ပဟာရသိက္ခာပုဒ်
အမှု —ရိုက်နှက် ပုတ်ခတ်မှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ၊
ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ
ပြင်ဆင်ရန်ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့ကို ရိုက်နှက်ပုတ်ခတ်ကြကုန်၏။ ရဟန်းကလေးတို့သည် ငိုကြ ရှာကုန်၏၊ ထို့အကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော ပဟာရံ ဒဒေယျ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင်ရဟန်းသည် စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ ရဟန်းအား ပုတ်ခတ်ခြင်းကို ပေးအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။ [၁]
မှတ်ချက်
ပြင်ဆင်ရန်ရဟန်းကို ရိုက်နှက်ပုတ်ခတ်လျှင် ပါစိတ်၊ လူ-သာမဏေ တိရစ္ဆာန်တို့ကို ရိုက်နှက်ပုတ်ခတ်လျှင် ဒုက္ကဋ်အာပတ်၊ သေစေလိုသော စေတနာ မရှိဘဲ နာကျင်အောင် ရိုက်နှက်ရာက မတော်တဆ လက်လွန်၍ သေသွားစေကာမူ ပါရာဇိကမကျ၊ သူတပါးက နှိပ်စက်လာသဖြင့် သူတို့ဘေးမှ လွတ်မြောက်အောင် ကာကွယ်ရာ၌ကား လက်လွန်၍ သေစေကာမူ အာပတ်မသင့်။[၁]