ပဏ္ဍိတဟူသော ပါဠိစကားမှ ပညာရှိဟူ၍ ခေါ်ကြသည်။ ပဏ္ဍိတဟူသည် [၁] (၁) အသိ-အလိမ္မာ-ဉာဏ်-ပညာ-ရှိသောသူ၊ ပညာရှိ၊ သုခမိန်၊ ပဏ္ဍိတ်။ မျက်မှောက် (ပစ္စုပ္ပန်) အကျိုးစီးပွား, တမလွန် အကျိုးစီးပွားရခြင်း၏ အကြောင်း ကောင်းမြတ်သော-ဉာဏ်-ပညာ-ရှိသော “ပဏ္ဍိတ”ဟူ၍ ခေါ်သည် [၂]

အဖြူနှင့် အမည်း, အမှောင်နှင့် အလင်းစသည်ဖြင့် ယှဉ်တွဲသုံး နှူန်းကြသကဲ့သို့ ပညာမဲ့သူ(လူမိုက်) ဗာလ နှင့် ပညာရှိသူ (လူလိမ္မာ)ပဏ္ဍိတတို့ကိုလည်း အချို့နေရာတို့၌ ဒွန်တွဲ ဟောကြားတော်မူသည်။ [၃]

လူမိုက်နှင့် ပညာရှိ ပြင်ဆင်ရန်

ဗာလ၏ အမှတ်လက္ခဏာကား-မကောင်းသော အကြံအစည်ကို ကြံစည်ခြင်း, မမှန်သောစကားကို ပြောဆိုခြင်းနှင့် မတရားသောအမှုကို ပြုလုပ်ခြင်း-ဟူသော ဒုစရိုက် ၁၀-ပါးဖြစ်၍

ပဏ္ဍိတ၏ အမှတ်လက္ခဏာကား-ကောင်းသော အကြံအစည်ကို ကြံစည်ခြင်း, မှန်ကန်သော စကားကို ပြောဆိုခြင်းနှင့် တရားသော အမှုကို ပြုလုပ်ခြင်း-ဟူသော သုစရိုက် ၁၀-ပါး ဖြစ်သည် [၄]

ကျူမိုးအိမ်, မြက် မိုးအိမ်မှ လွင့်စင်လာသော မီးပွားသည် ပိတ်ထားသော တံခါးရှိသည့် အိမ်တို့ကို လောင်ကျွမ်းသကဲ့သို့ ဘေးရန်ဥပဒ် ဟူသမျှသည် ပညာမဲ့သူ ဗာလကြောင့်ဖြစ်၍ ပညာရှိသူ ပဏ္ဍိတကြောင့် မဖြစ်[၅][၆]

မင်္ဂလသုတ္တန်မှ ပညာရှိ ပြင်ဆင်ရန်

ခုဒ္ဒကနိကာယ် မင်္ဂလသုတ္တန်၌ အကုသလကမ္မပထ အမှတ်လက္ခဏာကား-

တရား ၁၀-ပါးနှင့် ပြည့်စုံသော သူကို “ဗာလ”ဟု ဟောတော်မူ၍ ကုသလကမ္မပထ တရား ၁၀-ပါးနှင့် ပြည့်စုံသောသူကို “ပဏ္ဍိတ”ဟု ဟောတော်မူသည် [၇] [၈]

ရဟန္တာသည် ပညာရှိ ပြင်ဆင်ရန်

နိဒါနဝဂ္ဂသံယုတ် ဗာလပဏ္ဍိတသုတ်၌ ပဋိသန္ဓေမျိုးစေ့ရှိသူ ပုထုဇဉ်ကို ဗာလ၊ ပဋိသန္ဓေမျိုးစေ့ကင်းသူ ရဟန္တာကို ပဏ္ဍိတဟု ဟောတော်မူ၍ ပဋိသန္ဓေမျိုးစေ့ မကင်းသေးသော သေက္ခကို ဗာလဟူ၍ လည်းကောင်း, ပဏ္ဍိတဟူ၍လည်းကောင်း မဆိုသင့်ကြောင်း ဟောတော်မူသည် ([၉]

ရန်သူကို တွန်းလှန်ပယ်သတ်၍ မိမိ၏ အသက်ဘေးမှ လွတ်မြောက်အောင် ကြံဆောင်ပြုလုပ်နိုင်သူ အမျိုးမီးကိုပင် ပညာရှိသူ ပဏ္ဍိတဟူ၍ ချီးကျူးကြသည် [၁၀] ဤသို့ စသည်ဖြင့် အရာဌာန အားလျော်စွာ အမျိုးမျိုး ဟောတော်မူအပ်သော ပဏ္ဍိတကို အကျဉ်းစု၍ ယူလျှင် ဤသို့ ဖြစ်သည်။

  • (က) ပင်ကို-သဘာဝ-ပဋိသန္ဓေ-ဉာဏ်-ပညာ-ရှိသော သူ။ [၁၁]
  • (ခ) သုတမယ, စိန္တာမယ-ဉာဏ်-ပညာ-ရှိသောသူ။ [၁၂]
  • (ဂ) အဓိဂမ-ဗာဟုသစ္စ-ဉာဏ်-ပညာ-ရှိသော သူ။ [၁၃]
  • (ဃ) အဇ္ဈတ္တ, ဗဟိဒ္ဓ အာယတန-ဉာဏ်-ပညာ-ရှိသောသူ။ [၁၄]
  • (င) ဓာတု, အာယတန, ပဋိစ္စသမုပ္ပါဒ, ဌာနာဌာန-ဉာဏ်-ပညာ-ရှိသောသူ။ [၁၅]
  • (စ) သတိပဋ္ဌာန် တရားတို့၌-ရှုမှတ်-ပွားများ-သော-ဉာဏ်-ပညာ-ရှိသောသူ။ [၁၆]
  • (ဆ) မျက်မှောက် တမလွန် အကျိုးစီးပွားရကြောင်း-ဉာဏ်-ပညာ-ရှိသောသူ။ [၁၇]

[၁၈][၁၉]

ပညာရှိ အမျိုးအစားများ ပြင်ဆင်ရန်

ကျမ်းဂန်တို့၌ ပညာကို အမျိုးမျိုးခွဲခြား ပြသကဲ့သို့ ပညာရှိကိုလည်း အစားစားမိန့်ဆိုကြသည်။ စကားများ ပြောဆိုကာမျှဖြင့် ပညာရှိမမည်၊ ဘေးမရှိ ရန်မမူ အေးငြိမ်းသောသူသည်သာ ပညာရှိမည်၏ [၂၀]

ကိုယ် နှုတ် နှလုံး သုံးပါးလုံးယဉ်ကျေး သိမ်မွေ့သော သူသည် ပညာရှိ[၂၁]

မိမိသူတပါး ၂-ဦးသားလုံး ဆင်းရဲအောင် မလှုံ့ဆော် မတိုက်တွန်းမူ၍ ထို၂-ဦးသားလုံး၏ အစီးအပွားကို ကြံစည်သော သူသည် ပညာရှိ[၂၂]

ပညာဉာဏ်ဖြင့် ဆင်ခြင်၍ အကျိုးစီးပွားကို ရယူနိုင်သော သူသည် ပညာရှိ[၂၃]

ပစ္စုပ္ပန်နှင့် တမလွန်လောကအကြောင်းကို သိသော သူသည် ပညာရှိ[၂၄]

ခန္ဓာ ၅-ပါး၏ အဖြစ် အပျက်ကို သိသော သူသည် ပညာရှိ[၂၅]

အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်နှင့် ဌာနာဌာန ဤ ၄ – မျိုးတို့၌ ကျွမ်းကျင် လိမ္မာသူသည် ပညာရှိ [၂၆][၂၇]

သစ္စာ ၄-ပါးကို သိသော သူသည် ပညာရှိ[၂၈] ပြင်ဆင်ရန်

မထိုင်းမှိုင်း မဆံ့အမှု၍ ကောင်းမကောင်းသောစကား၏ အနက်အပ္ပါယ်ကို သိသောသူသည် ပညာရှိမည်၏၊ ထိုပညာရှိသည် ဘုရားရှင်သာသနာတော်၌ အကျင့်မြတ်ကို ကျင့်သုံးရန် အခွင့်ကောင်း ကြုံသူမည်၏[၂၉]

သီလ သမာဓိ ဝီရိနှင့် ပြည့်စုံ၍ တိဟိတ်ပဋိသန္ဓေ ပညာဟူသော ဇာတိပညာ, ကမ္မဋ္ဌာန်းအားထုတ်ပုံကို တတ်သိ နားလည်မှုဟူသော ပါရိဟာရိယပညာနှင့် ဝိပဿနာပညာ ရှိသော သူသည် မျက်မှောက် ဘဝ၌ပင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ တဏှာ အရှုပ်အထွေးကို ဖြေရှင်းတော်မူနိုင်ကြသည်[၃၀]

ယင်းတို့တွင် ဇာတိပညာကို ပဓာန အကျဆုံးဟု ဆိုရပေမည်။ အဘယ့်ကြောင့် ဆိုသော်-ကမ္မ, ကိလေသ, ဝိပါက, ဥပဝါဒ, အာဏာဝီတိက္ကမ ဟူသော (သဂ္ဂ, မောက္ခ၏) အန္တရာယ်ကို ပြုတတ်သောတရား ၅-ပါးတွင် ဇာတိပညာ မရှိခြင်းသည် ဝိပါကအန္တရာယ် အဖြစ်ပါဝင်သောကြောင့်တည်း[၃၁][၂၇]

ဇာတိပညာရှိမရှိ စုံစမ်းနည်း ပြင်ဆင်ရန်

လောက၌ ပေါ်လွင်ထင်ရှားသော အကြောင်းအရာနှင့် စပ်သည့် ပြဿနာကို မေးမြန်း စုံစမ်းခြင်းဖြင့် ဇာတိပညာ(ပင်ကိုဉာဏ်)ရှိ, မရှိကို သိနိုင်သည်။ ထို့ကြောင့် ဒေဝါနံပိယတိဿမင်းအား အရှင်မဟိန္ဒထေရ်သည် ဤသို့ မေးမြန်း စုံစမ်းတော်မူသည်။

အရှင်မင်းကြီး-ဤသစ်ပင် အဘယ်အမည် ရှိသနည်း?

သရက်ပင်ပါဘုရား။

ဤသရက် ပင်ကို လွှတ်၍ အခြားသရက်ပင်ရှိသေးသလား? မရှိဘူးလား?

အခြားသရက်ပင်တွေ များစွာ ရှိသည်။

ဤသရက်ပင်ကို လည်းကောင်း၊ အခြားသရက်ပင်တို့ကိုလည်းကောင်း လွှတ်၍ အခြားသစ်ပင်ရှိသေးသလော?

ရှိသည်။ ယင်းတို့ကား သရက်ပင်များ မဟုတ်ကြပါ။

အခြားသော သရက်ပင်တို့ကိုလည်းကောင်း၊ သရက်ပင်မဟုတ်သည့် သစ်ပင်တို့ကိုလည်းကောင်း လွှတ်၍ အခြား သစ်ပင်ရှိသေးသလော?

ဤသရက်ပင်သာ ဖြစ်သည်ဘုရား။

ဤသရက်ပင်ပြဿနာအားဖြင့် အရှင်မဟိန္ဒထေရ်သည် ဝေဒါနံပိယတိဿမင်း၏ ဇာတိပညာရှိအဖြစ်ကို သိတော်မူသည်။ တဖန် ဆွေမျိုး ပြသနကိုလည်း မေးမြန်းတော်မူပြန်သည်။

အရှင်မင်းကြီး-အရှင်မင်းကြီးအား ဆွေမျိုးများ ရှိသလော?

အရှင်ဘုရားမြောက်မြားစွာ ရှိသည်။

ထိုဆွေမျိုးတို့ကို လွှတ်၍ အခြားဆွေမျိုးမတော်သူများရှိပါသလား?

ဆွေမျိုးမတော်သူတို့ကား ဆွေမျိုးတော်သူတို့ထက် များပါသည်ဘုရား။

အရှင်မင်းကြီး၏ ဆွေမျိုးတော်သူတို့ကိုလည်းကောင်း၊ မတော်သူတို့ကို လည်းကောင်း လွှတ်၍ အခြားတစုံတစ်ယောက်သောသူ ရှိပါသေးသလော?

အရှင်ဘုရား...တပည့်တော်ပင် ဖြစ်သည်။

ဆွေမျိုးပြဿနာ ဖြင့်လည်း ဇာတိပညာရှိအဖြစ်ကို သိတော်မူသည်[၃၂]

ပညာရှိ၏ ဂုဏ်ကျေးဇူး ပြင်ဆင်ရန်

ပညာမဲ့သူလူမိုက်တို့၏ ကဲ့ရဲချီးမွမ်းခြင်းသည် ပမာဏမဟုတ်၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းမင်းသည်သာ ပမာဏဖြစ်သည်[၃၃]

ပညာမဲ့သူမိတ်ဆွေထက် ပညာရှိ ရန်သူသည် မြတ်၏[၃၄]

လူမိုက်နှင့် အတူတကွ နေရခြင်းသည် ရန်သူနှင့် နေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲ၏၊ ပညာရှိနှင့် အတူတကွ နေရခြင်းသည် ဆွေမျိုးနှင့် နေရသကဲ့သို့ ချမ်းသာသည်[၃၅]

ကျူးမိုးအိမ် မြတ်မိုးအိမ်မှ လွင့်စဉ်လာသော မီးသည် အိမ်ကြီးအိမ်ကောင်းတို့ကို လောင်ကျွမ်းသကဲ့သို့ အလုံးစုံသော ဘေးရန်တို့သည် သူမိုက်တို့ကြောင့် ဖြစ်ကုန်၏၊ ပညာရှိတို့ကြောင့် မဖြစ်[၃၆]

ပညာရှိသည် နည်းမှန်လမ်းမှန်ကို ကျင့်တတ်၏၊ မပြုသင့်သော အရာမျိုး၌ မတိုက်တွန်းတတ်၊ မှန်ကန်သော နည်းလမ်းသည် ပညာရှိအတွက် အကောင်း အမြတ် ဖြစ်သည်။ ပညာရှိသည် အကျိုးသင့် အကြောင်းသင့် ပြောဆိုသော် စိတ်မဆိုးတတ်၊ စည်းကမ်းနည်းလမ်းကို နားလည် ကျင့်သုံးတတ်၏၊ ထိုပညာရှိနှင့် ပေါင်းသင်းရခြင်းသည် ကောင်းမြတ်၏[၃၇]

တောင်ဇလပ်ပန်းကို ပေါက်ဖက်နှင့် ထုပ်လျှင် ပေါက်ဖက်များလည်း မွှေးကြိုင်သွားသကဲ့သို့ ပညာရှိကို မှီဝဲသောသူသည် အခြားပညာရှိ သူတော်ကောင်းတို့၏ နှစ်သက်ဖွယ် ချီးမွမ်းဖွယ် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရသည်[၃၈][၂၇]

ပညာရှင်နှင့် ဥစ္စာရှင် ပြင်ဆင်ရန်

ပညာရှင်နှင့် ဥစ္စာရှင် ၂-ဦးတို့တွင် မည်သူက သာလွန်မင့်မြတ်ကြောင်း ဝိဒေဟရာဇ်မင်းကြီး အမေးတော်ရှိဖူးသည်။ ထိုအခါ မဟောသဓသုခမိန်နှင့် သေနကသုခမိန်တို အချေအတင် စကားစစ်ထိုးကြသည်။ ရှေးဦး သေနကသုခမိန်က ဥစ္စာရှင်က မြတ်ကြောင်း ဂ-ကြိမ်တိုင်တိုင် ဝါဒတင်ကာ အဆိုပြုသည်။ ထို့နောက် မဟောသဓသုခမိန်က ၈-ကြိမ်တိုင်တိုင် ထိုဝါဒကို ချေဖျက်၍ ပညာရှင်က မြတ်ကြောင်း ဖြေဆိုသည်။

၈-ကြိမ်မြောက်၌ သေနက သုခမိန်က “အရှင်မင်းကြီး-ပညာရှိသော အကျွန်ုပ်တို့ ၅-ဦးသည် အရှင်မင်းကြီးကို လက်အုပ်မိုးကာ ဆည်းကပ်ခစားကြရသည်။ အရှင်မင်းကြီးသည် နတ်ပြည် ၂-ထပ်ကို အစိုးရသော သိကြားမင်းကဲ့သို့ အကျွန်ုပ်တို့ကို အစိုးရတော်မူသည်။ ဤသည်ကို ထောက်ရှု၍ ပညာရှင်ထက် ဥစ္စာရှင်က မြတ်ပါသည်” ဟု လျှောက်တင်သည်။

ဤတွင် မဟောသဓ သုခမိန်က “အရှင်မင်းကြီး– တစုံတစ်ခုသော အမှုကြီး အမှုခက် ပေါ်ထွက်လာသောအခါ ပညာမဲ့သော ဥစ္စာရှင်သည် ပညာရှင် လူဆင်းရဲ၏ ကျေးကျွန် အစေအပါးကဲ့သို့ ဖြစ်ရသည်။ ပညာရှိစီရင်အပ်သော ထိုအမှုကြီး အမှုခက်၌ ဥစ္စာရှင် သူမိုက်သည် မသိ မမြင်နိုင်ပါ။ ထို့ကြောင့် ဥစ္စာရှင်ထက် ပညာရှင်က သာလွန် မြင့်မြတ်ပါသည်”ဟု ချေပ ဖြေဆိုသည်။

ထိုအခါ သေနက သုခမိန်သည် ဆက်လက်ဝါဒမတင်နိုင် ကြံမှိုင်၍သာ နေရရှာသည်။ ဆက်လက်၍ မဟောသဓ သုခမိန်က “မသိ မလိမ္မာသူ လူမိုက်တို့သည် စည်းစိမ်ဥစ္စာကိုသာ လိုလားတောင့်တကြ၍ ပညာရှိ သူတော်ကောင်းတို့သည် ပညာကို ချီးမွမ်းကြသည်။ သဗ္ဗညုဘုရားရှင်တို့၏ ဉာဏ်ပညာ(သဗ္ဗညုတာ)သည် အတုမဲ့ရတနာ ဖြစ်သည်၊ ဥစ္စာရှင် သူမိုက်သည် ပညာရှင် သူတော်ကောင်းကို ဘယ်သောအခါမှ မလွှမ်း မိုးမလွန်မြောက်နိုင်ပါ” ဟု နိဂုံးချုပ်လျှောက်တင်လေသည်[၃၉]။ ဤသို့ စကားငယ်များကို အလျင်ပြော၍ နောက်မှ စကားကြီးများဖြင့် ဖိ၍ ပြောခြင်းကို တောင်သူယာခုတ် ပြောနည်းဟု စကားကြီးဆယ်ပါး၌ လာသည်။ ယင်းစကားကြီးဆယ်ပါးကို လောကဓမ္မရာဇဝတ္ထုဒီပနီကျမ်း၌ လာရှိကြောင်း တက္ကသိုလ် မြန်မာအဘိဓာန်၌ ညွှန်ပြထားသည်။ [၂၇]

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. ပဏ္ဍိတ ၁ (တိ) [(၁) ပဋိ+တ။ ပဏ္ဍိတာန(ခုဒ္ဒက၊၃။ သုတ္တနိ၊၃၁၉)န္တိ ပဏ္ဍန္တီတိ ပဏ္ဍိတာ၊ သန္ဒိဋ္ဌိကသမ္ပရာယိကေသု အတ္တေသု ဉာဏဂတိယာ ဂစ္ဆန္တိတိ အဓိပ္ပါယော၊ တေသံ ပဏ္ဍိတာနံ။ ခုဒ္ဒက၊ဋ္ဌ၊၁၀၄။ သုတ္တနိ၊ဋ္ဌ၊၂၊၁၀။ (၂) ပဏ္ဍ+ဣတ။ ပဏ္ဍိတော(ဥဒါန၊ ၈၆)တိ အဂ္ဂမဂ္ဂပညာယ အဓိဂတတ္တာ ပဏ္ဍေန ဣတော ဂတော ပဝတ္တောတိ ပဏ္ဍိတော။ ဥဒါန၊ ဋ္ဌ၊၈၇။ (၃) ပဏ္ဍာ+ဣတ။ ပဏ္ဍိတော (မ၊၃၊၇၅)တိ ... ဣမေဟိ စတူဟိ ကာရဏေဟိ ပဏ္ဍိတော။ မ၊ဋ္ဌ၊၄၊၅၆။ (သံ၊ဋ္ဌ၊၁၊၁၁၀။ သံ၊ဋ္ဌ၊၃၊၃၄။) ယော ပန ဣမေသု ဓာတုအာဒီသု ပရိညာဘိသမယာဒိဝသေန နိဿင်္ဂဂတိယာ “ပဏ္ဍာ”တိ လဒ္ဓနာမေန ဉာဏေန ဣတော ဂတော ပဝတ္တော၊ အယံ ပဏ္ဍိတော နာမာတိ အာဟ “ဣမေဟိ စတူဟိ ကာရဏေဟိ ပဏ္ဍိတော”တိ။ မ၊ဋီ၊၃၊၂၇၀။ သံ၊ဋီ၊၁၊၁၆၁။ (သံ၊ဋီ၊၂၊၃၀၇။) ပဍတိ သဘာဝဓမ္မေ ဇာနာတိ, ယထာသဘာဝံ ဝါ ဂစ္ဆတီတိ ပဏ္ဍာ၊ သာ ယေသံ တေ ပဏ္ဍိတာတိ အတ္ထံ ဒဿေတိ “ပဏ္ဍိစ္စေနာ”တိ အာဒိနာ။ သီ၊ဋီ၊သစ်၊၁၊၄၃၂။ ပဍိ ဂတိယံ။ ပဏ္ဍတိ။ ပဏ္ဍာ၊ ပဏ္ဍိတော။ ဧတ္ထ ပဏ္ဍာတိ ပညာ။ ... ပဏ္ဍိတောတိ ပဏ္ဍာယ ဣတော ဂတော ပဝတ္တောတိ ပဏ္ဍိတော။ အထ ဝါ သဉ္ဇာတာ ပဏ္ဍာ ဧတဿာတိ ပဏ္ဍိတော။ ပဏ္ဍတိ ဉာဏဂတိယာ ဂစ္ဆတီတိပိ ပဏ္ဍိတော။ နီတိ၊ ဓာ၊ ၅၈။ ပေါသော ပုမာ ပုရိသော၊ ပေါရိသောပျထ ပဏ္ဍိတော။ ဓာန်၊၂၂၇။ ဝိဒ္ဒသုပရိယန္တံ ပဏ္ဍိတေ။ ပဏ္ဍာ ဗုဒ္ဓိ သဉ္ဇာတာ အဿာတိ ပဏ္ဍိတော။ တရတျာဒိ။ ပဍိ ဂတိယံ ဝါ၊ တော။ ဓာန်၊ဋီ၊၂၂၇။ (၄) ပဏ္ဍရ + ဣတ။ ဒုဘယာနိ ဝိစေယျ ပဏ္ဍရာနိ၊... ပဏ္ဍိတော တာဒိ ပဝုစ္စတေ တထတ္တာ။ သုတ္တနိ။ ၃၅၉။ ယသ္မာ စ န ကေဝလံ ပဏ္ဍတီတိ ဣမိနာဝ “ပဏ္ဍိတော”တိ ဝုစ္စတိ၊ အပိ စ ခေါ ပန ပဏ္ဍရာနိ ဣတော ဥပဂတော ပဝိစယပညာယ အလီနောတိပိ “ပဏ္ဍိတော”တိ ဝုစ္စတိ၊ တသ္မာ တမတ္တံ ဒဿေန္တော “ဒုဘယာနီ”တိ ဂါထာယ တတိယပဉှံ ဗျာကာသိ။ သုတ္တနိ၊ဋ္ဌ၊၂၊၁၅၄။ ဓီရော မနီ ဇုး ပြာဇုး, သံချာဝါန် ပဏ္ဍိတး ကဝိး။ အမရ၊ ၁၇။ ၅။ ပဏ္ဍး ပဏ္ဍ ဓိယိသ္တြီ သျာတ် (ဣတိ မေဒိနီ)။ ပဏ္ဍာ ဇာတာသျ တာရကာဒိတွာတ် (၅၊၂၊၃၆)ဣတစ်။ ယဒွါ ပဏ္ဍတေသ္မ “ဂတျထာ (၃၊၄၊၇၄) ဣတိ က္တး၊ ဣဋ် (၇၊၂၊၃၅)။ ဗျာချာသုဓာ။ (ပံဍိတ-ပဏ္ဍိတ-သံ။ ပံဍိအပြာ)]
  2. (သံ၊၁၊၉၀။ အံ၊၂၊၄၂။ ဣတိဝုတ်၊၂၀၆)။
  3. တိပိဋကအဘိဓာန် အတွဲ-၁၄ (က)
  4. (မ၊၃၊၂၀၃၊ ၂၀၈။ အံ၊၁၊၁၀၁။ နေတ္တိ၊၁၄၈။)။
  5. (မ၊၃၊၁၀၆-၇။)
  6. တိပိဋကအဘိဓာန် အတွဲ-၁၄ (က)
  7. (ခုဒ္ဒက၊ဋ္ဌ၊၁၀၇။ သုတ္တနိ၊ဋ္ဌ၊၂၊၁၂။)။
  8. တိပိဋကအဘိဓာန် အတွဲ-၁၄ (က)
  9. သံ၊ဋ္ဌ၊၂၊၃၈။)။
  10. (အပ၊၂၊၂၄၂။ ဇာ၊၁၊၁၇၇။ ဓမ္မ၊ဋ္ဌ၊၁၊၄၁၅။)။
  11. (က) ပင်ကို-သဘာဝ-ပဋိသန္ဓေ-ဉာဏ်-ပညာ-သဘာဝဉာဏေန ရှိသောသူ။ ဒါရကော တိဏ္ဏံ ဝေဒါနံ ပါရံ ဂန္တွာ ပဏ္ဍိတော ဗျတ္တော ဇမ္ဗုဒီပေ အဂ္ဂဗြာဟ္မဏော အဟောသိ။ ဒီ၊ဋ္ဌ၊၁၊၂၁၈။ ပဋိသန္ဓိပညာသင်္ခါတေန သဘာဝဉာဏေန ပဏ္ဍိတော။ သီ၊ဋီ၊သစ်၊၂၊၂၀၉။ အမုကဿ ကုလဿ ကုမာရိကာ အဘိရူပါ ဒဿနီယာ ပါသာဒိကာ ပဏ္ဍိတာ ဗျတ္တာ မောဓာဝိနိ ဒက္ခာ အနလသာ။ ဝိ၊၁၊၁၉၇။ ပဏ္ဍိတာတိ ပဏ္ဍိစ္စေန သမန္နာဂတာ ဂတိမန္တာ။ ဝိ၊ဋ္ဌ၊၂၊၁၃၉။ ပဏ္ဍိတာတိ ဣမိနာ သဘာဝဉာဏေန သမန္နာဂတတာ ဝုတ္တာ။ သာရတ္ထ၊၂၊၃၂၅။
  12. (ခ) သုတမယ, စိန္တာမယ-ဉာဏ်-ပညာ-ရှိသော သူ။ သန္တိ ဟိ ခေါ သမဏဗြာဟ္မဏာ ပဏ္ဍိတာ နိပုဏာ ကတပရပ္ပဝါဒါ ဝါလဝေဓိရူပါ။ ဒီ၊၁၊၂၅။ ပဏ္ဍိတာတိ ပဏ္ဍိစ္စေန သမန္နာဂတာ။ ဒီ၊ဋ္ဌ၊၁၊၁၀၈။ ပဏ္ဍိစ္စေနာတိ ပညာယ။ ...တေန သုတစိန္တာမယံ ပညံ ဒဿေတိ၊ ပါကတိကကမ္မနိဗ္ဗတ္တံ သာဘာဝိကပညံ၊ ဒီ၊ဋီ၊၁၊၁၆၄။ (သီ၊ဋီ၊သစ်၊၁၊၄၃၂။)
  13. (ဂ) အဓိဂမ-ဗာဟုသစ္စ-ဉာဏ်-ပညာ-ရှိသော သူ။ အယံ ခေါ န အာဠာရော ကာလာမော ပဏ္ဍိတော ဗျတ္တော မေဓာဝီ ဒီဃရတ္တံ အပ္ပရဇက္ခဇာတိကော။ ဝိ၊၃၊၁၀။ ပဏ္ဍိတောတိ ပဏ္ဍိစ္စေန သမန္နာဂတော။ ဝိ၊ဋ္ဌ၊၃၊၂၄၅။ ပဏ္ဍိတောတိ ပဏ္ဍိစ္စေန သမန္နာဂတော၊ သမာပတ္တိပဋိလာဘသံသိဒ္ဓိန အဓိဂမဗာဟုသစ္စသင်္ခါတေန ပဏ္ဍိတဘာဝေန သမန္နာဂတောတိ အတ္ထော။ သာရတ္ထ၊၃၊၁၆၀။ ပဏ္ဍိတော(မ၊၁၊၂၂၆)တိ ပဏ္ဍိစ္စေန သမန္နာဂတော။ မ၊ဋ္ဌ၊၂၊၉၁။ ပဏ္ဍိစ္စေနာတိ သမာပတ္တိပဋိလာဘသံသိဒ္ဓေန အဓိဂမဗာဟုသစ္စသင်္ခါတေန ပဏ္ဍိတဘာဝေန၊ မ၊ဋီ၊၂၊၁၃၉။
  14. (ဃ) အဇ္ဈတ္တ, ဗဟိဒ္ဓ အာယတန-ဉာဏ်-ပညာ-ရှိသောသူ။ ပဏ္ဍရာနီတိ အာယတတနာနိ။ ... တာနိ ဝိစေယျ ဣမာယ ပဋိပတ္တိယာ နိဒ္ဓန္တမလတ္တာ “သုဒ္ဓိပညာ ပဏ္ဍိတော”(သုတ္တနိ၊၃၅၉)တိ ပဝုစ္စတိ တထတ္တာ။ သုတ္တနိ၊ဋ္ဌ၊၂၊၁၅၄။
  15. (င) ဓာတု, အာယတန, ပဋိစ္စသမုပ္ပါဒ, ဌာနာဌာန-ဉာဏ်-ပညာ-ရှိသောသူ။ ပဏ္ဍိတော ဘိက္ခဝေ မဟာကစ္စာယနော၊ မဟာပညာ ဘိက္ခဝေ မဟာကစ္စာယနော။ မ၊၁၊၁၆၁။ ယတော ခေါ အာနန္ဒ ဘိက္ခု၊ ဓာတုကုသလော စ ဟောတိ၊ ဌာနာဌာနကုသလော စ ဟောတိ။ ဧတ္တာဝတာ ခေါ အာနန္ဒ “ပဏ္ဍိတော ဘိက္ခု ဝီမံသကောတိ အလံ ဝစနာယာတိ။ မ၊၃၊၁၀၇။ ပဏ္ဍိတောတိ ပဏ္ဍိစ္စေန သမန္နာဂတော။ စတူဟိ ဝါ ကာရဏေဟိ ပဏ္ဍိတော ဓာတုကုသလော အာယတနကုသလော ပစ္စယာကာရကုသလော ကာရဏာကာရဏ-ကုသလောတိ။ မ၊ဋ္ဌ၊၁၊၃၈၂။ ပဏ္ဍိတော (သံ၊၁၊၆၃)တိ ပဏ္ဍိစ္စေန သမန္နာဂတော၊ စတူသု ကောသလ္လေသု ဌိတဿေတံ နာမံ။ သံ၊ဋ္ဌ၊၁၊၁၁၀။ ပဏ္ဍိတော(သံ၊၂၊၅)တိ ဓာတုကော-သလ္လာဒိနာ စတုဗ္ဗိဓေန ပဏ္ဍိစ္စေန သမန္နာဂတော။ သံ၊ဋ္ဌ၊၂၊၂၃၆။ (မ၊ဋီ၊၂၊၆၆။ သံ၊ဋီ၊၁၊၁၆၁။)
  16. (စ) သတိပဋ္ဌာန်တရားတို့၌-ရှုမှတ် ပွားများ-သော-ဉာဏ်-ပညာ-ရှိသော၊ သူ။ ပဏ္ဍိတော ဘိက္ခဝေ ပော ဟတ္ထာရောဟပုတ္တော။ မ၊၂၊၅။ ပဏ္ဍိတောတိ ဣဓ စတူဟိ ကာရဏေဟိ ပဏ္ဍိတောတိ န ဝတ္တဗ္ဗော။ နု သတိပဋ္ဌာနေသု ပန ကမ္မံ ကရောတီတိ ပဏ္ဍိတောတိ ဝတ္တံ ဝဋ္ဋတိ။ မ၊ဋ္ဌ၊၃၊၇။
  17. (ဆ)မျက်မှောက်, တမလွန် အကျိုးစီးပွားရကြောင်း-ဉာဏ်-ပညာ-ရှိသောသူ။ ဒိဋ္ဌိ ဓမ္မေ စ ယော အတ္ထော၊ ယော စတ္ထော သမ္ပရာယိကော။ အတ္ထာဘိသမယာ ဓီရော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။ သံ၊၁၊၉၀။ အံ၊၂၊၄၂။ ဣတိဝုတ်၊၂၀၆။ ပဏ္ဍာ ဝုစ္စတိ ပညာ။သာ ဟိ သုခုမေသုပိ အတ္တေသု ပဍတိ ဂစ္ဆတိ, ဒုက္ခာဒီနံ ဝါ ပီဠနာဒိအာကာရံ ဇာနာတီတိ ပဏ္ဍာ။ တာယ ဣတော ဂတောတိ ပဏ္ဍိတော။ အထ ဝါ ဣတာ သဉ္ဇာတာ ပဏ္ဍာ ဧတဿ, ပဍတိ ဝါ ဉာဏဂတိယာ ဂစ္ဆတီတိ ပဏ္ဍိတော။ သီ၊ဋီ၊သစ်၊၁၊၁၆၇။ (ဝိ၊ဋ္ဌ၊၁၊၈၀။ ဒီ၊ဋ္ဌ၊၁၊၃၂။ မ၊ဋ္ဌ၊၁၊၉။ သံ၊ဋ္ဌ၊၁၊၉။ အံ၊ဋ္ဌ၊၁၊၉။ အဘိ၊ဋ္ဌ၊၁၊၁၀၀။)
  18. ဝိညူတိ ဝိညူ ဝိဘာဝီ မေဓာဝီ ပဏ္ဍိတာ ဗုဒ္ဓိသမ္ပန္နော။ ပဋိသံ၊၂၁၇။ ဉာဏဂတိယာ ပဏ္ဍန္တိ ဂစ္ဆန္တိ ပဝတ္တန္တီတိ ပဏ္ဍိတာ။ ပဋိသံ၊ဋ္ဌ၊၂၊၁၄၀။ မီရောတိ ဓီရော ပဏ္ဍိတော ပညဝါ ဗုဒ္ဓိမာ ဉာဏီ ဝိဘာဝီ မေဓာဝီတိ ဘဝါဘဝါယ န သမေတီတိ ဓီရော။ မဟာနိ၊၂၂၀၊ ၃၈၅။ (ဝိ၊၁၊၂၆၄။ ဝိ၊၂၊၉၊ ၁၅၊ ၁၈၆၊ ၂၇၃။ ဝိ၊၃၊၇၅။ ဝိ၊၄၊၂၀၊ ၁၅၀၊ ၂၉၂၊ ၃၁၄၊ ၅၀၀။ ဝိ၊၅၊၂၊ ၂၁၅၊ ၂၃၁၊ ၂၈၀။ ဒီ၊၁၊၂၅၊ ၅၁၊ ၁၁၃။ ဒီ၊၂၊၃၄၊ ၇၀၊ ၁၄၄၊ ၂၅၃။ မ၊၂၊၅၊ ၄၈၊ ၃၀၈။ မ၊၃၊၇၅၊ ၂၇၂၊ ၂၉၀။ သံ၊၁၊၂၂-၅၊ ၄၀၊ ၁၈၄၊ ၁၉၂၊ ၂၄၁၊ ၂၆၃၊ ၃၇၁။ သံ၊၂၊၁၁၃၊ ၃၈၃။ သံ၊၃၊၁၉၊ ၁၃၁၊ ၃၃၆။ အံ၊၁၊၆၁၊ ၈၃၊ ၁၉၉၊ ၄၃၃။ အံ၊၂၊၂၈၊ ၃၂၊ ၁၃၃၊ ၁၈၇၊ ၃၄၅၊ ၃၉၆။ အံ၊၃၊၅၈၊ ၂၁၆၊ ၄၄၃၊ ၅၁၁။ အဘိ၊က၊၂၆၁။ ပဋိသံ၊၁၈၃၊ ၂၁၇။ ခုဒ္ဒက၊၃၊ ၁၀။ ဓမ္မ၊၁၆၊ ၂၄၊ ၄၈။ သုတ္တနိ၊၂၉၇၊ ၃၁၉၊ ၄၁၅။ ပေတ၊၁၅၈၊ ၂၀၄။ ထေရ၊၂၂၀၊ ၂၆၆။ ထေရီ၊၄၀၃၊ ၄၂၆။ အပ၊၁၊၇။ အပ၊၂၊၂၂၁။ စရိယာ၊၄၁၂၊ ၄၂၀။ မဟာနိ၊၅၅၊ ၄၀၄။ စူဠနိ၊၄။ ဇာ၊၁၊၅၂-၇၊ ၁၆၅၊ ၁၈၂၊ ၂၀၄၊ ၂၃၇၊ ၂၄၇၊ ၂၅၃၊ ၂၇၂၊ ၂၈၀၊ ၃၈၇။ ဇာ၊၂၊၃၊၆၊၉၊ ၄၉၊ ၆၀၊ ၁၃၄၊ ၁၄၈၊ ၁၆၀၊ ၁၈၄၊ ၂၀၅၊ ၂၁၉၊ ၂၅၇၊ ၂၆၀၊ ၂၇၆၊ ၂၉၀၊ ၃၀၂၊ ၃၁၁။ နေတ္တိ၊၇၊ ၁၂၇၊ ၁၄၈။ ပေဋကော။ ၂၁၃၊ ၂၃၇၊ ၃၀၄။ မိလိန္ဒ၊၄၊ ၁၂၊ ၂၇၊ ၄၄၊ ၂၀၀၊ ၂၉၇၊ ၄၀၁။ ဝိ၊ဋ္ဌ၊၁၊၃၊ ၄၆၊ ၂၀၉။ ဝိ၊ဋ္ဌ၊၂၊၅၊ ၁၉။ ဝိ၊ဋ္ဌ၊၃၊၅၆၊ ၁၇၃၊ ၂၄၅။ ဝိ၊ဋ္ဌ၊၄၊၅၈၊ ၁၁၇၊ ၁၆၃၊ ၂၃၇။ ဒီ၊ဋ္ဌ၊၁၊၁၀၈။ ဒီ၊ဋ္ဌ၊၂၊၄၈၊ ၇၄၊ ၈၇၊ ၁၀၆၊ ၁၃၀။ ဒီ၊ဋ္ဌ၊၃၊၄၇၊ ၆၄၊ ၂၃၈။ မ၊ဋ္ဌ၊၁၊၈၄၊ ၉၉၊ ၁၁၄၊ ၃၁၆၊ ၃၈၂။ မ၊ဋ္ဌ၊၂၊၃၄၊ ၆၂၊ ၉၁။ မ၊ဋ္ဌ၊၃၊၇၊ ၁၈၊ ၆၆၊ ၇၉၊ ၂၃၆၊ ၂၈၂။ မ၊ဋ္ဌ၊၄၊၅၆၊ ၁၄၆၊ ၁၇၅၊ ၂၄၀။ သံ၊ဋ္ဌ၊၁၊၁၅၊ ၁၁၀၊ ၂၈၉။ သံ၊ဋ္ဌ၊၂၊၁၆၃၊ ၂၃၆။ သံ၊ဋ္ဌ၊၃၊၃၄၊ ၈၀၊ ၁၀၂၊ ၁၅၀၊ ၂၄၄။ အံ၊ဋ္ဌ၊၂၊၂၃၊ ၂၆၆၊ ၃၆၁။ အံ၊ဋ္ဌ၊၃၊၂၈၊ ၄၈၊ ၆၈၊ ၃၃၁။ အဘိ၊ဋ္ဌ၊၁၊၆၊ ၃၀၊ ၁၉၁။ အဘိ၊ဋ္ဌ၊၃၊၅၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၁၊ ၃၂၅။ ပဋိသံ၊ဋ္ဌ၊၂၊၉၇၊ ၁၄၆၊ ၂၄၃။ ဝိသုဒ္ဓိ၊၁၊၅၊ ၅၆၊ ၂၈၄။ ဝိသုဒ္ဓိ၊၂၊၂၃၇၊ ၂၇၄၊ ၃၄၄။ ခုဒ္ဒကဋ္ဌ။ ၂၄၊ ၃၀၊ ၁၀၄။ ဓမ္မ၊ဋ္ဌ၊၁၊၅၊ ၄၂၊ ၅၇၊ ၂၈၉၊ ၂၉၇။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၊ ၄၈၊ ၇၇၊ ၉၀၊ ၁၀၉၊ ၂၄၂၊ ၂၈၀၊ ၃၄၃။ ဥဒါန၊ဋ္ဌ၊၁၈၊ ၈၂-၇၊ ၂၆၇၊ ၃၇၉။ ဣတိဝုတ်၊ဋ္ဌ၊၁၇၊ ၃၇၊ ၄၅၊ ၇၅၊ ၁၁၀၊ ၂၂၅၊ ၂၆၆။ သုတ္တနိ၊ဋ္ဌ၊၁၊၁၅၆။ သုတ္တနိ၊ဋ္ဌ၊၂၊၁၀၊ ၁၈၂၊ ၂၆၉။ ဝိမာန၊ဋ္ဌ၊၁၂၀။ ပေတ၊ဋ္ဌ၊၃၇၊ ၈၈၊ ၂၁၀၊ ၂၃၇။ ထေရ၊ဋ္ဌ၊၁၊၄၇၊ ၃၄၁။ ၃၁၄ ထေရ၊ဋ္ဌ၊၂၊၈၊ ၃၃၃၊ ၄၅၃။ ထေရီ၊ဋ္ဌ၊၁၉၊ ၁၆၂၊ ၁၈၃။ အပ၊ဋ္ဌ၊၁၊၄၊ ၂၇၊ ၉၅၊ ၂၂၈။ စရိယာ၊ဋ္ဌ၊၂၂၊ ၅၃၊ ၁၁၅။ မဟာနိ၊ဋ္ဌ၊၁၃၄၊ ၂၁၆။ စူဠနိ၊ဋ္ဌ၊၇၇၊ ၉၈။ ဇာ၊ဋ္ဌ၊၁၊၁၃၉၊ ၂၈၄၊ ၃၅၇၊ ၄၂၉။ ဇာ၊ ဌ၊၂၊၁၁၄၊ ၁၆၂၊ ၂၇၃။ ဇာ၊ဋ္ဌ၊၃၊၁၆၊ ၃၅၊ ၄၉၊ ၆၅၊ ၂၉၉၊ ၃၃၆။ ဇာ၊ဋ္ဌ၊၄၊၂၉၈၊ ၃၁၃။ ဇာ၊ဋ္ဌ၊၅၊၈၊ ၂၀၊ ၂၅၃၊ ၃၉၉။ ဇာ၊ဋ္ဌ၊၆၊၄၇၊ ၅၀၊ ၁၇၀၊ ၂၃၇။ ဇာ၊ဋ္ဌ၊၇၊၁၀၆၊ ၁၂၇၊ ၁၉၈၊ ၂၄၀။ နေတ္တိ၊ဋ္ဌ၊၇။ ၁၂၅။ ဝဇိရ၊၃၄၊ ၃၉၇။ သာရတ္ထ၊၁၊၄၈။ သာရတ္ထ၊၂၊၂၂၉၊ ၃၂၅။ သာရတ္ထ၊၃၊၄၇၊ ၁၆၀။ ဝိမတိ၊၁၊၂၈၁။ ဝိမတိ၊၂၊၂၈။ ဒီ၊ဋီ၊၁၊၂၁၇၊ ၃၅၅။ သီ၊ဋီ၊သစ်၊၁၊၃၈၀၊ ၄၃၂။ သီ၊ဋီ၊သစ်၊၂၊၂၀၉၊ ၃၁၇။ ဒီ၊ဋီ၊၂၊၁၀၇။ မ၊ဋီ၊၁၊၂၆၀။ မ၊ဋီ၊၂၊၈၀၊ ၂၄၇။ အံ၊ဋီ၊၁၊၉၃၊ ၂၅၅။ အံ၊ဋီ၊၂၊၉၀၊ ၁၂၃၊ ၂၉၉။ အံ၊ဋီ၊၃၊၆၅၊ ၁၃၇။ အနုဋီ၊၁၊၃၄။ အနုဋီ၊၂၊၁၈၃။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၅၃၊ ၁၇၆။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၂၂၊ ၄၈၊ ၂၃၆၊ ၂၅၁၊ ၄၃၃။) (၂) ပဏ္ဍိ တမည်သော သူ။ အမှာကံ ဘော ဂေါတမ ပဏ္ဍိတော နာမ သဗြဟ္မစာရီ၊ တေန ပဉ္စမတ္တာနိ စိတ္တဋ္ဌာနသတာနိ စိန္တိတာနိ။ အံ၊၃၊၄၄၃။ တသ္မာ မေ ပုတ္တဿ ပဏ္ဍိတောတွေဝ နာမံ ဘဝိဿတိ။ ဓမ္မ၊ဋ္ဌ၊၁၊၃၆၇။ နာမဂ္ဂဟဏဒိဝသေ စဿ “ပဏ္ဍိတော”တိ နာမံ အကံသု။ ဇာ၊ဋ္ဌ၊၁၊၄၂၈။
  19. တိပိဋကအဘိဓာန် အတွဲ-၁၄ (က)
  20. (ဓမ္မ၊၅၀။ ဓမ္မ၊ဋ္ဌ၊၂၊၂၄၂)
  21. (အံ၊၁၊၁၀၀-၁)
  22. (အံ၊၁၊၄၉၈-၉)
  23. (ဇာ၊ဋ္ဌ၊၃၊၉၅)
  24. (ဓမ္မ၊ဋ္ဌ၊၂၊၁၂၂)
  25. (မ၊၂၊၁၉။ သံ၊၃၊၁၇၃-၄။ မဟာနိ၊၃၀။ ဒီ၊ဋ္ဌ၊၂၊၁၂၀။ မ၊ဋ္ဌ၊၃၊၂၂)
  26. (မ၊၃၊၁၀၇။ မ၊ဋ္ဌ၊၄၊၅၆။ သံ၊ဋ္ဌ၊၁၊၁၁၀)
  27. ၂၇.၀ ၂၇.၁ ၂၇.၂ ၂၇.၃ တိပိဋကအဘိဓာန် အတွဲ-၁၃
  28. (မ၊၁၊၃၆၆)
  29. (ဒီ၊၃၊၂၂၀၊ ၂၄၉။ အံ၊၁၊၃၇။ အံ၊၃၊၆၁)
  30. (သံ၊၁၊၁၃၆၇။ သံ၊ဋ္ဌ၊၁၊၄၈-၉။ ဝိသုဒ္ဓိ၊၁၊၃)
  31. (အဘိ၊က၊၈ဝ။ ပဋိသံ၊၁၁၉။ ဝိ၊ဋ္ဌ၊၃၊၁၃၈။ မ၊ဋ္ဌ၊၂၊၉)
  32. (ဝိ၊ဋ္ဌ၊၁၊၅၇-၈)
  33. (ဓမ္မ၊ဋ္ဌ၊၂၂)
  34. (ဇာ၊၁၊၁၁။ ဇာ၊ဋ္ဌ၊၁၊၂၆၅)
  35. (ဓမ္မ၊၄၄။ ဓမ္မ၊ဋ္ဌ၊၂၊၁၇၆)
  36. (မ၊၃၊၁၇။ အံ၊၁၊၉၉)
  37. (ဇာ၊၁၊၂၆၇)
  38. (ဣတိဝုတ်-၂၄၁။ ဇာ၊၁၊၃၃၀။ ဇာ၊၂၊၂၆၅။ ခုဒ္ဒက၊ဋ္ဌ၊၁၈)
  39. (ဇာ၊၁၊၃၁၉-၃၂၃။ ဇာ၊ဋ္ဌ၊၆၊၁၉၅-၂၀၄)