ပျဉ်းမနားမြို့နယ်
ပျဉ်းမနားမြို့နယ် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၈' နှင့် ၂၀ ဒီဂရီ ၂၂' အကြားတွင် ၎င်း၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅' အကြားတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ ပျဉ်းမနားမြို့သို့ (၂၄၄)မိုင်ရှိ၍ ရန်ကုန်မှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ပျဉ်းမနားမြို့နယ် အရှေ့ပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ အမြင့်တွင် ရှိသည်။ အရှေ့ပိုင်း ပဲခူးရိုးမတွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ အမြင့်တွင် တည်ရှိသည်။ ဆက်စပ်နေသော နယ်နိမိတ်မှာ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ မြောက်ဘက်တွင် တပ်ကုန်းမြို့နယ်၊ တောင်ဘက်တွင် လယ်ဝေးမြို့နယ်၊ အနောက်ဘက်တွင် တောင်တွင်းကြီးမြို့နယ်တို့ ဖြစ်သည်။ ပျဉ်းမနားမြို့နယ်သည် အလျား ၄၈-မိုင်နှင့် အနံ ၂၀-မိုင်ရှိ ဧရိယာစတုရန်းမိုင် ၇၉၂.၂၇-မိုင်ရှိသည်။
ပျဉ်းမနားမြို့နယ် Pyinmana Township | |
---|---|
မြို့နယ် | |
ကိုဩဒိနိတ်: 19°45′N 96°12′E / 19.750°N 96.200°E | |
နိုင်ငံ | ![]() |
နယ်မြေ | နေပြည်တော် ပြည်ထောင်စုနယ်မြေ |
မြို့တော် | ပျဉ်းမနားမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၈၇,၄၁၅ [၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြေမျက်နှာပြင်
ပြင်ဆင်ရန်ပျဉ်းမနားမြို့နယ်သည် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်မှာ မြင့်၍ တောင်ဘက်သို့ တစ်ဖြေးဖြေးနိမ့်ဆင်းသွားသည်။ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် တောင်တန်းတောင်ကုန်း၊ တောင်စွယ်များ တွေ့ရသည်။ ပျဉ်းမနားမြို့နယ်တွင် ပေါင်းလောင်းမြစ်ထဲသို့ ဆင်သေချောင်း၊ ရေဆင်းချောင်း၊ တောင်ညိုချောင်း၊ နန်ချိုချောင်း၊ ချောင်းမကြီးချောင်း၊ စက်စက်ယိုချောင်း၊ လွှဲကြီးချောင်းတို့ စီးဆင်းကြသည်။ ထင်ရှားသော အင်းများမှာ နေရောင်ပြအင်း၊ ငါးပြေမအင်း၊ နွယ်ကူအင်းတို့ ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 23, 2015 တွင် ပြန်စစ်ပြီး
Lua error in မော်ဂျူး:Navbox at line 15: table index is nil.
ဤ မြန်မာနိုင်ငံ ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |