ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည် သည် မြန်မာနိုင်ငံသား ရုပ်ရှင်မင်းသမီးနှင့် ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်သည်။ ချစ်စရာကောင်းသော အမူအရာများကြောင့် လူကြိုက်များသည့် မင်းသမီးတစ်ဦးဖြစ်သည်။ ဝတ်မှုံရွှေရည်ကို ကစ်ကစ် ဟုလည်း လူသိများပါသည်။ [၁]
ဝတ်မှုံရွှေရည် | |
---|---|
![]() | |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၁၀ ဩဂုတ်၊ ၁၉၈၈
နိုင်ငံလူမျိုး | ရှမ်း-မြန်မာ |
အလုပ်အကိုင် | သရုပ်ဆောင် မော်ဒယ် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၅–လက်ရှိ |
အရပ် | ၅ ft ၁ in (၁.၅၅ m) |
ကိုယ်အလေးချိန် | ၁၀၁ ပေါင် (၄၆ ကီလိုဂရမ်) |
ရရှိသည့်ဆုများ | ![]() |
ငယ်ဘဝ
ပြင်ဆင်ရန်ဝတ်မှုံရွှေရည်ကို ဩဂုတ်လ ၁၀ရက်နေ့၊ ၁၉၈၈ခုနှစ်တွင် ဦးဝင်းသိန်းနိုင်၊ ဒေါ်မီမီလွင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ သူသည် မြန်မာရုပ်ရှင်မင်းသမီး ဖွေးဖွေး နှင့် ညီအစ်မ တစ်ဝမ်းကွဲတော်စပ်သည်။ ၂၀၀၄-ခုနှစ်တွင် စိန်ဩဂတ်စတင်း အထက်တန်းကျောင်း အထက ၂ ကမာရွတ် မှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။
အနုပညာလမ်းကြောင်း
ပြင်ဆင်ရန်၂၀၀၉ ခုနှစ်တွင် ဝတ်မှုံရွှေရည်သည် ကြော်ငြာများ ရိုက်ကူး၍ စတင် သရုပ်ဆောင်ခဲ့သည်။ သူ၏ ပထမဆုံး ခေါင်းဆောင်ရိုက်ကူးသော ဇာတ်ကားမှာ ‘‘ဘာဘီအရုပ်ကလေး’’ဖြစ်ပြီး အောင်ရဲလင်းမှာ ခေါင်းဆောင်မင်းသားဖြစ်သည်။ သူသည် လက်ရှိတွင် ဗီဒီယို ဇာတ်ကားပေါင်း ၄၀ကျော်ရိုက်ကူးပြီးဖြစ်သည်။ [၂] ရန်ကုန်မြို့တွင် ရှိသော ကြော်ငြာ ဘီလ်ဘုတ်များနှင့် ကြော်ငြာများစွာတွင် ဝတ်မှုန်ရွှေရည်၏ ကြော်ငြာများက တစ်ဝက်ခန့်နေရာယူထားသည်။ ဝတ်မှုန်ရွှေရည်နှင့် အတွဲအညီဆုံး မင်းသားမှာ ပြေတီဦးဖြစ်သည်။ ကြော်ငြာများစွာနှင့် ဗီဒီယိုများစွာတွင် မင်းသားပြေတီဦးနှင့် တွဲဖက်သရုပ်ဆောင်ထားသည်။ ပထမဆုံး အဓိက ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးသည့် ‘‘နင်စေရင်’’ ရုပ်ရှင်ဇာတ်ကားတွင် ပြေတီဦးနှင့် အတူ သရုပ်ဆောင်ထားသည်။
နိုင်ငံတကာချစ်ကြည်ရေးဇာတ်ကားများ
ပြင်ဆင်ရန်ဘန်ကောက်မှ မန္တလေးသို့ထိုင်းမြန်မာချစ်ကြည်ရေးဇာတိမြေဂျပန်မြန်မာချစ်ကြည်ရေးတိမ်တွေပေါ်ကပန်းကိုရီးယားမြန်မာချစ်ကြည်ရေးရိုက်ကူးပြသခဲ့ပြီးပုဂံရတနာသိုက်တရုတ်မြန်မာ ဆက်လက်ရိုက်ကူးမည်ဟုသိရသည်။
ပြင်ပဘဝ
ပြင်ဆင်ရန်ဝတ်မှုံရွှေရည် သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အရပ် ၅ပေ ၄လက်မ (၁.၆၃ မီတာ) ရှိပြီး အလေးချိန် ၁၀၁ပေါင် (၄၆ကီလို) ရှိသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဝတ်မှုံရွှေရည် သည် MG Myanmar ဥက္ကဋ္ဌ နှင့် သတ္တမမြောက်အာရုံ ပူးတွဲတည်ထောင်သူ နိုင်ဖြိုးကျော်နှင့် လက်ထပ်ခဲ့သည်။[၃] နိုင်ဖြိုးကျော်သည် မြန်မာနိုင်ငံတွင် ဗွီဗွီအချိုရည်ကို ထုတ်လုပ်သော Green Circle ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ သူ၏ စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် စစ်အာဏာသိမ်းဆန့်ကျင်သူများက ဝတ်မှုန်ရွှေရည်စုံတွဲအား သပိတ်မှောက်ကြရန် တောင်းဆိုထားကြသည်။[၄]
လူမှုရေးလုပ်ငန်းများ
ပြင်ဆင်ရန်ဝတ်မှုန်ရွှေရည်သည် ပရဟိတလုပ်ငန်းအဖြစ် ဒီဇင်ဘာလ(၄)ရက်၊ ၂၀၁၁ခုနှစ်တွင် ကျင်းပသော ပြေတီဦး၏ ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲတွင် စင်္ကာပူသွားမည့် အစီအစဉ်ကို ဖျက်သိမ်း၍ ပါဝင်ဖျော်ဖြေခဲ့သည်။ သူသည် သူ၏ အနုပညာကြေးအားလုံးကို ဖောင်ဒေးရှင်း အတွက်လှူဒါန်းခဲ့သည်။
အမျိုးသမီးဇာတ်ဆောင်ဆု
ပြင်ဆင်ရန်၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် နင်စေရင်ဇာတ်ကားဖြင့်အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။
၂၀၁၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဆု ချီးမြှင့်သည့်အခမ်းအနားတွင် နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိခဲ့ပြန်သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဆု ချီးမြှင့်သည့်အခမ်းအနားတွင် တိမ်ပန်းချီ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ထပ်မံရရှိခဲ့သည်။
ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားများ
ပြင်ဆင်ရန်ခုနှစ် | ဇာတ်ကား | တွဲဖက် သရုပ်ဆောင်များ |
---|---|---|
၂၀၀၉ | နတ်သမီးချစ်တဲ့ပင်လယ် | နေတိုး၊ ဆုရွှန်းလဲ့ |
၂၀၀၉ | ဖေချစ် | လူမင်း |
၂၀၀၉ | ဘာဘီအရုပ်ကလေး | အောင်ရဲလင်း |
၂၀၀၉ | အန်ကယ်ဖေဖေ | လူမင်း |
၂၀၀၉ | အနေအထိုင်မတတ်တဲ့ကြယ် | နေတိုး |
၂၀၀၉ | ချိန်ခွင် | နေတိုး၊ ထွန်းအိန္ဒြာဗို |
၂၀၀၉ | ပေါင် ၂၀၀ ကိုယ့်ချစ်သူ | အောင်ရဲလင်း၊ ပွင့် |
၂၀၁၀ | ဝတ်မှုန်မျှော်တဲ့လိပ်ပြာ | စိုင်းစိုင်းခမ်းလှိုင် |
၂၀၁၀ | အချစ်နှင့်အနီးတဝိုက်သာယာမည် | နေတိုး |
၂၀၁၀ | အချစ်ကိုရချင်ပြီ | ခန့်စည်သူ |
၂၀၁၀ | ပင်လယ်တွစ် | မိုးအောင်ရင် |
၂၀၁၁ | ဝတ်မှုန်ဝိုင်၏ အပြင်းစားရသ | ပြေတီဦး |
၂၀၁၁ | အိပ်မက်၏ တစ်ဖက်ခြမ်းမှာ | အောင်ရဲလင်း |
၂၀၁၁ | ရူးရူးမူးမူးရင်ထဲကဦး | လူမင်း |
၂၀၁၁ | ၂၁ရာစုစင်ဒရဲလား | အောင်ရဲလင်း |
၂၀၁၁ | ဘဝန္တောဒေါ့ကွမ်း | နေတိုး |
၂၀၁၁ | ကျွန်တော့်ချစ်သူနှင့် သူမ၏ စပွန်ဆာကိုကို | မင်းမော်ကွန်း |
၂၀၁၁ | အချစ်က စားတယ် | ဟိန်းဝေယံ |
၂၀၁၁ | မဆိုးပါနဲ့ကောင်မလေး | စိုင်းစိုင်းခမ်းလှိုင် |
၂၀၁၁ | ရွှေလင်ဗန်းနဲ့ ပန်းကမ်းသူ | ပြေတီဦး |
၂၀၁၁ | တိမ်ညိုစီးတဲ့ပန်းကကြိုး | ခန့်စည်သူ |
၂၀၁၁ | စိတ်ကောက်ခြင်းသည်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည် | စိုင်းစိုင်းခမ်းလှိုင် |
၂၀၁၁ | ချစ်မယ်ဆိုတာကြီးပဲ | အောင်ရဲလင်း |
၂၀၁၁ | တကယ်ချစ်လား | မြင့်မြတ် |
၂၀၁၁ | ယုံကြည်ခြင်းနှင်းဆီ | ပြေတီဦး |
၂၀၁၁ | နင့် | ပြေတီဦး |
၂၀၁၁ | ဒီကောင်မလေးအတွက် | ပြေတီဦး |
၂၀၁၁ | ဖျက်ခနဲငြိ | မိုးအောင်ရင် |
၂၀၁၁ | ပထမဆုံးချစ်တာနင် | ပြေတီဦး |
၂၀၁၁ | ပြန်လာပါကိုကို | နေတိုး |
၂၀၁၁ | ကြယ်ကြွေပုံပြင် | နေတိုး |
၂၀၁၁ | ခေတ်ကာလဖခင် | လူမင်း၊ ကျော်ကျော် |
၂၀၁၂ | မျှော်လင့်ခြင်းလေး | အောင်ရဲလင်း |
၂၀၁၂ | မိန်းမသုံးယောက်ယူမယ့်လူ | နေတိုး |
၂၀၁၂ | ပီကေ | လူမင်း၊ ခိုင်သင်းကြည် |
၂၀၁၂ | သင်္ကြန်ဂိမ်း | အောင်ရဲလင်း |
၂၀၁၂ | ချစ်ရင်ဖက်ထား | ပြေတီဦး |
ရုပ်ရှင်ဇာတ်ကားကြီးများ
ပြင်ဆင်ရန်ခုနှစ် | ဇာတ်ကား | ဒါရိုက်တာ | တွဲဖက် သရုပ်ဆောင်များ | |
---|---|---|---|---|
၂၀၁၂ | မေခင်ကညာ | ကိုဇော် (အာရုဏ်ဦး) | ပြေတီဦး၊ ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သဉ္ဇာဝင့်ကျော်။ | |
၂၀၁၂ | နင်စေရင် | ဝိုင်း (Own Creator) | ပြေတီဦး | |
၂၀၁၂ | Made With Heart | ဝိုင်း (Own Creator) | ပြေတီဦး၊ မိုးဟေကို |
ထူးချွန်ဆုရရှိမှုနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ပြင်ဆင်ရန်ခုနှစ် | ဆုအမည် | ဆုအမျိုးအစား | ဇာတ်ကား | မှတ်ချက် |
---|---|---|---|---|
၂၀၁၃ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | အမျိုးသမီးဇာတ်ဆောင်ဆု | နင် ... စေရင် | ဆုရရှိ |
၂၀၁၄ | အမျိုးသမီးဇာတ်ပို့ဆု | နှလုံးသားဖြင့် ပြုလုပ်သည် | ဆုရရှိ | |
၂၀၁၆ | အမျိုးသမီးဇာတ်ဆောင်ဆု | ချစ်လှစွာသော အမုန်း | ဆန်ကာတင် | |
၂၀၁၇ | အမှောင်တွေ ရွာချတဲ့ မိုးတိမ် | ဆန်ကာတင် | ||
၂၀၁၈ | ရန်သူ | ဆန်ကာတင် | ||
၂၀၁၉ | လိပ်ပြာစံအိမ် | ဆန်ကာတင် | ||
၂၀၂၀ | မြက်နု | ဆန်ကာတင် | ||
၂၀၂၄ | တိမ်ပန်းချီ | ဆုရရှိ |
ကိုးကား
ပြင်ဆင်ရန်- ↑ Beautiful Model World Wut Hmone Shwe Yee Profile Archived 7 October 2011 at the Wayback Machine.
- ↑ Shwevideos Wut Hmone Shwe Yee Interview
- ↑ "ချစ်သူနဲ့ Pre Wedding ပုံလေးကို ပွင့်လင်းမြင်သာစွာချပြလာတဲ့ ဝတ်မှုန်ရွှေရည် - Myanmar Transparency News"၊ MT News၊ 15 November 2023။
- ↑ "Artists demand boycott of film appearing to disguise ties to Myanmar military-linked company"၊ Myanmar Now၊ 18 September 2023။