မဟာ နရဲစွမ် (ဆမ်ဖတ် ၂) (အင်္ဂလိပ်: Naresuan the Great; ထိုင်း: สมเด็จพระนเรศวรมหาราช, RTGSSomdet Phra Naresuan Maharat, အသံထွက် [sǒmdèt pʰráʔ nārēːsǔa̯n māhǎːrâːt] ဤအသံ အကြောင်းlisten ) သို့မဟုတ် နရေသဝရ သည် ၁၈ ရာစု အယုဒ္ဓယပြည်၏ ပြည့်ရှင်မင်းတစ်ပါးဖြစ်ပြီး ဆူခိုထိုင်းခေတ်၏ ဒုတိယမြောက် ပြည့်ရှင်မင်းတစ်ပါးဖြစ်သည်။ မဟာချက္ကရာဖတ်ဘုရင့်၏ မြေးတော်တစ်ဦးဖြစ်ပြီး တောင်ငူပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး မွေးစားတော်မူသော သားတော် တစ်ပါးဖြစ်သည်။ မြန်မာတို့မှ ဗြနရာဇ် ဟူ၍လည်း သိကြသည်။ ၁၅၉၀ ခုနှစ်တွင် အယုဒ္ဓယပြည်အား အုပ်စိုးခဲ့ပြီး ဇင်းမယ်ပြည်အား ၁၆၀ ခုနှစ်မှ နတ်ရွာစံသည်အချိန် ၁၆၀၅ ခုနှစ်အထိ အုပ်စိုးနိုင်ခဲ့သည်။ ဗြနရာဇ်သည် ထိုင်းတို့ ချစ်ကြောက်ရိုသေလေးစားရသည့် ပြည့်ရှင်များထဲမှ တစ်ပါးဖြစ်ပြီး ထိုင်းအား တောင်ငူအင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှုများကြောင့် ထင်ရှားသည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံ တောင်ငူမင်းဆက်နှင့် ဖြစ်ပွားသည့် စစ်ပွဲများစွာရှိခဲ့သည်။ ဗြနရာဇ်သည် ဒတ်ချ်များအား အခြေချခွင့်ပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။

မဟာ နရဲစွမ်
นเรศวรมหาราช
အယုဒ္ဓယမင်း
မြန်မာတို့ထံမှ လွတ်လမ်းရေးရရန် ကျွေးကျော်ပြီးနောက် မြေသို့ရေလောင်းနေသောဟန် ထုလုပ်ထားသည့် နရဲစွမ်ရုပ်တု၊ နရဲစွမ် တက္ကသိုလ်
အယုဒ္ဓယမင်း
နန်းသက်၁ ဇူလိုင် ၁၅၉၀ – ၂၅ ဧပြီ ၁၆၀၅
ရှေ့မင်းဆက်မဟာသမ္မရာဇသီရတ်
နောက်မင်းဆက်ဧကထို့စရို့
မွေးဖွား၁၅၅၅-၁၅၅၆, ၉၁၇ CS
ချန်းနန်းတော်, ပိဿလောက်ဆူခိုထိုင်းတိုင်းပြည်
ကွယ်လွန်၂၅ ဧပြီ၊ ၁၆၀၅(1605-04-25) (aged 49)
Monday, 8th waxing of Sixth Siamese month (Vaisakha), 967 CS
လင်းဇင်းပြည်
အိမ်ထောင်ဖက်မဏိရတနာ
ဣကစက္တီ (Ek Kasattri)
ယိုးဒယား မိဖုရား
စံအိမ်ဆူခိုထိုင်းခေတ်
ခမည်းတော်မဟာသမ္မရာဇသီရတ်
မယ်တော်ဝိသုကေသထရီ

အစောပိုင်းဘဝ

ပြင်ဆင်ရန်

မင်းသားနရာဇ် ကို ၁၅၅၅-၅၆ ခုနှစ်အတွင်း ပိဿလောက်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော်မှ ပိဿလောက်တိုင်းပြည်ကို အုပ်ချုပ်သော မဟာသမ္မရာဇသီရိ မင်းဖြစ်နှင့် မိဖုရားခေါင်ကြီး ဝိသုကေသထရီ တို့မှဖွားမြင်သည့် မင်းသားတစ်ပါးဖြစ်သည်။ မယ်တော်မှာ မဟာချက္ကရဖတ်မင်းနှင့် မိဖုရား ဆူရီယိုထိုင်းတို့၏ သမီးတော်တစ်ပါးဖြစ်သည်။ ခမည်းတော်မှာ ၁၅၄၈ ခုနှစ်အတွင်း ဝိုရာဝေါင်စတ်သီရိအား ရှုံးနိမ့်ခဲ့ပြီးနောက် မဟာချက္ကရဖတ်အား မင်းအဖြစ်တင်မြောက်ပေးခဲ့ရသည့် ဆူခိုထိုင်းခေတ် ဆွေကြီးမျိုးကြီးထဲမှ တစ်ဦးဖြစ်သည်။ နရာဇ်မင်းသားကို "မင်းသားမဲ"ဟူ၍လည်းကောင်း၊ ညီတော် မင်းသား ဧကထို့စရို့ ကို "မင်းသားဖြူ" ဟူ၍ ခေါ်ဝေါ်ကြသည်။ ဆုပန်ကလျာသည် ယင်းတို့၏ အစ်မကြီး ဖြစ်သည်။

ယိုးဒယား-မြန်မာစစ်ပွဲ (၁၅၆၃-၆၄)အချိန်အတွင်း အယုဒ္ဓယအား လုပ်ကြံရန်အတွက် ဟံသာဝတီတောင်ငူပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးသည် စစ်မက်ကြီးမားစွာဖြင့် သိမ်းပိုက်ရန်ချီတတ်လာပြီး ပိဿလောက်မြို့တွင် စစ်တည်လေသည်။ မဟာသမ္မရာဇသီရိလည်း ဤသို့မြို့တွင် ကြာမြင့်စွာ ဝန်းရံထားပါက အစာရေစာနှင့် ကျောက်ရောဂါကြောင့် ပြည်သူတို့ဒုက္ခရောက်ကြရမည်ကို သိမြင်လာခဲ့ပြီး မင်းတရားကြီးထံ အညံ့ခံလေသည်။ ဘုရင့်နောင်လည်း ပိဿလောက်နှင့်အယုဒ္ဓယ မြို့အား ရပြီးနောက် ထိုတိုင်းပြည်တို့အား ပဏ္ဍာဆက်တိုင်းပြည်အဖြစ်သွတ်သွင်းလိုက်သည်။ ထို့နောက် မင်းတရားကြီးလည်း မဟာသမ္မာရာဇသီရိအား သစ္စာခံစေပြီး ယင်း၏ သားတော်နှစ်ပါးဖြစ်သော မင်းသားမဲနှင့် မင်းသားဖြူကိုလည်း ပဲခူးသို့ ခေါ်ဆောင်လာခဲ့လေသည်။

ဘုရင့်နောင်မင်းတရားကြီးသည် မဟာသမ္မာရာဇမင်းအား သစ္စာပေးပြီး အယုဒ္ဓယကို စားစေပြီးလျှင် ယိုးဒယား-မြန်မာစစ် (၁၅၆၈-၇၀) လည်း ပြီးလေသည်။ ပဲခူးတွင် ၆နှစ်ကြာပြီး ၁၅၇၀ ခုနှစ်တွင် မင်းသားနရာဇ်နှင့် မင်းသားဖြူတို့လည်း အယုဒ္ဓသို့ ပြန်လာခဲ့လေသည်။ မြန်မာပြည်တွင် နေထိုင်စဉ်က "မြန်မာတို့၏အကောင်းဆုံးသော စစ်ပညာများကို လေ့ကျင့်သင်ကြားခွင့်ရခဲ့သည်"၊ ထို့ပြင် မြန်မာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုးများအား သင်ကြားပေးသည့် အဋ္ဌာရဿ ပညာတို့ကိုလည်း သင်ကြားခွင့်ရခဲ့သည်။ မင်းသား နရာဇ်သည် စစ်ရေးတွင် ကျွမ်းကျင်သည်သာမက ဉာဏ်ရည်လည်းမြင့်မားလေသည်။ အထွေထွေဗဟုသုနှင့် ပက်သက်၍လည်း အထူး လေ့လာတတ်မြောက်လာခဲ့သည်။

မဟာသမာရာဇမင်းသည် နရာဇ် အသက် ၁၅နှစ် အရွယ်တွင် နရဲစွမ်ဘွဲ့‌ပေး၍ ဥပရာဇာပြုကာ ပိဿလောက်မြို့ကိုစားစေသည်။ နရဲစွမ်သည် ၎င်း၏ခမည်းတော်၊ ပဲခူးဘုရင်တို့နှင့် ပူးပေါင်းကာ လင်းဇင်းမြို့တော် ဗီယက်ချင်းအား သိမ်းပိုက်ရန် ကြိုးစားသော်လည်း ကျောက်ရောဂါဖြစ်၍ ပြန်လာခဲ့ရသည်။ ထို့နောက် ၎င်း၏ မိဖများထံ အလည်အပတ်သွားရောက်ချိန် အယုဒ္ဓယ၌ ချန်ကစမ်နန်းတော်အား တည်ဆောက်ခဲ့လေသည်။

၁၅၈၁ ခုနှစ်တွင် ဘုရင်နောင်နတ်ရွာစံပြီးနောက် နန္ဒဘုရင် နန်းတတ်လာခဲ့သည်။ ထိုအချိန် ဦးရီတော် အင်းဝမြို့စား သတိုးမင်းစောက ၁၅၈၃ ခုနှစ်တွင် ပုန်ကန်လေသည်။ နန္ဒဘုရင်လည်း ပြည်တောင်ငူဇင်းမယ်၊ ဗီယက်ကျင်းနှင့် အယုဒ္ဓယဘုရင်တို့အား အကူအညီပေးရန် ဆင့်ဆိုလေသည်။၁၅၈၄ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် နန္ဒဘုရင်၏အိန့်တော်အတိုင်းပဲခူးသို့ စစ်ကူလာခဲ့ပြီး ဧပြီလတွင်နယ်စပ်သို့ ရောက်လေသည်။ ဒမ်ရောင်း၏အဆိုအရ ထိုသို့စစ်ချီလာခြင်းသည်ပင် နန္ဒဘုရင်၏စိုးရိမ်စိတ်ကို ဖြစ်ပေါ်လာစေပြီး သားတော် မဟာဥပရာဇာအား မြို့ကို စောင့်ကြပ်နေစေ၍ ဗြနရာဇ်အားသုတ်သင်ရန် အမိန့်တော်ရှိလေသည်။ မြန်မာ့ ရာဇဝင်သမိုင်းတို့တွင်ဖော်ပြသည်ကား နန္ဒဘုရင်သည် အင်းဝသို့မချီမီကပင် မင်းကြီးစွာအား မြို့စောင့်အဖြစ်ထားခဲ့ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ဒမ်ရောင်း ဆက်လက်ဖော်ပြသည်မှာ နရဲစွမ်သည် ကရင် နယ်စပ်မြို့သို့ ရောက်သည်နှင့် မဟာဥပရာဇာ စေသော ဗြရံနှင့် ဗြကိရက် နှစ်တပ်သည် အနောက်ဘက်မှ တိုက်၍ မဟာဥပရာဇာ၏တပ်က ရှေ့မှ တိုက်သည်ကို ခံရလေသည်။ ထို့နောက်နရဲစွမ်လည်း လွှတ်တော်ခေါ်ကာ ထိုအထဲတွင် ဗြရမ်၊ ဗြကိရက်နှင့် အခြားမွန်တို့လည်းပါဝင်လေသည်။ နရဲစွမ် ရွှေတကောင်းမှ ရေကို မြေသို့လောင်း၍ ဟံသာဝတီနှင့် ဆီယမ်တို့ကြားရှိခဲ့သော ချစ်ကြည်မှုသည် ယနေ့အချိန်မှစ၍ နောင်တွင်မရှိပြီ ဆိုကာ နတ်တို့အား တိုင်တည်လေသည်။

ထို့နောက် နရဲစွမ်သည် ၎င်း၏ စစ်ဆင်ရေးတွင်ပါဝင်ရန် မွန်တို့အား စည်းရုံးစေပြီ ထိုတဝိုက်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ယိုးဒယား လူမျိုးများအား အချုပ်အနှောင်မှ လွှတ်ကာ ပဲခူးသို့ ချီလာခဲ့လေ၏။ ထိုအချိန် နန္ဒဘုရင်သည်လည်း အင်းဝအားစစ်နိုင်၍ ဟံသာဝတီသို့ ပြန်လာချိန်ဖြစ်သည်။ နရဲစွမ်လည်း ယိုးဒယားမိသားစု ၁သောင်းခန့်အား လွှတ်ပေးပြီနောက် တပ်ဆုတ်ပြန်လေသည်။ မင်းကြီးစွာလည်း စူရကမ္မနှင့်အတူ နောက်မှလိုက်လေသည်။ ထို့နောက် စစ်တောင်းမြစ်တွင် ယိုးဒယားတပ်ကို မီလေသည်။ ထိုနေရာတွင် စူရကမ္မသည် စစ်တောင်းမြစ်အား ဖြတ်နေသည့် ဆွန်ဒက် ဗြနရဲစွမ်ပစ်သော သေနတ်တော်​မှန်၍ သေရလေသည်။ ထို့ကြောင့်မဟာဥပရာဇာ၏တပ်တော်လည်း ထိတ်လန့်ကာ တပ်ဆုတ်ပြန်ခဲ့ရပြီး မြို့သို့ချက်ချင်းပြန်လေသည် ဟူ၏။

ထို့နောက် နရဲစွမ်သည် တန်ခိုးကြီသည့် ဖွေစိုင်ကန်မှ ရေကိုသောက်ကာ ဆူခိုထိုင်းသားများနှင့် သစ္စာရေသောက်အခမ်းအနား ကျင်းလေသည်။ ယင်း၏တပ်များလည်း စဝမ်ခလောက်ဆိုသည့်နယ်အား သိမ်းယူသည်။ ၁၅၈၄ ခုနှစ်အတွင်း နရဲစွမ်သည် ပဲခူးတပ်အား တိုက်ခိုက်ရန် မြောက်ဘက်ပိုင်းပြည်နယ်များရှိ ယိုးဒယားသားတို့အား မြို့တော် အယုဒ္ဓတွင် စစ်ပြင်ရန်အတွက် စုရုံးစေသည်။

ထိုနှစ်တွင်ပင် နန္ဒဘုရင်သည် သီးခြား တပ်တော်နှစ်ခုကို စေလွှတ်ပြန်လေသည်။ ထိုတပ်တို့မှာ ပုသိမ်ဘုရင်၏တပ်နှင့် ဒုတိယတစ်ခုမှာ ညီတော် ဇင်းမယ်ဘုရင် နော်ရထာစော တို့၏ တပ်တို့ ဖြစ်ကြသည်။ ထိုနှစ်တပ်လုံး လည်း သီးခြားထိတွေ့မှုများဖြင့် အရေးနှိမ့်ကာ တပ်အားပြန်လည်မစုစည်းနိုင်ဘဲ ဆုတ်ပြန်ကြရသည်။ ထို့နောက် ၁၅၈၆ ခုနှစ် နရစွမ် သည် ဇင်းမယ်ဘုရင်အား ဖမွတ်နှင့် ဘန့်ကဲ့အို အနီးတွင် အနိုင်ရ၍ စစ်သည် ၁သောင်း၊ ဆင်၁၂၀၊ မြင်း၁၀၀၊ လှေ ၄၀၀ တို့နှင့်အတူ လက်နက်၊ ခဲယမ်း မီးကျောက် စားနပ်ရိက္ခာအမြောက်အမြား သိမ်းဆီးရမိလေသည်။

၁၅၈၆ခုနှစ် အောက်တိုဘာလ တွင် နန္ဒဘုရင်ကိုယ်တိုင် ဦးဆောင်၍ အယုဒ္ဓယအား သိမ်းရန်ချီသည်။ ထို့နောက် မြို့အား ၅လခန့် ဝန်းရံထားနိုင်ခဲ့သော်လည်း နရဲစွမ်က ကြံ့ကြံ့ခံသဖြင့် မြို့အားမသိမ်းနိုင်ခြေ။ ထိုသို့လျှင် နန္ဒဘုရင်လည်းတပ်ခေါက်ပြန်လေသည်။

၁၅၉၀ခုနှစ်တွင် မဟာသမ္မရာဇသီရတ် မင်းကံတော်ကုန်သည်။ ၁၅၉၀ခုနှစ် ဇူလိုင်လ တွင် နရဲစွမ်လည်း စမ်ဖတ်၂ ဘွဲ့ ခံ အယုဒ္ဓယပြည်၏ ထီးဆောင်းမင်း ဖြစ်လာလေသည်။

မဟာဥပရာဇာ ဦးဆောင်သော မြန်မာတပ်များသည် အယုဒ္ဓပြည်အား ထပ်မံတိုက်ခံပြန်သော်လည်း နရဲစွမ်က ဘန့်ခွိုင်အနီးတွင် အနိုင်ရရှိခဲ့ပြန်သည်။ မြန်မာတို့လည်း အရေးနိုမ့်ကာ လူသူ လက်နက် ခဲယမ်းမီးကျောက် အမြောက်အမြားဆုံးရှုံးကာ ပဲခူးသို့ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။

အယုဒ္ဓပြည့်ရှင်မင်းအဖြစ် စိုးစံခြင်း

ပြင်ဆင်ရန်

အယုဒ္ဓယရာဇဝင်သမိုင်းများ

ပြင်ဆင်ရန်

၁၅၉၂ခုနှစ် နိုဝင်ဘာလတွင် နန္ဒဘုရင်သည် ၎င်း၏သားတော်ကို အယုဒ္ဓယအား သိမ်းပိုက်ရန် အမိန့်စေတော်မူသည်။ မင်းကြီးစွာ၊ တောင်ငူဘုရင်၏သားတော် နတ်သျှင်နောင်၊ ပြည်ဘုရင်၏ တပ်တို့စုပေါင်းကာ တပ်မ၃ခုဖွဲ့လေသည်။

မင်းကြီးစွာ၏တပ်သည် ဘုရားသုံးဆူ ကို ဖြတ်သန်းချီတက်လာခဲ့ပြီး အခြားတပ်နှစ်ခုမှာလည်း မော်လမြိုင်မှတဆင့် ချီတက်လာခဲ့သည်။ ဇင်းမယ်အကြီးအကဲတစ်ဦးက လှေတပ်တစ်တပ် စေလွှတ်သည်။ နရဲစွမ်သည် ယခင်က ကမ္ဘောဒီးယားအား တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း မြန်မာတို့ ချီလာသည်ကြား၍ အစီအစဉ်ပြောင်းလိုက်သည်။ နရဲစွမ်၏တပ်သည် ဆူပန်ဘူရီဆီသို့ ချီတက်လာကာ ထာခွိုင်မြစ်အနီးရှိ နောင်စရိုင်တွင် တပ်စခန်းချလေသည်။ နရဲစွမ်သည် စစ်ရေးအစီအစဉ်ဆွဲရာ၌ ၎င်းတို့တပ်အား ဆုတ်လာစေမည်၊ မြန်မာတပ်များအားနောက်မှ လိုက်လာစေရန် စစ်မြူပြီး လိုက်လာသော မြန်မာတပ်များ ဖရိုဖရဲဖြစ်စဉ်အချိန်၌ ၎င်း၏တပ် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်။

၁၅၉၃ ခုနှစ် ဇန်နဝါရီလ ထိုစစ်ပွဲအတွင်း နရဲစွမ်က ချောင်ဖရား ချိုင်ယာနဖတ်ဆင် နှင့် ဧကထို့စရိုက ချောင်ဖရား ဖရတ် တရိုင်ချက်အမည်ရှိသော မုန်ယိုနေသည့်ဆင်တို့ကိုစီးကာ ၎င်းတို့နောက်ရန် အသေခံစစ်သူရဲအနည်းငယ်ကို ခေါ်၍ မြန်မာတို့၏ စစ်အလယ်သို့ ဝင်တိုက်လေသည်။ ဒမ်ရောင်၏ ဆက်စပ်၍ ပြန်လည်ဖော်ထုတ်ချက်အရ နရဲစွမ်သည် သစ်တစ်ပင်အောက်ရှိ ဆင်ပေါ်ကမင်းကြီးစွာကို မြင်သည်တွင် "နောင်တော်ဘုရား၊ သစ်ပင်ရိပ်အောက်ရှိ ဆင်ပေါ်တွင်အဘယ်ကြောင့်ရှိနေသနည်း? ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာအတွက် ထွက်တော်မူ၍ စီးချင်းထိုးပါ။ နောင်အနာဂတ်ကာလ၌ ကျွန်ုပ်တို့နှစ်ဦးကဲ့သို့ တစ်ဦးချင်း စီးချင်းထိုးသည့် ဘုရင်မျိုး ရှိလိမ့်မည်မဟုတ်ချေ" ဟူ၍ အော်ကာပြောလေသည်။

နရဲစွမ်နှင့် မင်းကြီးစွာတို့ကြား ထိပ်တိုက်တွေ့ပွဲသည် "ဆင်စီးချင်းထိုးပွဲ" ((สงครามยุทธหัตถี Songkram Yuddhahatthi) ဟူ၍ အလွန်အမွှမ်းတင်ထားခဲ့သည် သမိုင်းဆိုင်ရာ အဖြစ်အပျက်တစ်ခုဖြစ်သည်။

အချိန်ဆွဲထားခဲ့သည့် စီးချင်းထိုးပွဲနောက် မင်းကြီးစွာခုတ်သော ဓားချက်သည် နရဲစွမ်၏ ဦးဆောင်းအား ခုတ်မိ၍ ဦးဆောင်းပျက်လေသည်၊ နရဲစွမ်လည်း သူ၏ငေါင်း ဖြင့် မင်းကြီးစွာအား ခုတ်လေရာ မင်းကြီးစွာ ကျဆုံးလေသည်။ မင်းသား ဆုံဒက် ဖရာ့ ဧကထို့စရိုလည်း မင်းချာရိုအကြီးအကဲအား သတ်နိုင်ခဲ့လေသည်။ ထိုအချိန် ယိုးဒယားတပ်တို့ ရောက်ရှိလာခဲ့ပြီး မြန်မာတပ်တို့လည်း အရပ်ရပ်သို့ ပြန့်ကြဲသွားခဲ့သည်။ ထို့ကြောင့် ပဲခူးဘုရင်လည်း အခြားတပ်နှစ်ခုအား ပြန်လည်ဆုတ်ခွာရန် မိန့်တော်မူသည်။

နရဲစွမ်၏ ချောင်ဖရာ့ဖတ် ဟံသာဝတီ သို့မဟုတ် "ပဲခူးနိုင်သည့် ချောင်ဖာရာ့" အမည်ရှိသော ငေါင်း(တဖက်တွင်ဓားသွားရှိ၍ အခြားတဖက်တွင် ဆွဲစရာဓားမောက်ချွန်ပါသော လှံကဲ့သို့ဓား) ၊ နှင့် ချောင်ဖရာ့ ဆန် ဖွန်လက်ဖိုင် သို့မဟုတ် "စစ်သည်တသိန်းအား အနိုင်ယူသည့် ချောင်ဖရာ့" အမည်ရှိသော ဦးဆောင်းသည် ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။ နရဲစွမ်သည် ထိုဆင်စီးချင်းထိုးပွဲနေရာတွင် အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ဘုရားတစ်ဆူတည်ခဲ့လေသည်။

နရဲစွမ်သည် တရားလွှတ်တော်မခေါ်ခင် မြန်မာတပ်၏ အလယ်သို့ဝင်ရောက်တိုက်ခိုက်ချိန် သူနောက်လိုက်ရန် ပျက်ကွပ်သည့် နောက်လိုက်များအား ခေါ်ငင်စေ၏။ ထိုသူတို့အား သေဒဏ်ပေးလေသည်။ သို့သော် ဝတ်ယိုင်ချိုင်မွန့်ခွန်ကျောင်းတော် မှ ရဟန်းတော်တပါးဖြစ်သည့် ဆွမ်ဒက် ဖရာ့ ဖန်နရာဇ် သည် နရဲစွမ်အား ပြစ်ဒဏ်အား ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံလေသည်။ ယင်းပြစ်ဒဏ်အစား အပြစ်ကျူးလွန်သော ထိုတပ်မှူးများကို ထားဝယ်နှင့် တနင်္သာရီအား တိုက်ခိုက်သိမ်းယူရန် ခိုင်းစေလေသည်။