ပက်ထရစ်ရှာ (ရုပ်ရှင် သရုပ်ဆောင်)

ပက်ထရစ်ရှာ (အင်္ဂလိပ်: Patricia Jayne) (၁၉၉၇ ခု၊ ဒီဇင်ဘာလ ၁၃ ရက်ဖွား) သည် မြန်မာ သရုပ်ဆောင်နှင့် သရုပ်ပြမယ် ဖြစ်သည်။ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သော မကြွေပါနဲ့ ဆာကူရာ သည် ပထမဆုံးဇာတ်ကားဖြစ်သကဲ့သို့[၁] မြန်မာ့သရုပ်ဆောင်သမိုင်းတွင် အသက်အငယ်ဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်လည်း စာရင်းဝင်သွားသည်။[၂][၃][၄][၅]

ပက်ထရစ်ရှာ
မွေးဖွားဝင်းသင်ဇာသော်
(1997-12-13) ၁၃ ဒီဇင်ဘာ၊ ၁၉၉၇ (အသက် ၂၆)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၁–လက်ရှိ
အရပ်၅ ft ၉ in (၁.၇၅ m)
ကိုယ်အလေးချိန်၁၁၀ lb (၅၀ kg)

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၉၇ ခု၊ ဒီဇင်ဘာလ ၁၃ ရက်တွင် ရန်ကုန်၌ မွေးသည်။ ဗမာ-အမေရိကန် သွေးနှောဖြစ်သည်။

အနုပညာ လှုပ်ရှားမှု ပြင်ဆင်ရန်

၁၀ တန်းအောင်ပြီးနောက် သရုပ်ပြမယ်အဖြစ် လှုပ်ရှားသည်။ အဒေါ်ဖြစ်သူ သရုပ်ဆောင် မြတ်ကေသီအောင်က ရုပ်ရှင်ဘက်ကူးရန် အားပေးသည်။ သရုပ်ဆောင်မှုကို စနစ်တကျ မသင်ကြားရသော်လည်း ပြေတီဦးမြင့်မြတ်နှင့် (ဒါရိုက်တာ) အောင်မြင့်မြတ်တို့၏ ပြောဆိုထောက်မမှုများ ရခဲ့သည်ဟု သိရသည်။[၆]

ပထမဆုံးဇာတ်ကား မကြွေပါနဲ့ ဆာကူရာ ကို အောင်ရဲလင်းနှင့် တွဲဖက်သရုပ်ဆောင်သည်။ ပုညခင် ဝတ္ထုကို ကိုဇော် (အရုဏ်ဦး) ရိုက်ကူးခြင်း ဖြစ်သည်။[၇]

ပထမဆုံး ရုံတင်ကား ပဲခူးဆားနှင့် သူ၏ဗိုင်းရပ်စ်များ မှာ ၂၀၁၆ ခုတွင် ရုံတင်သည်။[၈]

ပါဝင်သော ဇာတ်ကားများ ပြင်ဆင်ရန်

ရုံမဝင်ကား ပြင်ဆင်ရန်

ခေါင်းစဉ် ဖြန့်ချိနှစ် ဒါရိုက်တာ မှတ်ချက်
မကြွေပါနဲ့ ဆာကူရာ

ရုံတင်ကား ပြင်ဆင်ရန်

ရုပ်ရှင်များစာရင်း
ခုနှစ် ဇာတ်ကား ဒါရိုက်တာ တွဲဘက်သရုပ်ဆောင်များ
၂၀၁၆ ပဲခူးဆားနှင့် သူ၏ဗိုင်းရပ်စ်များ ကျော်ဇောလင်း ပြေတီဦးရာဇာနေဝင်းရန်အောင်ကျော်ရဲအောင်စိုးမြတ်သူဇာ
၂၀၁၇ ရာဇဝင်ရိုင်းသူများ[၉] မောင်မျိုးမင်း ပြေတီဦးမြင့်မြတ်လိုင်လာခန်း
ဇွတ်ကျား[၁၀] ဇွတ်ကျား မိုးအောင်ရင်ရဲလေးမြင့်မြတ်ကျော်ရဲအောင်၊ ထက်အောင်ရှိုင်း၊ ခိုင်သင်းကြည်စိုးမြတ်သူဇာ၊ သန္တာဗိုလ်၊ မေ
ငေါ့ချမ်းခသစ္စာ လူမင်း
၂၀၁၈ ရောင်ပြန် အိန္ဒြာကျော်ဇင်ဝတ်မှုန်ရွှေရည်ထွန်းအိန္ဒြာဗို
၂၀၁၉ တစ္ဆေများနှင့်ပျော်မြူးခြင်း မြင့်မြတ်အိချောပို
ကောင်းကင်တစ်ခုအလိုရှိသည် ခန့်စည်သူအောင်ရဲလင်းအိချောပို

လူမှုရေး လှုပ်ရှားမှု ပြင်ဆင်ရန်

(၁၇) နှစ်မြောက် မွေးနေ့တွင် မိဘမဲ့ကျောင်းတွင် ငွေသား (၁၀) သိန်း၊ စားစရာနှင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းခဲ့သည်။[၁၁]

ကိုးကား ပြင်ဆင်ရန်

  1. မကြွေပါနဲ့ ဆာကူရာ (in my)။ 7Day News (6 November 2015)။ 5 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 December 2017 တွင် ပြန်စစ်ပြီး။
  2. Super Star Teenager Model Patricia @ Sue Sha Naing (in en)။ Myanmar Celeberities။ 3 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2017 တွင် ပြန်စစ်ပြီး။
  3. Patricia (aka) Sue Sha Naing Beautiful Moment Photos in Amazing Bagan, Myanmar (in en)။ Papawady။ 3 October 2017 တွင် ပြန်စစ်ပြီး။
  4. Sue Sha Naing Interview by 8days Journal (in en)။ 8days Journal (6 July 2017)။ 11 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2017 တွင် ပြန်စစ်ပြီး။
  5. A Moment with Model & Actress Patricia (in en)။ Myanmar Celebrity YouTube။ 3 October 2017 တွင် ပြန်စစ်ပြီး။
  6. Patricia Wants To Be Like As Senior Actresses (in en)။ Myanmar Celeberities။ 23 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2017 တွင် ပြန်စစ်ပြီး။
  7. Myanmar Movie Trailer : Ma Kyay Par Nae Sakura (in en)။ Papawady။ 3 October 2017 တွင် ပြန်စစ်ပြီး။
  8. ပဲခူးဆားနှင့်သူ့၏ဗိုင်းရပ်စ်များ (in en)။ Yangon Life။ 3 October 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  9. Yar Zar Win Yine Thu Myar (in en)။ Myanmore (11 August 2017)။ 3 October 2017 တွင် ပြန်စစ်ပြီး။
  10. နမူနာမှာတင် ပေါက်နေတဲ့ ဇွတ်ကျား အကြောင်း ပြောပြတဲ့ ပက်ထရစ်ရှာ (in my)။ 7Day News (22 September 2017)။ 23 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2017 တွင် ပြန်စစ်ပြီး။
  11. Model & TV Star, Patricia's Birthday Donation (in en)။ Myanmar Celebrity YouTube။ 3 October 2017 တွင် ပြန်စစ်ပြီး။