ဦးထိုက်ဇော် (၄ အောက်တိုဘာ ၁၉၆၉–၂၀ နိုဝင်ဘာ ၂၀၂၀) သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကျောက်မဲမြို့နယ် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ဦးထိုက်ဇော်ကို ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မိဘများမှာ ဦးဇော်ဝင်းနှင့် ဒေါ်ခင်ဦးမြင့် တို့ ဖြစ်ကြသည်။[၁] ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာတွင် နေထိုင်သည်။[၂]

လွှတ်တော်ကိုယ်စားလှယ်

ဦးထိုက်ဇော်
အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်
ယခင်လူဦးဇော်မင်းလတ်
မဲဆန္ဒနယ်ရှမ်းပြည်နယ် မဲဆန္ဒနယ် ၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(၁၉၆၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၀၄)၄ အောက်တိုဘာ၊ ၁၉၆၉
တောင်တွင်းကြီးမြို့မကွေးတိုင်း
ကွယ်လွန်၂၁ နိုဝင်ဘာ၊ ၂၀၂၀(2020-11-21) (အသက် ၅၁)
ပင်တိန်ရွာ၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ဥမ္မာ
သားသမီး
အလုပ်အကိုင်နိုင်ငံရေးသမား

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် အတွက် ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်သည်။ ၂၀ ရက် နိုဝင်ဘာ ၂၀၂၀ ခုနှစ် ညနေပိုင်းတွင် ကျောက်မဲမြို့နေအိမ်တွင် သေနတ်သမား များ၏ လုပ်ကြံပစ်ခတ်ခံခဲ့ရကာ ကွယ်လွန်ခဲ့သည်။ [၃]


ကိုးကား ပြင်ဆင်ရန်

  1. ဦးထိုက်ဇော် - mVoter။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. https://www.moi.gov.mm/news/8113
  3. ရွေးကောက်ခံ NLDကိုယ်စားလှယ် သေနတ်ဖြင့် ပစ်သတ်ခံရ