ဒေဝီသန့်စင်ဟူသည် သီပေါမင်းမြတ်နှင့် အသျှင်နန်းမတော်ဘုရား စုဘုရားလတ်တို့၏မြစ်တော်၊ အရှင်ထိပ်စု မြတ်ဘုရားကလေးနှင့် မြောက်သားတော် ကိုကိုနိုင်တို့၏မြေးတော်၊ မင်းသားအောင်ဇေ (တော်ဘုရားလေး) နှင့် မြောက်သားတော် ခင်မေတို့၏ သမီးတော် မင်းသမီးတစ်ပါးဖြစ်ပါသည်။

ပထမအဆင့်ရှိမင်းသမီး
ဒေဝီသန့်စင်
Devi Thant Sin in 2016
ဇာတိ အမည်ဒေဝီသန့်စင်
မွေးဖွား (1947-01-02) ၂ ဇန်နဝါရီ၊ ၁၉၄၇ (အသက် ၇၇)
ရန်ကုန်, ဗြိတိသျှဘားမား
(now Yangon)
နိုင်ငံလူမျိုးဗမာ
အလုပ်အကိုင်
ပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင်၊ စာရေးဆရာ၊ နိုင်ငံရေးသမား
ကျော်ကြားမှုအရင်းခံEnvironmental activism
အိမ်ထောင်ဖက်(များ)အေးကို
မိဘ(များ) အောင်ဇေ
ခင်မေ

တာဝန် ပြင်ဆင်ရန်

မင်းသမီးကို ၁၉၄၇ခုနှစ် ဇန်နဝါရီလ ​၂ရက်တွင် မွေးဖွားခဲ့ပါသည်။ မင်းသမီးသည် ကုန်းဘောင်ဆက်မောင်နှမများအသင်း၏ ကြီးကြပ်သူအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ကျော်ကြားမှုအရင်းခံ ပြင်ဆင်ရန်

သူမသည် မြန်​မာနိုင်​ငံ၏ ပတ်​ဝန်းကျင်​ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့၏ ​ခေါင်း​ဆောင် ​ဖြစ်​ပါသည်။ ထို့သို့ဖြစ်စေသည့် အကြောင်းအရင်းခံမှာ သူမ၏ သဘာဝပတ်ဝန်းကျင်သဘောထားကြောင့်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်လျှင် သူမသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ ထိန်းသိမ်းပေးချင်သူတစ်ဦးဖြစ်သည်မှာ ငြင်းဖွယ်ရာမရှိပေ။ ထိုသို့သောအချက်များကြောင့် "စိမ်းလန်း​သောမင်းသမီး"ဟု တင်စား​ခေါ်​ဝေါ်ခြင်းခံရသည်​။ [၁] ဧရာဝတီမြစ်ကို ဖြစ်ပေါ်စေသည့် မြစ်နှစ်စင်းဆုံရာ မြစ်ဆုံ၌ တည်ဆောက်မည့် မြစ်ဆုံဆည် စီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. "Myanmar’s 'green princess' is a humble activist on a mission"၊ Mongabay Environmental News၊ 11 January 2017။ 
  2. "Not the right time to repatriate King Thibaw, says descendant"၊ The Myanmar Times၊ 13 August 2012။ 18 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 18 January 2022။