင် အားမဇန် (Amazon:အာမဇွန်) မျိုးနွယ်ဘုရင်မ ပန်သက်ဆစ်လီယာသည် သူမ၏တပ်နှင့်အတူ ရောက်ရှိလာခဲ့၏။[၁၀၈] ပန်သက်ဆစ်လီယာသည် ညီမဖြစ်သူ ဟစ်ပေါလိတာ (Hippolyte: ဟစ်ပေါလိတီ) ကို မတော်တဆ သတ်မိခဲ့၍ ထရွိုင်ဘုရင် ပရိုင်းယန်က ထိုပြစ်မှုအတွက် ဘာသာရေးဆိုင်ရာ သန့်စင်မှုပြုပေးခဲ့သည်။[၁၀၉] အပြန်အလှန်အားဖြင့် ၎င်းအတွက် တိုက်ခိုက်ပေးခဲ့ကာ ဂရိဘက်မှ သမားတော် မာခေးယန် (Machaon) အပါအဝင် များစွာသုတ်သင်နိုင်ခဲ့သည်။[၁၁၀] (ဤ၌ ပေါ်ဆေးနိယပ်စ်အရ မာခေးယန်ကို တယ်လီဖပ်စ်၏သား ယူရစ်ပစ်လပ်စ် (Eurypylus) က သုတ်သင်သည်ဟု ဖော်ပြထားသည်။)[၁၁၁] မူတစ်ခုအရ ပန်သက်ဆစ်လီယာသည် အာခိလိဇ်ကိုပင် သတ်နိုင်ခဲ့ကာ သဲတစ်ကြောင့် အာခိလိဇ် သေရွာမှ ရှင်သန်ထမြောက်ခဲ့သည်ဟု ဆိုသည်။[၁၁၂] အခြားမူတစ်ခု၌ ဖော်ပြထားရာတွင် ပန်သက်ဆစ်လီယာကို အာခိလိဇ်က သတ်ခဲ့ပြီး[၁၁၃] သူမသေလွန်သောအခါ သူမ၏အလှအပကို မက်မော၍ အာခိလိဇ်က ချစ်ကြိုက်ခဲ့သောကြောင့် သာမန်အဆင့်ရှိစစ်သားတစ်ဦးက ဤသည်ကို လှောင်ပြောင်လေပြီး ပန်သက်ဆစ်လီယာ၏ မျက်လုံးကို ထိုးဖောက်ရာ ၎င်းသည် အာခိလိဇ်လက်ချက်ဖြင့် သေခဲ့ရ၏။[၁၁၀][၁၁၄] ထို့နောက် ထိုစစ်သားသေဆုံးရသဖြင့် အခီးယန်များကြား ကတောက်ကဆဖြစ်ခဲ့ကာ အာခိလိဇ်က လက်ဇ်ဘော့စ်ကျွန်းသို့ ထွက်ခွာခဲ့ပြီး အပေါလို၊ အားတစ်မစ်နှင့် လီတို နတ်ဘုရားများကို ပူဇော်ပြီး အောဒစ်ဆီးယပ်စ်က အာခိလိဇ်ကို ဘာသာရေးဆိုင်ရာ သန့်စင်မှုပြုပေးခဲ့သည်။[၁၁၃] အီသီယိုးပီးယား ဘုရင် မမ်းနွန် (Memnon) က ဦးလေး (သို့) မွေးစားညီအကို တော်စပ်သူ ပရိုင်းယန်ဘုရင်ကို ကူညီရန် စစ်တပ်ကြီးဖြင့် ရောက်ရှိလာခဲ့သည်။[၁၁၅][၁၁၆] ၎င်းသည် အီသီယိုးပီးယားမှ တိုက်ရိုက်ရောက်လာခဲ့သည်မဟုတ်ဟု ဆိုကြသည်။ ပါရှားဒေသ၏ ဆူးဆာမြို့ (Susa) မှသော်လည်းကောင်း ကော့ကေးဆပ်စ်နယ်မှသော်လည်းကောင်း အီသီယိုးပီးယားနှင့် အိန္ဒိယစစ်သားများကို ဦးဆောင်၍ လာသည်ဟု ဖော်ပြကြလေသည်။[၁၁၇][၁၁၈] အာခိလိဇ်ကဲ့သို့ပင် ၎င်းသည်လည်း ဟစ်ဖီးစတပ်စ် သွန်းလုပ်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။[၁၁၉] စစ်ပွဲတွင် မမ်းနွန်က ဖခင်ဖြစ်သူ နက်စ်တာအတွက် ဝင်ခံပေးသော အန်တိလာကပ်စ် (Antilochus) ကို သေစေခဲ့သည်။[၁၂၀] ထို့နောက်တွင်ကား အာခိလိဇ်နှင့် မမ်းနွန်တို့ တိုက်ခိုက်ကြရာ ဇုစ်က ထိုနှစ်ဦး၏ ကံကြမ္မာကို ချိန်ခွင်ထက်တင်၍ ချိန်ကြည့်လေသော် မမ်းနွန်ဘက်က အောက်ဆင်းသွားသည်။[၁၂၁] မမ်းနွန်ကို အာခိလိဇ်က အနိုင်ယူသတ်နိုင်ခဲ့သည်။[၁၁၃][၁၂၂] အာခိလိဇ်သည် ထရိုဂျန်များကို မြို့အထိ လိုက်လံတိုက်လိုက်ခဲ့၏။ အာခိလိဇ်ကြောင့် နတ်တို့၏ သားသမီးများစွာသေကြေခဲ့ရသောကြောင့် ဤတစ်ကြိမ်တွင် အာခိလိဇ်သေရန်တန်ပြီဟု နတ်တို့က ဆုံးဖြတ်ကြသည်။ ၎င်းကို ပဲရစ်က အဆိပ်လူးမြားဖြင့် ပစ်ခတ်ပြီး အပေါလိုက မြားကို လမ်းကြောင့်တည့်မတ်ပေးရာ အာခိလိဇ် သေပွဲဝင်ခဲ့သည်။[၁၁၃][၁၁၅][၁၂၃] အခြားမူတစ်ခုတွင် အာခိလိဇ်က ပရိုင်းယန်ဘုရင်၏ သမီးတော် ပါလစ်ဆစ်ခ်နာ (Polyxena - ပိုလိဆက်နီ) ကို သင်းဘရာအပေါလိုဘုရားကျောင်းဆောင်၌ လက်ထပ်စဉ် ၎င်းကို ပဲရစ်၏ဓားက နောက်ဖက် (သို့) ဖနောင့်နေရာကို ထိုးစိုက်လာ၍ သေသည်ဟု ရေးသားသည်။[၁၂၄] အစောပိုင်းအချိန်တစ်ခု၌ ဤကျောင်းဆောင်ထဲ၌ပင် အာခိလိဇ်က ပရိုင်းယန်၏သား ထရွိုင်လပ်စ်ကို သတ်ဖြတ်ခဲ့ဖူးသည်။ ထိုမူနှစ်ခုစလုံး၌ အာခိလိဇ်ကိုသတ်သူသည် သူရသတ္တိမရှိဟူ၍ သိသိသာသာဆိုထားကာ အာခိလိဇ်သည် တိုက်ပွဲတွင် အနိုင်မပိုင်းနိုင်သူဖြစ်သည် ဟူ၍လည်း ဖော်ပြထားကြပေသည်။ အာခိလိဇ်၏ အရိုးများကို ပတ်ထရောကလပ်စ်၏ အရိုးများနှင့် ရောနှော၍ ဈာပနပွဲဆင်ခဲ့ကြသည်။[၁၂၅] အေဂျက်ကဲ့သို့ ဒန်ညုမြစ်ဝရှိ လက်ဖ်ကီ (Leuke - ကျွန်းဖြူ) တွင် ရှင်သန်နေထိုင်ဆဲဟု ရေးသားဖော်ပြကာ ထို၌ ဟယ်လန်ကို လက်ထပ်ခဲ့သည်ဟုဆိုကြသည်။[၁၂၆][၁၂၇]

ချပ်ဝတ်တန်ဆာပြဿနာပြင်ဆင်

 
အေဂျက်၏ မိမိကိုယ်ကို သတ်သေခြင်း၊ ဝိုင်အရက်အိုးကြီးတစ်လုံးမှပုံ၊ ဘီစီ ၄၀၀-၃၅၀၊ ဗူလ်ချီရှေးဟောင်းမြို့။

အာခိလိဇ်၏နံဘေးအနားတွင် စစ်ပွဲအကြီးအကျယ်ဖြစ်လျက် ရှိ၏။ အေဂျက်က ထရိုဂျန်များကို တားဆီးထားပေးပြီး အောဒစ်ဆီးယပ်စ်က အလောင်းကို ပြန်သယ်သည်။[၁၂၈] အာခိလိဇ်၏ ချပ်ဝတ်ကို အတော်ဆုံးစစ်သည်အား ပေးသည့်အခါ အလောင်းကို ကယ်ဆယ်ဆောင်ယူသော ထိုနှစ်ယောက် ပြိုင်ဘက်များဖြစ်သွားကြသည်။ အဲဂါမန်းနန်က အကျပ်ရိုက်စေမည့် ဆုံးဖြတ်ပေးရသောတာဝန်ကို မယူချင်ဘဲ ထရိုဂျန်သားများကို ဒုက္ခအပေးနိုင်ဆုံးသူသည် မည်သူဖြစ်သည်ဟု ထရိုဂျန်အကျဉ်းသားများကို မေးမြန်းရင်း ထိုအရေးကို ထိုအကျဉ်းသားများဆီသို့ ပို့ပေးလိုက်သည်။[၁၂၉] မူတစ်ခု၌ ထရိုဂျန်သားများနှင့် အသီးနာနတ်ဘုရားမတို့သည် ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။[၁၃၀][၁၃၁] အကြောင်းမှာ နက်စ်တာ၏ အကြံဉာဏ်ကို ခံယူ၍ သူလျှိုများကို မြို့နံရံတံတိုင်းဘက်ဆီသို့ လွှတ်ကာ ထရိုဂျန်သားများ ပြောဆိုကြသည့်အရာကို နားထောင်စေခဲ့၏။ မိန်းမငယ်တစ်ဦးက အေဂျက်သည် ပိုမိုရဲရင့်၏ဟု ဆိုသည်။

ကဗျာဆရာ ပင်ဒါ၏အဆိုအရ ဆုံးဖြတ်သည့်ကိစ္စကို အခီးယန်များကြား လျှို့ဝှက်မဲပေး၍ ဆောင်ရွက်သည်။[၁၃၂] မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်း၏မူကွဲအားလုံး၌ အာခိလိဇ်၏ ချပ်ဝတ်တန်ဆာများသည် အောဒစ်ဆီးယပ်စ်ထံသို့သာ ရောက်ရှိခဲ့သည်။ ပူဆွေးမှုဖုံးလွှမ်း၍ အေဂျက်သည် ၎င်း၏ရဲဘော်များကို သတ်ဖြတ်ချင်နေမိခဲ့၏။ ထိုစဉ် အသီးနာက အခီးယန်စစ်သည်များကို ကျွဲနွားများနှင့် ထိန်းကျောင်းသူများအဖြစ် အထင်​ရောက်စေရန် အေဂျက်ကို လှည့်စားလိုက်သည်။[၁၃၃] ထိုသို့သွေးရူးသွေးတန်းဖြစ်နေချိန်တွင် တံတိုင်းဖျက်သစ်သားတိုင်ကြီးနှစ်ချောင်းကို အဲဂါမန်းနန်နှင့် မန်နစ်လေးယပ်စ်ဟု ထင်မြင်ကာ ကျာပွတ်ဖြင့် ရိုက်သည်။[၁၃၄] နံနက်သို့ရောက်သောအခါ အသိပြန်ဝင်လာပြီး ဟက်တာပေးထားသော ဓားပေါ်သို့ ခုန်၍ ၎င်း၏ပျော့ကွက်နေရာဖြစ်သော ဂျိုင်းကို ထိုးဖောက်ခံရကာ သေသည်။[၁၃၅] ပို၍အစောပိုင်းကျသော စာပေမူတစ်ခုတွင် ဟာကွက်ပျော့ကွက်မရှိသော အေဂျက်ကို ထရိုဂျန်များက ရွှံ့များဖြင့် ပစ်ပေါက်တိုက်ခိုက်ကြရာ နောက်ဆုံး၌ ရွှံ့များဖုံး၍ မလှုပ်မရှားနိုင်ဖြစ်သောအခါ အစာငတ်ပြတ်၍ သေပွဲဝင်ရသည်ဟု ဖော်ပြထားသည်။

ရှေ့ဖြစ်ဟောကိန်းများပြင်ဆင်

 
စပိန်နိုင်ငံ၊ ပီဒရိုဆာ ဒီလာဗီဂါနယ်မြေ (Pedrosa de la Vega) ရှိ လာ အိုလ်မီဒါ စံအိမ်တော်မှ အောဒစ်ဆီးယပ်စ်ကို သရုပ်ဖော်ထားသော မှန်စီရွှေချပန်းချီကား။ အေဒီ ၄ (သို့) ၅ ရာစု

စစ်ပွဲ၏ဆယ်နှစ်မြောက်တွင် ထရွိုင်မြို့သည် ဟဲရာကလီးဇ်၏လေး မပါဘဲ မပျက်သုဉ်းနိုင်ဟု ဟောကိန်းရှိခဲ့သည်။ ထိုလေးသည် လမ်းနော့စ်ကျွန်းရှိ ဖစ်လော့တီးတီးဇ်ထံတွင် ရှိသည်။[၁၃၆] အောဒစ်ဆီးယပ်စ်နှင့် ဒိုင်ယာမီးဒီးဇ်တို့သည်[၁၃၇] ဒဏ်ရာမှပြန်လည်သက်သာလာပြီဖြစသာ ဖစ်လော့တီးတီးဇ်ကို ပြန်လည်ခေါ်ဆောင်ခဲ့သည်။[၁၃၈] ထရွိုင်သို့ရောက်သော် ဖစ်လော့က ပဲရစ်ကို လေးဖြင့်ခွင်း၍ သုတ်သင်ခဲ့၏။

အပေါလိုဒိုးရပ်စ်အရ ပဲရစ်၏ ညီအကိုတော်သူ ဟယ်လန်နပ်စ်နှင့် ဒီးယစ်ဖာဘပ်စ်တို့သည် ဟယ်လန်ကို သူရကိုယ်ရ ပြိုင်ဆိုင်ကြသည်။ ဒီးယစ်ဖာဘပ်စ်က အနိုင်ရ၍ ဟယ်လန်နပ်စ်က အီဒါတောင်သို့ ထွက်ခွာသွားခဲ့သည်။ နတ်ဆရာ ကားကပ်စ်က ဟယ်လန်နပ်စ်သည် ထရွိုင်ပျက်သုဉ်းမည့် ဟောကိန်းများကိုသိရှိသည်ဟုဆိုကာ အောဒစ်ဆီးယပ်စ်က လမ်းမှ ၎င်းကိုကြိုတင်စောင့်နေခဲ့သည်။ [၁၃၁][၁၃၉] အောဒစ်ဆီးယပ်စ်၏ အကျပ်ကိုင်မှုဖြင့် ဟယ်လန်နပ်စ်က ဆိုသည်မှာ ပီးလော့စ်၏ အရိုးကို ရယူနိုင်လျှင် အခီးယန်များ စစ်အောင်နိုင်မည်ဖြစ်ပြီး အာခိလိဇ်၏သား နီးယော့တောလစ်မပ်စ် (Neoptolemus) ကို တိုက်ခိုက်ရန် တိုက်တွန်းပြီး ထရိုဂျန်ဘုရားကျောင်းမှ ပါလာဒီယန် (Palladium - ပါလာဒီယွန်) အသီးနာနတ်ရုပ်တုကို ခိုးယူရန်လည်း တိုက်တွန်းခဲ့၏။[၁၄၀]

ဂရိများက ပီးလော့စ်၏ အရိုးကို ရရှိဆောင်ယူနိုင်ခဲ့ကြကာ[၁၄၁] အောဒစ်ဆီးယပ်စ်က စကီးရော့စ်ကျွန်း လိုက်ကာမီးဒီးဇ်ဘုရင့်နန်းတော်တွင် ပုန်းအောင်းနေသော နီးယော့တောလစ်မပ်စ် ကိုခေါ်ဆောင်ခဲ့ပြီး ဖခင် အာခိလိဇ်၏ ချပ်ဝတ်တန်ဆာများကို ပေးသည်။[၁၃၁][၁၄၂] တယ်လီဖပ်စ်၏သား ယူရစ်ဖစ်လပ်စ်သည် စစ်တပ်ကြီးတစ်တပ်ကို ဦးဆောင်လာကာ ထရိုဂျန်များကို ကူရန်ရောက်ရှိလာသည်။ ထိုတပ်ဖွဲ့မှာ ဟိုးမားစာပေတွင် Kêteioi တပ်ဟု ဖော်ပြထားပြီး[၁၄၃] အပေါလိုဒိုးရပ်စ်စာတွင် ဟစ်တိုက်စ် (Hittites) မျိုးနွယ် (သို့) မစ်ဆီယာ (မီးရှား) မျိုးနွယ်တပ်ဟု ရေးသားထားသည်။[၁၄၄] ယူရစ်ဖစ်လပ်စ်သည် မာခေးယန်[၁၁၁] နှင့် ပီနဲလိယပ်စ် ( Peneleos - ပီနဲလိရော့ရှ်) [၁၄၅] တို့ကို သုတ်သင်နိုင်ခဲ့သော်လည်း နီးယော့တောလစ်မပ်စ်၏ လက်ချက်ဖြင့် ကံကုန်သည်။

သူဖုန်းစားယောင်ဆောင်ကာ သူလျှိုလုပ်ရန်အတွက် ထရွိုင်သို့ အောဒစ်ဆီးယပ်စ် သွားရောက်ခဲ့သည်။ သို့သော် ဟယ်လန်က ၎င်းမှန်းသိ၍ အောဒစ်ဆီးယပ်စ်နှင့်အတူ ပူးပေါင်းကာ ဟယ်လန်၏အကူအညီဖြင့် အောဒစ်ဆီးယပ်စ်နှင့် ဒိုင်ယာမီးဒီးဇ်တို့သည် ပါလာဒီယန်နတ်ရုပ်တုကို ခိုးယူနိုင်ခဲ့ပေသည်။[၁၄၆] [၁၃၁][၁၄၇]

 
ထရိုဂျန်မြင်းနှင့်ပတ်သက်၍ အစောဆုံးသိရှိရသော သရုပ်ဖော်ပုံ၊ မစ်ကာနော့စါကျွန်းတွင်တူးဖော်ရရှိခဲ့သော မြေအိုးကြီးမှပုံ၊ ဘီစီ ၆၇၀ ဝန်းကျင်ခန့်

ထရိုဂျန်မြင်းပြင်ဆင်

ဤစစ်ပွဲ၏အဆုံးသတ်ကား နောက်ဆုံးအစီအမံတစ်ခု၏ စိုးမိုးမှုအောက်၌ဖြစ်သည်။ အောဒစ်ဆီးယပ်စ်သည် ပရိယာယ်အသစ်တစ်ခုကို တီထွင်ကြံဆခဲ့ရာ ထရိုဂျန်သားများအဖို့ အရိုအသေပြုအပ်သော၊ အခေါင်းပေါက်ပါ ဧရာမသစ်သားမြင်းရုပ်ကြီးတစ်ခု တည်ဆောက်ရေးပင်ဖြစ်သည်။ ထိုမြင်းရုပ်ကို အသီးနာက လမ်းညွှန်ပြသ၍[၁၄၈] အစ်ပိုင်းယပ်စ် (Epeius - အက်ပီးရော့စ်) က အပေါလိုနတ်ဘုရားအတွက် လှူဒါန်းထားသော ပန်းချုံပင်သစ်အုပ်မှ (cornel tree) သစ်သားဖြင့်[၁၄၉] တည်ဆောက်ပေးခဲ့ကာ မြင်း၌ ကမ္ပည်းရေးထိုးထားလေသည်။ ထိုကမ္ပည်းစာမှာ :

ဂရိသားများသည် အိမ်အပြန်ခရီးစဉ်အတွက် ကျေးဇူးဥပကာရ တင်လှူပူဇော်မှုကို အသီးနာနတ်ဘုရားမသို့ ကိုယ်စားပြုပါ၏။[၁၅၀]

မြင်းကိုယ်၌စီမံထားသော အခေါင်းပေါက်ထဲတွင် အောဒစ်ဆီးယပ်စ် ခေါင်းဆောင်ကာ စစ်သားအပြည့်ပါဝင်လေသည်။[၁၅၁] ကျန်ရှိစစ်သားများသည် စခန်းများကို မီးရှို့၍ တန်းနာဒေါ့စ်ကျွန်းဆီသို့ ရွက်လွှင့်သွားခဲ့ကြသည်။[၁၅၂]

ဂရိများ မရှိတော့သည်ကို ထရိုဂျန်များ သိရှိ၍ စစ်ပွဲပြီးဆုံးပြီဟု ယုံကြည်လျှက် ထိုမြင်းကြီးကို ပျော်ပျော်ရွှင်ရွှင် မြို့တွင်းသို့ ဆွဲသွင်းလာခဲ့ကြသည်။[၁၅၃] တစ်ဖက်တွင်လည်း ထိုမြင်းရုပ်ကို မည်သို့မည်ပုံ ပြုလုပ်ကြမည်ကို အခြေတင်အငြင်းပွားလျက် ရှိကြသည်။ အချို့က ကျောက်တောင်ပေါ်မှ ပစ်ချသင့်သည်။ အချို့က မီးရှို့သင့်၏ဟု ယူဆကြကာ ကျန်သူများက အသီးနာကို ပူဇော်သင့်သည်ဟု တွေးမြင်ကြလေသည်။[၁၅၄][၁၅၅] နတ်ဆရာမ ကာဆန္ဒြာ (Cassandra) နှင့် နတ်ဆရာ လာအိုးကွန် (Laocoön) တို့နှစ်ဦးစလုံးက မြင်းကို ထားရှိရန်စိတ်ကူးကို မနှစ်မြို့၍ ဆန့်ကျင်ကြသည်။[၁၅၆] ကာဆန္ဒြာတွင် အပေါလိုနတ်ဘုရား၏ ဆုလဒ်အဖြစ် ကြိုတင်မြင်နိုင်သည့်အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသော်လည်း အပေါလိုနတ်ဘုရားကိုယ်တိုင် သူမကို လူအများ မယုံကြည်စေရန် ကျိန်စာသင့်စေထား၏။ ပင်လယ်ပြင်မှ မြွေနဂါးများ လာရောက်၍ လာအိုးကွန်နှင့် သားတစ်ဦး[၁၅၄] (သို့) ၎င်းနှင့် သားနှစ်ဦးစလုံး[၁၅၇] (သို့) ၎င်း၏သားများကိုသာ စားသောက်ခဲ့သည်။[၁၅၈] ဤအဖြစ်သနစ်သည် သူရဲကောင်း အစ်နီးယပ်စ်၏ နောက်လိုက်များအတွက် ထိတ်လန့်ဖွယ်ရာ နိမိတ်ပုံဖြစ်၍ ထိုသူများ အိုက်ဒါတောင်သို့ ထွက်ခွာခဲ့ကြသည်။[၁၅၄] ထရိုဂျန်များသည် အဆုံးတွင် မြင်းရုပ်ကြီးကို မြို့တွင်း၌ထားရှိရန် ဆုံးဖြတ်ခဲ့ကြပြီး ထိုညတွင် ပွဲများကျင်းပကာ မြူးထူးပျော်ရွှင်ခဲ့ကြသည်။[၁၃၁] အခီးယန်သူလျှို ဆိနွန် (Sinon) သည် ညသန်းခေါင်းယံအချိန်ရောက်သော် တန်းနာဒေါ့စ်ကျွန်းတွင် စခန်းချနေသော သင်္ဘောအုပ်စုကြီးကို အချက်ပြကာ မြို့တွင်းရှိ မြင်းရုပ်ကြီးထဲမှ စစ်သားများထွက်ရှိလာပြီး အစောင့်များကို သုတ်သင်ကြ၏။[၁၅၉][၁၆၀]

ထရွိုင်မြို့ပျက်သုဉ်းခြင်းပြင်ဆင်

 
အာခိလိဇ်၏သား နီးယော့တောလိမပ်စ်သည် ပရိုင်းယန်ကို သတ်နေစဉ် (အဲတစ်ခေတ် ဆေးနက်မြေဆိုးပေါ်ရှိ ရုပ်ပုံ) ဘီစီ ၅၂၀-၅၁၀

အခီးယန်များ မြို့တွင်းသို့ ဝင်ရောက်လာ၍ အိမ်မောကျနေသော ထရွိုင်သားများကို သတ်ဖြတ်ကြပြီး ထိုသတ်ဖြတ်မှုကြီးသည် နေ့ဘက်ရောက်သည်အထိ ဖြစ်ပျက်ခဲ့၏။

ထရိုဂျန်နှင့် မိတ်ဆွေများ သေမင်းခံတွင်း သက်ဆင်းကြ၍
မြေပြင်တလွှား သွေးချောင်းစီးကာ ရဲရဲနီသည်။
ဟိုသည်ဝဲယာ သွေးအလူးလူး ကြမ္မာစူး၍
တုံးလုံးပက်လက် သေပွဲဝင်သည်။
(Blood ran in torrents, drenched was all the earth,
As Trojans and their alien helpers died.
Here were men lying quelled by bitter death
All up and down the city in their blood.)[၁၆၁]

ကြံရာမရ စိတ်ပျက်အားကုန်ကြပြီဖြစ်သော ထရိုဂျန်များသည် ပြန်လှန်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ခေါင်းဆောင်မရှိ၊ စုစည်းမှုမရှိဖြစ်ခဲ့ကြသည်။ တိုက်ပွဲ၏ အမြင့်ဆုံးအချိန်၌ အချို့ကား ကျဆုံးသွားသည့် ရန်သူစစ်သည်များ၏ အဝတ်တန်ဆာများကို ဝတ်ဆင်ကြလျှက် ရှောင်တခင် တန်ပြန်တိုက်ခိုက်မှုများကို အထိန်းအကွပ်မဲ့ပုံစံဖြင့် လမ်းမများပေါ်၌ ပြုလုပ်ခဲ့ကြလေသည်။ ကျန်ရှိသောခုခံသူများမှာလည်း တိုက်စစ်ဆင်လာသောရန်သူများကို ခေါင်မိုးအုပ်ကြွပ်ပြားများ၊ အခြားလေးလံသောအရာဝတ္ထုများဖြင့် ပစ်ပေါက်၍ တိုက်ခိုက်ခုခံကြသည်။ နိုင်မည့်အလားအလာမှာ ခပ်မှိန်မှိန်ပင်ဖြစ်၏။ အဆုံးတွင် ကျန်ရှိသော ခုခံသူများ မြို့အနှံ့ ခြေမှုန်းခြင်းခံခဲ့ရလေသည်။

နီးယော့တောလစ်မပ်စ်သည် ပရိုင်းယန်ကို သတ်ခဲ့ပြီး နန်းတော်အတွင်းရှိ ဇုစ်ဘုရားကျောင်းဆောင်သို့ ယူဆောင်သွားခဲ့သည်။[၁၅၄][၁၆၂] မန်နစ်လေးယပ်စ်က ပဲရစ်သေဆုံးပြီး ဟယ်လန်၏ ခင်ပွန်းဖြစ်လာသော ဒီးယစ်ဖာဘပ်စ်ကို သုတ်သင်ချေမှုန်းခဲ့ကာ ဟယ်လန်ကိုပါ သတ်ရန်ကြံစည်ခဲ့သည်။ သို့သော် သူမ၏အလှပကို ယစ်မူးပြန်၍ [၁၆၃] သူမကိုခေါ်ဆောင်ကာ သင်္ဘောများဆီသို့ ခေါ်ယူသွားခဲ့သည်။[၁၅၄][၁၆၄] နတ်ဆရာမ ကာဆန္ဒြာသည် အသီးနာနတ်ရုပ်ကို မှီတွယ်ဖက်ထားစဉ် အေဂျက် (အငယ်) (အပေါ်၌ဖော်ပြထားသော သူရဲကောင်းအေဂျက်မဟုတ်ပါ။) က သူမကို ထိုအသီးနာဘုရားကျောင်းထဲ၌ပင် အဓမ္မကျင့်ကြံခဲ့ရာ ၎င်း၏ အရိုအသေမဲ့မှုကြောင့် အောဒစ်ဆီးယပ်စ်က အခီးယန်သားများကို ကျောက်တုံးများဖြင့် ပစ်ပေါက်သတ်ရန်တိုက်တွန်းသဖြင့် အေဂျက် (အငယ်) အသီးနာဘုရားကျောင်းထဲသို့ ဝင်ပြေးရာ အသက်ဘေးမှ လွတ်သည်။ [၁၅၄][၁၆၅]

ဘုရင့်အတိုင်ပင်ခံအမတ် အန်တိနော် (Antenor) သည် မန်နစ်လေးယပ်စ်နှင့် အောဒစ်ဆီးယပ်စ်တို့ ဟယ်လန်ကိုပြန်ရယူရန် သံတမန်ခရီးလာခဲ့စဉ်က ပျူငှာကြိုဆိုမှုနှင့် ၎င်းတို့ဘက်က ပြောဆိုပေးခဲ့မှုများရှိသောကြောင့် မိသားစုနှင့်တကွ ချမ်းသာရာရရှိပေသည်။[၁၆၆] အစ်နီးယပ်စ်သည် ဖခင်ကို ကုန်းပိုး၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ အပေါလိုဒိုးရပ်စ်အရဆိုလျှင် ဘာသာတရားရိုသေကိုင်းညွတ်မှုကြောင့် သွားခွင့်ပြု၏ ဟုဖော်ပြထားသည်။[၁၆၂]

ဂရိများ မြို့ကိုမီးရှို့ကြပြီး ရသောဝေစုများ ခွဲဝေယူဆောင်ကြရာ ကာဆန္ဒြာကို အဲဂါမန်းနန်ရရှိ၍ နီးယော့တောလစ်မပ်စ်က ဟက်တာ၏ ဇနီး အန်ဒရောမာခီ (Andromache) ကိုရရှိ၏။ အောဒစ်ဆီးယပ်စ် ရရှိသောသူမှာ ပရိုင်းယန်၏ မိဖုရား ဟက်ခယူးဘာ (Hecuba) ဖြစ်သည်။[၁၆၇]

အခီးယန်များသည်[၁၆၈] ဟက်တာ၏သားတော် အတိုင်းယန်နဲ့ခ်စ် (Astyanax) ကို ထရွိုင်မြို့ရိုးပေါ်မှ ပစ်ချခဲ့ရာ [၁၆၉] အကြောင်းမှာ ရက်စက်မှု၊ အမုန်းတရား[၁၇၀] (သို့) ထရွိုင်တော်ဝင်မျိုးရိုးတိမ်ကောစေရန်နှင့် ထိုကလေး၏ ပြန်လည်လက်စားချေမည်ကို စိုးရွံ့သောကြောင့်ဖြစ်သည်။[၁၇၁] ထိုဂရိများသည် (စာပေများတွင် နီးယော့တောလစ်မပ်စ်ဟု ဖော်ပြ) ထရိုဂျန်မင်းသမီး ပါလစ်ဆစ်နီ (Polyxena) ကို တစ္ဆေဖြစ်နေသော အာခိလိဇ်က တောင်းဆိုမှုကြောင့် အာခိလိဇ် အုတ်ဂူ၌ ယစ်ပူဇော်ခဲ့ကြလေသည်။ သူမကို အာခိလိဇ်အတွက် ဝေစု (သို့) သူမသည် ၎င်းကိုသစ္စာဖောက်ဖျက်သောကြောင့် ထိုသို့ ပြုခြင်းခဲခဲ့ရသည်။[၁၇၂]

သီးဆီးယပ်စ်၏ မိခင်၊ ဟယ်လန်၏ အစေခံတစ်ဦးဖြစ်သည့် အာသရာ/အီးသရာ (Aethra) [၁၇၃] ကို မြေးများဖြစ်သော ဒဲမာဖောန် (Demophon - ဒီမောဖွန်) နှင့် အာကားမာ့စ် (Acamas) တို့က ကယ်ဆယ်ခဲ့နိုင်ပေသည်။[၁၅၄][၁၇၄]

အိမ်အပြန်ခရီးစဉ်များပြင်ဆင်

အခီးယန်များ၏ ဘုရားကျောင်းများဖျက်ဆီးခြင်းနှင့် အရိုသေမဲ့စော်ကားမော်ကားပြုခြင်းများအပေါ် နတ်ဘုရားတို့ ဒေါသထွက်ခဲ့ကြကာ အများစုကို အိမ်ပြန်မရောက်ရှိစေရန် ဆုံးဖြတ်ကြသည်။ တန်းနော့စ်ကျွန်းအလွန်တွင် ဆိုက်ကပ်ရပ်နားထားသော သင်္ဘောစုကြီးအပေါ် မုန်တိုင်းဆင်ကြသည်။ ထို့အပြင် သားဖြစ်သူ ပါလာမီးဒီးဇ် သေဆုံးရသည့်အတွက် လက်စားချေမှုအဖြစ် နောပလိယပ်စ် (Nauplius) သည် ကာဖီးရဲ့ယပ်စ်အငူတွင် (ယခု ဂရိနိုင်ငံ အဲဘီယာကျွန်း၏ ကာဗောဒေါရော် အဖြစ်သိရှိ) မီးပြတိုက်မီးများကို မှားယွင်းစေရန် ပြသပေးခဲ့သောကြောင့် သင်္ဘောအများအပြား ပျက်စီးခဲ့ရသည်။[၁၇၅]

  • မုန်တိုင်းဒဏ်ခံရပြီးနောက် အဲဂါမန်းနန်သည် အားဂေါ့စ်သို့ ကာဆန္ဒြာနှင့်အတူ ချောချောမောမောပြန်လည်ရောက်ရှိခဲ့သည်။ ထိုနှစ်ဦးစလုံးကို သိုင်းယတ်စတီးဇ် (Thyestes) ၏ သားဖြစ်သူ အစ်ဂျစ်သပ်စ် (Aegisthus) (သို့) အဲဂါမန်းနန်၏ မိဖုရား ကလိုက်တင်နဲစထရာ (သို့) ထိုနှစ်ဦးပေါင်း၍ သုတ်သင်သတ်ဖြတ်ခဲ့သည်။ အဲဂါမန်းနန်၏သမီး အစ်လက်ထရာ (Electra) နှင့် သားဖြစ်သူ အောရက်စ်တီးဇ် (Orestes) တို့က ဖခင်အတွက် နောင်တွင် လက်စားပြန်ချေခဲ့ကြသည်။ အောရက်စ်တီးဇ်သည် နောင်အခါတွင် ဖြူရီ (သို့) အစ်ရစ်နီယီးဇ် (Erinyes) ခေါ် ပြစ်ဒဏ်ချမြေအောက် နတ်သမီးများ၏ လိုက်ခြင်းခံရပေသည်။
  • နက်စတာသည် ထရွိုင်မြို့တွင် ကိုယ်ကျင့်တရားကောင်းမွန်ခဲ့ကာ လုယက်ခြင်းလည်းမပြုခဲ့သောကြောင့် အမြန်ဆုံးနှင့် အချောမွေ့ဆုံး အိမ်ပြန်ရောက်ရှိခဲ့သည်။[၁၇၆] ၎င်း၏တပ်ဖွဲ့တို့သည်လည်း ချောမောစွာ ဇာတိမြေသို့ ပြန်လည်ရောက်ကြသော်လည်း နောင်အခါ၌ ထိုဇာတိကို စွန့်ခွာကြ၍ အီတလီတောင်ပိုင်းရှိ မက်တာပွန်တီယံ (Metapontium) အရပ်ကို နယ်ချဲ့ခဲ့ကြသည်။[၁၇၇]
 
ပိုဆိုက်ဒန်က အေဂျက် (အငယ်) ကို ရိုက်နှက်တိုက်ခိုက်စဉ်၊ Bonaventura Genelli၏ လက်ရာ၊(၁၇၉၈-၁၈၆၈)။
  • အေဂျက် (အငယ်) သည်ကား အခြားသူများထက် နတ်ဘုရားတို့၏ အမျက်ပိုသင့်ခဲ့ရာ ၎င်း၏သင်္ဘောကို အသီးနာ စီရင်စေလွှတ်သော မုန်တိုင်းက တစ်စဆီ ဖျက်ဆီးခဲ့သည်။ သင်္ဘောသားများ နံဘေးကျောက်ဆောင်သို့ ကူးခတ်လွတ်မြောက်ခဲ့သော်လည်း ပိုဆိုက်ဒန်က ထိုကျောက်ဆောင်ကို ဖြိုဖျက်ခဲ့သောကြောင့် အေဂျက် ပင်လယ်ထဲ၌ နစ်မြုပ်၍ ကွယ်လွန်သည်။ ၎င်းကို သဲတစ်က မိုက်ကိုနော့စ်ကျွန်း (Myconos)[၁၇၈] (သို့) ဒီးလော့စ်ကျွန်း (Delos)[၁၇၉] တွင် မြှုပ်နှံပေးခဲ့၏။
  • နီးယော့တောလစ်မပ်စ်သည် ဟယ်လန်နပ်စ်၏စကားနားထောင်ကာ ဟယ်လန်နပ်စ်နှင့်အတူ ကုန်ကြောင်းမှ ဟက်တာ၏ဇနီးဟောင်း အန်ဒရောမာခီကိုခေါ်၍ အိမ်ပြန်သည်။ လမ်း၌ အောဒစ်ဆီးယပ်စ်ကို တွေ့ဆုံခဲ့ကာ အာခိလိဇ်၏ဆရာ ဖီးနစ်ခ်စ်ကို စစ်ကာနီး (Ciconians - စစ်ကိုနီယန်ဇ်) မျိုးနွယ်များနေသောအရပ်တွင် မြှုပ်နှံပေးခဲ့ကြသည်။ အစ်ပိုင်းယပ်စ်ဒေသရှိ မိုလိုဆီယန်ဇ်များ (Molossians) ၏နယ်မြေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လေသည်။ အန်ဒရောမာခီနှင့်သားတစ်ဦးထွန်းကားပြီး မိုလိုဆပ်စ် (Molossus) ဟု အမည်တွင်စေကာ နောင်တွင် ထီးနန်းပေးခဲ့သည်။[၁၈၀] ဤသို့ဖြင့် အစ်ပိုင်းယပ်စ်ဘုရင်များသည် အာခိလိဇ်၏ မျိုးဆက်များဟူ၍ဆိုကြပြီး မဟာအလက်ဇန္ဒားသည်လည်း ထိုသို့ပင် ဆိုလေ၏။ အလက်ဇန္ဒား၏ မိခင်သည် ထိုတော်ဝင်မျိုးဆက်မှဖြစ်သည်။ အလက်ဇန္ဒားနှင့် မက်ဆီဒွန် (မက်ဆီဒိုးနီးယား) ဘုရင်များသည် ၎င်းတို့၏ ရှေးဘိုးဘေးမှာ ဟဲရာကလီးဇ် (ဟာကျူလီ) ဖြစ်သည်ဟု ထပ်မံဆိုကြသေးသည်။ ဟယ်လန်နပ်စ်သည် မိုလိုဆီးယာ (Molossia) ၌ မြို့တစ်မြို့ကို တည်ထောင်၍ အခြေချခဲ့ပြီး နီးယော့တောလစ်မပ်စ်က မိခင် ဒေးဒါမိုင်းယာကို ၎င်းအားပေးအပ်ခဲ့သည်။ ပီးလီးယပ်စ်ဘုရင် နတ်ရွာစံပြီးနောက် သိုင်းယာထီးနန်း (Phtia) ကို နီးယော့တောလစ်မပ်စ်ရရှိသည်။[၁၈၁] မန်နစ်လေးယပ်စ်၏သမီး ဟာမိုင်းယာနီး (Hermione - ဟာမီယောနီး)နှင့်ပတ်သက်၍ အောရက်စ်တီးဇ်နှင့် အငြိုးအာဃာတရှိခဲ့ကာ ဒဲလ်ဖီအရပ် (Delphi) တွင် အသတ်ခံခဲ့ရသည်။[၁၈၂] ရောမဒဏ္ဍာရီတွင်မူ သိုင်းယာနိုင်ငံကို ဟယ်လန်နပ်စ်က သိမ်းယူ၍ အန်ဒရောမာခီကို လက်ထပ်ခဲ့သည်။ အစ်နီးယပ်စ်အပါအဝင် အခြားထရိုဂျန်ဒုက္ခသည်များကို ပျူငှာစွာကြိုဆိုကြသည်ဟု ဖော်ပြပါရှိသည်။
  • ဒိုင်ယာမီးဒီးဇ်သည် မုန်တိုင်းဒဏ်ကို လစ်ဆီယာကျွန်းတွင် ပထမဆုံးခံရသူဖြစ်၍ ဘုရင်လိုင်းကပ်စ် (Lycus - လီကော့ရှ်) က နတ်ဘုရားအေရီးဇ်ထံသို့ ၎င်းအား ယစ်ပူဇော်ရန် လုပ်ဆောင်ရာ ဘုရင့်သမီးတော် ကောလီရာဟို (Callirhoe) က သနားစိတ်ဝင်ပြီး လွတ်မြောက်စေရန် ကူညီခဲ့သည်။[၁၈၃] အာတစ်ကာနယ်ရှိ ဖဲလီရွန်ဆိပ်ကမ်းသို့ မတော်တဆရောက်ရှိသွားခဲ့ရာ အေသင်သားများက မဟာမိတ်ဖြစ်မှန်း မသိရှိကြဘဲ ၎င်းအဖွဲ့ကိုတိုက်ခိုက်ကြသော် များစွာသေကြေပျက်စီးကြ၏။ ဒဲမာဖောန် (Demophon - ဒီမော့ဖွန်) က ၎င်းကို ပါလာဒီယန်ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။[၁၈၄] နောက်ဆုံးတွင် အားဂေါ့စ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်း၏ဇနီး အီးဂျီယာလီ (Aegialeia - အာယာ့လီ) ဖောက်ပြန်နေသည်ကို သိရှိသွားသည်။ ရွံ့ရှာသည့်အနေဖြင့် အာတိုးလီးယားဒေသသို့ ထွက်သွားခဲ့လေသည်။[၁၈၅] နောက်ပိုင်းပေါ်ပေါက်သော စာပေများတွင် ၎င်းသည် စွန့်စားခန်းများထွက်ခဲ့ကာ အီတလီတောင်ပိုင်းရှိ ကနူဆီယမ်မြို့ (Canusium)၊ အာဂျီးရီပါမြို့ (Argyrippa) တို့ကို တည်ထောင်ခဲ့သည်။[၁၈၆]
  • ဖစ်လော့တီးတီးဇ်သည်ကား နိုင်ငံတော်အပေါ်အကြည်ညိုပျက်စေသည့်အကြောင်းဖြင့် မြို့မှ နှင်ထုတ်ခံရကာ အီတလီသို့ သွားရောက်ခဲ့သည်။ သုရီယိုင်း(သုရီ) နှင့် ခရိုတိုးနေးမြို့တို့ကြားတွင် ပယ်တီးလီယာ၊ ခရစ်မစ်ဆာနှင့် ခုန်းမြို့များကို တည်ထောင်ခဲ့၏။[၁၈၇] လူကားနီးယား (Leucanians - လက်ဖ်ကားနီးယား) အနွယ်များအပေါ် စစ်ဆင်နွှဲပြီးနောက် ထို၌ အပေါလို ဘေးမဲ့ရိပ်မြုံတစ်ခုကိုတည်ထောင်ခဲ့ပြီး ၎င်း၏လေးကို အပေါလိုနတ်ဘုရားထံသို့ လှူဒါန်းမှုပြုသည်။[၁၈၈]

အေးထရီးယပ်စ်အိမ်တော်ပြင်ဆင်

 
အဲဂါမန်းနန်အသတ်ခံရခြင်း (၁၈၇၉၊ Alfred Church ၏ ဂရိအလွမ်းဇာတ်ဆရာများမှ ဇာတ်လမ်းပုံပြင်များ"မှပုံ)

အောဒဆီကဗျာအရ မန်နစ်လေးယပ်စ်၏ သင်္ဘောသည် မုန်တိုင်းသင့်၍ ခရီးတီးကျွန်းနှင့် အီဂျစ်သို့ ရောက်ရှိသွားရာ ထိုအရပ်တွင် လေငြိမ်သဖြင့် ရွှက်မလွှင့်နိုင်ဘဲရှိရာ[၁၈၉] သင်္ဘောငါးစင်းသာ ရှင်သန်ကျန်ရစ်ခဲ့သည်။[၁၇၆] မန်နစ်လေးယပ်စ်သည် ပင်လယ်စောင့်နတ် ပရိုတီးယပ်စ်ကို ဖမ်းနိုင်ခဲ့သည်။ ၎င်း၏သင်္ဘောများ ဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်မည့် လမ်းကြောင်းရရှိရန်အလို့ငှာ မည်သည့်နတ်ဘုရားကို မည်သည့်ပူဇော်မှုပြုရန်အတွက် စုံစမ်းရန်ဖြစ်ပေသည်။[၁၉၀] အခြားဇာတ်လမ်းများတွင် ပဲရစ်ယူဆောင်သွားသော ဟယ်လန်သည် အစစ်မဟုတ်၊ အတုသာဖြစ်ပြီး ဟယ်လန်အစစ်သည် အီဂျစ်၌ရှိ၍ ယခုအခါတွင် မန်နစ်လေးယပ်စ်နှင့် ပြန်လည်ပေါင်းထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ပရိုတီးယပ်စ်က မန်နစ်လေးယပ်စ်ကို ပြောပြရာ၌ ၎င်းသေဆုံးပြီးလျှင် ၎င်းသည် အစ်လစ်ဇီယမ် (Elysium) ခေါ်သည့် ကောင်းကင်ဘုံနန်းသို့ သွားရမည်ဖြစ်သည်။ မန်နစ်လေးယပ်စ်သည် ၎င်းနယ်မြေ စပါတာသို့ ထရွိုင်မှ ထွက်ခွာအပြီး ရှစ်နှစ်ပြည့်မှ ဟယ်လန်နှင့်အတူ ပြန်ရောက်ခဲ့သည်။[၁၉၁]

အဲဂါမန်းနန်သည်လည်း ကာဆန္ဒြာနှင့်အတူ အားဂေါ့စ်သို့ ရောက်ရှိခဲ့ပြီး မိဖုရား ကလိုက်တင်နဲစထရာသည် သိုင်းယပ်စ်တီးဇ်၏သား အစ်ဂျစ်သပ်စ်နှင့် ဖောက်ပြန်နေသည်။ သိုင်းယပ်စ်တီးဇ်သည် အဲဂါမန်းနန်နှင့် ဝမ်းကွဲညီအကိုတော်စပ်၍ အဲဂါမန်းနန် အားဂေါ့စ်ကို မသိမ်းယူမီ အားဂေါ့စ်ဘုရင်ဖြစ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ကလိုက်တင်နဲစထရာက သမီးဖြစ်သူ အစ်ဖစ်ဂျနိုင်းယာသေဆုံးမှုအတွက် လက်စားချေတုံ့ပြန်မှုအဖြစ် ချစ်သူ အစ်ဂျစ်သပ်စ်နှင့် ပူးပေါင်း၍ အဲဂါမန်းနန်ကို သတ်ရန်ကြံစည်သည်။ ဤအဖြစ်ကို ကာဆန္ဒြာက ကြိုမြင်၍ အဲဂါမန်းနန်ကို သတိပေးသော်လည်း သူမကို အလေးမထားခဲ့ပေ။ ဤသို့ဖြင့် ၎င်းသည် ပွဲတစ်ခု (သို့) ချိုးရေတော်သုံးစဉ် အသတ်ခံရပေသည်။[၁၉၂] တမူကွဲသောအခြားဇာတ်လမ်းများတွင် ကာဆန္ဒြာပါ အသတ်ခံရသည်ဟု ဖော်ပြကြသည်။[၁၉၃] အဲဂါမန်းနန်၏သား အောရက်စ်တီးဇ်သည် ယင်းအချိန်၌ အဝေးတစ်နေရာကို ရောက်ရှိနေခဲ့ကာ အကြောင်းစုံသိ၍ပြန်လာသည့်အခါ နှမဖြစ်သူ အစ်လက်ထရာနှင့် လျှို့ဝှက်ကြံစည်၍ ဖခင်အတွက်လက်စားချေခဲ့သည်။[၁၉၄] အောရက်စ်တီးဇ်သည် မိခင် ကလိုက်တင်နဲစထရာနှင့် အစ်ဂျစ်သပ်စ်တို့ကို သုတ်သင်၍ ဖခင်ထီးနန်းကို ဆက်ခံသည်။[၁၉၅][၁၉၆]

အောဒဆီပြင်ဆင်

အောဒစ်ဆီးယပ်စ်၏ အစ်သကာကျွန်းသို့ ဆယ်နှစ်တာကြာညောင်းသော အိမ်ပြန်ခရီးစဉ်အကြောင်းသည် ဟိုးမားအောဒဆီကဗျာ၏ အဓိကကြောင်းရာဖြစ်သည်။ အောဒစ်ဆီးယပ်စ်နှင့် အဖွဲ့သားများသည် ထရွိုင်ပျက်စီးပြီးနောက် အိမ်ပြန်ကြရာ ပင်လယ်တွင် မုန်တိုင်းဒဏ်ကြောင့် အမည်မသိ နေရာများသို့ရောက်ရှိသွားကာ ယင်းနယ်မြေများ၌ အောဒစ်ဆီးယပ်စ်၏ တွေ့ကြုံရသော စွန့်စားခန်းများကို ရေးသားဖော်ပြထားသည်။ ထိုစွန့်စားခန်းများတွင် ပေါလိဖီးမပ်စ်ခေါ်သော ဆိုက်ကလော့၊ မြေအောက်ကမ္ဘာမှ ဝိညာဉ် တိုင်းရီးဆီးယပ်စ် (Teiresias - တီရက်ဆီးယပ်စ်; ယခင်ဘဝက ပရောဟိတ်ဆရာဖြစ်သည်။) တို့နှင့်တွေ့ကြုံရခြင်းများ ရှိခဲ့သည်။ သရင်နေးရှာ (Thrinacia - သရင်နဲ့ကီးယား) ကျွန်း၌ အောဒစ်ဆီးယပ်စ်၏ အဖွဲ့သားများသည် နေနတ်ဘုရား ဟီးလီယပ်စ် (Helios) ကို တင်လှူထားသော ကျွဲနွားများကို စားသောက်မိခဲ့ကြရာ အရိုအသေမဲ့ခြင်းကြောင့် သင်္ဘောနှင့် အဖွဲ့သားများပျက်စီးကြ၏။ အောဒစ်ဆီးယပ်စ်သည် ထိုတင်လှူခဲ့သောအရာများကို မစားမသောက်ခဲ့၍ အသက်ရှင်ကျန်ရစ်ကာ အောဂျစ်ဂျီယာကျွန်းသို့ သောင်တင်ခဲ့ပြီး ယင်းကျွန်းတွင် နင့်ဖ် ကာလစ်ပ်ဆိုနှင့်အတူ နေထိုင်ခဲ့သည်။ ခုနစ်နှစ်ကြာညောင်း၍ အောဒစ်ဆီးယပ်စ်ကို အိမ်သို့ပြန်နိုင်သေရန် နတ်ဘုရားတိုက ဆုံးဖြတ်ကြသည်။ ၎င်းသည် ဖောင်ကလေးတစ်ခုဖြင့် ရွက်လွှင့်ခဲ့ပြီး စခရီးယာ (Scheria) ဒေသသို့ရောက်က ထိုဒေသနေ ဖီးအေးရှန်များက ၎င်း၏ဇာတိချက်မြေ အစ်သကာသို့ လမ်းကြောင်းပြပေးခဲ့သည်။

 
"အောဒစ်ဆီးယပ်စ်နှင့် ပေါလိဖီးမပ်စ်"၊ Arnold Böcklin ၏လက်ရာ ဆိုက်ကလော့ ပေါလိဖီးမပ်စ်၏ ကျိန်စာ အောဒစ်ဆီးယပ်စ်၏ အိမ်ပြန်ခရီးစဉ်ကို ဆယ်နှစ်တာမျှ ကြာညောင်းစေခဲ့သည်။

ဇာတိနယ်သို့ရောက်ရှိခဲ့သည်နှင့်တပြိုင်နက် ယာစကာယောင်ဆောင်၍ သွားလာခဲ့သည်။ ထို့နောက်သိရသည်မှာ ဇနီးသည် ပါနဲ့လာပီးသည် ၎င်းမရှိသောနှစ် (၂၀) စလုံး ၎င်းအပေါ်သစ္စာရှိရှိ စောင့်ထိန်းခဲ့သည်။ မရေမတွက်နိုင်လှသော သူမအပေါ် ချစ်ရေးဆို လက်ထပ်ချင်သူများက ၎င်းအစားကိုစား၍ ၎င်းဥစ္စာဓနများကို သုံးစွဲကြကုန်၏။ ပါနဲ့လာပီးက မည်သူမျှမတင်နိုင်သော ၎င်း၏လေးကို အသုံးချ၍ ပြိုင်ပွဲတစ်ခုကျင်းပရာ အောဒစ်ဆီးယပ်စ်က သူစိမ်းယောင်ဆောင်ပြိုင်ပွဲဝင်၍ လေးကိုမည်သူမျှမတင်နိုင်သော်လည်း အောဒစ်ဆီးယပ်စ်ကသာ တင်နိုင်သောကြောင့် ဇာတိရုပ်ပေါ်ခဲ့သော်လည်း ဇနီးဖြစ်သူမှာ မယုံနိုင်သေးပေ။ နတ်ဘုရားမ အသီးနာ၊ သားဖြစ်သူ တယ်လီမာကပ်စ်၊ ဝက်ကျောင်းသူ ယူးမီးယပ်စ်တို့၏ အကူအညီဖြင့် အားလုံးကို သတ်ဖြတ်ခဲ့သည်။ သို့ရာ၌ ပါနဲ့လာပီးအား ချစ်ရေးဆိုသူများကို ကူညီရရှာသော အစ်သကာမြို့သား ဖီးမီးယပ်စ် (Phemius - ဖီးမီးရော့ရှ်) ကိုမူ ချွင်းချက်အနေဖြင့် မသတ်ခဲ့ပေ။ ထိုသူမှာ အတင်းအကျပ်စေခိုင်းခြင်းခံရသောကြောင့်သာ ချစ်ရေးဆိုသူများကို ကူညီခဲ့ရသည်။ နောက်ထပ်စမ်းသပ်မှုတစ်ခုပြီးမှသာ အောဒစ်ဆီးယပ်စ်အစစ်ဖြစ်သည်ဟု ပါနဲ့လာပီးက ယုံကြည်သွား၍ ထိုနှစ်ဦး ပြန်လည်ပေါက်းသည်းကြသည်။[၁၉၇] နောက်ရက်တွင် ချစ်ရေးဆိုသူများ၏ ဆွေမျိုးများက ၎င်းကိုလက်စားချေရန်ကြိုးစားခဲ့ကြသော်လည်း အသီးနာနတ်ဘုရားမက တားမြစ်ခဲ့သည်။

တီလယ်ဂွန်းနီးယားပြင်ဆင်

တီလယ်ဂွနါးနီးယား (အင်္ဂလိပ် : တစ်လဲဂန်နီ, Telegony) ကဗျာသည် အောဒစ်ဆီးယပ်စ်၏ ၎င်းဇနီးကို လက်ထပ်ရန်ပိုးပန်းသောသူများကို မြှုပ်နှံသည့်အကြောင်းမှအစပြု၍ ၎င်းသေဆုံးသည့်အကြောင်းအရာအထိ ဖွဲ့ဆိုထားသောကဗျာရှည်တစ်ပုဒ်ဖြစ်သည်။[၁၉၈] အောဒစ်ဆီးယပ်စ် ထရွိုင်စစ်ပွဲမှပြန်လာပြီးနောက် နှစ်အနည်းငယ်အကြာတွင် အောဒစ်ဆီးယပ်စ်နှင့် ဆားဆီ (Circe - ကိ(ရ)ကီ) တို့ပေါင်းဖက်၍ ထွန်းကားခဲ့သော တာလဲဂန်နပ်စ် (Telegonus - တီလယ်ဂွန်းနပ်စ်) သည် အစ်သကာကျွန်းသို့ လာရောက်၍ အဓမ္မလုယက်ခြင်းပြုသည်။ အောဒစ်ဆီးယပ်စ်က တန်ပြန်တိုက်ထုတ်ရာ တာလဲဂန်နပ်စ်က ဖခင်မှန်းမသိ၍ သတိမိခဲ့သည်။ ထို့နောက်မှ ဖခင်ဖြစ်မှန်းသိရှိသွားကာ ဖခင်အလောင်းကို မိခင် ဆားဆီထံသို့ တယ်လီမာကပ်စ်၊ ပါနဲ့လာပီးတို့နှင့်အတူ သယ်ဆောင်သွားခဲ့လေသည်။

အစ်နီးယစ်ဒ်ပြင်ဆင်

 
အစ်နီးယပ်စ်သည် မီးလောင်တစပြင်ထရွိုင်မြို့မှ ထွက်ပြေးခြင်း၊ Federico Barocci၏ လက်ရာ (၁၅၉၈)

ထရိုဂျန်မြို့မှ အသက်ရှင်ကျန်ရစ်ခဲ့သော အစ်နီးယပ်စ်သည် ထရိုဂျန်စစ်ပြေးဒုက္ခသည်များအား အီတလီတွင် အခြေချနေထိုင်စေခြင်းဖြစ်ရပ်သည် လက်တင်ကဗျာရှည် အစ်နီးယစ်၏ အကြောင်းအရာဖြစ်လေ၏။ ထိုကဗျာကိုရေးဖွဲ့သူမှာ ဗားဂျစ်လ်ဖြစ်၍ ဩဂတ်စ်တပ်ခေတ်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ဗားဂျစ်လ်သည် ၎င်းရေးဖွဲ့သည့် သူရဲကောင်း၏ အကြောင်းကို ကဗျာရှည် (၁၂) အုပ် ရေးဖွဲ့ခဲ့ပြဂ ဒုတိယစာအုပ်တွင် ထရွိုင်မြို့ပျက်စီးသည့်ဖြစ်ရပ်၊ ထရိုဂျန်မြင်းဖြစ်ရပ်များအား အစ်နီးယပ်စ်၏ ကိုယ်တွေ့အဖြစ်အပျက်ပုံစံဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်လေသည်။ အိလိယဒ်ကဗျာတွင် ထိုအကြောင်းအရာများပါဝင်ခြင်းမရှိဘဲ ဤအစ်နီးယစ်ဒ်တွင်ပါဝင်ခဲ့ရာ ဗားဂျစ်လ်၏ ဂန္ထဝင်ကဗျာရှည်ဖြစ်လာခဲ့ပေသည်။

အစ်နီးယပ်စ်၏ ဇနီးသည် ထရွိုင်မြို့ပျက်သုဉ်းခြင်းဖြစ်ရပ်တွင် ကျဆုံးခဲ့သည်။ ၎င်း၏ဆွေမျိုးအချို့အသက်ရှင်သန်နိုင်ခဲ့၍ ၎င်းတို့ကိုလည်းခေါ်ဆောင်ကာ ထွက်ပြေးခဲ့သည်။ ထို့အပြင် အစ်နီးယပ်စ်သည် လဲရီးဇ်နတ်ရုပ်နှင့် ဒီ ပင်နေးတီးဇ်နတ်ရုပ်တို့အားလည်း ထရွိုင်မြို့မှ သယ်ဆောင်ခဲ့ကာ ရောမသားတို့က ရောမမြို့အား ကာကွယ်စောင့်ရှောက်သော နတ်များအဖြစ် ယူဆသတ်မှတ်ခဲ့ကြသည်။

ထရိုဂျန်မှ ရှင်ကျန်သူများသည် သင်္ဘောများစွာဖြင့် ထွက်ပြေးခဲ့ရကာ အခြားနယ်တစ်ခုတွင် မြို့သစ်တည်ရန် ရှာဖွေကြလေသည်။ အန္တရာယ်ရှိသော ဘေးအနီးနားနိုင်ငံများသို့ ရောက်ခဲ့ကြပြီး နောက်ဆုံးတွင် နတ်ဆရာ(မ) တစ်ပါးက ၎င်းတို့၏ဘိုးဘေးများနေထိုင်ရာနယ်မြေသို့ သွားရမည်ဖြစ်ကြောင်း လမ်းညွှန်ခဲ့၍ ပထမအနေဖြင့် ခရီးတီးကျွန်းတွင် နေထိုင်ရန်ပြင်ဆင်ကြရာ ရောဂါကပ်တစ်ခုကြောင့် နေထိုင်ရန်မဖြစ်ခဲ့ပေ။ ဒုတိယအနေဖြင့် ဟယ်လန်နပ်စ်နှင့် အန်ဒရောမာခီတို့၏ ကိုလိုနီနယ်ကို တွေ့ရှိခဲ့သော်လည်း နေထိုင်မှုမပြုခဲ့ကြချေ။ ခုနစ်နှစ်ကြာပြီးနောက် အာဖရိကတိုက်မြောက်ပိုင်းရှိ ကားသစ်ဂျ် (Carthage) မြို့သို့တဖန်ရောက်ရှိခဲ့ကြရာ အစ်နီးယပ်စ်သည် ထိုမြို့၏သခင်မ ဒိုင်းဒို (Dido - ဒီဒေါ) နှင့် အကြောင်းပါသည်။ (စာပေများအရ ကားသစ်ဂျ်မြို့သည် ဘီစီ ၈၁၄ တွင်တည်ထောင်ခဲ့သောကြောင့် ထရိုဂျန်များ၏ရောက်ရှိလာမှုသည် နှစ်ရာပေါင်းအနည်းငယ်စောလွန်း၍ ဒဏ္ဍာရီစာပေများတွင် အချိန်စဉ်ဆက်သဘော ပြဿနာရှိ၏။) နတ်ဘုရားများက အစ်နီးယပ်စ်အား ဆက်လက်ခရီးဆက်ရန် ညွှန်ကြားသဖြင့် အီတလီရှိ တိုင်ဘာ (Tiber) မြစ်ဝသို့ ရောက်ရှိလာကြပြီဖြစ်သည်။ အစ်နီးယပ်စ်က သစ္စာဖောက်ထွက်သွားသောကြောင့် ဒိုင်းဒိုသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ထိုအဖြစ်သည် ရောမမြို့နှင့် ကားသစ်ဂျစ်မြို့တို့အကြား ကြိတ်မနိုင်ခဲမရသည့် ကာလရှည်ကြာ ရန်ဘက်များဖြစ်သွားကြကာ ပျူးနစ်စစ်ပွဲများ (Punic Wars) ပေါ်ပေါက်လာခဲ့ကြပေသည်။

ခူးမယ် (Cumae - ကိမယ်) အရပ်တွင် နတ်ဆရာမတစ်ဦးက အစ်နီးယပ်စ်ကို မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားရာ ယင်း၌၎င်း၏သေလွန်ပြီဖြစ်သော ဖခင်၏အရိပ်က လမ်းပြသည်။ ထိုမြေအောက်ကမ္ဘာတွင် ရောမမြို့၏ နန်းဆန်ကြီးကျယ်ပုံမြင်ကွင်းများကို ပြသခံရပြီး ၎င်း၏တာဝန်မှာ ထိုမြို့တည်ထောင်ရန်ဖြစ်ပေသည်။ ထို့နောက် လူ့လောကသို့ ပြန်လည်ရောက်ရှိခဲ့ကာ ထိုဒေသ၏ဘုရင် လာတင်နပ်စ် (Latinus) နှင့် မြို့သစ်တည်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့၏။ လာတင်နပ်စ်၏ သမီးတော် လာဗင်းနီးယား (Lavinia) ကို လက်ဆက်ခဲ့သည်။ အခြားဒေသခံမျိုးနွယ်များနှင့်စစ်ဖြစ်ရန် အစပျိုးခဲ့ကာ ထိုစစ်ပွဲများသည် အဆုံးသတ်တွင် အယ်လ်ဘာလွန်ဂါ (Alba Longa) ခေါ် မြို့တော်တစ်ခုတည်ထောင်ခြင်းကို ဖြစ်မြောက်စေခဲ့ကာ ထိုမြို့ကို အစ်နီးယပ်စ်နှင့် လာဗင်းနီးယားတို့မှ ပေါက်ဖွားသောသား ဆစ်လ်ဗီးယပ်စ် (Silvius) က အုပ်စိုးခဲ့လေသည်။ ရောမဒဏ္ဍာရီသည်ကား မတူညီသော တည်ထောင်ခြင်းဒဏ္ဍာရီနှစ်ခုကို ရင်ကြားစေ့ရန်ကြိုးပမ်းခဲ့လေသည်။ နှစ်သုံးရာကြာသော် ပို၍နာမည်ကျော်သောဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ရောမြွတ်လပ်စ် (Romulus) သည် ၎င်း၏ညီအကို ရီးမပ်စ် (Remus) အသတ်ခံရပြီးနောက် ရောမမြို့ကို တည်ထောင်နိုင်ခဲ့၏။ ရောမမြို့နှင့်ပတ်သက်သော ထရိုဂျန်ဇာစ်မြစ်များသည် ဂျူးလိယက်ဆီဇာ ၏ ဝါဒဖြန့်မှုတွင် အရေးပါအရာရောက်ခဲ့၍ ဆီဇာမိသားစုသည် ဗီးနပ်စ်နတ်ဘုရားမ (ဂရိ : အဲဖရာဒိုက်တီ)၊ ထိုမှတဆင့် အစ်နီးယပ်စ်၊ ၎င်း၏သား အစကေးနီးယပ် (လုလုစ် ဟု ပို၍သိရှိ) တို့၏ မြေးမြစ်များဖြစ်သည်ဟု ဆိုကြပေသည်။

စစ်ပွဲ၏နေ့စွဲများပြင်ဆင်

 
ဟစ်ပ်နော့စ်နှင့် သန်းနာတော့စ်နတ်များသည် ထရွိုင်မြို့ဘက်ကဝင်တိုက်ခိုက်ခဲ့သော သူရဲကောင်း ဆာပီးဒန်၏အလောင်းကို ချီမထားစဉ်၊ အေသင် ဆေးဖြူမြေအိုး၊ (ဘီစီ ၄၄၀)

ဤစစ်ပွဲသည် ဒဏ္ဍာရီခေတ်၏နောက်ဆုံးဖြစ်ရပ် (သို့) သမိုင်းဝင်ခေတ်၏ ပထမဆုံးဖြစ်ရပ် အဖြစ် ရှေးဂရိသားတို့က ယုံကြည်လက်ခံကြ၍ ထရွိုင်မြို့ပျက်သုဉ်းသည့် နေ့စွဲအချို့ကို ဖော်ပြထားမှုရှိလေသည်။ ယင်းနေ့စွဲများသည် အများအားဖြင့် ဘုရင်များ၏ ဆွေစဉ်မျိုးဆက်ပြသမှုများမှ ယူငင်ဖော်ပြထားခြင်းဖြစ်သည်။ အဲဖာရပ်စ် (Ephorus) က ဘီစီ ၁၁၃၅၊[၁၉၉] ဆောဆိဘိယပ်စ် (Sosibius) က ဘီစီ ၁၁၇၂၊[၂၀၀] အဲရာတောစသန်နီးဇ်က ဘီစီ ၁၁၈၄/၁၁၈၃၊[၂၀၁] တီမားရီးယပ်စ် (Timaeus) က ဘီစီ ၁၁၉၃၊[၂၀၂] ပါရီယန်ရာဇဝင်ကျမ်းက ဘီစီ ၁၂၀၉/၁၂၀၈၊[၂၀၃] ဒစ်ဆီးယာကပ်စ် (Dicaearchus) က ဘီစီ ၁၂၁၂၊[၂၀၄] ဟစ်ရောဒတပ်စ်က ဘီစီ ၁၂၅၀ ဝန်းကျင်၊[၂၀၅] အဲရာတီးဇ် (Eretes) က ဘီစီ ၁၂၉၁[၂၀၆] ဒေါရစ် (Douris) က ၁၃၃၄[၂၀၇] ဟူ၍ ရှေးခေတ်မှ သမိုင်းပညာရှင်များက ဤသို့နေ့စွဲအသီးသီးကို ဖော်ပြကြသည်။ နေ့ရက်အတိအကျကို အဲဖာရပ်စ်က အေသင်ပြက္ခဒိန်မှ ၂၃/၂၄ ရက် (မေ ၆, ၇) ဟူ၍လည်းကောင်း ဟယ်လန်နိကပ်စ်က အေသင်ပြက္ခဒိန် ၁၂ ရက် (မေ ၂၆) ရက်အဖြစ်လည်းကောင်း ပြဆိုကြကာ[၂၀၈] အခြားသူများကလည်း မတူညီသော နေ့ရက်များကို ဖော်ပြသည်လည်းရှိ၏။

ဟိုးမားဖော်ပြဖူးသော ကြီးကျယ်ခမ်းနားသည့်မြို့ကြီးဆိုသည်မှာ ထရွိုင် (၆) ဖြစ်ပေမည်ဟု ၁၂ ရာစု စာရေးဆရာများက ယုံကြည်ကြ၍ ယင်းမြို့သည် ဖြစ်နိုင်ခြေရှိသည်မှာ ငလျင်ကြောင့် ဘီစီ ၁၂၇၅ တွင် ပျက်စီးခဲ့ရသည်။ ထိုမြို့ပြီးနောက် ပေါ်ထွက်လာသော ထရွိုင် (၇ က) သည်လည်း ဘီစီ ၁၁၈၀ တွင် ပျက်သုဉ်းခဲ့ကာ ထိုမြို့သည် ဆင်းရဲစုတ်ပြတ်၏ဟု ကာလာရှည်ကြာယူဆခဲ့ကြ၍ ဟိုးမားခေတ်ထရွိုင်မြို့ မဟုတ်ခဲ့တန်ရာဟု ဆိုနိုင်သည်။ သို့ရာတွင် ၁၉၈၈ တူးဖော်မှုများပြီးနောက် ထရွိုင် (၇ က) သည် အဖြစ်နိုင်ဆုံးမြို့အဖြစ် စာရင်းပြန်ဝင်ခဲ့သည်။[၂၀၉][၂၁၀][၂၁၁]

သမိုင်းဆိုင်ရာ စိစစ်ခြင်းပြင်ဆင်

ထရိုဂျန်စစ်ပွဲသည် သမိုင်ဝင်ခြင်း/မဝင်ခြင်း၊ စစ်ပွဲစင်စစ်ဖြစ်ခဲ့ခြင်း/မဖြစ်ခဲ့ခြင်း၊ ဖြစ်ခဲ့သည်ဆိုပါက ထရွိုင်၏ တည်နေရာ စသည့်အချက်အလက်တို့သည် ဆွေးနွေးငြင်းခုံနေကြသည့် အကြောင်းအရာများဖြစ်သည်။ စစ်ပွဲသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် ဂန္ထဝင်ခေတ်ဂရိသားများက ယူဆသတ်မှတ်ကြသော်လည်း အများစုက ဟိုးမားကဗျာများသည် ကဗျာလင်္ကာ၏ လိုအင်ကို အဆင်ပြေစေရန် အဖြစ်အပျက်များကို ပုံကြီးချဲသည်ဟု ယုံကြည်ကြသည်။ ဥပမာဆိုရသော် သမိုင်းဆရာ သယူးဆစ်ဒစ်ဒီးဇ် (Thucydides) က စစ်ပွဲသည် အစစ်အမှန်ဖြစ်၏။ သို့သော် ထရွိုင်သို့ စေလွှတ်သော သင်္ဘောအစီးရေ (၁,၁၈၆) ကိုမူ သံသယရှိသည်။ ယူရစ်ပစ်ဒီးဇ် (Euripides) က ထရိုဂျန်စစ်ပွဲမှဖြစ်ရပ်များ အပါအဝင် ဂရိဒဏ္ဍာရီဇာတ်လမ်းများကို လိုသလို စတင်ပြောင်းလဲခဲ့သည်။ အေဒီ ၁၀၀ ခန့်ဝန်းကျင်တွင် ဒီးယို ခရစ္စစတန် (Dio Chrysostom) က စစ်သည် အမှန်စင်စစ်ဖြစ်သော်ငြားလည်း အနိုင်ရရှိသူမှာ ထရိုဂျန်များသာဖြစ်၍ ဂရိများက အချက်လက်အမှန်ကို ဖုံးကွယ်ခဲ့သည်ဟု ဆို၏။[၂၁၂] ထရိုဂျန်စစ်သည် မဖြစ်ပျက်ခဲ့ဘဲ ထရွိုင်မြို့သည်လည်း မရှိဟူ၍ ၁၈၇၀ ဝန်းကျင်တွင် အနောက်ဥရောပဒေသများတွင် ယေဘုယျအားဖြင့် သဘောတူသတ်မှတ်ကြသည်။[၂၁၃] ထို့နောက်မှ ဟိုင်းနရစ် ရှလီမန်က ချနာကလီရှိ ဟစ်ဆာလစ်ခ်မြို့ (Hisarlik, Canakkale) ကို တွင်တွင်ကျယ်ကျယ် တူးဖော်မှုများပြု၍ ထိုတူးဖော်သည့်မြို့ကို ၎င်းနှင့် အခြားသူများက ထရွိုင်မြို့၊ မိုက်ဆီးနီးဂရိမြို့များနှင့် ဆက်နွှယ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ယနေ့ခေတ် ပညာရှင်များသည် ထရိုဂျန်စစ်ပွဲကို ဂရိတို့က ထရွိုင်မြို့ကို စစ်ချီတိုက်ခိုက်ခဲ့သည်ဟု လက်ခံကြသော်လည်း ဟိုးမားကဗျာများသည်ကား စစ်ပွဲ၏ တကယ့်အဖြစ်အပျက်ကို မှန်ကန်စွာ တင်ဆက်ထားသည်ဟူ၍ ယုံကြည်မည့်သူ မရှိသလောက်ပင်ဖြစ်သည်။

၂၀၀၁ နိုဝင်ဘာတွင် ဘူမိဗေဒပညာရှင် ဂျွန် စီ ခရာ့ဖ်တ် (John C. Kraft)၊ ဂန္ထဝင်ဘာသာရပ်ပညာရှင် ဂျွန် ဗီ လုစ် တို့က ၁၉၇၇ တွင် စတင်လုပ်ဆောင်ခဲ့သော ထိုဒေသ၏ ဘူမိဗေဒသဘောသဘာဝများကို စစ်ဆေးတွေ့ရှိသည့် ရလဒ်များကို တင်ဆက်ခဲ့ကြသည်။[၂၁၄][၂၁၅][၂၁၆] ဘူမိဗေဒပညာရှင်များက ယနေ့ခေတ်ဘူမိအခြေအနေနှင့် အိလိယဒ်၊ စထရေးဘို၏ ဘူမိကျမ်းစသည်တို့တွင် ဖော်ပြထားသော မြေပြင်၊ ကမ်းရိုးတန်းအသွင်အပြင်များကို နှိုင်းယှဉ်ခဲ့ကြရာ ရှလီမန် ခွဲခြားဖော်ပြပေးခဲ့သော ထရွိုင်မြို့၊ ဘူမိသက်သေအထောက်အထား၊ မြေမျက်နှာသွင်ပြင်စသည်များသည် အိလိယဒ်ကဗျာပါ တိုက်ပွဲဖော်ပြချက်များနှင့် ပုံမှန်ကိုက်ညီကြောင်းတွေ့ရသည်ဟု ကောက်ချက်ချကြသည်။ သို့သော် ဤသည်မှာ တိုက်ဆိုင်မှုဖြစ်နိုင်ပေသည်။

၁၂ ရာစု ပညာရှင်များသည် ထရိုဂျန်စစ်ပွဲခေတ်အခါလောက်က ဟစ်တိုက်စာပေ၊ အီဂျစ်စာပေများကို အခြေခံ၍ ကောက်ချက်ဆွဲရန် ကြိုးပမ်းခဲ့ကြသေသည်။ ထိုစာပေများက ထိုဒေသတစ်ခွင်၏ နိုင်ငံရေးအခြေအနေကို ဖော်ပြပေးနိုင်ကြသော်လည်း ဤပဋိပက္ခဖြစ်ပွား မပွားဆိုသည်မှာကား ထိုစာပေတို့၏ အချက်အလက်များက အကန့်အသတ်သဘော ကျဉ်းမြောင်းလေသည်။ အန်ဒရူး ဒါလ်ဘီက မှတ်ချက်ပြုရာတွင် ထရိုဂျန်စစ်ပွဲသည် ပုံစံတစ်မျိုးဖြင့် ဖြစ်နိုင်ခဲ့ချေရှိ၍ ထို့ကြောင့်သာ သမိုင်းဝင်နေသည်။ သို့ရာ၌ စစ်၏သဘောသဘာဝစစ်စစ်ကိုကား မသိနိုင်ဟူ၍ ဆိုခဲ့သည်။[၂၁၇]

တဝဂါလဝပေးစာ (Tawagalawa letter) တွင် (အီးဂျီယန်ပင်လယ်ဖြစ်နိုင်) ပင်လယ်အလွန်၌တည်ရှိသော အခီးယန်ဇ် (သို့) ဂရိများ၏တိုင်းပြည်တစ်ခုကို အဟီးယာဝ (Ahhiyawa) ဟု ဖော်ပြထားကာ ယင်းနိုင်ငံသည် မိုင်လီးတပ်စ် (Miletus) အဖြစ်ဆိုနိုင်သော မီလိဝန်ဒ (Milliwanda) ကို အုပ်စိုးထား၏ဟု ရေးသားထားသည်။ ဤစာနှင့် အခြားပေးစာများတွင် ဆက်လက်ရေးသားထားသည်မှာ မြို့ပြနိုင်ငံ (၂၂) ခုပေါင်းစည်းထားသော အဆုဝ (Assuwa) နိုင်ငံစုံအဖွဲ့၌ ဝီလုဆ (Wilusa) ဟူသော နိုင်ငံတစ်ခုပါဝင်လေရာ ထိုနိုင်ငံကို အိလိယော့စ်/အိလီယံ (Ilios or Ilium) အဖြစ် ဂရိတို့က ခေါ်တွင်ကြသည်။ မိလဝါတပေးစာ (Milawata) တွင် ဤမြို့သည် ဆီဟာမြစ်အလွန်၊ အဆုဝါနိုင်ငံစုံအဖွဲ့နယ်မြေ၏ မြောက်ပိုင်းတွင် တည်ရှိသည်ဟု သွယ်ဝိုက်ညွှန်းဆိုထားမှုရှိလေရာ ဝီလုဆကို အိလိယံ (ထရွိုင်) အဖြစ် သီးသန့်ခွဲခြားဖော်ပြခြင်းရှိသော်လည်း ထိုသို့ဖော်ပြခြင်းသည် အမြဲလိုလိုပင် အငြင်းပွားဖွယ်ပင်ဖြစ်၏။ သို့သော်ငြားလည်း ၁၉၉၀ နှစ်များအတွင်း ထိုသို့ဆိုခြင်းကို အများစုက ထောက်ခံသဘောတူခဲ့ကြလေသည်။ အလက်ဆန္ဒုသဘောတူစာချုပ် (Alaksandu) (ဘီစီ ၁၂၈၀ ဝန်းကျင်) တွင် ထိုမြို့၏ဘုရင်ကို အလက်ဆန္ဒုဟု ခေါ်ဆိုကြောင်းနှင့် အိလိယဒ်ကဗျာ၌ ပဲရစ်၏အမည်ကို အလက်ဇန္ဒားဟု ခေါ်တွင်ကြောင်းပါဝင်သည်။

ယခင်အချိန်များက ဟစ်တိုက်အင်ပါယာအောက်တွင်ရှိခဲ့သော အဆုဝနိုင်ငံစုံအဖွဲ့သည် အီဂျစ်နှင့် ဟစ်တိုက်တို့ကြားဖြစ်ပွားသော ကာဒက်ရှ်စစ်ပွဲအပြီး၌ ဘက်ပြောင်းခဲ့သည်။ ဤသို့ဖြင့် ဟစ်တိုက်ဘုရင်က ဘီစီ ၁၂၃၀ ၌ ဤအဖွဲ့ကို စစ်ပြုခဲ့သည်။ ဟစ်တိုက်အရှင် အာနုဝန်ဒါဘုရင်လက်ထက်တွင် ဟစ်တိုက်တို့ယခင်သိမ်းယူအုပ်စိုးထားခဲ့သော အီးဂျီယန်ပင်လယ်ကမ်းရိုးတန်းဒေသများကို လက်လွှတ်လိုက်ရသည်။ ထရိုဂျန်စစ်သည် အဟီးယာဝဘုရင်နှင့် အဆုဝနိုင်ငံစုံအဖွဲ့တို့ကြား ဖြစ်ပွားသောစစ်ပွဲတစ်ခုအနေဖြင့် ဖြစ်နိုင်ခြေရှိသည်။ ဤအမြင်ရှုထောင့်ကို ထောက်ခံသဘောတူညီကြသည်။ အကြောင်းမှာ စစ်ပွဲတစ်ခုလုံး၌ မစ်ဆီယာ (မီးရှား) ဒေသသို့ ကမ်းကပ်ခြင်း (တယ်လီဖပ်စ် ဒဏ်ရာရခြင်း)၊ အာခိလိဇ်၏ အီးဂျီယန်မြောက်ပိုင်း စစ်ချီမှုများ၊ အေဂျက်၏ သရေ့စ်ပြည်နှင့် ဖရစ်ဂျီယာတို့ကို စစ်ချီခြင်းများအကြောင်း ပါဝင်နေ၏။ ဤနယ်မြေအများစုသည် အဆုဝနိုင်ငံစုံအဖွဲ့၏ အစိတ်အပိုင်းများဖြစ်ကြပေသည်။[၆၉][၂၁၈] အခီးယန်သူရဲကောင်းအများစုသည် အိမ်သို့မပြန်ကြဘဲ ကိုလိုနီနယ်များထူထောင်ကြခြင်းကို သယူးဆစ်ဒစ်ဒီးဇ်က ၎င်းတို့၏ကာလရှည်ကြာ အိမ်နှင့်ကွာဝေးမှုကြောင့်ဟု အနက်ထုတ်ဖော်ပြသည်။[၂၁၉] မိုက်ဆီးနီးယန်ခေတ် အဆုံးသတ်ကာလ၌ ဝရုန်းသုန်းကားအခြေအနေများက ၎င်းတို့၏နယ်မြေများမှ မောင်းထုတ် ဖယ်ရှားခံရသော အခီးယန်ခေါင်းဆောင်က ၎င်းတို့သည် ထရိုဂျန်စစ်ပွဲမှ စစ်ပြန်များ၏မျိုးဆက်များဖြစ်သည်ဟု အခိုင်အမာဆိုခဲ့ကြပေရာ ဤသဘောကို ယနေ့ခေတ်အခါတွင် ပညာရှင်အများစုက နှစ်ခြိုက်ကြပေသည်။[၂၂၀]

ခေတ်ပေါ်အနုပညာပြင်ဆင်

ဤစစ်ပွဲအဖြစ်အပျက်များက စေ့ဆော်ပေးနိုင်သောကြောင့် စာပေလက်ရာများစွာပေါ်ပေါက်ခဲ့သည်။ ထို့အပြင် ဤစစ်ပွဲကိုအခြေခံ၍ ရိုက်ကူးခဲ့သောရုပ်ရှင်များစွာလည်းရှိရာ ၎င်းတို့မှာ ထရွိုင်၏ ဟယ်လန် (၁၉၅၆)၊ ထရိုဂျန်မြင်း (၁၉၆၁)၊ ထရွိုင် (၂၀၀၄) များဖြစ်ပြီး အခြားသော ဇာတ်လမ်းတွဲများ၊ စာအုပ်များစွာလည်း ရှိကြသည်။

ကိုးကားပြင်ဆင်

  1. Bryce၊ Trevor (2005)။ The Trojans and their neighbours။ Taylor & Francis။ p. 37။ ISBN 978-0-415-34959-8
  2. Rutter၊ Jeremy B.။ Troy VII and the Historicity of the Trojan War။ 22 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2021 တွင် ပြန်စစ်ပြီး။
  3. In the second edition of his In Search of the Trojan War, Michael Wood notes developments that were made in the intervening ten years since his first edition was published. Scholarly skepticism about Schliemann's identification has been dispelled by the more recent archaeological discoveries, linguistic research, and translations of clay-tablet records of contemporaneous diplomacy. Wood၊ Michael (1998)။ "Preface"။ In Search of the Trojan War (2 ed.)။ Berkeley, CA: University of California Press။ p. 4ISBN 0-520-21599-0Now, more than ever, in the 125 years since Schliemann put his spade into Hisarlik, there appears to be a historical basis to the tale of Troy
  4. Wood (1985: 116–118)
  5. Wood (1985: 19)
  6. It is unknown whether this Proclus is the Neoplatonic philosopher, in which case the summary dates to the 5th century AD, or whether he is the lesser-known grammarian of the 2nd century AD. See Burgess, p. 12.
  7. Burgess, pp. 10–12; cf. W. Kullmann (1960), Die Quellen der Ilias.
  8. Burgess, pp. 3–4.
  9. Scholium on Homer A.5.
  10. Plato, Republic 2,379e.
  11. Apollodorus, Epitome 3.1, Hesiod Fragment 204,95ff.
  12. Berlin Papyri, No. 9739; Hesiod. Catalogue of Women Fragment 68. Translated by Evelyn-White, H G. Loeb Classical Library Volume 57. London: William Heinemann, 1914
  13. Apollonius Rhodius 4.757.
  14. Aeschylus, Prometheus Bound 767.
  15. Scholiast on Homer's Iliad; Hyginus, Fabulae 54; Ovid, Metamorphoses 11.217.
  16. Apollodorus, Library 3.168.
  17. Pindar, Nemean 5 ep2; Pindar, Isthmian 8 str3–str5.
  18. Hesiod, Catalogue of Women fr. 57; Cypria fr. 4.
  19. P.Oxy. 56, 3829 (L. Koppel, 1989)
  20. Hyginus, Fabulae 92.
  21. Apollodorus Epitome E.3.2
  22. Pausanias, 15.9.5.
  23. Euripides Andromache 298; Div. i. 21; Apollodorus, Library 3.12.5.
  24. Homer Iliad I.410
  25. ၂၅.၀ ၂၅.၁ Apollodorus, Library 3.13.8.
  26. Apollonius Rhodius 4.869–879; Apollodorus, Library 3.13.6.
  27. Frazer on Apollodorus, Library 3.13.6.
  28. Alluded to in Statius, Achilleid 1.269–270.
  29. Hyginus, Fabulae 96.
  30. Apollodorus 3.10.7.
  31. Pausanias 1.33.1; Apollodorus, Library 3.10.7.
  32. Apollodorus, Library 3.10.5; Hyginus, Fabulae 77.
  33. Apollodorus, Library 3.10.9.
  34. Pausanias 3.20.9.
  35. Ptolemy Hephaestion, New History 4 (as summarized in Photius, Myriobiblon 190).
  36. Pindar, Pythian 11 ep4; Apollodorus, Library 3.11.15.
  37. Apollodorus, Epitome 2.15.
  38. Apollodorus, Epitome 3.3.
  39. ၃၉.၀ ၃၉.၁ ၃၉.၂ ၃၉.၃ ၃၉.၄ ၃၉.၅ ၃၉.၆ ၃၉.၇ ၃၉.၈ ၃၉.၉ Proclus Chrestomathy 1
  40. Euripides, Helen 40.
  41. Apollodorus, Epitome 3.4.
  42. Herodotus, Histories 1.2.
  43. Apollodorus, Library 3.12.7.
  44. Herodotus, 1.3.1.
  45. Il. 3.205-6; 11.139
  46. Apollodorus, Epitome 3.6.
  47. Apollodorus, Epitome 3.7.
  48. Il.11.767–770, (lines rejected by Aristophanes and Aristarchus)
  49. Statius, Achilleid 1.25
  50. Scholiast on Homer's Iliad 19.326; Ovid, Metamorphoses 13.162 ff.
  51. Pausanias, 1.22.6.
  52. Homer, Iliad 11.19 ff.; Apollodurus, Epitome 3.9.
  53. Philostratus, Heroicus 7.
  54. Apollodorus, Epitome 3.15.
  55. Pausanias, 1.4.6.
  56. Pausanias, 9.5.14.
  57. Pindar, Isthmian 8.
  58. ၅၈.၀ ၅၈.၁ Apollodorus, Epitome 3.20.
  59. Aeschylus fragment 405–410
  60. Pliny, Natural History 24.42, 34.152.
  61. Davies, esp. pp. 8, 10.
  62. Apollodorus, Epitome 3.19.
  63. Philodemus, On Piety.
  64. Antoninus Liberalis, Metamorphoses 27.
  65. Ptolemy Hephaestion, New History 5 (as summarized in Photius, Myriobiblon 190).
  66. Pausanias, 1.43.1.
  67. History of the Pelloponesian War 1,10.
  68. Ιστορία του Ελληνικού Έθνους (History of the Greek Nation) vol. A, Ekdotiki Athinon, Athens 1968.
  69. ၆၉.၀ ၆၉.၁ Pantelis Karykas, Μυκηναίοι Πολεμιστές (Mycenian Warriors), Athens 1999.
  70. Vice Admiral P.E. Konstas R.H.N.,Η ναυτική ηγεμονία των Μυκηνών (The naval hegemony of Mycenae), Athens 1966
  71. Homer, Iliad Β.803–806.
  72. Diodorus iv, 38.
  73. Pausanias 8.33.4
  74. Apollodorus, Epitome 3.27.
  75. Apollodorus, Epitome 3.26.
  76. Apollodorus, Epitome 3.28.
  77. Herodotus 4.145.3.
  78. Apollodorus, Epitome 3.29.
  79. Pausanias 4.2.7.
  80. Apollodorus, Epitome 3.31.
  81. Cartwright၊ Mark (2 August 2012)။ Troy
  82. Apollodorus, Epitome 3.30.
  83. Eustathius on Homer, Iliad ii.701.
  84. Scholiast on Lycophron 532.
  85. Thucydides 1.11.
  86. Papademetriou Konstantinos, "Τα όπλα του Τρωϊκού Πολέμου" ("The weapons of the Trojan War"), Panzer Magazine issue 14, June–July 2004, Athens.
  87. Iliad IX.328
  88. Apollodorus, Epitome 3.32.
  89. Volume 5 p. 80
  90. Demetrius (2nd century BC) Scholium on Iliad Z,35
  91. Parthenius Ερωτικά Παθήματα 21
  92. Apollodorus, Library 3.12.5.
  93. Homer, Iliad Φ 35–155.
  94. "Petteia".
  95. "Greek Board Games".။ 8 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2021 တွင် ပြန်စစ်ပြီး။
  96. "Latrunculi".
  97. Kakrides vol. 5 p. 92.
  98. Servius, Scholium on Virgil's Aeneid 2.81
  99. According to other accounts Odysseus, with the other Greek captains, including Agamemnon, conspired together against Palamedes, as all were envious of his accomplishments. See Simpson, Gods & Heroes of the Greeks: The Library of Apollodorus, p. 251.
  100. According to Apollodorus Epitome 3.8, Odysseus forced a Phrygian prisoner, to write the letter.
  101. Pausanias 10.31.2; Simpson, Gods & Heroes of the Greeks: The Library of Apollodorus, p. 251.
  102. Apollodorus, Epitome 6.9.
  103. Apollodorus, Epitome 3.10
  104. See Achilles and Patroclus for details.
  105. Fox၊ Robin (2011)။ The Tribal Imagination: Civilization and the Savage Mind။ Harvard University Press။ p. 223ISBN 9780674060944
  106. Achilles in Love: Intertextual Studies
  107. Aeschines, Against Timarchus, section 133။.
  108. Scholiast on Homer, Iliad. xxiv. 804.
  109. Quintus of Smyrna, Posthomerica i.18 ff.
  110. ၁၁၀.၀ ၁၁၀.၁ Apollodorus, Epitome 5.1.
  111. ၁၁၁.၀ ၁၁၁.၁ Pausanias 3.26.9.
  112. Ptolemy Hephaestion, New History Bk6 (as summarized in Photius, Myriobiblon 190)
  113. ၁၁၃.၀ ၁၁၃.၁ ၁၁၃.၂ ၁၁၃.၃ Proclus, Chrestomathy 2, Aethiopis.
  114. Tzetzes, Scholiast on Lycophron 999.
  115. ၁၁၅.၀ ၁၁၅.၁ Apollodorus, Epitome 5.3.
  116. Tzetzes ad Lycophroon 18.
  117. Pausanias 10.31.7.
  118. Dictys Cretensis iv. 4.
  119. Virgil, Aeneid 8.372.
  120. Pindarus Pythian vi. 30.
  121. Quintus Smyrnaeus ii. 224.
  122. Diodorus Siculus, Library of History 4.75.4.
  123. Pausanias 1.13.9.
  124. Euripedes, Hecuba 40.
  125. Quintus Smyrnaeus, Posthomerica iv. 88–595.
  126. Apollodorus, Epitome 5.5.
  127. Pausanias 3.19.13.
  128. Argument of Sophocles' Ajax
  129. Scholiast on Homer's Odyssey λ.547.
  130. Homer, Odyssey λ 542.
  131. ၁၃၁.၀ ၁၃၁.၁ ၁၃၁.၂ ၁၃၁.၃ ၁၃၁.၄ Proclus, Chrestomathy 3, Little Iliad.
  132. Pindar, Nemean Odes 8.46(25).
  133. Apollodorus, Epitome 5.6.
  134. Zenobius, Cent. i.43.
  135. Sophocles, Ajax 42, 277, 852.
  136. Either by Calchas, (Apollodorus, Epitome 5.8; Quintus Smyrnaeus, Posthomerica 9.325–479), or by Paris' brother Helenus (Proclus, Chrestomathy 3, Little Iliad; Sophocles, Philoctetes 604–613; Tzetzes, Posthomerica 571–595).
  137. This is according to Apollodorus, Epitome 5.8, Hyginus, Fabulae 103, Quintus Smyrnaeus, Posthomerica 9.325–479, and Euripides, Philoctetes—but Sophocles, Philoctetes says Odysseus and Neoptolemus, while Proclus, Chrestomathy 3, Little Iliad says Diomedes alone.
  138. Philoctetes was cured by a son of Asclepius, either Machaon, (Proclus, Chrestomathy 3, Little Iliad; Tzetzes, Posthomerica 571–595) or his brother Podalirius (Apollodorus, Epitome 5.8; Quintus Smyrnaeus, Posthomerica 9.325–479).
  139. Apollodorus, Epitome 5.9.
  140. Apollodorus, Epitome 5.10; Pausanias 5.13.4.
  141. Pausanias 5.13.4–6, says that Pelop's shoulder-blade was brought to Troy from Pisa, and on its return home was lost at sea, later to be found by a fisherman, and identified as Pelop's by the Oracle at Delphi.
  142. Apollodorus, Epitome 5.11.
  143. Odyssey λ.520
  144. Apollodorus, Epitome 5.12.
  145. Pausanias 9.5.15.
  146. Homer, Odyssey 4.242 ff.
  147. Apollodorus, Epitome 5.13.
  148. Homer, Odyssey 8.492–495; Apollodorus, Epitome 5.14.
  149. Pausanias, 3.13.5.
  150. Apollodorus, Epitome 5.15, Simpson, p. 246.
  151. Apollodorus, Epitome 5.14, says the hollow horse held 50, but attributes to the author of the Little Iliad a figure of 3,000, a number that Simpson, p. 265, calls "absurd", saying that the surviving fragments only say that the Greeks put their "best men" inside the horse. Tzetzes, Posthomerica 641–650, gives a figure of 23, while Quintus Smyrnaeus, Posthomerica xii.314–335, gives the names of thirty, and says that there were more. In late tradition it seems it was standardized at 40.
  152. Homer, Odyssey 8.500–504; Apollodorus, Epitome 5.15.
  153. Apollodorus, Epitome 5.16, as translated by Simpson, p. 246. Proculus, Chrestomathy 3, Little Iliad, says that the Trojans pulled down a part of their walls to admit the horse.
  154. ၁၅၄.၀ ၁၅၄.၁ ၁၅၄.၂ ၁၅၄.၃ ၁၅၄.၄ ၁၅၄.၅ ၁၅၄.၆ Proclus, Chrestomathy 4, Iliou Persis.
  155. Homer, Odyssey 8.505 ff.; Apollodorus, Epitome 5.16–15.
  156. Apollodorus, Epitome 5.17 says that Cassandra warned of an armed force inside the horse, and that Laocoön agreed.
  157. Virgil, Aeneid 2.199–227; Hyginus, Fabulae 135;
  158. Quintus Smyrnaeus, Posthomerica xii.444–497; Apollodorus, Epitome 5.18.
  159. Scholiast on Lycophroon, 344.
  160. Apollodorus, Epitome 5.19–20.
  161. Quintus Smyrnaeus, Posthomerica xiii.100–104, Translation by A.S. Way, 1913.
  162. ၁၆၂.၀ ၁၆၂.၁ Apollodorus. Epitome 5.21.
  163. Aristophanes, Lysistrata 155; Quintus Smyrnaeus, Posthomerica xiii.423–457.
  164. Apollodorus, Epitome 5.22.
  165. Apollodorus, Epitome 5.22; Pausanias 10.31.2; Quintus Smyrnaeus, Posthomerica xiii.462–473; Virgil, Aeneid 403–406. The rape of Cassandra was a popular theme of ancient Greek paintings, see Pausanias, 1.15.2, 5.11.6, 5.19.5, 10.26.3.
  166. Homer, Iliad 3.203–207, 7.347–353; Apollodorus, Epitome, 5.21; Quintus Smyrnaeus, Posthomerica xiii.322–331, Livy, 1.1; Pausanias, 10.26.8, 27.3 ff.; Strabo, 13.1.53.
  167. Apollodorus. Epitome 5.23.
  168. Proclus, Chrestomathy 4, Ilio Persis, says Odysseus killed Astyanax, while Pausanias, 10.25.9, says Neoptolemus.
  169. Apollodorus, Epitome 5.23.
  170. Quintus Smyrnaeus, Posthomerica xiii.279–285.
  171. Euripides, Trojan Women 709–739, 1133–1135; Hyginus, Fabulae 109.
  172. Euripides, Hecuba 107–125, 218–224, 391–393, 521–582; Quintus Smyrnaeus, Posthomerica xiv.193–328.
  173. Homer, Iliad 3.144.
  174. Apollodorus, Epitome 5.22; Pausanias, 10.25.8; Quintus Smyrnaeus, Posthomerica xiii.547–595.
  175. Apollodorus, Epitome 6.11.
  176. ၁၇၆.၀ ၁၇၆.၁ Apollodorus, Epitome 5.24.
  177. Strabo, 6.1.15.
  178. Apollodorus, Epitome 6.6.
  179. Scholiast on Homer, Iliad 13.66.
  180. Apollodorus, Epitome 6.12
  181. Apollodorus, Epitome 6.13.
  182. Apollodorus, Epitome 6.14.
  183. Plutarch, 23.
  184. Pausanias, 1.28.9.
  185. Tzetzes ad Lycophroon 609.
  186. Strabo, 6.3.9.
  187. Strabo, 6.1.3.
  188. Apollodorus, Epitome 6.15b; Strabo, 6.1.3.
  189. Homer, Odyssey 4.360.
  190. Homer, Odyssey 4.382.
  191. Apollodorus, Epitome 6.29.
  192. Pausanias, 2.16.6.
  193. Apollodorus, Epitome 6.23.
  194. Homer, Odyssey 1.30, 298.
  195. Pausanias, 2.16.7.
  196. Sophocles, Electra 1405.
  197. Adam Clarke, Commentary on the Bible, 1831, Emory and Waugh, NY, volume III p. 244
  198. Proclus Chrestomathy 2, Telegony
  199. FGrHist 70 F 223
  200. FGrHist 595 F 1
  201. Chronographiai FGrHist 241 F 1d
  202. FGrHist 566 F 125
  203. FGrHist 239, §24
  204. Bios Hellados
  205. Histories 2,145
  206. FGrHist 242 F 1
  207. FGrHist 76 F 41
  208. FGrHist 4 F 152
  209. Latacz, Troy and Homer, p. 286.
  210. Strauss, The Trojan War, p. 10.
  211. Wood, In Search of the Trojan War, pp. 114–116.
  212. LacusCurtius • Dio Chrysostom — Discourse 11
  213. Yale University: Introduction to Ancient Greek History: Lecture 2။ 5 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2021 တွင် ပြန်စစ်ပြီး။
  214. "Harbor areas at ancient Troy: Sedimentology and geomorphology complement Homer's Iliad" (2003). Geology 31 (2): 163. doi:10.1130/0091-7613(2003)031<0163:HAAATS>2.0.CO;2. Bibcode2003Geo....31..163K. 
  215. Geologists show Homer got it right။ 2 April 2003 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2021 တွင် ပြန်စစ်ပြီး။
  216. Iliad, Discovery.
  217. Wilson, Emily. Was The Iliad written by a woman?, Slate Magazine, December 12, 2006. Accessed June 30, 2008.
  218. Ιστορία του Ελληνικού Έθνους (History of the Greek Nation) Volume A. Athens: Ekdotiki Athinon, 1968.
  219. Thucydides. The Peloponnesian War, 1.12.2.
  220. Graves, Robert. The Greek Myths, "The Returns".