ကော့မှူးမြို့ သည် ရန်ကုန်တိုင်းတွင်းမှ မြို့နယ်တစ်ခုဖြစ်သည်။ ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှ ကားလမ်းခရီးဖြင့်လွယ်ကူစွာ သွားရောက်နိုင်သည်။ ဒလတွံတေးသွားရာကားလမ်းကြောင်းပေါ်မှ ကွမ်းခြံကုန်းမြို့ဒေးဒရဲ မြို့များသွားရာလမ်းဘက်သို့ ခွဲထွက်သောလမ်းကြောင်းပေါ်တွင် တည်ရှိသည်။

ကော့မှူးမြို့
ကော့မှူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကော့မှူးမြို့
ကော့မှူးမြို့
ကော့မှူးမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°30′0″N 96°10′0″E / 16.50000°N 96.16667°E / 16.50000; 96.16667ကိုဩဒိနိတ်: 16°30′0″N 96°10′0″E / 16.50000°N 96.16667°E / 16.50000; 96.16667
Country မြန်မာ
တိုင်းရန်ကုန်
မြို့ရန်ကုန်
မြို့နယ်ကော့မှူးမြို့နယ်

ခေါ်တွင်ပုံ

ပြင်ဆင်ရန်

မွန်အရေးအသား “ကံမုတ်”၊ မွန်အသံထွက် ကော့မု မှ ဆင်းသက်လာသည်။ ကံ (ကော့)သည် ကျွန်းဖြစ်သည်။ မုတ်(မု)ဟူသည် အစွန်း (အငူ) ဖြစ်သည်။ အငူကျွန်း၊ အငူကုန်းဟု ဆိုလိုသည်။

စီးပွားရေး

ပြင်ဆင်ရန်

ဆန်စပါး၊ ကွမ်းရွက်၊ ကွမ်းသီးနှင့် ငါး၊ ပုဇွန်စသော ရေထွက်ပစ္စည်းများ ထွက်ရှိသည်။ တွံတေးတောကြီးတန်းနှင့် တဆက်တည်းဖြစ်သဖြင့် သစ်ဝါး ထုတ်ခြင်းလုပ်ငန်းကို လည်း လုပ်ကိုင်ကြသည်။ ဝါးသည် အဓိက ပို့ကုန်တခုပင် ဖြစ်သည်။