ဒူးရင်းဆိပ်ရွာ၊ သထုံမြို့နယ်
ဒူးရင်းဆိပ်ရွာ(အင်္ဂလိပ်: Duyinseik)သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၆၂၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ကျား ၄၉၃၄ ဦး၊ မ ၅၂၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၁၀၁၃၈ ဦး နေထိုင်သည်။ [၁]
ဒူးရင်းဆိပ် | |
---|---|
ရွာ | |
ဒူးရင်းဆိပ်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°58′39″N 97°26′03″E / 16.9776191711426°N 97.434196472168°Eကိုဩဒိနိတ်: 16°58′39″N 97°26′03″E / 16.9776191711426°N 97.434196472168°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန် |
ခရိုင် | သထုံခရိုင် |
မြို့နယ် | သထုံမြို့နယ် |
ကျေးရွာအုပ်စု | ဒူးရင်းဆိပ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ရွာ၏တောင်ဘက်တွင် ရွာဦးဖောင်တော်သီစေတီရှိပြီး မြောက်ဘက်တွင် သထုံ-ဘားအံကားလမ်းရှိသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် အနောက်ဘက်တွင် မုရင်းစပါးခင်းများရှိသည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဖြစ်သည်။ ဒုံသမိမြစ်ကူးတံတားနှစ်စင်းရှိသည်။ ကားကူးတံတားနှင့် ရထားကူးတံတားတို့ ဖြစ်သည်။ ငါးဖမ်းခြင်း၊ အုတ်ဖုတ်ခြင်း၊ ထင်းမီးသွေးလုပ်ငန်းနှင့် အခြားသောလုပ်ငန်းများ လုပ်ကိုင်သည်။ ရွာအနီးတွင် ပုဂ္ဂလိကလောင်စာဆီဆိုင်ကြီးနှစ်ဆိုင်ရှိသည်။ တာယာစက်ရုံသို့ ချောင်းရေပေးပို့သောစက်ရုံလည်း ရှိသည်။ လျှပ်စစ်မီးရရှိပြီး ကျေးလက်ကျန်းမာရေးဌာနနှင့်အထက(ခွဲ)ရှိသည်။[၂] စီးပွားရေးလူမှုရေး ဖွံ့ဖြိုးသောရွာ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ သထုံမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ ၃၀ ဇန်နဝါရီ ၂၀၂၀။ ၈ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
ဤ မွန်ပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |