ပုလောတုံတုံးရွာ၊ ကော့သောင်းမြို့နယ်

ပုလိုတုံတုံးရွာ(အင်္ဂလိပ်: Pulotontone)(မူကွဲများ-ပုလောတုံတုံး၊ ပုလုံးတုံတုံး)သည် တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်၊ ​ကော့သောင်းမြို့နယ်ပုလိုတုံတုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၀၇၅ ဖြစ်သည်။ ​ ပုလုံးတုံတုံးကမ်းခြေသည် ထင်ရှားသည်။ အထက်တန်းကျောင်းခွဲ ရှိပြီး ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား/သူ ၈၀၀ ကျော် ရှိသည်။ ရန်ကြီးအောင် ဘကကျောင်း ရှိပြီး၊ ဆရာ/မ ၆၀ နီးပါး၊ ကျောင်းသား ၁၇၀၀ ကျော် ရှိသည်။ ​ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၇ ရွာ၌ ပါဝင်သည်။ ၁မိုင်/၆ဖာလုံရှည်သော ကျောက်ချောလမ်းရှိပြီး ၂၆၉၀ပေရှည်သော ပုလိုတုံတုံးတံတား ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ စုစုပေါင်း ၇၁၈ နှင့် အိမ်ထောင်စု စုစုပေါင်း ၇၉၁စု နေထိုင်လျက်ရှိသည်။ [၁]

ပုလောတုံတုံး
ရွာ
ပုလောတုံတုံးရွာ
ပုလောတုံတုံး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုလောတုံတုံး
ပုလောတုံတုံး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 10°01′25″N 98°30′36″E / 10.0236501693726°N 98.5100479125977°E / 10.0236501693726; 98.5100479125977ကိုဩဒိနိတ်: 10°01′25″N 98°30′36″E / 10.0236501693726°N 98.5100479125977°E / 10.0236501693726; 98.5100479125977
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ကော့သောင်းခရိုင်
မြို့နယ်ကော့သောင်းမြို့နယ်
ကျေးရွာအုပ်စုပုလောတုံတုံး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကိုးကား ပြင်ဆင်ရန်