နှောင်းတမြေ့မြေ့ (ရုပ်ရှင်)
(နှောင်းတမြေ့မြေ့(ရုပ်ရှင်) မှ ပြန်ညွှန်းထားသည်)
နှောင်းတမြေ့မြေ့ သည် ၁၉၇၅ ခုတွင် ရိုက်ကူးသော မြန်မာရုပ်ရှင် တစ်ကားဖြစ်သည်။ ဥက္ကလာရုပ်ရှင်အတွက် မြတ်ထန်၏ ဝတ္ထုကို မောင်၀ဏ္ဏ ရိုက်ကူးပြီး ဇော်လွင်၊ သုမောင်၊ ဗဂျီအောင်စိုး နှင့် ချိုပြုံးတို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၇၅ ခု၊ ဩဂုတ်လ ၂၂ ရက်တွင် ရုံတင်ပြသသည်။ [၁]
ယင်းဇာတ်ကားကို စိုးသူ၊ ရန်အောင်နှင့် ထွန်းအိန္ဒြာဗို တို့ပါဝင် သရုပ်ဆောင်ပြီး သက်မောင်မောင်မှ ၁၉၉၉−ခုနှစ်တွင် ထပ်မံရိုက်ကူးခဲ့သည်။
မောင်၀ဏ္ဏ ရိုက်ကူးသော နှောင်းတမြေ့မြေ့သည် အဖြူအမည်းဇာတ်ကားဖြစ်ပြီး သက်မောင်မောင် ရိုက်ကူးသည်မှာ ဆေးရောင်စုံဇာတ်ကားဖြစ်သည်။ ဒါရိုက်တာ သက်မောင်မောင် ရိုက်ကူးခဲ့သော ဇာတ်ကားတွင် ထွန်းအိန္ဒြာဗိုက မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ တင်အောင်မင်း။ "တလအတွင်း မြန်မာ့ရုပ်ရှင်နှင့် တေးဂီတ"။ သပြေ တေးမဂ္ဂဇင်း၊ အမှတ်စဉ် ၉။ ၁၉၇၅၊ ဩဂုတ်။ စာ ၉၀-၉၄။
ဤ မြန်မာ ရုပ်ရှင်ဇာတ်ကားများနှင့် ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |